သွေးကြောမှသွင်းသော အာဟာရ (PN) သည် သွေးပြန်ကြောထဲတွင် ထည့်ထားသော ပြွန်မှတစ်ဆင့် ထည့်သွင်းသည့် သွေးပြန်ကြောနှင့်ဆိုင်သော (IV) အာဟာရဖြစ်သည်။ လူနာသည် လိုအပ်သော အာဟာရဓာတ်များအားလုံးကို ပါးစပ် သို့မဟုတ် ထည့်သွင်း (ပြွန်) အစာသွင်းခြင်း နည်းဖြင့် မရရှိနိုင်သောအခါ၌ ၎င်းကိုအသုံးပြုသည်။ သွေးကြောမှသွင်းသော အာဟာရပေးခြင်းသည် သွေးကြောထဲသို့ အာဟာရအရည်အဖြစ် တိုက်ရိုက်ထည့်သွင်းခြင်းဖြစ်သည်။ ၎င်းသည် လူနာလိုအပ်သော ကယ်လိုရီများနှင့် အာဟာရဓာတ်များကို ဖြည့်ဆည်းပေးသည်။
သွေးကြောမှသွင်းသော အာဟာရကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ အာဟာရပံ့ပိုးမှုအတွက် အသုံးပြုနိုင်ပါသည်။ အလုံးစုံ အာဟာရပံ့ပိုးမှုကို သွေးကြောမှသွင်းသော အာဟာရ စုစုပေါင်း (TPN) ဟုလည်း သိရှိသည်။
သွေးကြောမှသွင်းသော အာဟာရအတွက် IV ပြွန်မျိုးစုံကို အသုံးပြုနိုင်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
ဖြစ်နိုင်ပါက ပါးစပ် သို့မဟုတ် ပြွန်အစာသွင်းခြင်းနည်းဖြင့် အာဟာရ ထည့်သွင်းခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထိုနည်းလမ်းများသည် အစာခြေခြင်းကို ပိုမိုသဘာဝကျစွာ ဖြစ်ပေါ်စေသည်။ ကင်ဆာဝေဒနာသည် ကလေးများတွင် ထိုအချက်သည် အမြဲတမ်း မဖြစ်နိုင်ပါ။ အောက်ပါအခြေအနေများတွင် သွေးကြောမှသွင်းသော အာဟာရကို လိုအပ်နိုင်ပါသည်-
PN အာဟာရဖျော်ရည်ကို ဆေးဆိုင်တွင် ပြင်ဆင်သည်။ ၎င်းသည် အဓိကအာဟာရဓာတ်များ ရောနှောပါဝင်သော ပိုးမွှားကင်းစင်သော အရည်ဖြစ်သည်။ ဖော်စပ်ပုံကို အသက်၊ ကိုယ်အလေးချိန်နှင့် ကျန်းမာရေးကဲ့သို့ အချက်များပေါ်တွင် မူတည်၍ လူနာ၏ အာဟာရလိုအပ်ချက်နှင့် ကိုက်ညီစေရန် ပြောင်းလဲလုပ်ဆောင်သည်။
ကစီဓာတ်၊ အသားဓာတ်နှင့် အဆီတို့သည် စွမ်းအင်အတွက် ကယ်လိုရီများ ဖြည့်ဆည်းပေးသော အဓိကအာဟာရဓာတ် 3 မျိုးဖြစ်ပြီး ခန္ဓာကိုယ်လုပ်ဆောင်ချက် အမျိုးမျိုးတွင် အသုံးပြုသည်။
PN တွင် အောက်ပါတို့လည်း ပါဝင်သည်-
သွေးကြောမှသွင်းသော အာဟာရကို အများအားဖြင့် ဆေးရုံတွင် စတင်လုပ်ဆောင်သည်။ ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် မှတ်ပုံတင်ထားသော အာဟာရသိပ္ပံပညာပါရဂူတို့သည် လူနာနေ့စဉ်လိုအပ်သည့် ကယ်လိုရီနှင့် အခြားအာဟာရဓာတ်ပမာဏကို ဆုံးဖြတ်ရန် အတူတူလုပ်ဆောင်သည်။ PN အားတုံ့ပြန်ပုံကို စောင့်ကြည့်ရန် သွေးစစ်ဆေးမှုများ လုပ်ဆောင်သည်။ PN အရောအနှောကို လိုအပ်သလို ချိန်ညှိသည်။
