(ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာဆိုသည်မှာ ဦးနှောက်ကင်ဆာကျိတ်ဖြစ်သည်။ ကလေးများတွင် အဖြစ်အများဆုံး ဦးနှောက်ကင်ဆာကျိတ်ဖြစ်ပြီး ကလေးများတွင် ဖြစ်ပွားတတ်သည့် ဗဟိုနဗ်ကြောအဖွဲ့အစည်း (CNS) အကျိတ်များ၏ 20% သည် ဤအကျိတ်များဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဦးနှောက်ကင်ဆာဖြစ်ပွားမှုဖြစ်စဉ်အသစ်သည် နှစ်စဉ် 250 နှင့် 500 အကြားတွင်ရှိသည်။
အသက် 16 နှစ်အောက် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်ပြီး ရောဂါရှာတွေ့မှုအများဆုံး အသက်အရွယ်မှာ 5 နှစ်နှင့် 9 နှစ်ကြားဖြစ်သည်။ သို့သော်လည်း ဤဦးနှောက်ကင်ဆာကို ကြီးကောင်ဝင်ခါစ ဆယ်ကျော်သက်များတွင် တွေ့နိုင်ပြီး လူကြီးများတွင် အတွေ့ရနည်းသည်။
(ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာသည် ဦးနှောက်ငယ်ထဲတွင် အစပျိုးခြင်းဖြစ်ပြီး၎င်းသည်ဦးနှောက်၏ နောက်ပိုင်းတွင် ရှိသည်။ အတိအကျပြောရလျှင် ဦးနှောက်ငယ်ကို ဦးနှောက်၏အနောက်အောက်ပိုင်းရှိ posterior fossa ဟုခေါ်သည့် အပိုင်းတွင် တွေ့ရသည်။ ဦးနှောက်ငယ်၏ လုပ်ဆောင်ချက်များတွင် လှုပ်ရှားမှု၊ ဟန်ချက်၊ ကိုယ်နေဟန်ထားနှင့် ထိန်းညှိလုပ်ဆောင်မှုများအား ထိန်းချုပ်ခြင်းများပါဝင်သည်။
(ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာများသည်လျင်မြန်စွာ ကြီးထွားကြပြီးယေဘုယျအားဖြင့် ၎င်းအကျိတ်များသည် ဦးနှောက်နှင့် ကျောရိုးဆစ်တွင်း အာရုံကြောမကြီး၏ အခြားအစိတ်အပိုင်းများအထိ ပျံနှံ့သွားတတ်သည်။ (ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာကျိတ်အများစုသည် စတုတ္ထမြောက် ဦးနှောက်အရည်ကြည်ပြည့်နေသည့်အခန်းနံဘေး၊ ဦးနှောက်ငယ်၏အလယ်တွင် တည်ကြသည်။
(ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာကို အကျိတ်ဆဲလ်များ၏ မော်လီကျူးများဆိုင်ရာ ရောဂါသွင်ပြင်လက္ခဏာများအပေါ် အခြေခံ၍ မျိုးကွဲ လေးခုပိုင်းခြားသတ်မှတ်နိုင်သည်−
ဤသတ်မှတ်ထားသော ဦးနှောက်ကင်ဆာမျိုးကွဲတစ်ခုချင်းစီသည် ရောဂါကြိုတင်ခန့်မှန်းချက်အပေါ် လွှမ်းမိုးမှုရှိသည်။ ဆရာဝန်များသည် ရောဂါဖြစ်နိုင်ခြေမြင့်တက်နေသည့် လူနာများကို ဤမျိုးကွဲအုပ်စုများအပေါ် မူတည်၍ အမျိုးအစားခွဲသည်။ အဆိုပါသတင်းအချက်အလက်သည် သင့်တော်သည့် ကုသမှုများအား စီစဉ်ရန် ဆရာဝန်များအား ထောက်ကူပေးသည်။
(ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာအတွက် ကုသမှုတွင် အကျိတ်ကို ရနိုင်သလောက်ခွဲထုတ်မည့် ခွဲစိတ်ကုထုံး ပါဝင်သည်။ ခွဲစိတ်ကုထုံးနောက် ကျန်ရှိသည့် အကျိတ်အကြွင်းအကျန်များကို သတ်ရန်ဓာတ်ရောင်ခြည်ကုထုံး ကို သုံးသည်။ ကီမိုဆေးသွင်းခြင်းကုထုံး ကိုမူ ခွဲစိတ်ကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးတို့နှင့် တွဲသုံးသည်။
ရောဂါပျံ့နှံ့ခြင်းမရှိသေးပါက ကလေးများတွင် ဖြစ်တတ်သော (ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာကုသပျောက်ကင်းပြီး အသက်ရှင်နိုင်ခြေသည် 70% မှ 80% ကြားတွင်ရှိသည်။ ရောဂါပျံ့နှံ့နေလျှင် ပျမ်းမျှအသက်ရှင်နိုင်ခြေသည် 60% ခန့်သာရှိသည်။ သို့ရာတွင် (ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာကျိတ်၏ မော်လီကျူးပိုင်းဆိုင်ရာ မျိုးကွဲအုပ်စုများအပါအဝင် တိကျသောအမျိုးအစားတစ်ခုစီသည် ကုသမှုနှင့် ကြိုတင်ခန့်မှန်းမှုများအပေါ် လွှမ်းမိုးနိုင်သည်။
အကျိတ်ဆဲလ်အတွင်းရှိ မျိုးဗီဇနှင့် ခရိုမိုဆုန်း ၏ အချို့သောပြောင်းလဲမှုများသည် ဦးနှောက်ငယ်တွင် ဖြစ်ပွားသော ဦးနှောက်ကင်ဆာဖြစ်လာမှုနှင့် ဆက်စပ်နေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဤမျိုးဗီဇပြောင်းလဲမှုများ ဖြစ်ရသည့် အကြောင်းရင်းကို မသိရသေးပါ။
ဦးနှောက်ငယ်တွင် ဖြစ်ပွားသော ဦးနှောက်ကင်ဆာအများစုသည် အသက် 5 နှစ်နှင့် 9 နှစ်ကြား ကလေးငယ်များတွင် အဖြစ်များသည်။ နို့စို့ကလေးများနှင့် အရွယ်ရောက်သူများတွင် ဖြစ်ခဲသည်။ ဦးနှောက်ကင်ဆာသည် မိန်ကလေးများထက် ယောက်ျားလေးများတွင် အနည်းငယ်ပို၍ အဖြစ်များသည်။
အချို့ သောကလေးများသည် မျိုးရိုးလိုက်တတ်သည့် ရှားပါးအခြေအနေများကြောင့် ဦးနှောက်အကျိတ်တည်နိုင်သည့် အန္တရာယ်မြင့်မားနိုင်သည်။ အဆိုပါလက္ခဏာစုများတွင် Gorlin လက္ခဏာစု၊ Turcot လက္ခဏာစုနှင့် မျိုးရိုးလိုက်ကင်ဆာရောဂါများပါဝင်သည်။
ကလေးများတွင် ဖြစ်ပွားတတ်သည့် ဦးနှောက်ငယ်တွင် ဖြစ်ပွားသော ဦးနှောက်ကင်ဆာ၏ ရောဂါလက္ခဏာများတွင် အကျိတ်အရွယ်အစားနှင့် တည်နေရာ၊ ကလေး၏အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အပေါ် မူတည်သည်။
ဦးနှောက်ငယ်တွင် ဖြစ်ပွားသော ဦးနှောက်ကင်ဆာရောဂါလက္ခဏာများတွင်−
အကျိတ်သည် ဦးနှောက်နှင့် ကျောရိုးဆစ်တွင်း အာရုံကြောမကြီးအထိပျံ့နှံ့ နေပါက ဖြစ်တတ်သည့် ရောဂါလက္ခဏာများမှာ−
ကြီးထွားလာသော အကျိတ်သည် ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်၏ ပုံမှန်စီးဆင်းမှုလမ်းကို ပိတ်မိစေသည်။ ၎င်းသည် ဦးခေါင်းရေဝင်ခြင်းဟု သိကြသည့် ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်းကို ဖြစ်စေပါသည်။ ၎င်းအရည်သည် ဦးနှောက်အပေါ်သက်ရောက်သည့် ဖိအား (ခေါင်းခွံတွင်း ဖိအား)ကိုမြင့်တက်စေပါသည်။ ဦးနှောက်ငယ်တွင် ဖြစ်ပွားသော ဦးနှောက်ကင်ဆာ၏လက္ခဏာ တော်တော်များများသည် ဦးနှောက်တစ်ရှူးပေါ်သို့ ဖိအားသက်ရောက်မှုမြင့်မားခြင်းကြောင့်ဖြစ်သည်။
