ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ(ALL) သည် သွေးနှင့် ရိုးတွင်းခြင်ဆီကင်ဆာ ဖြစ်သည်။ သွေးကင်ဆာတွင်၊ ကင်ဆာဆဲလ်များသည် ကျန်းမာသော ဆဲလ်များကိုဖယ်ထုတ်သည်၊ ထိုသည်မှာ ဖျားနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ သွေးခြေဥလွယ်ခြင်း၊ သွေးထွက်ခြင်းပြသာနာများ၊ ရောဂါပိုးကူးစက်ခြင်းနှင့် အခြားပြဿနာများကိုဖြစ်စေနိုင်သည်။ မြန်ဆန်ပြင်းထန်သော သွေးကင်ဆာဆိုသည်မှာ ပုံမှန်အားဖြင့် အချိန်တိုအတွင်း ရောဂါလက္ခဏာများ ဆိုးရွားလာခြင်းဖြစ်သည်။ ကလေးများသည် အလွန်မြန်ဆန်စွာ နာမကျန်းဖြစ်လာနိုင်ပြီး၊ ဆေးဖက်ဆိုင်ရာစောင့်ရှောက်မှု ချက်ချင်းလိုအပ်နိုင်သည်။
ALL သည်ပြန်ရည်ဆဲလ်ဟုခေါ်သော သွေးဖြူဥဆဲလ်များ ကိုထိခိုက်သည်။ ဤဆဲလ်များသည် ရောဂါပိုးကူးစက်ခြင်း ကိုတိုက်ခိုက်ပြီး၊ ခန္ဓာကိုယ်ကို ရောဂါများမှ ကာကွယ်ရန်ကူညီပေးသည်။ ALL လူနာများတွင် သူတို့၏ရိုးတွင်းခြင်ဆီထဲတွင် အရွယ်မရောက်သေးသော သွေးဖြူဥဆဲလ်များ ( သက်နုဆဲလ်များ) လွန်ကဲများပြားစွာ ရှိသည်။ ဤဆဲလ်များသည် ပုံမှန်အားဖြင့် အလုပ်မလုပ်ပါ။ သူတို့သည် သွေးဖြူဥဆဲလ်များ၊ သွေးနီဥဆဲလ်များ၊နှင့် သွေးဉမွှားများကိုဖယ်ထုတ်သည်။ အကျိုးဆက်တစ်ခုအနေဖြင့်၊ ရောဂါပိုးကူးစက်ခြင်းများကိုတိုက်ခိုက်မှု၌ ခန္ဓာကိုယ်တွင် ပို၍ခက်ခဲသောအချိန်တစ်ခုရှိလာသည်၊ အရေပြားဖြူရော်လာသည့်အပြင်၊ လူနာတွင် သွေးထွက်ခြင်းပြဿနာများ ဖြစ်ထွန်းလာသည်။
ALL သည် ပြန်ရည်ဆဲလ်များဟုခေါ်သော သွေးဖြူဥများကို တိုက်ခိုက်သည်။ ALL လူနာများသည် သူတို့၏ ရိုးတွင်းခြင်ဆီထဲတွင် အရွယ်မရောက်သေးသော သွေးဖြူဥများ (သက်နုဆဲလ်များ) လွန်ကဲစွာအမြောက်အများရှိသည်။ ဤဆဲလ်များသည် ပုံမှန်အားဖြင့် အလုပ်မလုပ်ပါ။ သူတို့သည် သာမန်သွေးဖြူဥဆဲလ်များ၊ သွေးနီဥဆဲလ်များ၊ နှင့် သွေးဉမွှားများကို ဖယ်ထုတ်သည်။
ALLသည် ကလေးကင်ဆာထဲတွင် အများဆုံးတွေ့ရသောအမျိုးအစားဖြစ်သည်။ နှစ်စဉ် အမေရိကန်ပြည်ထောင်စုတွင် အသက် ၂၀ အောက်အရွယ် လူ ၃၀၀၀ ခန့် တွင် ALL ရှိကြောင်းတွေ့ရသည်။ ၎င်းသည် ကလေးများ အသက် ၂ နှစ်မှ ၅နှစ်ကြားတွင် အများဆုံးဖြစ်လေ့ရှိသည်၊ သို့သော် ၎င်းသည် အသက်ပိုကြီးသော ကလေးများနှင့် ကြီးကောင်ဝင်အရွယ်များ တွင်လည်းဖြစ်သည်။ ၎င်းသည် မိန်းကလေးများထက် ယောက်ျာလေးများတွင် အနည်းငယ်ပိုသက်ရောက်သည်။
