အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကွန်ပျုတာ တိုမိုဂရပ်ဖီ (CT) စကန်

CT စကန်ဆိုတာဘာလဲ။

CT (ကွန်ပျူတာ တိုမိုဂရပ်ဖီ) စကန်သည် ကွန်ပျူတာများနှင့် X-ray ရောင်ခြည်ဓာတ်မှန်များကို အသုံးပြုသည့် စစ်ဆေးမှုဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ အသေးစိတ် 3D ရုပ်ပုံများကို ရိုက်ကူးသည့် စစ်ဆေးမှုဖြစ်ပါသည်။

CT စကန်သည် အောက်ပါတို့ကို ပြုလုပ်ပေးနိုင်သည်-

  • အရိုးများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှူးများ၏ အသေးစိတ်ရုပ်ပုံများကို ပြသခြင်း
  • အကျိတ်ကို ရှာဖွေစစ်ဆေးခြင်း
  • ကင်ဆာ၏ အဆင့်နှင့်ပတ်သက်သည့် အချက်အလက်ကို ဖော်ပြခြင်း
  • အသားစယူစစ်ဆေးမှုကဲ့သို့ လုပ်ငန်းစဉ်များကို လမ်းညွှန်ပေးခြင်း

ရက်ချိန်းရယူပြသမှုသည် မိနစ် 10-20 အထိသာ ကြာမြင့်နိုင်သည်။

စကန်တစ်ခုတည်းဆိုလျှင် စက္ကန့်အနည်းငယ်သာ ကြာမြင့်ပါသည်။ သို့ရာတွင် သင့်ကလေးသည် ခွဲခြားမြင်နိုင်သောပစ္စည်းနှင့် စစ်ဆေးမှုလိုအပ်ပါက ၎င်းကို အကြိမ်ကြိမ် ပြန်လုပ်ရနိုင်သည်။  

ခွဲခြားမြင်နိုင်သောပစ္စည်းများသည် မျိုချနိုင်သော သို့မဟုတ် ထိုးသွင်းနိုင်သော ကြည်လင်သည့်အရည်များဖြစ်သည်။

  • မျိုချမိပါက ခွဲခြားမြင်နိုင်သောပစ္စည်းသည် မသတီစရာ အနံ့ထွက်နိုင်သည် သို့မဟုတ် အရသာမျိုးရှိနိုင်သည်။
  • IV မှတစ်ဆင့် ထိုးသွင်းလျှင်အရည်သည် အကြောထဲသို့ စီးဝင်သည့်အခါ ပူနွေးနွေး ခံစားရနိုင်သည်။ 

CT စကန် ရက်ချိန်းတွင် မျှော်လင့်ထားရမည့်အရာ

စင်တာတစ်ခုစီတွင် ၎င်း၏ ကိုယ်ပိုင် လုပ်ငန်းစဉ်များရှိသည်။ သို့သော် ယေဘုယျအကြံဉာဏ်ဖြင့် မိသားစုအများစုကို အကူအညီပေးနိုင်သည်။

စကန်အတွက် ပြင်ဆင်ခြင်း- သင့်ကလေးသည် ချောင်ချောင်ချိချိနှင့် သက်တောင့်သက်သာ အဝတ်အစားကို ဝတ်ဆင်ထားပါစေ။ သတ္တုပါဝင်သည့် အဝတ်အစား နှင့် ဆက်စပ်ပစ္စည်းများကို ရှောင်ကြဉ်ပါ။ ၎င်းတွင် အောက်ပါတို့ပါဝင်သည်-

  • ခါးပတ်များ
  • ဇစ်များ
  • နှိပ်ကြယ်သီးများ
  • ကြယ်သီးများ
  • ဆံပင် ထုံးဖွဲ့သည့် ပစ္စည်းများ
  • လက်ပတ်နာရီ
  • လက်ဝတ်လက်စား
  •  ယာယီအသုံးပြုသည့် အထိန်းပစ္စည်း 
  • မျက်မှန် (အထူးသဖြင့် ဦးခေါင်းပိုင်း CT စကန်ရိုက်ရန်အတွက်)

