အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါအတွက် ခွဲစိတ်ကုသမှု

ခွဲစိတ်ကုသခြင်းသည် ကလေးကင်ဆာရောဂါ အမျိုးအစားများစွာတို့အား ရောဂါစစ်ဆေးမှု၊ ကုသမှုနှင့် ထောက်ကူပြု စောင့်ရှောက်မှုတို့တွင် အရေးကြီးသောကဏ္ဍတစ်ခုအဖြစ်ပါဝင်ပါသည်။ ကင်ဆာရောဂါ ခွဲစိတ်ကုသမှုကို အထူးပြုလေ့လာသည့် ဆရာဝန်များကို ကင်ဆာရောဂါအထူးကု ခွဲစိတ်ဆရာဝန်များဟု ခေါ်ပါသည်။

ကင်ဆာရောဂါကုသရာတွင်အသုံးပြုသည့် နည်းလမ်းများစွာရှိပြီး အောက်ပါတို့ ပါဝင်ပါသည်-

  • ဖြတ်ထုတ်ခြင်း (အကျိတ်ဖယ်ရှားခြင်း)
  • ရောဂါအမျိုးအစား
  • အထောက်အကူပြု စောင့်ရှောက်မှု
  • ရောဂါ အဆင့်သတ်မှတ်ခြင်း
  • ရောဂါနှင့် ဆက်စပ်သည့်အခြေအနေများ သို့မဟုတ် နောက်ဆက်တွဲရောဂါသစ်များကို ကုသခြင်း
ကနဦး ရောဂါစစ်ဆေးသည့်အချိန်တွင် လူနာ၏ ရင်ဘတ် CT စကန်ဖတ်ချက်အရ အာရုံကြောတစ်ရှူးအချို့တွင် ကင်ဆာအကျိတ်ဖြစ်နေကြောင်း ပြသသည်။

ကနဦး ရောဂါစစ်ဆေးသည့်အချိန်တွင် လူနာ၏ ရင်ဘတ် CT စကန်ဖတ်ချက်အရ အာရုံကြောတစ်ရှူးအချို့တွင် ကင်ဆာအကျိတ်ဖြစ်နေကြောင်း ပြသသည်။

အာရုံကြောတစ်ရှူးအချို့တွင် ဖြစ်ပွားသော ကင်ဆာရောဂါအန္တရာယ် အသင့်အတင့်ရှိသော သို့မဟုတ် မြင့်မားသော လူနာများအတွက် ဓာတုကုထုံးမှာ အဓိကကုသမှုတစ်ခု ဖြစ်ပါသည်။ ဓာတုကုထုံး ဆေးတစ်ပတ်သွင်းပြီးနောက် အာရုံကြောတစ်ရှူးအချို့ရှိ ကင်ဆာအကျိတ်၏ အရွယ်အစားမှာ သေးငယ်သွားပါသည်။

ဓာတုကုထုံးတွင် ဆေးကိုဒုတိယအကြိမ်သွင်းပြီးနောက် အကျိတ်မှာ ပို၍ပင်သေးငယ်လာပါသည်။

ဓာတုကုထုံးတွင် ဆေးကိုဒုတိယအကြိမ်သွင်းပြီးနောက် အကျိတ်မှာ ပို၍ပင်သေးငယ်လာပါသည်။

ဖြစ်နိုင်ပါက အကျိတ်ကိုဖယ်ရှားရန် ခွဲစိတ်ကုသသည့်နည်းလမ်းကို သုံးပါသည်။ ခွဲစိတ်ပြီးနောက် စကန်ဖတ်ချက်တွင် လူနာ၏ရင်ဘတ်ကို ပြသထားသည်။

ဖြစ်နိုင်ပါက အကျိတ်ကိုဖယ်ရှားရန် ခွဲစိတ်ကုသသည့်နည်းလမ်းကို သုံးပါသည်။ ခွဲစိတ်ပြီးနောက် စကန်ဖတ်ချက်တွင် လူနာ၏ရင်ဘတ်ကို ပြသထားသည်။

ခွဲစိတ်မှုပြုလုပ်ရာတွင် ခွဲစိတ်သည့်အမျိုးအစားအပေါ်မူတည်၍ ပြင်ပလူနာ သို့မဟုတ် အတွင်းလူနာအဖြစ် လုပ်ဆောင်နိုင်ပါသည်။ ခွဲစိတ်ပြီးနောက် ပြန်လည်နာလန်ထူလာရန် အချိန်နှင့် လိုအပ်သည့်​စောင့်ရှောက်မှုမှာ လူနာအလိုက် ကွာခြားပါသည်။ ဆေးကုသမှုလုပ်ငန်းစဉ်မှန်သမျှတွင် အန္တရာယ်များ ရှိပါသည်။ စောင့်ရှောက်ကုသပေးသည့်အဖွဲ့က မျှော်လင့်ထားရမည့်အရာများကို ရှင်းပြပါမည်။ မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးနောက် လုပ်ဆောင်ရမည့်အရာများနှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးပါသည်။

ခွဲစိတ်မှုပြုလုပ်နေသည့် ကလေးကင်ဆာရောဂါ ခွဲစိတ်ဆရာဝန်နှစ်ဦး

ခွဲစိတ်ကုသမှုသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါများစွာတို့အား ရောဂါစစ်ဆေးမှု၊ ကုသမှုနှင့် ထောက်ကူပြု စောင့်ရှောက်မှုတို့တွင် အရေးကြီးပါသည်။

မေ့ဆေး/ထုံဆေးပေးခြင်း

ခွဲစိတ်နေစဉ် လူနာများ နာကျင်မှုမခံစားရစေရန် ဆေးများကို အသုံးပြု၍ မေ့ဆေးပေးပါသည်။ ခွဲစိတ်မှုအမျိုးအစားအပေါ်မူတည်၍ ဆရာဝန်များသည် နေရာကွက်၍ ထုံဆေးပေးခြင်း သို့မဟုတ် ရိုးရိုးမေ့ဆေးပေးခြင်း နည်းလမ်းကို အသုံးပြုနိုင်ပါသည်။ နေရာကွက်၍ သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်းကိုကွက်၍ ထုံဆေးပေးခြင်းသည် ခန္ဓာကိုယ်၏ တိကျသော နေရာတစ်ခုတွင် ယာယီထုံကျင်စေခြင်း သို့မဟုတ် ယာယီခံစားမှုမရှိစေခြင်း ဖြစ်ပါသည်။ ရိုးရိုးမေ့ဆေးပေးခြင်းသည် ခွဲစိတ်စဉ်အတွင်း ခံစားမှုမရှိစေရန် သို့မဟုတ် အသိစိတ်မရှိစေရန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစေသည်။ မေ့ဆေးပေး၍ အိပ်ပျော်နေခြင်းသည် ခွဲစိတ်မှုအတွက် လိုအပ်သလောက် ယာယီအချိန်ပိုင်းမျှသာ ဖြစ်ပါသည်။ မေ့ဆေးဆရာဝန်တစ်ဦးသည် ခွဲစိတ်စဉ်အတွင်း လူနာများအား မေ့ဆေး/ထုံဆေးများပေးခြင်း၊ လူနာကိုစောင့်ကြည့်ခြင်းတို့အတွက် တတ်ကျွမ်းနားလည်သည့် ဆရာဝန်တစ်ဦးဖြစ်ပါသည်။

မေ့ဆေး/ထုံဆေးပေးခြင်းအကြောင်း နောက်ထပ်လေ့လာကြည့်ပါ

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018