အများအားဖြင့် လူနာများသည် တစ်နေ့လျှင် PN အာဟာရဖျော်ရည် တစ်အိတ်ရရှိသည်။ PN အာဟာရဖျော်ရည်ကို 2-in-1 (ဒက်စ်ထရို့စ်နှင့် အမိုင်နိုအက်ဆစ်များ) နှင့် 3-in-1 (ဒက်စ်ထရို့စ်၊ အမိုင်နိုအက်ဆစ်များနှင့် အဆီဓာတ်ပါသော ပစ္စည်းများ) ပုံစံဖြင့် ရရှိနိုင်သည်။ အာဟာရဖျော်ရည်တွင် အဆီဓာတ်ပါသောပစ္စည်းများပါဝင်ပါက အိတ်တွင် သီးခြားအခန်းများ ပါဝင်သည်။ အာဟာရဓာတ်များကို သွေးအတွင်းသို့ မထည့်သွင်းမီ ကန့်ထားသော အပြားကိုခွာ၍ ညင်သာစွာ ဆုပ်နယ်ပေးခြင်းဖြင့် ရောနှောရန်လိုအပ်သည်။ အိတ်ကို လူနာ၏ IV သို့မဟုတ် ဗဟိုလိုင်းသို့ ချိတ်ဆက်ခြင်းနှင့် သွေးအတွင်းသို့ ထည့်သွင်းသည့် စုပ်စက်ကိုသုံး၍ အာဟာရဖျော်ရည်ကို ပေးပို့သည်။ သတ်မှတ်ထားသော အချိန်ဇယားအတိုင်း အာဟာရဖျော်ရည်ကိုပေးရန် စုပ်စက်ကို သတ်မှတ်ထားသည်။
အဆက်မပြတ် PNကို အချိန်တိုင်း ပေးထားသည်။ PN ကိုစတင်အသုံးပြုပါက ထိုနည်းလမ်းကို အသုံးပြုသည်။ ယင်းသည် လိုအပ်သော အာဟာရများပြည့်မီကြောင်း သေချာစေရန် ခန္ဓာကိုယ်အား ချိန်ညှိနိုင်စေသည်။
စက်ဝန်းသတ်မှတ်ထားသော PN ကို တစ်ရက်တွင် 24 နာရီထက် လျော့နည်း၍ သတ်မှတ်ထားသော အချိန်ကာလတွင်း ပေးပို့သည်။ စက်ဝန်းတစ်ခုတွင် 20၊ 16၊ သို့မဟုတ် 12 နာရီကဲ့သို့ သတ်မှတ်ထားသော ကြာချိန်နာရီအတွက် PN ကို ပေးပို့ရန် စုပ်စက်ကို သတ်မှတ်ထားသည်။ စက်ဝန်းအချိန်သည် ကျဆင်းသွားသည်နှင့် ထည့်သွင်းနှုန်း တိုးလာသောကြောင့် PN သည် ခြုံငုံကြည့်ပါက တည်ငြိမ်နေပါသည်။
စက်ဝန်းသတ်မှတ်ထားသော PN ၏ အကျိုးကျေးဇူးများ-
လူနာအများစုတွင် နေ့အချိန်၌ ပုံမှန်လုပ်ဆောင်ချက် နာရီအနည်းငယ် ခွင့်ပြုနိုင်ရန် စက်ဝန်းသက်မှတ်ထားသော PN ကို ညလုံးပေါက် ထားရှိကြသည်။ စက်ပစ္စည်းပေါ် မူတည်၍ PN ထည့်သွင်းစဉ်တွင် ပိုမိုလွတ်လပ်စွာလှုပ်ရှားနိုင်ရန် ထည့်သွင်းသည့်ပန့်ပ်ကို နောက်ကျောအိတ်တွင် သယ်ဆောင်ထားနိုင်သည်။
မှန်ကန်သော အာဟာရရရှိစေရန်နှင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှ ကာကွယ်ရန်အလို့ငှာ ဂရုတစိုက်စောင့်ကြည့်ရန် လိုအပ်သည်။ PN တွင်ဖြစ်ပေါ်သော ပြဿနာတော်တော်များများကို PN တွက်ချက်ပုံနှင့် အချိန်ဇယားကို ချိန်ညှိခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ပိုးဝင်ခြင်းမှကာကွယ်ရန် ဗဟိုသွေးပြန်ကြောအတွက်ပြွန်ကို သေချာဂရုစိုက်ရန်လည်း အရေးကြီးသည်။ PN ကို ချိတ်ဆက်ခြင်းနှင့် ဖြုတ်ခြင်းကို လုပ်ဆောင်သောအခါ မှန်ကန်စွာ လက်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်စေသည့် နည်းစနစ်ကို အသုံးပြုခြင်းတို့သည် အရေးကြီးသည်။