သင့်ကလေးတွင် အောက်ပါအခြေအနေများဖြစ်ပါက စောင့်ရှောက်မှုအဖွဲ့ကို အသိပေးပါ-

  • ခွဲခြားမြင်နိုင်သော ပစ္စည်း သို့မဟုတ် အိုင်အိုဒင်းနှင့် ဓါတ်မတည့်မှုရှိပါသလား
  • ကိုယ်ဝန်ရှိနေနိုင်သည်
  • ကျဉ်းသောနေရာများတွင် သက်တောင့်သက်သာမရှိ ဖြစ်ပါသလား
  • အပြုအမူဆိုင်ရာ အထူးလိုအပ်ချက်များ ရှိသည် 
  • ဆီးချိုသွေးချို သို့မဟုတ် ကျောက်ကပ် ပြဿနာများ ရှိသည်

စင်တာအများစုသည် ရုပ်လုံးသွင်းတိရိစ္ဆာန်ရုပ် သို့မဟုတ် စောင်ကဲ့သို့သော သက်တောင့်သက်သာရှိစေမည့်ပစ္စည်းကို သင့်ကလေးအား ယူဆောင်ခွင့်ပြုမည်ဖြစ်သည်။ သင့်ကလေးသည် ရက်ချိန်းအတွက် သက်တောင့်သက်သာရှိစေမည့်ပစ္စည်းကို ယူဆောင်ခွင့်ရှိမရှိ သင့် စောင့်ရှောက်မှုအဖွဲ့ထံ မေးမြန်းပါ။

  • ရောက်ရှိကြောင်း စာရင်းသွင်းခြင်း/မှတ်ပုံတင်ခြင်း- မိနစ်အနည်းငယ် စော၍ရောက်နိုင်အောင် ကြိုးစားပါ။ သင်သည် သင့်ကလေးနှင့်အတူ မှတ်ပုံတင်စားပွဲတွင် ရောက်ရှိကြောင်း စာရင်းသွင်းရမည်ဖြစ်သည်။ ထို့နောက် သင်သည် သင့်ကလေးနာမည်ကို ခေါ်ဆိုသည်အထိ စောင့်ဆိုင်းရပါမည်။ သင့်ကလေးသည် ဆေးရုံသုံးဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ရန် လိုအပ်နိုင်သည်။
  • CT နည်းပညာရှင်များနှင့် တွေ့ဆုံခြင်း- CT နည်းပညာရှင်သည် CT စကန်ရိုက်စက်ကို ထားရှိသည့် အထူးနေရာသို့ သင်တို့အား လိုက်လံပို့ဆောင်မည်ဖြစ်သည်။ ကလေးဘဝလေ့လာမှုဆိုင်ရာ အထူးကုသည်လည်း မေးခွန်းများကို ဖြေဆိုရန်ရှိနေမည်ဖြစ်သည်။ 
CT နည်းပညာရှင်သည် အနီးအနားတွင် မိခင်ကိုထားလျက် ကလေးကင်ဆာ ဝေဒနာအား ခွဲခြားမြင်နိုင်သော ပစ္စည်းကို ထည့်သွင်းပါသည်။

ပုံရိပ်များ ပို၍ ရှင်းလင်းစေရန်နှင့် အသေးစိတ် မြင်နိုင်ရန် ခွဲခြားမြင်နိုင်သော ပစ္စည်းတစ်ခုကို တစ်ခါတစ်ရံတွင် လိုအပ်ပါသည်။