ဆရာဝန်များသည် ဦးနှောက်ငယ်တွင် ဖြစ်ပွားသော ဦးနှောက်ကင်ဆာကို နည်းပေါင်းစုံဖြင့် အကဲဖြတ်သုံးသပ်ကြသည်။
အကျိတ်ဆဲလ်များအတွင်းရှိ မျိုးဗီဇနှင့် မော်လီကျူးများအတွင်းရှိ ရောဂါသွင်ပြင်များအကြောင်း သတင်းအချက်အလက်များကို ပေးနိုင်မည့် ဇီဝအမှတ်အသားများပါမပါကို သိရရန် အကျိတ်မှတစ်ရှူးကို ဆန်းစစ်လေ့လာကြည့်ပါသည်။ ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာများကို မော်လီကျူးပရိုဖိုင်အပေါ် အခြေခံ၍ WNT မျိုးကွဲ၊ SHH မျိုးကွဲ၊ အုပ်စု 3 သို့မဟုတ် အုပ်စု 4 ဟု အုပ်စုဖွဲ့ပါသည်။
ဦးနှောက်ငယ်အတွင်းရှိ အကျိတ်တည်နေရာသည် ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာ၏မော်လီကျူးအမျိုးအစားနှင့် စပ်လျဥ်းသော သဲလွန်စကိုပေးစွမ်းနိုင်ပါသည်။ WNT အကျိတ်များသည် ဦးနှောက်ငယ်၏အလယ်မျဥ်းတလျှောက်တည်တတ်သော အကျိတ်များဖြစ်သည်။ SHH အကျိတ်များသည် ဦးနှောက်ငယ်၏ တစ်ဖက်တစ်ချက်တွင် တည်တတ်သော အကျိတ်များဖြစ်သည်။
ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာလူနာများကို အမျိုးအစားခွဲပြီး ရလဒ်များကို ကြိုတင်ခန့်မှန်းရာတွင် တစ်ရှူးအပိုင်းကိုအဏုကြည့်စစ်ဆေးလေ့လာခြင်းဖြင့် ဆဲလ်နှင့်အင်္ဂါများကို လေ့လာခြင်း နှင့် အကျိတ်ဆဲလ်မော်လီကျူးများရှိ ရောဂါသွင်ပြင်များကို သုံးပါသည်။ ၎င်းစစ်ဆေးမှုသည် ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာဖြစ်ရန် အလားအလာရှိနေသော အုပ်စုကို လိုက်ဖက်မည့် ကုသမှုအစီအစဥ်များနှင့် တွဲဖက်ပေးနိုင်စေရန် ဆရာဝန်များအား ကူညီပေးပါသည်။
ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာကို မူလနေရာမှ ကင်ဆာရောဂါပြန့်ပွားမှုအတိုင်းအတာဖြင့်လည်း အမျိုးအစားခွဲခြားနိုင်သည်−
ကလေးငယ်များတွင် ဖြစ်ပွားသည့်ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာအတွက် ရောဂါမပျံ့သေးပါက 5-နှစ်အထိ အသက်ရှင်နိုင်ခြေမှာ 70% မှ 80% အထိဖြစ်သည်။ အန္တရာယ်များသည့် လူနာများအတွက် အသက်ရှင်နှုန်းသည် 60% မှ 65% အထိဖြစ်သည်။
နာလန်ထနိုင်ခြေအပေါ် လွှမ်းမိုးသည့် အချက်များမှာ−
(ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာမျိုးကွဲ |
အထွေထွေလူနာဆိုင်ရာ ဝိသေသလက္ခဏာများ |
တစ်ရှူးဗေဒ |
ရောဂါရှိမှန်း သိရချိန်ကတည်းက ရောဂါပျံ့နှံ့ပြီးနှင့်ခြင်း |
5-နှစ်အထိ အသက်ရှင်နိုင်ရေး |
