အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Cyclophosphamide (ဆိုက်ကလိုဖော့ဖမိုက်)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Cytoxan®

သည်အခြားအမည်များ:

Cyclo, CPM, CTX

ကလစ်ဘုတ် သင်္ကေတ

ဆိုက်ကလိုဖော့ဖမိုက်ဆေးအကြောင်း

ဆိုက်ကလိုဖော့ဖမိုက်သည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းသည် ကင်ဆာဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ ၎င်းကို များသောအားဖြင့် အခြားဆေးများဖြင့် ပေါင်းစပ်၍ အသုံးပြုလေ့ရှိသည်။ လူနာများကို ဟီမတိုပိုအီးတစ်ခ် ဆဲလ် အစားထိုးခြင်းမပြုမီ ကြိုတင်ပြင်ဆင်ရာတွင်လည်း အသုံးပြုနိုင်သည်။

ဆိုက်ကလိုဖော့ဖမိုက်ဆေးကြောင့် ကျောက်ကပ်နှင့် ဆီးအိတ်တို့ကို ထိခိုက်စေနိုင်သည်။ ဆိုက်ကလိုဖော့ဖမိုက်ဆေးအသုံးပြုနေသောလူနာများအနေဖြင့် အရည်ပမာဏများများသောက်သင့်သည်။ ဆီးအိတ်ထိခိုက်ပျက်ဆီးနိုင်ခြေကိုလျော့ချနိုင်ရန် လူနာများကို အကြောဆေးများနှင့် မက်စနာ ဟုခေါ်သည့်ဆေးတစ်မျိုးကိုပေးထားနိုင်သည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ တစ်ချို့လူနာများတွင် နှလုံးလုပ်ငန်းစွမ်းဆောင်ရည်ကို စစ်ဆေးပေးနိုင်သည်။ ဆီးထဲတွင်သွေးပါ/မပါစစ်ဆေးနိုင်ရန် ဆီးစစ်ကြည့်မည် ဖြစ်သည်။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြား၊ ဆေးတောင့် သို့ ‌ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
iv အိတ်သင်္ကေတ

သွေးပြန်ကြောထဲသို့အကြောဆေးအနေဖြင့် သွင်းပေးနိုင်သည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • လက်သည်း သို့ ခြေသည်းအရောင်များပြောင်းလဲသွားခြင်း
  • ကျောက်ကပ် သို့ ဆီးအိတ်ပြဿနာများ
  • ဆီးထဲတွင်သွေးပါခြင်း သို့ ဆီးသွားနေစဉ်ပူလောင်သလိုခံစားရခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အကြောဆေးသွင်းနေစဉ် ပါးစပ်ထဲတွင်အရသာဆိုးဆိုးခံစားရခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ဝမ်းလျှောခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • အရေပြားအရောင် ပြောင်းလဲမှုများ
  • သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ထိုအခါ အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့ နုံးခွေခြင်း စသည့်တို့ ဖြစ်လာနိုင်သည်။)
  • အနာကျက်မကောင်းခြင်း သို့ အနာကျက်နှေးခြင်း
  • ပုံမှန် ပုံမှန်လာနေကျ ဓမ္မတာစက်ဝန်းပုံစံ ပြောင်းလဲသွားခြင်း
  • နှလုံးပြဿနာများ (ဆေးပမာဏမြင့်မြင့်ပေးထားပါက)

သွေးပြန်ကြောထဲသို့ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဆိုက်ကလိုဖော့ဖမိုက်ဆေးကြောင့်ဖြစ်သော ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်ကြသည်။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဆရာဝန်တစ်ဦးဦးမှ ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းသက်သာသည့်ဆေး ညွှန်းပေးနိုင်သည်။
  • ဆိုက်ကလိုဖော့ဖမိုက်ဆေးအသုံးပြုနေစဉ် အရည်ပမာဏများများသောက်ရန်နှင့် မကြာခဏ ဆီးပေးသွားရန်အရေးကြီးသည်။ ကျောက်ကပ်နှင့် ဆီးအိတ်တို့ကို ဆေးကြောပေးနိုင်စေရန် ဖြစ်သည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • ဤဆေးကြောင့်ပါးစပ်တွင် အရသာဆိုးရစေနိုင်သည်။ ထိုအရသာကိုဖုံးကွယ်ပေးနိုင်ရန် ပီကေ သို့ ချိုချဉ်စားပေးနိုင်သည်။
  • ဆေးသွင်းနေစဉ် စပျစ်သီး သို့ ကမ္ဗလာသီး (အခါးဓာတ်ရှိသောလိမ္မော်သီး) တို့ကိုမစားပါနှင့်။ ထိုအသီးတို့ဖြင့်ပြုလုပ်ထားသော သစ်သီးဖျော်ရည်တို့ကိုလည်း မသောက်ပါနှင့်။
  • လိင်မှုကိစ္စလုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • စောင့်ရှောက်ကုသပေးနေသည့်သူများအနေဖြင့် ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်း လမ်းညွှန်ချက်များကို လိုက်နာပါ။ လူနာ၏ခန္ဓာကိုယ်မှထွက်သောအရည်များတွင် ဆေးအာနိသင်မှာ ဆေးပေးပြီး ၄၈ နာရီကြာသည်အထိကျန်ရှိနေနိုင်သောကြောင့် ထိုအရည်များနှင့် ထိတွေ့ခြင်းကိုရှောင်ကျဉ်ပါ။

ဆိုက်ကလိုဖော့ဖမိုက်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။ ညအိပ်ယာဝင်ချိန်တွင် မသောက်ပါနှင့်။
  • အစာမစားထားပဲ ဆေးသောက်ပါ။ လိုအပ်သည့်ဆေးပမာဏအပြည့်အဝရစေရန် ဆေး‌တောင့်ပေါင်းများစွာကို သောက်ရနိုင်သည်။ ဆေးကို မျိုချရလွယ်စေမည့် နည်းလမ်းများအတွက် သင့်အား လူနာကို ပြုစုစောင့်ရှောက်သည့် အဖွဲ့နှင့် ဆွေးနွေးကြည့်ပါ။
  • ဆေးတောင့်များနှင့် ဆေးပြားများကို အလုံးလိုက်သောက်ပါ။ ချိုးဖဲ့ခြင်း၊ အမှုန့်ခြေခြင်း သို့ ဝါးစားခြင်း မပြုလုပ်ရ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ဆိုက်ကလိုဖော့ဖမိုက်ဆေးကို ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။