အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သွေးတွင်းဓာတုပစ္စည်းလေ့လာခြင်းများ

သွေးတွင်းဓာတုပစ္စည်းလေ့လာမှုဆိုသည်မှာ သွေးတွင်းရှိ အချို့သောပစ္စည်းများ၏ ပမာဏကိုတိုင်းတာသည့် ဓာတ်ခွဲစစ်ဆေးမှုဖြစ်သည်။ ယင်းတို့တွင် ဓာတ်ဆားများ၊ အင်ဇိုင်းများ၊ အဆီများ၊ ပရိုတင်းများ နှင့် ဂလူးကို့စ် (သကြားဓာတ်) တို့ ပါဝင်ကြသည်။

ယင်းပစ္စည်းများကို တိုင်းတာခြင်းမှ လူတစ်ဦး၏အသည်းနှင့်ကျောက်ကပ်တို့ကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်ရွက်ပုံအကြောင်း အချက်အလက်များကို သိရှိနိုင်ပါသည်။ ကင်ဆာရောဂါကုသနေစဉ်အတွင်း ကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်တာများကို တိုင်းတာရန် အရေးကြီးပါသည်။ သွေးတွင်းရှိ ပစ္စည်းတစ်ခုခု၏ ပုံမှန်မဟုတ်သည့်ပမာဏမှာရောဂါလက္ခဏာတစ်ရပ်ဖြစ်နိုင်သလို ကုသမှုတစ်ခု၏ ဘေးထွက်ဆိုးကျိုးတစ်ခုလည်း ဖြစ်နိုင်ပါသည်။

သွေးတွင်းဓာတုပစ္စည်းလေ့လာမှုများကို ကုသမှု မစတင်မီ၊ ကုသနေစဉ်နှင့် ကုသအပြီး အခြေအနေများကို စောင့်ကြည့်ရာတွင် အကူအညီဖြစ်စေရန် အသုံးပြုပါသည်။

သွေးတွင်းဓာတုပစ္စည်း လေ့လာမှုအမျိုးမျိုး ရှိပါသည်။ လေ့လာ မှုအများစုကို ဓာတုပစ္စည်းအမျိုးအစားအလိုက် တူရာစုပြီး စစ်ဆေးပါသည်။ အခြားစစ်‌ဆေးမှုများကို ရောဂါစိစစ်ရန် သို့မဟုတ် ရောဂါဖြစ်စဉ်အခြေအနေတို့ကို စောင့်ကြည့်ရန် သီးခြားစီခွဲစစ်ခိုင်းနိုင်ပါသည်။

ပုံမှန်စစ်လေ့ရှိသည့် စစ်ဆေးမှုတို့တွင် ဓာတ်ဆား၊ ကျောက်ကပ်၊ အသည်း၊ အခြေခံ ဇီဝကမ္မဖြစ်စဉ်၊ ပေါင်းစည်း ဇီဝဖြစ်စဉ်နှင့် သွေးတွင်းအဆီဓာတ်တို့ ပါဝင်ပါသည်။

အချို့သော စစ်ဆေးမှုများက စစ်ဆေးမှုမစတင်မီ အစာငတ်ခံရန် (မည်သည့်အစာမှမစားရန်) လိုအပ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က လူနာအား မည်သို့ပြင်ဆင်ရမည်ဆိုသည်ကို ပြောပြပါလိမ့်မည်။

  • အီလက်ထရိုလိုက် ဓာတ်ဆား

အီလက်ထရိုလိုက် ဓာတ်ဆားများသည် ကိုယ်ခန္ဓာတွင်းရှိ အရည်ပမာဏများနှင့် အက်ဆစ်-ဘေ့စ် မျှခြေကို ထိန်းသိမ်းရာတွင် ကူညီပေးသည့် သတ္တုဓာတ်များဖြစ်ပါသည်။ ယင်းတို့ထဲတွင် ဆိုဒီယမ်ပိုတက်ဆီယမ်ကလိုရိုက်နှင့် ဘိုင်ကာဘွန်နိတ်တို့ပါဝင်ပါသည်။ ပုံမှန်မဟုတ်သည့် အီလက်ထရိုလိုက် ပမာဏများသည် ရေဓာတ်ခြောက်ခမ်းခြင်းကျောက်ကပ်ရောဂါအသည်းရောဂါနှလုံးရောဂါသို့မဟုတ် သွေးပေါင်ချိန်တက်ခြင်းစသည်တို့၏ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါသည်။

