အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဗင်ခရစ်စတင်း

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Vincasar PFS®

သည်အခြားအမည်များ:

Oncovin, Vincristine sulfate

ကလစ်ဘုတ် သင်္ကေတ

ဗင်ခရစ်စတင်းဆေးအကြောင်း

ဗင်ခရစ်စတင်းသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ ၎င်းကို များသောအားဖြင့် အခြားဆေးများဖြင့် ပေါင်းစပ်၍ အသုံးပြုလေ့ရှိသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

အကယ်၍ ဗင်ခရစ်စတင်းဆေးသည် သွေးပြန်ကြောပြင်ပသို့ စိမ့်ထွက်သွားပါက အနီးနားရှိတစ်ရှူးများကို ပျက်စီးသွားစေနိုင်သည်။ လူနာများ အကြောဆေးသွင်းထားသည့်နေရာရှိ အရေပြားတွင် နီမြန်းခြင်းနှင့် ထိခိုက်ပျက်စီးနေခြင်းတို့ ရှိနေနိုင်သည်။ အကယ်၍ ဆေးသွင်းနေစဉ် အပူလောင်သလိုမျိုးခံစားနေရပါက စောင့်ရှောက်ကုသပေးနေသည့်သူ တစ်ဦးဦးကို အသိပေးပါ။

IV အိတ်သင်္ကေတ

သွေးပြန်ကြောမှလည်း သွင်း၍ရသည် သို့မဟုတ် ထိုးဆေးအဖြစ်လည်း ထိုး၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းချုပ်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • မေးရိုးနာကျဉ်ခြင်း
  • လမ်းလျှောက်ရန် ခက်ခဲလာခြင်း
  • ထုံခြင်း၊ ကျဉ်ခြင်း သို့ ခြေလက်တို့တွင် ပူလောင်နေခြင်း
  • ကြွက်သားနာကျဉ်ခြင်း သို့ အားနည်းခြင်း
  • အရိုး သို့ အဆစ်အမြစ်နာကျဉ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ဆီးသွားသည့်အခါ နာကျဉ်ခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • ခေါင်းမူးဝေခြင်း
  • ရုတ်တရက်တက်ခြင်းများ
  • သွေးတွင်း ဆိုဒီယမ်ဓာတ်လျော့နည်းနေခြင်း
  • ဆံပင်ကျွတ်ခြင်း
  • အကြောထဲထိုးသွင်းရာနေရာတွင် အရေပြားကျိန်းစပ်ခြင်း

ဗင်ခရစ်စတင်းဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဗင်ခရစ်စတင်းဆေးကြောင့်ဖြစ်သော ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်ကြသည်။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဝမ်းချုပ်ပါက ဆရာဝန်မှ ဝမ်းနှုတ်ဆေး တစ်မျိုးမျိုးကို လမ်းညွှန်ပေးနိုင်သည်။
  • ဆေးသွင်းနေစဉ် စပျစ်သီး သို့ ကမ္ဗလာသီး (အခါးဓာတ်ရှိသောလိမ္မော်သီး) တို့ကိုမစားပါနှင့်။ ထိုအသီးတို့ဖြင့်ပြုလုပ်ထားသော သစ်သီးဖျော်ရည်တို့ကိုလည်း မသောက်ပါနှင့်။
  • လိင်မှုကိစ္စလုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆေးပေးပြီး ၄၈ နာရီကြာသည်အထိ လူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များတွင် ဆေးဓာတ်များ ပါဝင်နေနိုင်သောကြောင့် လူနာပြုစုစောင့်ရှောက်ပေးသူများအနေဖြင့် အဆိုပါအရည်တို့နှင့် ထိတွေ့မှုမရှိစေရန် လမ်းညွှန်ချက်များအတိုင်း လိုက်နာသင့်သည်။