ALLတွင်၊ ပါဝင်နိုင်သည့် ရောဂါသွင်ပြင်များနှင့်ရောဂါလက္ခဏာများ-
သွေးကင်ဆာဖြစ်နေသောကလေးများတွင် များသောအားဖြင့် သူတို့၏သွေးထဲတွင် သွေးဖြူဥဆဲလ်ပမာဏများသည်။
သွေးကင်ဆာကို ရောဂါရှာဖွေဖော်ထုတ်ရာတွင် ရိုးတွင်းခြင်ဆီ စစ်ဆေးမှုများ များသောအားဖြင့် လိုအပ်သည်။ ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုတစ်ခုလုပ်ခြင်း၊ ဆေးဘက်ဆိုင်ရာမှတ်တမ်းတစ်ခုယူခြင်းနှင့် သွေးစစ်ဆေးမှုအဖြေများကိုကြည့်ရှုခြင်းဖြင့် ဆရာဝန်များသည် သွေးကင်ဆာအား စတင်တွေးထင်နိုင်သည်။ သွေးကင်ဆာဖြစ်နေသောကလေးများတွင် များသောအားဖြင့် သူတို့၏သွေးထဲတွင် သွေးဖြူဥဆဲလ်ပမာဏများသည်။
အကယ်၍ ကင်ဆာဟုဆုံးဖြတ်ထားပါက ကင်ဆာမျိုးကွဲများကို တိတိကျကျညွှန်ပြရန် ထပ်ဆောင်းစစ်ဆေးမှုများကို လုပ်ဆောင်ပါသည်။ ဤစမ်းသပ်မှုများတွင် အောက်ပါအချက်များ ပါဝင်ပါသည်။
ကင်ဆာပျံ့နှံ့မှုရှိမရှိကို ဆုံးဖြတ်သည့် စစ်ဆေးစမ်းသပ်မှုများတွင် အောက်ပါတို့ပါဝင်ပါသည် -
ကီမိုဆေးသွင်းကုထုံးသည် ကလေးများတွင် အဖြစ်များသော ALL အတွက် အဓိက ကုထုံး ဖြစ်ပါသည်။ ကုသမှုတွင်ပါဝင်နိုင်သောအရာများမှာသီးခြားပစ်မှတ်ထားတားသည့်ကုထုံး၊၊ မူရင်းသွေးဆဲလ်ကုထုံး (ရိုးတွင်းခြင်ဆီ အစားထိုး ကုသခြင်း သို့မဟုတ် ပင်မဆဲလ် အစားထိုးကုသခြင်း) ကိုယ်ခံစွမ်းအားစနစ် နှင့် ဓာတ်ရောင်ခြည် ကုထုံးတို့ဖြစ်သည်။
ALL ကို ကုသရာတွင် မကြာခင်ကတွေ့ရှိထားသော တိုးတက်မှုများကြောင့်၊ အမျိုးမျိုးသော ကုသမှု ရွေးချယ်စရာများ များစွာ ရှိသည်။ ဆရာဝန်များသည် ကုသမှုများအား အန္တရာယ်ရှိသောအုပ်စုအပေါ်အခြေခံသော လူနာတစ်ဦးချင်းစီအတွက် သီးသန့်ကိုက်ညီစွာလုပ်ခြင်းကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်လာသည်။