PN တွင် ထပ်တိုးလာနိုင်သော နောက်ဆက်တွဲရောဂါများတွင် ပုံမှန်မဟုတ်သော ဂလူးကို့စ်သကြားဓာတ်ပမာဏများ၊ အသည်းပြဿနာများ၊ ဓာတ်ဆား ပြောင်းလဲမှုများ၊ ဗီတာမင် သို့မဟုတ် သတ္တုဓာတ် အားနည်းမှုများနှင့် ပိုးဝင်ခြင်း၊ သွေးကြောအတွင်း သွေးခဲခြင်းနှင့် ပြွန်ပိတ်ဆို့ခြင်း အပါအဝင် ပြွန်နှင့်သက်ဆိုင်သော ပြဿနာတို့ ပါဝင်သည်။ PN သည် အချို့ဆေးဝါးများ၏ အာနိသင်ကိုလည်း ပြောင်းလဲနိုင်ပါသည်။
PN တွင် အဖြစ်များသော ပြဿနာမှာ ဂလူးကို့စ်သကြားဓါတ်သွေးထဲတွင် များနေခြင်း သို့မဟုတ် သွေးအတွင်း သကြားဓာတ်မြင့်ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်သည် ဂလူးကို့စ်သကြားဓာတ်ကို ကောင်းစွာ အသုံးမပြုနိုင်ဘဲ သွေးအတွင်း သကြားဓာတ်သည် ပုံမှန်ထက်မြင့်လာသောအခါတွင် ဂလူးကို့စ်သကြားဓါတ်သွေးထဲတွင် များနေခြင်း ဖြစ်ပွားနိုင်သည်။ PN ကို မြန်လွန်းစွာ ထည့်သွင်းသောကြောင့် ခန္ဓာကိုယ်သည် သကြားဓာတ်ကို အသုံးမချနိုင်သော အခြေအနေမျိုးတွင် ထိုသို့ဖြစ်နိုင်ပါသည်။ ပိုးဝင်ခြင်း သို့မဟုတ် စတီးရွိုက်ဆေးကဲ့သို့ ဆေးဝါးကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဂလူးကို့စ်သကြားဓာတ်များခြင်း၏ လက္ခဏာများတွင် ခေါင်းကိုက်ခြင်း၊ ရေဆာခြင်း၊ အားနည်းခြင်းနှင့် အန်ချင်စိတ်ဖြစ်ခြင်းတို့ ပါဝင်သည်။ ဂလူးကို့စ်သကြားဓာတ်များခြင်းကဲ့သို့ ပြဿနာများကိုကာကွယ်ရန် PN ရှိ ကစီဓာတ် (ဒက်စ်ထရို့စ်) ပမာဏကို ရက်အတော်ကြာသည်အထိ ပုံမှန်တိုးပေးသွားသည်။ ဂလူးကို့စ်သကြားဓာတ်နည်းခြင်း သို့မဟုတ် သွေးအတွင်း သကြားဓာတ်နည်းခြင်းသည် အဖြစ်နည်းသော်လည်း PN ကို ရုတ်တရက်ရပ်လိုက်ပါက ဖြစ်ပွားနိုင်သည်။
PN ပေးစဉ်ကာလတွင် စောင့်ကြည့်ရာ၌ အောက်ပါတို့ကိုစစ်ဆေးရန် လိုအပ်နိုင်ပါသည်-
လူနာများသည် PN ကို အိမ်တွင် ထည့်သွင်းနိုင်သည်။ အိမ်သို့မပြန်မီ မိသားစုအတွင်းမှ ပြုစုပေးမည့်သူများအား အောက်ပါတို့ သင်ကြားပေးပါမည်-
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018