  • စကန်ရိုက်နေစဉ်အတွင်း- စက်ကို ကြီးမားသည့် ဒိုးနပ်မုန့်ဝိုင်းပုံစံပြုလုပ်ထားပြီး အလယ်တွင် စင်ဟုခေါ်သော အထူးပြုလုပ်ထားသည့်အိပ်ရာပါဝင်သည်။ CT နည်းပညာရှင်သည် သင့်ကလေးကို စင်တွင် နေရာချထားပေးမည်ဖြစ်သည်။ ဤစင်သည် ရွေ့လျားနိုင်သည့်အတွက် သင့်ကလေးကို စကန်ရိုက်ရန် မှန်ကန်သည့် တည်နေရာတွင်ထားနိုင်ပါသည်။ နည်းပညာရှင်သည် သင့်ကလေး၏ ဦးခေါင်းပတ်လည်ကို ပုဝါဖြင့် စည်းပေးမည်ဖြစ်သည်။ နဖူးတွင် ပတ်ထားသော သေးငယ်ပျော့ပျောင်းသည့် ကြိုးပြားသည် သင့်ကလေးကို ငြိမ်ငြိမ်သက်သက်ရှိနေစေရန် အထောက်အကူပြုပေးသည်။ နည်းပညာရှင်သည် အနီးရှိနေရာတစ်ခုကို ပြောင်းရွှေ့မည်ဖြစ်ပြီး သို့မှသာ လုပ်ငန်းစဉ်အတွင်း သင့်ကလေးကို မြင်နိုင်၊ ကြားနိုင်၊ စကားပြောဆိုနိုင်မည်ဖြစ်သည်။  
  • သင့်ကလေးက မြင်ရမည့်၊ ကြားရမည့်အရာ- စကန်စတင်သည့်အခါ သင့်ကလေးသည် ကင်မရာ၏ အနီလိုင်းများကို မြင်တွေ့ရပါမည်။ စကန်ဖတ်စက် စတင်သည့်အခါ ကင်မရာမှ ထွက်သည့် "တဝီဝီ" သို့မဟုတ် "ဝှီးခနဲ" မြည်သံကဲ့သို့ CT စက်သည် "ကလင်ကလင်" ကဲ့သို့ ဆူညံသံကို ထွက်ပေါ်စေမည်ဖြစ်သည်။ ကင်မရာသည် သင့်ကလေးကို ထိမည်မဟုတ်ပါ။ သင့်ကလေးသည် စမ်းသပ်ကိရိယာများက ရုပ်ပုံများအတွက် ဒေတာကို စုဆောင်းရယူနေစဉ်တွင် မည်သည်ကိုမှ ခံစားရမည်မဟုတ်ပါ။ 
  • စစ်ဆေးမှုပြုလုပ်ပြီးနောက်ပိုင်း- နည်းပညာရှင်သည် လုံခြုံရေးခါးပတ်များကို ဖြုတ်ပြီး IV ကို တပ်ဆင်ထားလျှင် ဖြုတ်ပစ်မည်ဖြစ်သည်။ ထို့နောက် သင့်ကလေးသည် စင်မှဆင်း၍ ထိုနေရာမှ ထွက်ခွာရပါမည်။ 
  • စစ်ဆေးမှု ရလဒ်များ- ဓာတ်မှန်ကျွမ်းကျင်သူဟုခေါ်သည့် သမားတော်သည် ရုပ်ပုံများကို လေ့လာမည်ဖြစ်သည်။ သင့်ကလေး၏ ဆရာဝန်သည် ရလဒ်များနှင့် ပတ်သက်ပြီး တရားဝင်အစီရင်ခံစာကို ရရှိပါမည်။ အစီရင်ခံစာရရှိရန် ရက်အနည်းငယ်ကြာနိုင်သည်။
  • သမားတော်နှင့်အတူ နှီးနှောဖလှယ်ခြင်း ဆရာဝန်သည် CT ရလဒ်များကို သင်နှင့်အတူ ဆွေးနွေးမည်ဖြစ်သည်။ 
  • နောက်ဆက်တွဲ- သင့်ကလေးသည် နောက်ဆက်တွဲ စစ်ဆေးမှုများ သို့မဟုတ် စမ်းသပ်မှုများ လိုအပ်နိုင်သည်။ အကယ်၍ လိုအပ်လျှင် သင့်ကလေး၏ ဆရာဝန်သည် သင့်အတွက် စစ်ဆေးမှုများကို ရှင်းလင်းပြောဆိုပါမည်။ 
လူနာများက အမွေးပွရုပ် သို့မဟုတ် ခြုံစောင် ကဲ့သို့ သက်သောင့်သက်သာရှိသည့် ပစ္စည်းတစ်ခု ယူဆောင်လာနိုင်ခြင်း ရှိမရှိ သင်၏ ပြုစုစောင့်ရှောက်ရေးအဖွဲ့ကို မေးမြန်းပါ။