အန္တရာယ်ရှိသောအုပ်စုသည် လူနာ၏ ကင်ဆာသည် ကုသမှုကို မတုံ့ပြန်သည် (တုံ့ပြန်မှုမရှိ) ဖြစ်စေ သို့မဟုတ် အစပိုင်းကုသမှုတစ်ခုကိုတုံ့ပြန်ပြီး ကင်ဆာ ပြန်ဖြစ်သည် (တစ်ကျော့ပြန်ဖြစ်ခြင်း) ဖြစ်စေ ထိုသို့သောဖြစ်နိုင်ချေကို ကိုယ်စားပြုသည်။ အန္တရာယ်နည်းသော အုပ်စုရှိ လူနာတို့သည် များသောအားဖြင့် ကင်ဆာကိုပျောက်ကင်းအောင် အောင်မြင်စွာကုသပေးနိုင်သော သိပ်မပြင်းထန်သည့် ကုထုံးများကိုရရှိကြသည်။ကင်ဆာရောဂါ။ အန္တရာယ်များသောအုပ်စုရှိ လူနာတို့သည် ပို၍ ပြင်းထန်သော ကုထုံးများကို လက်ခံရလေ့ ရှိပါသည်။
အန္တရာယ်ရှိသောအုပ်စုများကို အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်-
ဆရာဝန်များသည် ကုသမှုအတွက်အကြောင်းကြားရန် သတင်းအချက်အလက်များစုဆောင်းသည်။
လူနာသည် အရေပြားအောက်တွင်မြှုပ်ထားသော ပင်မသွေးပြန်ကြောပိုက် ထည့်ရန် ခွဲစိတ်မှု လုပ်ရမည်။အခြားသော သွေးပြန်ကြောထဲသို့ ထည့်ရသော အရည်ထည့်ပြွန်ကီမိုဆေးသွင်းကုထုံး၊ အရည်များ ထည့်သွင်းရန်နှင့် သွေးနမူနာများ ယူရန်အတွက်ဖြစ်သည်။
ဤအဆင့်၏ ရည်ရွယ်ချက်မှာ သွေးနှင့် ရိုးတွင်းခြင်ဆီအတွင်းရှိ သွေးကင်ဆာဆဲလ်များကိုဖျက်ဆီးရန် ကီမိုဆေးသွင်းကုထုံးများပေါင်းစပ်ခြင်းတစ်ခုကို အသုံးပြုရန်နှင့် ရောဂါကို သက်သာစေရန်အတွက်တို့ ဖြစ်သည်။ ဤအဆင့်သည် ပြင်းထန်သည့်အတွက် ဆေးရုံတက်ရန် လိုအပ်ပါသည်။
ဗဟိုအာရုံကြောစနစ် (CNS) ကာကွယ်ခြင်းကုထုံးကို အာရုံကြောကျောရိုးအရည်အတွင်းရှိ သွေးကင်ဆာဆဲလ်များကို တိုက်ဖျက်ရန်အတွက် ပေးနိုင်သည်။
ဆရာဝန်များသည် ကုထုံးဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရန်၊ ရောဂါလက္ခဏာများလျော့ပါးသည့်အစပျိုးကုထုံး ကို သွေးကင်ဆာမှ မည်သို့ တုံ့ပြန်သည်ကို ကြည့်လိမ့်မည်။
ဤပိုမိုပြင်းထန်သောအဆင့်၏ ရည်ရွယ်ချက်မှာ သွေးကင်ဆာကို ပြန်ဖြစ် နိုင်စေသည့် ကျန်ရှိနေသေးသောဆဲလ်များမှန်သမျှကို တိုက်ဖျက်ရန် မတူညီသောဆေးဝါးများပေါင်းစပ်ခြင်းတစ်ခု ပါဝင်သည်။ ၎င်းသည်ဆေးရုံ၌နေခြင်းများ လိုအပ်နိုင်သည်။
ဖီလာဒယ်ဖီးယား ခရိုမိုဆုန်း ၂၂ အပေါင်းလက္ခဏာပြသော ALL ရှိသည့် လူနာများသည် ဤအဆင့်တွင် (tag) အာ့မက်တီ့နိဘ် (imatinib) (tag)ကို ရနိင်သည်။
အကယ်၍အကြံပြုပါမည် ပထမနှစ်ဆင့် ပြီးသည့်နောက်တွင် သက်သာလာပါကးကို စတင်နိုင်ပါသည်။ ၎င်း၏ရည်ရွယ်ချက်မှာ ပထမဖြစ်သော အစပျိုး ကုသမှု နှင့် အားပြင်းသောကုသမှု အဆင့်များအပြီး၊ ကျန်ရှိနိုင်သည့် သွေးကင်ဆာဆဲလ်များအားလုံးကို တိုက်ဖျက်ရန် ကီမိုဆေးသွင်းကုထုံး ဆေးများ၏ ပေါင်းစပ်မှုတစ်ခုအား သုံးရန်ဖြစ်သည်။
