ကိုယ်ခံစွမ်းအားကုထုံး ပြန့်ပွားစေမည့် ပရိုတင်းတစ်မျိုးတည်းအတွက် ပဋိပစ္စည်း
ကုန်အမှတ်တံဆိပ်အမည်များ:
Blincyto®
မကြာခဏအတှကျအသုံးပွု:
ဘလင်နာတူမိုမက်ဆေးသည် ကိုယ်ခံအားကုထုံး တစ်ခုဖြစ်ပြီး bispecific T-cell engager (BITE) ဖြစ်သည့် ဆဲလ်ပွားတစ်ခုမှထုတ်ပေးသည့် ပဋိပစ္စည်းဟုခေါ်ဆိုသည်။ ဤဆေးသည် တီ-ဆဲလ် များကို သွေးကင်ဆာဆဲလ်တချို့၏ မျက်နှာပြင်ပေါ်တွင် တွေ့ရတတ်သည့် CD19 ဟုခေါ်သည့် ပရိုတင်းတစ်မျိုးကို ဦးတည်ချက်ထား တိုက်ခိုက်စေသည်။ ဘလင်နာတူမိုမက်ဆေးသည် ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့်ကုထုံး အနေဖြင့် ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤဆေးသည် တစ်ချို့သောဆဲလ်များ၏ သီးခြားလုပ်ဆောင်မှုတစ်ခုအပေါ်တွင်သာ သက်ရောက်မှုဖြစ်စေပြီး၊ ထိုဆဲလ်များကိုသာ "ပစ်မှတ်" ထားတိုက်ခိုက်သည်။
ဤဆေးကိုအသုံးပြုနေစဉ် သွေးထဲသို့ ဆိုက်တိုကိုင်းန်များ အမြောက်အများထုတ်လွှတ်ပေးသည့် ရောဂါလက္ခဏာစုဟု (CRS) ခေါ်ဆိုသည့် ပြင်းထန်သည့်အခြေအနေတစ်မျိုးကို ဖြစ်စေနိုင်သည်။ များသောအားဖြင့် အဆိုပါအခြေအနေမျိုးမှာ ဆေးသွင်းပြီး ပထမပိုင်းရက်အနည်းငယ်အတွင်း ဖြစ်ပေါ်လာတတ်သည်။ ကနဦးရက်များတွင် လူနာများကို အနီးကပ်စောင့်ကြည့်နေမည် ဖြစ်သည်။
သွေးဥဆဲလ် အရေအတွက်ကို စစ်ဆေးရန်နှင့် အသည်း၏ လုပ်ငန်းဆောင်တာတို့ကို စောင့်ကြည့်လေ့လာနိုင်ရန် လူနာအားပုံမှန် သွေးစစ်ဆေးခြင်း ပြုလုပ်မည်။
သွေးပြန်ကြောထဲသို့ အကြောဆေးအနေဖြင့် သွင်းပေးနိုင်သည်။
ဘလင်နာတူမိုမက်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။