လူနာများက အမွေးပွရုပ် သို့မဟုတ် ခြုံစောင် ကဲ့သို့ သက်သောင့်သက်သာရှိသည့် ပစ္စည်းတစ်ခု ယူဆောင်လာနိုင်ခြင်း ရှိမရှိ သင်၏ ပြုစုစောင့်ရှောက်ရေးအဖွဲ့ကို မေးမြန်းပါ။

CT စကန်များနှင့် ငြိမ်ဆေးအသုံးပြုမှု

သင့်ကလေးကို စစ်ဆေးမှုပြုလုပ်စဉ် မလှုပ်မရှားရှိစေရန်အတွက် လိုအပ်လာလျှင် CT စကန်အတွက်သာ ငြိမ်ဆေးအသုံးပြုပါမည်။

သင့်ကလေးက ငြိမ်ငြိမ်မနေလျှင် ပုံရိပ်များ မှုန်ဝါးသွားနိုင်သည်။ ထို့ကြောင့် စစ်ဆေးမှုပြုလုပ်စဉ် ငြိမ်ငြိမ်သက်သက်ရှိနေရန် အရေးကြီးသည်။ သင့်ကလေးအား ကျောက်ရုပ်ကဲ့သို့ သရုပ်ဆောင်ရန် သင်ကပြောဆိုလျှင် အထောက်အကူပြုနိုင်သည်။ သို့မဟုတ် ၎င်းတို့သည် အိပ်ပျော်နေသကဲ့သို့ သရုပ်ဆောင်နိုင်သည်။ 

သင့်ကလေး၏ အသက်အပေါ် မူတည်ပြီး ၎င်းတို့အား အသက်ခေတ္တအောင့်ထားရန် တောင်းဆိုနိုင်သည်။

ရှင်းလင်းသော ရင်ဘတ် CT တွင် ကလေး လူနာ၌ ပျံ့နှံ့လွယ်သော အရိုးကင်ဆာ အထောက်အထားမရှိသည်ကို ပြသသည်

ရှင်းလင်းသော ရင်ဘတ် CT တွင် ကလေး လူနာ၌ ပျံ့နှံ့လွယ်သော အရိုးကင်ဆာ အထောက်အထားမရှိသည်ကို ပြသသည်

CT စကန်၏ ဘေးကင်းစိတ်ချရမှု

အကယ်၍ CT စကန် သည် ဆေးဘက်ဆိုင်ရာ လိုအပ်ချက် ဖြစ်ပါက ကောင်းကျိုးများသည် ဓါတ်ရောင်ခြည် ထိတွေ့မှုကြောင့်ဖြစ်ပေါ်သော ရေရှည် အန္တရာယ်အနည်းငယ်ထက ပိုမိုသာလွန်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ကောင်းကျိုးများ

စကန်ဖတ်ခြင်းသည် ဆရာဝန်များအတွက် ကင်ဆာကို စစ်ဆေးရှာဖွေခြင်းနှင့် ကုသရာတွင် အချက်အလက်မြောက်များစွာကို ရရှိစေသည်။

ကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ အရိုးများ၊ တစ်ရှူးနှင့် သွေးကြောများ ၏ CT  ရုပ်ပုံများသည် X-ray ရောင်ခြည်ဓာတ်မှန်များထက်ပို၍ အသေးစိတ်သည်။ ဤပုံရိပ်များကို ပြင်ညီမျိုးစုံတွင် ပြန်လည်ဖော်မတ်ချပေးနိုင်သည်။  ၎င်းတို့သည် 3D ပုံရိပ်များကို ထုတ်ပေးနိုင်သည်။ 