လူနာများသည် အပတ်စဉ် ကီမိုဆေးသွင်းကုထုံး နှင့်သွေးစစ်ဆေးမှုများ နှင့်အတူ ပြန်လည်အစပျိုးခြင်းဟု ခေါ်သော ဆေးချိန်အမြင့်ကီမိုဆေးသွင်းကုထုံး၏အချိန်ကာလများ ကို ခံယူနိုင်ရဖို့များသည်။
ALL ၏ ပထမ ၉ လ ကုသမှုသည် များသောအားဖြင့် အပြင်းထန်ဆုံး ဖြစ်သည်။ ပထမ ၉ လ ပြီးသည့်နောက်တွင် လူနာများသည် ကျောင်းသို့ မကြာခဏ ပြန်တက်ခွင့်ရှိပါသည်။
လူနာသည် လေးလတစ်ကြိမ် ပြန်လာပြရန် ရက်ချိန်းများအတွက် ပြန်လာရမည်။
ထိုရက်ချိန်းများတွင် ပါဝင်နိုင်သည်မှာ−
ပြန်လာပြရန် ရက်ချိန်းသည် ၆ လတစ်ခါပြောင်းလဲတတ်ပါသည်။
ပြန်လာပြရန် ရက်ချိန်းများသည် တစ်နှစ်တစ်ခါပြောင်းလဲတတ်ပါသည်။
ALL ကုသမှုသည် ၃ ဆင့် ရှိပြီ၊ ပြီးဆုံးရန်အတွက် ၂ နှစ်မှ ၃ နှစ်ခန့်ထိ ကြာသည်။ ကီမိုဆေးသွင်းခြင်းကုထုံး သည် ALL ၏ အဓိက ကုထုံးဖြစ်သည်။ ကီမိုဆေးသွင်းခြင်းကုထုံးသည် အစွမ်းထက်သည့်ဆေးဝါးများအား သုံး၍ ဆဲလ်များသတ်ခြင်း သို့မဟုတ် ပွားခြင်းမှတားဆီးခြင်း တနည်းနည်းဖြင့် ကင်ဆာဆဲလ်များ၏ကြီးထွားမှုကိုရပ်တန့်စေသည်။ ကလေးများအား မတူညီသောဆေးဝါးများပေါင်းစပ်မှုတစ်ခုကို ပေးနိုင် ရှိသည်။ ထိုဆေးများအား သွေးလှည့်ပတ်မှု (သွေးပြန်ကြောလမ်းကြောင်း) ထဲသို့ ထိုးသွင်းနိုင်သည် ၊ ပါးစပ် (ပါးစပ်လမ်းကြောင်း) မှပေးနိုင်သည် ၊ သို့မဟုတ် ဦးနှောက်နှင့် ဗဟိုအာရုံကြောဆိုင်ရာအရည် (ကျောရိုးအာရုံကြောစည်းအတွင်း လမ်းကြောင်း) ထဲသို့ တိုက်ရိုက်ထည့် နိုင်သည်။
ကီမိုဆေးသွင်းကုထုံးနည်းလမ်းနှင့် ဆေးအမျိုးအစားများသည် ကလေး၏ အန္တရာယ်ရှိနိုင်သည့် အုပ်စုပေါ် မူတည်သည်။ အန္တရာယ်များသည့် သွေးကင်ဆာနှင့် ကလေးများတို့သည် အန္တရာယ်နည်းသည့် ALL ရှိသော ကလေးများထက် ယေဘုယျအားဖြင့် ပိုများသော ကင်ဆာဆေးများ နှင့် /သို့မဟုတ် ဆေးချိန်အမြင့်များ ခံယူရသည်။
၁။ အစပျိုးခြင်း
