အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးကင်ဆာ ရောဂါရှာဖွေဖော်ထုတ်ခြင်း

ကလေးကင်ဆာကို မည်သို့ ရောဂါရှာဖွေဖော်ထုတ်ပါသလဲ။

ကလေးကင်ဆာ ရောဂါရှာဖွေဖော်ထုတ်မှု တိုင်းက ကွဲပြားပါသည်။ သို့သော် ထိုခရီးလမ်းသည် ကလေးတစ်ဦးတွင် ရောဂါသွင်ပြင်နှင့်လက္ခဏာများတွေ့ရှိသဖြင့် ၎င်းက မိဘအား လှုံ့ဆော်မှုဖြစ်စေ၍ ကလေးကို ဆရာဝန်ထံ ပြသရန်ခေါ်သွားသည်မှ ပုံမှန်အားဖြင့် စတင်သည်။

ပထမတွင် ကလေးကင်ဆာ၏ ရောဂါသွင်ပြင်များနှင့်လက္ခဏာများက ပို၍ဖြစ်လေ့ရှိသော ကလေးဘဝ နာမကျန်းမှုများ၊ထိခိုက်ဒါဏ်ရာများနှင့် အလားတူပါသည်။ ကလေးကင်ဆာက ရှားပါးသည့်အတွက် ဆရာဝန်က ပထမတွင် သံသယမရှိ ဖြစ်နေနိုင်သည်။

ခန္ဓာကိုယ် စမ်းသပ်ခြင်း နှင့် ဆေးဖက်ဆိုင်ရာမှတ်တမ်း

ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်ပြီးနောက် လူနာ၏ ဆေးဖက်ဆိုင်ရာမှတ်တမ်း အကြောင်း ကို မေးမြန်းပါမည်။ ဆရာဝန်က အကျိတ် များ သို့မဟုတ် ပုံမှန်ဖြစ်ဟန်မရှိသည့် မည်သည့်အရာမှန်သမျှ စသော စသော ရောဂါ၏ လက္ခဏာများ အပါအဝင် ကျန်းမာရေးဆိုင်ရာ အထွေထွေလက္ခဏာများကို ကြည့်ရှုပါသည်။

ဆရာဝန်အနေဖြင့် အာရုံကြောဆိုင်ရာ စမ်းသပ်မှုတစ်ခုကိုလည်း လုပ်ဆောင်နိုင်ပါသည်။

ဆေးဖက်ဆိုင်ရာ စစ်ဆေးမှုများ

လူနာ၏ ရောဂါသွင်ပြင်များနှင့်လက္ခဏာများ အပေါ်မူတည်ပြီး ဆေးပညာရပ်ဆိုင်ရာအထူးကုက အောက်ပါတို့ကို လုပ်ခိုင်းနိုင်ပါသည်

ရောဂါရှာဖွေဖော်ထုတ်ရန် စစ်ဆေးမှုတစ်ခုကို ရွေးချယ်ချိန်တွင် ဆရာဝန်အနေဖြင့် ထည့်သွင်းစဉ်းစားနိုင်သည်မှာ -

  • သံသယရှိသည့် ကင်ဆာအမျိုးအစား
  • လူနာ၏ ရောဂါသွင်ပြင်နှင့် လက္ခဏာများ
  • လူနာ၏ အသက် နှင့် ဆေးဖက်ဆိုင်ရာ အခြေအနေများ
  • အစောပိုင်း ဆေးဖက်ဆိုင်ရာစစ်ဆေးမှုများမှ အဖြေများ

မေးရန် မေးခွန်းများ

လုပ်ဆောင်နေသည့် စစ်ဆေးမှုများနှင့်ပတ်သက်ပြီး မေးခွန်းများမေးရန် မိဘများတွင် အခွင့်အရေးရှိပြီး မေးမြန်းသင့်ပါသည်။ ယင်းမေးခွန်းများတွင် အောက်ပါတို့ပါဝင်နိုင်ပါသည်။ -

  • ဘာကြောင့် ဒီစစ်ဆေးမှုကို လုပ်ဖို့လိုတာလဲ။
  • ထိုရလဒ်တွေက ကုသမှုအပေါ်မှာ ဘယ်လို သက်ရောက်နိုင်သလဲ။
  • စစ်ဆေးချိန်မှာ ကျွန်ုပ်၏ကလေးက ဘယ်အရာများအား တွေ့ကြုံခံစားရမလဲ။
  • ကျွန်ုပ်၏ကလေးကို ပြင်ဆင်ပေးဖို့ ကျွန်ုပ်ဘာလုပ်နိုင်ပါသလဲ။
  • စစ်ဆေးမှုပြုလုပ်စဉ် နာကျင်မှုကို လျော့စေရန် ဆေးဝါးများရှိပါသလား။
  • စစ်ဆေးမှုလုပ်ဆောင်ရာတွင် အန္တရာယ်များ ရှိပါသလား။

အကယ်၍ စစ်ဆေးမှုအဖြေများမှ ကင်ဆာရှိကြောင်းပြသည်ဆိုပါက ထပ်ဆောင်း ရောဂါရှာဖွေဖော်ထုတ်မှုဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ရန် ဆရာဝန်က လူနာအား ကလေးဆိုင်ရာ ကင်ဆာရောဂါကုဌာနတစ်ခုသို့ ရည်ညွှန်းပေးဖို့ များ ပါလိမ့်မည်။

ကင်ဆာရောဂါအမျိုးအစား အများစုအတွက် အသားစထုတ်ယူစစ်ဆေးမှု   သည်သာလျှင်  ကင်ဆာကို တိတိကျကျ ရောဂါအမည်တပ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အသားစထုတ်ယူစစ်ဆေးရာတွင် ဆရာဝန်က ဓာတ်ခွဲခန်းတစ်ခုအတွင်း စစ်ဆေးရန်အတွက် တစ်ရှူးအသားစနမူနာ အသေးတစ်စကို ယူပါသည်။ အကယ်၍အသားစထုတ်ယူစစ်ဆေးရန် မဖြစ်နိုင်ပါက ဆရာဝန်က ရောဂါရှာဖွေဖော်ထုတ်မှုတွင် ကူညီမည့် အခြားစစ်ဆေးမှုများလုပ်ရန် အကြံပြုတိုက်တွန်းနိုင်ပါသည်။

ကင်ဆာအမျိုးအစား အတိအကျ၊ ၄င်းရောက်ရှိနေသောအဆင့် နှင့် မျိုးရိုးဗီဇ ပြောင်းလဲမှု တို့ကို အတိအကျဖော်ပြနိုင်ရန် အခြားစစ်ဆေးမှုများ ထပ်လိုအပ်ပါသည်။ ဆရာဝန်တစ်ဦး နှင့် ဆေးဖက်ဆိုင်ရာအဖွဲ့မှ အခြားအဖွဲ့ဝင်များအပါဝင် ဖြစ်စေ တို့က စစ်ဆေးမှုများ၏အဖြေများကို မိဘများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့နှင့်အတူ ကုသမှုအစီအစဉ်တစ်ခု ရေးဆွဲတည်ဆောက်ရန် လုပ်ဆောင်ပါမည်။ လူနာတစ်ဦးချင်းစီအတွက် အကောင်းဆုံးကုသမှုကို ဆုံးဖြတ်ရန် ဆရာဝန်များက ထိုစစ်ဆေးမှုများ၏အဖြေများကိုအသုံးပြုပါသည်။

ကလေးကင်ဆာ ရောဂါရှာဖွေဖော်ထုတ်ခြင်းတွင် အသုံးပြုသည့် စစ်ဆေးရေးအမျိုးအစားများ

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018