အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Imatinib (အိုင်မေတီနစ်ဘ်)

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Gleevec®

သည်အခြားအမည်များ:

Glivec, Imatinib Mesylate; STI-571 

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

Imatinib (အိုင်မေတီနစ်ဘ်) ဆိုတာ ဘာလဲ။

Imatinib (အိုင်မေတီနစ်ဘ်) ဆိုသည်မှာ ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံးဟုခေါ်သည့် ဆေးဝါးအမျိုးအစားဖြစ်သည်။ ၎င်းဆေးသည် အမိုင်နိုအက်စစ်ကို ဟန့်တားနိုင်သော အာနိသင် ရှိစေသည့် ပစ္စည်းဖြစ်သည်။ ဆဲလ်ကြီးထွားမှုကို ထောက်ကူပေးသည့် အချို့သောအချက်ပြများကို ပိတ်ဆို့သည်။ Imatinib ကို Ph+ ALL နှင့် Ph+ CML များအပါအဝင် အချို့သော ဖီလာဒဲလ်ဖီးယား ခရိုမိုဆုန်းဆိုင်ရာ သွေးကင်ဆာရောဂါကို ကုသရန်အတွက် အသုံးပြုပါသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဖောရောင်ခြင်း ( ရောင်ရမ်းခြင်း)
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ကြွက်တက်ခြင်း
  • အရိုး၊ ကြွက်သား၊ အဆက်ရွတ်၊ ကြွက်စွန်းရွတ်နှင့် ရိုးဆစ်များ နာကျင်ကိုက်ခဲခြင်း
  • ဝမ်းလျှောခြင်း
  • အနီကွက်ဖြစ်ခြင်း
  • နုံးခွေခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ဆံပင်ကျွတ်ခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • အသားခြောက်ခြင်း၊ ယားယံခြင်း
  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • အားနည်းခြင်း
  • ခံတွင်းပျက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • အမြင်အာရုံပြောင်းလဲခြင်းများ၊ အမြင်မှုန်ဝါးခြင်း
  • ကျောအောင့်ခြင်း
  • နှာခေါင်းနှင့် လည်ချောင်းကျိန်းစပ်ခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ရင်ပူနာ၊ လေပွခြင်း
  • လျှာတွင်အရသာပြောင်းလဲသွားခြင်း
  • ခေါင်းခေါင်းမူးဝေခြင်း
  • ညဘက်တွင် ချွေးစေးထွက်ခြင်း
  • အိပ်မပျော်ခြင်း
  • စိုးရိမ်သောက
  • သန္ဓေအောင်နိုင်စွမ်းမရှိခြင်း
  • အသည်း ပြဿနာများ
  • ကျောက်ကပ်ပြဿနာများ
  • နှလုံး ပြဿနာများ
  • သွေးထွက်ခြင်း
  • ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစု
  • ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Imatinib (အိုင်မေတီနစ်ဘ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။

  • ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ဝမ်းလျှောခြင်းကို ထိန်းနိုင်စေမည့် ဆေးဝါး သို့မဟုတ် အစားအစာများကို အကြံပြုနိုင်သည်။ အအန်ပျောက်ဆေးများကိုလည်း ပေးနိုင်သည်။
  • ဤဆေးဝါးကို သောက်သုံးနေစဉ် ဂရိတ်ဖရုသီး သို့မဟုတ် Seville လိမ္မော် (အခါး) သို့မဟုတ် အဆိုပါအသီးများပါရှိသည့် ဖျော်ရည်များ သို့မဟုတ် အဖျော်ရည်ယမကာများကို မသောက်မိပါစေနှင့်။
  • ၎င်းဆေးဝါးသည် ကလေးသူငယ်များနှင့် ဆယ်ကျော်သက်များ၏ကြီးထွားမှုကို ထိခိုက်စေနိုင်ပါသည်။ သင့်အရပ်နှင့် ကိုယ်အလေးချိန်ကို သင့်ဆရာဝန်က စောင့်ကြည့်စစ်ဆေးသွားပါမည်။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးကာလအလွန် ၂ ပတ်အတောအတွင်းတွင် ကိုယ်ဝန် မရရှိစေရန် စီစဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • Imatinib (အိုင်မေတီနစ်ဘ်) ကို သုံးခြင်းသည် သွေးတွင်းရှိ ၎င်း Imatinib ဓာတ်ပမာဏကို ပြောင်းစေတတ်သောကြောင့် သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို မြင့်တက်စေသောကြောင့် ၎င်းဆေးကိုသုံးနေစဉ် ဆေးအသစ်တစ်မျိုးမျိုးကို စသုံးမည်ဆိုပါက သင့်ဆရာဝန်အား အသိပေးပါ။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးကို ဘေးကင်းစွာ ကိုင်တွယ်အသုံးပြုနိုင်ရန်နှင့် စွန့်ပစ်နိုင်ရန်အတွက် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။

Imatinib (အိုင်မေတီနစ်ဘ်) ကို အိမ်တွင်သောက်သုံးရပါက−

  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် အမြင်အာရုံပြောင်းလဲခြင်းများကို ဖြစ်စေနိုင်ပါသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။
  • Imatinib (အိုင်မေတီနစ်ဘ်) ကို ထမင်းစားပြီးတိုင်း နေ့စဉ်အချိန်မှန်သောက်ပါ။ ရေတစ်ဖန်ခွက်နှင့်သောက်ပါ။
  • ဆေးပြားများကို မဝါးဘဲ မျိုချပါ။ ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • ဆေးပြားကို ရေ သို့မဟုတ် ပန်းသီးဖျော်ရည်များနှင့် ရောစပ်သောက်သုံးနိုင်ပါသည်။ ဆေးပြား 100 mg ကို အရည် 50 mL သို့မဟုတ် ဆေးပြား 400 mg ကို အရည် 200 mL နှင့် ဖျော်စပ်ပါ။ ဖန်ခွက်ထဲတွင် ဖျော်စပ်ပြီး နှံ့ အောင်မွှေပါ။ ဆေးကို ချက်ချင်းထုတ်ယူပါ။ ဖန်ခွက်ထဲတွင် ဆေးတစ်စက်မှမကျန်ရလေအောင် သစ်သီးဖျော်ရည်အနည်းငယ်ကို ဖန်ခွက်ထဲထည့်ပြီး ခလောက်ကာ သောက်ပါ။ Imatinib (အိုင်မေတီနစ်ဘ်) ကို ဂရိတ်ဖရုဖျော်ရည်နှင့် ဘယ်သောအခါမှ တွဲသောက်မိပါစေနှင့်။
  • သင့်အတွက် Imatinib (အိုင်မေတီနစ်ဘ်) ဆေးရည်ကို သင့်ဆေးစပ်သူက ပြင်ဆင်ပေးလိုက်နိုင်ပါသည်။ ဆေးပမာဆိုင်ရာ ညွှန်ကြားချက်များကို ဂရုပြုလိုက်နာပါ။
  • ကျန်းမာရေးစောင့်ရှောက်ပေးနေရသူများသည် ဤဆေးဝါးကို ကိုင်တွယ်နေစဉ် လက်အိတ်များကို ဝတ်ဆင်ထားသင့်ပါသည်။ ဆေးသည် အသားပေါ်ကျသွားပါက ဆေးထိသည့် နေရာကို ချက်ချင်းဆေးပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက မသောက်ဘဲထားလိုက်ပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။