ရောဂါလက္ခဏာများလျော့ပါးသည့်အစပျိုး ကုထုံး၏ ရည်ရွယ်ချက်မှာ သွေးနှင့် ရိုးတွင်းခြင်ဆီအတွင်းရှိ သွေးကင်ဆာဆဲလ်များကို တိုက်ဖျက်ရန်နှင့် ရောဂါကို ရောဂါလက္ခဏာများလျော့ပါးသက်သာခြင်း ဆီသို့ခေါ်ဆောင်ရန်ဖြစ်သည်။ ဤအဆင့်သည် များသောအားဖြင့် ၄-၆ ရက်သတ္တပတ် ကြာမြင့်သည်။ ဗဟိုအာရုံကြောစနစ် (CNS) မပျံနှံ့ရန်ကာကွယ်သည့်ကုထုံး (တစ်နည်းအားဖြင့် ဗဟိုအာရုံကြောစနစ် ရောဂါမဖြစ်စေရန် ကာကွယ်ခြင်း) ကို ကျောရိုးအရည်အတွင်းကျန်ရှိနေသော သွေးကင်ဆာဆဲလ်များကို သတ်ရန် ဤအချိန်အတွင်းတွင် ပေးနိုင်သည်။ ဤဆေးများသည် ကျောရိုးဆစ် အာရုံကြောမကြီးကို ဖုံးထားသော တစ်သျူးအမြှေးပါးကြားထဲရှိ အရည်များနှင့် ပြည့်နေသော နေရာသို့ ထိုးသွင်းရပါသည်(ကျောရိုးအာရုံကြောစည်းအတွင်း လမ်းကြောင်း)။
ကုသမှုတွင် ကီမိုဆေးသွင်းကုထုံးဆေးများ၏ပေါင်းစပ်မှုတစ်ခု ပါဝင်မည်။ ဤဆေးများတွင် ဗင်ခရစ်စတင်းစတီးရွိက်များ နှင့် ပက်အက်စ်ပဂေ့ သို့မဟုတ် အာဝီးနီးယား အက်ပါရာဂျီနေ့စ်တစ်ခါတစ်ရံတွင် ဒေါ့ဆိုရူဘီစင်း သို့မဟုတ် ဒါနာရူဘစင်ကဲ့သို့သော အန်သာရာဆိုက်ကလင်း ဆေးများလည်း ပါဝင်တတ်ပါသည်။ အချို့ဆေးဝါးမှတ်တမ်းများတွင် ဆိုက်ကလိုဖော့စဖာမိုက်၊ ဆိုက်တရာဘိုင်းနှင့် ၆ မာကပ်တိုပူရင်း တို့ ပါဝင်သော ကုသမှုအစီအစဉ်ကို အစပျိုးခြင်း ကုထုံးတွင် အသုံးပြုပါသည်။
၂။ အားပြင်းခြင်း
အားပြင်းကုထုံးသည် ကြီးထွားရန် တဖန်စတင်နိုင်ပြီး သွေးကင်ဆာ ပြန်ဖြစ် နိုင်စေသော ကျန်ရှိနေသောဆဲလ်များမှန်သမျှအား တိုက်ဖျက်ရန် ဖြစ်သည်။ ဤအဆင့်သည် များသောအားဖြင့် 8-16 ရက်သတ္တပတ် ကြာမြင့်သည်။
လူနာသည် ဆိုက်ကလိုဖော့စဖာမိုက်၊ ဆိုင်တရာဘိုင်းနှင့် ၆ မာကပ်တိုပူရင်း (၆-အမ်ပီ) ကဲ့သို့သော မတူသောဆေးများကို သုံးစွဲရပါသည်။ ဖော်လစ်နစ်အက်စစ် နှင့်တွဲ၍/ မတွဲ၍ မက်သိုထရီစိတ် ကိုလည်းပေးနိုင်ပါသည်။
၃။ ရောဂါပြန်မဖြစ်ရန် ကုသမှု
နောက်ဆုံးနှင့် အကြာဆုံးအဆင့်ဖြစ်သည့် ရောဂါပြန်မဖြစ်ရေးကုထုံး၏ ရည်ရွယ်ချက်သည် ပထမ အဆင့် ၂ ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြေရှိသော ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်ဖြစ်သည်။ ရောဂါပြန်မဖြစ်ရန် ကုသမှုသည် ၂ နှစ် သို့မဟုတ် ၃ နှစ် ကြာမြင့်နိုင်သည်။