အန္တရာယ်များ

CT စကန်များသည် ရေဒီယိုဓာတ်ရောင်ခြည်အနည်းငယ်ကို အသုံးပြုထားသည်။ ရေဒီယိုဓာတ်ရောင်ခြည်ကို သင့်ကလေး၏ အသက်နှင့် အရွယ်အစားနှင့်အညီ ချိန်ညှိပြင်ဆင်မည်ဖြစ်ပါသည်။ စင်တာအများစုသည် ရေဒီယိုဓာတ်ရောင်ခြည်ပမာဏကို လျှော့ချရန် ဆောင်ရွက်ကြပါသည်။

CT စကန်များမှ ဓါတ်ရောင်ခြည်ထိတွေ့မှုသည် အရွယ်ရောက်ပြီးသော လူကြီးများထက် ကလေးများအပေါ်တွင် ကွဲပြားခြားနားစွာ သက်ရောက်မှုရှိသည်။ ကလေးများသည် ရေဒီယိုဓာတ်ရောင်ခြည်နှင့် ပို၍ထိခိုက်လွယ်ကြသည်။ အကြောင်းမှာ ၎င်းတို့သည် ကြီးထွားဆဲအရွယ်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့သည် လူကြီးများထက် ပို၍ အသက်ရှင်ရန် မျှော်မှန်းနိုင်ခြေ ပိုများကြသည်။ ၎င်းက ကင်ဆာဖြစ်နိုင်သည့် အလွန်နည်းသော အန္တရာယ်အပါအဝင် ရေဒီယိုဓာတ်ရောင်ခြည်နှင့် ဆက်စပ်သည့် ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာရန် အချိန်ပိုကြာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။  

စကန်တစ်ကြိမ်ရိုက်ခြင်းကြောင့် ကင်ဆာ၏ ရာသက်ပန် အန္တရာယ်သည် နည်းပါသည်။ ၎င်းသည် အမျိုးသား ကျန်းမာရေး အဖွဲ့အစည်းများအရ စကန်အကြိမ်ရေ 10,000 တိုင်း၌ ဖြစ်ရပ် 1 ခုခန့် ရှိသည်။ 

အကြိမ်ထက်ပိုသော CT များ လုပ်ဆောင်သောအခါ အန္တရာယ် များလာသည်။

သင့်အနေဖြင့် ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိပါက သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ထံ မေးမြန်းနိုင်သည့် မေးခွန်းအချို့ကို ဖော်ပြပေးထားပါသည်-

  1. ဘာကြောင့် ဒီစစ်ဆေးမှုကို လုပ်ဖို့လိုတာလဲ။
  2. အဖြေများက ကုသမှု ဆုံးဖြတ်ချက်များကို ပြောင်းလဲနိုင်မည်လား။
  3. အခြား ဓါတ်ရောင်ခြည်မပါဝင်သော ရွေးချယ်စရာ စစ်ဆေးမှု တစ်ခုခုရှိပါသလား။

CT ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်သည့် မေးခွန်းများရှိပါက သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။

အဓိကအချက်များ

  • CT စကန်သည် ခန္ဓာကိုယ်အတွင်းရှိ အသေးစိတ် 3D ရုပ်ပုံများကို ရိုက်ကူးသည့် စစ်ဆေးမှုဖြစ်ပါသည်။
  • သင့်ကလေး၏ CT စကန်ရက်ချိန်းသည် 10-20 မိနစ်ခန့်သာ ကြာမြင့်နိုင်ပါသည်။
  • ပုံရိပ်များကို ဆိုးရွားပြင်းထန်သည့် ကလေးသူငယ်ဘဝ နာမကျန်းဖြစ်မှုများအား စစ်ဆေးရှာဖွေခြင်းနှင့် ကုသခြင်းတွင် အသုံးပြုနိုင်သည်။
  • ဆေးကုသမှုအရ လိုအပ်သည့် CT စကန်များသည် ဘေးကင်းစိတ်ချရပါသည်။
  • သင့်တွင် မေးခွန်းများရှိလျှင် သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ထံတွင် မေးမြန်းပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2022 ခုနှစ်