  • ကျောက်ကပ်

ယင်းစစ်ဆေးမှုများက ကျောက်ကပ်၏ လုပ်ငန်းဆောင်ရွက်ချက်ကို သုံးသပ်ပေးပါသည်။ စစ်ဆေးမှုများက သတ္တုဓာတ်များ၊ ပရိုတင်းများ၊ ဂလူးကို့စ် နှင့် ဓာတ်ဆားများအပါအဝင် အချို့သောပစ္စည်းများ၏ ပမာဏကို တိုင်းတာပေးပါသည်။ တိုင်းတာသော ပစ္စည်းများတွင် အယ်လ်ဗျူမင်သွေးတွင်းရှိ ယူရီးယား နိုက်ထရိုဂျင် (BUN)၊ ခရီယာတနင်းနှင့် ကျောက်ကပ်တွင်းရှိ အညစ်အကြေးစစ်ချပေးသည့်နှုန်း ခန့်မှန်းခြေတို့ ပါဝင်နိုင်ပါသည်။ ယင်းပစ္စည်းများ၏ ပမာဏမှာပုံမှန်မဟုတ်ပါက ကျောက်ကပ်တွင် ပြဿနာများရှိနေသည့် လက္ခဏာဖြစ်နိုင်ပါသည်။

  • အသည်း

ယင်းစစ်ဆေးမှုများက အသည်း၏ လုပ်ငန်းဆောင်ရွက်ချက်ကို သုံးသပ်ပေးပါသည်။ တိုင်းတာသော ပစ္စည်းများတွင် အလနင်း အမိုင်နိုထရန်စဖာရေ့စ် (ALT)၊ အယ်လ်ကာလိုင်း ဖော့စဖာတေ့စ် (ALP)၊ အက်စ်ပါတိတ် ထရန်းစ် အမိုင်းနေ့စ် (AST)၊ ဘီလီရူဘင်အယ်လ်ဗျူမင်နှင့် ပရိုတိန်းစုစုပေါင်းတို့ ပါဝင်နိုင်ပါသည်။ ယင်းပစ္စည်းများ၏ ပမာဏမှာပုံမှန်မဟုတ်ပါက အသည်းတွင် ပြဿနာများရှိနေသည့် လက္ခဏာဖြစ်နိုင်ပါသည်။

  • အခြေခံ ဇီဝကမ္မဖြစ်စဉ်

အခြေခံ ဇီဝဖြစ်စဥ်စစ်ဆေးမှုဆိုသည်မှာ သွေးတွင်းရှိ အမျိုးမျိုးသော ဓာတုပစ္စည်းများကို တိုင်းတာသည့် စစ်ဆေးမှုဖြစ်ပါသည်။ အဆိုပါစစ်ဆေးမှုများသည် ဂလူးကို့စ် ပမာဏ၊ ဓာတ်ဆားနှင့် အက်ဆစ်/ဘေ့စ် မျှ​ခြေအကြောင်း အချက်အလက်များများနှင့်အတူ ကျောက်ကပ်နှင့် အသက်ရှူလမ်းကြောင်းစနစ် လုပ်ငန်းဆောင်ရွက်ချက်အကြောင်း အချက်အလက်များကိုပါ သိရှိစေနိုင်သည်။

  • ပေါင်းစည်း ဇီဝကမ္မဖြစ်စဥ်

ပေါင်းစည်း ဇီဝကမ္မဖြစ်စဥ် စစ်ဆေးမှုဆိုသည်မှာ အခြေခံဇီဝဖြစ်စဥ်စစ်ဆေးမှုအပြင် ထပ်မံ၍ အသည်း၏ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာစစ်ဆေးမှုများနှင့် အချို့​သော သွေးတွင်းရှိပရိုတင်းတို့ကိုပါ စစ်ဆေးခြင်းဖြစ်ပါသည်။

  • သွေးတွင်းအဆီဓာတ် (Lipid)

သွေးတွင်းအဆီဓာတ်စစ်ဆေးမှုက ကိုလက်စထရော စုစုပေါင်း၊ သိပ်သည်းဆများသည့် အဆီပရိုတင်းများ (HDL)၊ သိပ်သည်းဆနည်းသည့် အဆီပရိုတင်းများ (LDL) နှင့် ထရိုင်ဂလစ်ဆရွိုက်များကို တိုင်းတာပေးပါသည်။ ဤစစ်ဆေးမှုများကို လူနာ၏ အာဟာရဓာတ်အခြေအနေကို အကဲဖြတ်သုံးသပ်ရန် နှင့် ဆေးဝါးကုထုံးအပေါ်တုံ့ပြန်မှုတို့ကို စောင့်ကြည့်ရန်အတွက် အသုံးပြုနိုင်ပါသည်။

အခြားစစ်ဆေးမှုများတွင် သိုင်းရွိုက်ဂလင်း နှင့် မျိုးပွားအင်္ဂါဆိုင်ရာ ဟော်မုန်းများ၊ ကင်ဆာအကျိတ်အမှတ်အသားများ၊ သံဓာတ်နှင့် ဗီတာမင်အခြေအနေတို့နှင့် နှလုံး လုပ်ငန်းဆောင်ရွက်ချက်တို့ကို စစ်ဆေးမှုများပါဝင်နိုင်ပါသည်။

---
ပြန်လည်စိစစ်သော ရက်စွဲ- ၂၀၁၈ ခုနှစ် ဩဂုတ်လ