ဤအဆင့်တွင် မက်သိုထရီစိတ်၊ ဗင်ခရစ်စတင်း၊ စတီးရွိက်များ နှင့် ၆ မာကပ်တိုပူရင်း (၆- အမ်ပီ) ဆေးဝါးများ ပါဝင်နိုင်ပါသည်။ ပိုမိုအန္တရာယ်ရှိနိုင်သော လူနာများအတွက် အန်သာရာဆိုက်ကလင်း ဆေးဝါးများ၊ ဆိုက်ကလိုဖော့စဖာမိုက်နှင့် ဆိုင်တရာဘိုင်း တို့ကို ပေးနိုင်ပါသည်။
မူရင်းပင်မဆဲလ် အစားထိုးခြင်း (ရိုးတွင်းခြင်ဆီ အစားထိုး ကုသခြင်း သို့မဟုတ် ပင်မဆဲလ် အစားထိုး ကုသခြင်းဟုလည်းခေါ်သည်။)
မူရင်းပင်မဆဲလ် အစားထိုးခြင်း ရိုးတွင်းခြင်ဆီ အစားထိုး ကုသခြင်း သို့မဟုတ် ပင်မဆဲလ် အစားထိုး ကုသခြင်းဟုလည်းခေါ်သည်) ကို ရောဂါပြန်ဖြစ်ရန် အန္တရာယ်များသော သို့မဟုတ် ကုသမှုကို ခုခံနိုင်သော ALL ရှိသည့် ကလေးများအတွက် အကြံပြုပါသည်။ ဆရာဝန်များသည် အစားထိုးကုသမှုတစ်ခု လိုသည်၊ မလိုသည်ကို ဆုံးဖြတ်ရန်အတွက် ရောဂါလက္ခဏာများလျော့ပါးသည့်အစပျိုး ကီမိုဆေးသွင်းကုထုံး မည်မျှ ကောင်းမွန်စွာ အလုပ်လုပ်သည်ကို တခါတရံတွင် ကြည့်သည်။
တုံ့ပြန်မှုမရှိသော သွေးကင်ဆာရှိသည့် (ကုထုံးကို မတုံ့ပြန်သော) သို့မဟုတ် ရောဂါပြန်ဖြစ်ပေါ်သည့် (ရောဂါပြန်ဖြစ်ခြင်း) ALL လူနာများသည် ဆေးပညာအရ စွမ်းဆောင်နိုင်ပြီး သင့်တော်မည့် အလှူရှင်ရှိပါက အစားထိုးကုသနိုင်ပါသည်။
သီးခြားပစ်မှတ်ထားတားသည့်ကုထုံး
သီးခြားပစ်မှတ်ထားတားသည့်ကုထုံး သည် အနီးနားဝန်းကျင်ရှိ ပုံမှန်ဆဲလ်များကို ထိခိုက်ခြင်း မရှိဘဲ ကင်ဆာဆဲလ်များကိုသာ ရှာဖွေပြီး တိုက်ဖျက်သော ဆေးဝါးများကိုသာ သုံးပါသည်။ ဤကုထုံးသည် ရနိုင်သောပစ်မှတ်ထားဆေးဝါးများကို တုံ့ပြန်သော ခွဲခြားနိုင်သည့် အမှတ်အသားများပါရှိသော ကင်ဆာဖြစ်မှသာ ဖြစ်နိုင်ခြေရှိသည်။
ကိုယ်ခံစွမ်းအားကုထုံး
ကိုယ်ခံစွမ်းအားကုထုံး သည် ကင်ဆာကို တိုက်ဖျက်ရန် ခုခံအားစနစ်ကို အသုံးပြုသော ကင်ဆာကုသမှုအမျိုးအစားတစ်မျိုး ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကိုယ်ခံစွမ်းအားကုထုံး များသည် ကင်ဆာဆဲလ်များကို ရှာဖွေရန် ခုခံအားစနစ်ကို ကူညီပေးပါသည်၊ သို့ဖြစ်၍ ၎င်းသည် ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည် နှင့်အတူ (သို့မဟုတ်) ကင်ဆာကို ပြန်တုံ့ပြန်နိုင်ရန် ခုခံအားစနစ်၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။