အလုံးစုံ ရောဂါကြိုတင်ခန့်မှန်းချက် |
---|---|---|---|---|---|
WNT မျိုးကွဲ (ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာများ၏ ~10% ခန့် |
အသက်ပိုကြီးသည့် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဖြစ်အများဆုံးဖြစ်ပြီး နို့စို့ကလေးများတွင် ဖြစ်ခဲသည် |
ဖြစ်ရိုးဖြစ်စဥ်ဖြစ်သည်၊ ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သည်။ ဖြစ်လည်းဖြစ်ခဲသည် |
5-10% |
အသက်ရှင်နိုင်ခြေ >90% အထက် |
အလွန်ကောင်းသည် |
SHH မျိုးကွဲ ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာ၏ ~30% ခန့် |
အသက် 3 နှစ် အောက် ကလေးငယ်များနှင့် မြီးကောင်ပေါက်များ/အရွယ်ရောက်သူများတွင် အများဆုံးဖြစ်သည် |
အကျိတ်လုံး မျှင်ထူဆဲလ်ပွားအကျိတ်၊ MBEN၊ ဖြစ်ရိုးဖြစ်စဥ်၊ ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သည့် ဆဲလ်အကြီးစားဖြစ်သည် |
~15-20% |
အသက်ရှင်နိုင်ခြေ ~75% |
အလယ်အလတ်ဖြစ်သော်လည်း နို့စို့ကလေးများတွင် ရောဂါကြိုတင်ခန့်မှန်းချက်ပိုကောင်းတတ်သည်။ |
အုပ်စု 3 (ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာ၏ ~25% |
မွေးကင်းစနှင့် ကလေးငယ်များတွင် အများဆုံးဖြစ်ပွားသည်။ ဆယ်ကျော်သက်များတွင် ဖြစ်ခဲသည်။ ယောက်ျားလေးများတွင် ပိုမိုအဖြစ်များသည်။ |
ဖြစ်ရိုးဖြစ်စဥ်ဖြစ်ပြီး ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သည့် ဆဲလ်အကြီးစားဖြစ်သည် |
~30-45% ခန့် |
အသက်ရှင်နိုင်ခြေ ~50% ခန့် |
မကောင်းပါ |
အုပ်စု 4 (ဦးနှောက်ငယ်တွင် ဖြစ်ပွားသော) ဦးနှောက်ကင်ဆာ၏ ~35% ခန့် |
လူကြီးလူငယ်အရွယ်မရွေးတွင် တွေ့ရသော်လည်း နို့စို့ကလေးများတွင် ဖြစ်ခဲပြီး ယောကျ်ားလေးများတွင် ပိုအဖြစ်များသည် |
ဖြစ်ရိုးဖြစ်စဥ်ဖြစ်သည်။ ဖြစ်ခဲသည့် ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သည့် ဆဲလ်အကြီးစားဖြစ်သည် |
~35-40% ခန့် |
အသက်ရှင်နိုင်ခြေ ~75% |
အလယ်အလတ် |
ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာကုသမှုတွင် ခွဲစိတ်ကုထုံး၊ ဦးနှောက်နှင့် ကျောရိုးဆစ်သို့ ဓာတ်ရောင်ခြည်ကုထုံး (နို့စို့ကလေးများနှင့် ကလေးငယ်များမှလွဲ၍) နှင့်ကီမိုဆေးသွင်းကုထုံး
ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာကုသရာတွင် လက်ရှိအန္တရာယ်အပေါ် အခြေခံသည့် ချဥ်းကပ်နည်းများက ကုသမှုဆိုင်ရာနှင့် မော်လီကျူးထဲရှိ ရောဂါသွင်ပြင်များနှင့် ရလဒ်ကြိုတင်ခန့်မှန်းချက်များအပေါ် အခြေခံ၍ လူနာများကို အမျိုးအစားခွဲခြားသည်။ ဆရာဝန်များက အောက်ပါတို့ကို ထည့်သွင်းစဉ်းစားနိုင်သည်-