ALL ရှိနေသော ကလေးများ၏ ၉၈% ခန့်သည် ကုသမှု စတင်ခံယူပြီး ရက်သတ္တပတ်အတွင်း ရောဂါ သက်သာသွားကြပါသည်။
ALL ရှိနေသော ကလေးတို့၏ ၉၀% အထက်သည် ပျောက်ကင်းနိုင်ပါသည်။ လူနာများသည် ရောဂါသက်သာပြီး ၅နှစ်ခန့်အကြာတွင် ပျောက်ကင်းသွားပြီဟု သတ်မှတ်ကြပါသည်။
အန္တရာယ်ပေးမှုနည်းသော အဖွဲ့ရှိ ALL ဖြစ်နေသော လူနာများ၏ အသက်ရှင်နိုင်နှုန်းသည် ၉၅% အထက်တွင် ရှိပါသည်။
အကယ်၍ လူနာများသည် ကုသမှုကို မတုံ့ပြန်သော (တုံ့ပြန်မှုမရှိသော) ALL ရှိနေပါက သို့မဟုတ် ကုသမှုခံယူပြီး နောက် ပြန်ဖြစ်လာပါက (ရောဂါပြန်ပေါ်ခြင်း)၊ ဆေးဘက်ဆိုင်ရာအဖွဲ့သည် ကုသမှု ရွေးချယ်စရာများကို ဆွေးနွေးပေးပါမည်။
နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုး ရောဂါတစ်ခုကို ရှာဖွေဖော်ထုတ်သိရှိပြီးနောက် သို့မဟုတ် ကုသမှု ခံယူပြီးနောက် လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ် အကြာတွင် ပေါ်ပေါက်သည့် ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ပါသည်။ နောက်ပိုင်းဆိုးကျိုးများ (Late effects) က ကင်ဆာကြောင့် သို့မဟုတ် ကင်ဆာကုသမှုကြောင့် ဖြစ်ပေါ်နိုင်သည်။ ယင်းတို့တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးပိုင်းဆိုင်ရာ ပြဿနာများ နှင့် ဒုတိယကင်ဆာရောဂါများ ဝင်ရောက်ခြင်းတို့ ပါဝင်နိုင်ပါသည်။
နောက်ပိုင်းဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်နိုင်သည် -
လက်ရှိသုတေသနသည် မူလကုထုံးကို တုံ့ပြန်မှုမရှိသော ကင်ဆာကို ခံစားနေရသည့် ကလေးများအတွက် ပိုမိုအကျိုးသက်ရောက်သည့် ကုထုံးများ ဖွံ့ဖြိုးလာစေရန်နှင့် အနီးအနားတွင် ရှိသော ကျန်းမာနေသည့် ဆဲလ်များကို ထိခိုက်မှု မရှိစေဘဲ ကင်ဆာဆဲလ်ကိုသာ ပစ်မှတ်ထားသော ကုထုံးများ ပိုမိုထွက်လာစေရန် အာရုံစိုက်ပါသည်။ သုတေသီများသည် ကင်ဆာအသက်ရှင်သူများ၌ နောင်တွင်ဖြစ်စေသည့် ဘေးထွက်ဆိုးကျိုး များစွာမဖြစ်စေသည့် ကုထုံးများ ဖြစ်ပေါ်စေရန်လည်း ကြံဆနေပါသည်။ သက်တမ်းရှည် ရှင်သန်သူ အရေအတွက်တိုးပွားလာခြင်း ၏ နောက်ပိုင်းဆိုးကျိုးများ အပေါ်လေ့လာမှုသည် ဤပြသာနာကို အထောက်အကူ ဖြစ်စေသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018