အန္တရာယ်အပေါ် အခြေခံသည့် ချဥ်းကပ်နည်းကို ဖော်ဆောင်ရသည့် ရည်မှန်းချက်မှာ ကုသမှုကြောင့်ဖြစ်ရသည့် ဘေးထွက်ဆိုးကျိုးများ များကို လျှော့ချရင်းဖြင့် လူနာအသက်ရှင်သန်နိုင်အောင် စွမ်းဆောင်ရန်ဖြစ်သည်။ ရလဒ်ကောင်းမည်ဟု ကြိုတင်ခန့်မှန်းထားသည့် လူနာများအတွက်မူ ပြင်းအားလျှော့ကုထုံးသည် ဓာတ်ရောင်ခြည်ကုထုံးနှင့် ကီမိုဆေးသွင်းခြင်း ကုထုံးများကြောင့် ရေရှည်တွင် ဖြစ်လာရသည့် ပြဿနာများကို လျှော့ချပေးနိုင်ပါသည်။ အန္တရာယ်ဖြစ်နိုင်ခြေများသည့် လူနာများအတွက်မူ ပို၍ကြပ်ကြပ်မတ်မတ်ကုသသည့် ကုထုံးသည် အသက်ရှင်နိုင်မည့် အလားအလာကို ပိုကောင်းစေပါသည်။
လူနာများသည် စမ်းသပ်ကုသမှု သုတေသနလုပ်ငန်း၌ ပါဝင်ချိန်တွင် ကုသမှုကို ရရှိနိုင်ပါသည်။
အသက် 3 နှစ်အောက် ကလေးများတွင် အဖြစ်အများဆုံး ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာမျိုးကွဲမှာ SHH ဖြစ်ပြီး ဒုတိယမျိုးကွဲမှာ အုပ်စု 3 အကျိတ်များဖြစ်သည်။ နို့စို့ကလေးငယ်များတွင် ဖြစ်ပွားသော SHH အကျိတ်များသည် တစ်ရှူးဖွဲ့စည်းပုံ ရော မော်လီကျူးပရိုဖိုင်ပါကောင်းသည်။ ယေဘုယျအားဖြင့် ၎င်းကလေးငယ်များသည် ခွဲစိတ်မှုခံယူပြီးနောက် ကီမိုဆေးသွင်းမည်ဆိုပါက ဓာတ်ရောင်ခြည်ကုထုံးကို ခံယူစရာမလိုဘဲ အခြေအနေကောင်းသွားတတ်သည်။
နို့စို့ကလေးများတွင် ဖြစ်တတ်သော SHH မဟုတ်သည့် ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာသည် ပျံ့ပြီးပါက ကုသရခက်တတ်သည်။ ဆုံချက်ပြု ဓာတ်ရောင်ခြည်ကုထုံး၊ ပင်မဆဲလ်အစားထိုးကုထုံးများနှင့်အတူ ဆေးချိန်မြှင့် ကီဆေးသွင်းခြင်း ကုထုံး များကို သုံးကြည့်နိုင်သော်လည်း ကုသပျောက်ကင်းရန် ခက်မည်။ အချို့သော ဖြစ်စဥ်များတွင် အကျိုးကျေးဇူးထက် ဘေးထွက်ဆိုးကျိုးရှိလာနိုင်သည့် အလားအလာက ပိုများနေမည်။
များမကြာသေးမီ နှစ်များအတွင်းတွင် ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာမော်လီကျူးအခြေခံအကြောင်းကို ပိုမိုသိရှိလာခြင်းသည် အသက်ရှင်နိုင်သည့် အလားအလာကို ပိုမိုတိုးတက်လာစေခဲ့သည်။ သို့သော် ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာကုသပျောက်ကင်းသူများသည် မကြာခဏဆိုသလိုပင် ကုသမှုနှင့်ဆက်နွှယ်နေသည့် အမျိုးမျိုးသော နောက်ဆက်တွဲရှုပ်ထွေးမှုဒဏ်ကို ခံရတတ်သည်။ ၎င်းလူနာများတွင် ရောဂါပြန်ဖြစ်မဖြစ်နှင့် ရေရှည်တွင် ကြုံလာရနိုင်သည့် ကုသမှုနောက်ဆက်တွဲဆိုးကျိုးများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်အတွက် နောက်ဆက်တွဲဂရုပြုစောင့်ရှောက်မှု ကို ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ အထောက်အကူပြုစောင့်ရှောက်မှုတ္ငင် သင့်တော်သည့် ပြန်လည်အားဖြည့်မှု နှင့် အာရုံကြောပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများပါဝင်သင့်ပါသည်။
ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာအတွက် ခွဲစိတ်ကုသမှုခံယူသည့် ကလေးများ၏ 25% တွင် posterior fossa ရောဂါလက္ခဏာစုပေါ်လာတတ်ပါသည်။ ၎င်းရောဂါလက္ခဏာစုသည် ခွဲစိတ်မှုခံယူပြီးနောက် ရက်ပိုင်းအကြာတွင် ပေါ်လာတတ်စမြဲဖြစ်သည်။ ရောဂါလက္ခဏာစုများတွင် စကားပြောဆိုမှု၊ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ လုပ်ဆောင်ချက်နှင့် စိတ်ခံစားမှုအပိုင်းများတွင် ပြောင်းလဲလာခြင်းများပါဝင်သည်။ အဆိုပါရောဂါလက္ခဏာများသည် ပျော့နိုင်သလို ပြင်းထန်နိုင်သည်။ ကလေးအများစုတွင် အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက်၌ တိုးတက်မှုများရှိလာတတ်သည်။ posterior fossa ရောဂါလက္ခဏာစုဖြစ်ရသည့် အကြောင်းရင်းကို မသိရှိရသေးသလိုမည်သည့်လူနာများတွင် ဖြစ်မည်ကို ခန့်မှန်းရန်မဖြစ်နိုင်သေးပါ။
ဦးနှောက်ကင်ဆာကုသပျောက်ကင်းသူများသည် ကုထုံးနှင့်ဆက်နွှယ်နေသည့် သီးခြားနောက်ဆက်တွဲရှုပ်ထွေးမှုဒဏ်ကို ခံရမည့် အန္တရာယ်မြင့်တက်လာတတ်သည်။ ၎င်းပြဿနာများတွင် အတွင်းထုတ်ဂလင်းလုပ်ဆောင်ချက်၊ သိမြင်မှု၊ အကြားအာရုံ၊ မျိုးအောင်မှု၊ နှလုံးနှင့်အဆုတ်ဆိုင်ရာ လုပ်ဆောင်ချက်များအပါအဝင် ဆင့်ပွားကင်ဆာဖြစ်နိုင်သည့် အန္တရာယ် မြင့်တက်လာခြင်း ပါဝင်သည်။ ယေဘုယျအားဖြင့် ဦးနှောက်ငယ်တွင်ဖြစ်သော ဦးနှောက်ကင်ဆာကုသမှုခံယူခဲ့ရသည့် ကလေးငယ်များသည် ကျောင်း၊ အလုပ်နှင့် ဆက်ဆံရေးအပိုင်းတွင် ပြဿနာများရှိလာတတ်သည်။ ကျန်းမာကြံ့ခိုင်မှုနှင့် ကာယလုပ်ဆောင်မှုအပိုင်းတွင် အားနည်းသွားတတ်သည်။ ကုထုံးခံယူပြီးနောက်ပိုင်း နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက်တွင် ဖြစ်လာနိုင်သည့် ကျန်းမာရေးပြဿနာများကို စောင့်ကြည့်နိုင်ရန်အတွက် မူလကျန်းမာရေးစောင့်ရှောက်မှုပေးသည့် သမားတော်ထံတွင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းများနှင့် သတ်မှတ်ရောဂါဖြစ်နိုင်သည့် အလားအလာကို စစ်ဆေးခြင်းများပုံမှန်ပြုလုပ်သွားရန် အရေးကြီးပါသည်။ စိတ်ကျန်းမာရေးနှင့် ပညာရပ်နယ်ပယ်ဆိုင်ရာ ရင်းမြစ်များကဲ့သို့သော အထောက်အကူပြု ဝန်ဆောင်မှုများစီစဥ်ထားမှုသည် ကုသပျောက်ကင်းသူများ၏ လူနေမှုဘဝအရည်အသွေးများကို မြှင့်တင်ပေးရာရောက်ပါသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018