အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆင့်ပွားကင်ဆာများ

ရှားပါးသော်လည်း ကလေးငယ်အသက်ကို ကယ်တင်ခဲ့သော အစောပိုင်းကုထုံးသည် နှောင်းပိုင်းအချိန်တွင် ဆင့်ပွားကင်ဆာကို ဖြစ်စေနိုင်သည်။

မည်သူတွင်မဆို နှောင်းပိုင်းအသက်အရွယ်တွင် ဆင့်ပွားကင်ဆာ ဖြစ်နိုင်သော အချို့ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသော အကြောင်းအချက်များရှိသည်။ များစွာသော လေ့လာမှုများအရ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာမှရှင်သန်သူများသည် အသက်ကြီးလာသည့်အခါတွင် ဆင့်ပွားကင်ဆာဖြစ်နိုင်မှုသည် အခြားသူများနှင့် ယှဉ်ပါက အနည်းငယ်မြင့်နေသည်ကို တွေ့ရသည်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသမှုအချို့ သို့မဟုတ် ကင်ဆာဖြစ်ပွားဖူးသော မိသားစုရာဇဝင်သည် ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသော အကြောင်းအချက်ဖြစ်သည်။

ဆင့်ပွားကင်ဆာ ဖြစ်နိုင်ခြေများစေသော ကုထုံးများ

အချို့ ကီမိုဆေးသွင်းကုထုံး

အချို့ရှင်သန်သူများထဲမှ ကီမိုဆေးသွင်းကုထုံး ဖြင့် ကုသမှုခံယူထားသူများသည် ရုတ်တရက်ဆိုးရွားစွာဖြစ်သည့် မိုင်းလွိုက် လူကီးမီးယားရောဂါ (AML) ဖြစ်နိုင်သည်။ AML သည် များသောအားဖြင့် ကင်ဆာကုသမှုပြီးနောက် ပထမ ၁၀ နှစ်အတွင်း ဖြစ်ပေါ်လာတတ်သည်။ ဆင့်ပွားသွေးကင်ဆာ ရောဂါဖြစ်နိုင်ခြေသည် အောက်ပါတို့ဖြင့်ကုသမှု ခံယူထားသူများတွင် မြင့်မားနိုင်သည်။

ဓာတ်ရောင်ခြည် ကုထုံး

ဓါတ်ရောင်ခြည်ကုထုံးအထူးသဖြင့် အသက်ငယ်ငယ်နှင့် ပမာဏများများသုံး၍ ကုသမှုခံယူထားရပါက ဘဝနှောင်းပိုင်းတွင် တစ်ရှူးပျော့ကင်ဆာနှင့် အရိုးကင်ဆာများ ဖြစ်ပေါ်ရန် ဖြစ်နိုင်ခြေမြင့်မားသည်။ အများဆုံး ဖြစ်တတ်သည့်နေရာများမှာ အရေပြား၊ ရင်သား၊ ဗဟိုအာရုံကြောစနစ်၊ လည်ပင်းအကျိတ်နှင့် အရိုးများ ဖြစ်သည်။

ဤဆင့်ပွားကင်ဆာများသည် ပုံမှန်အားဖြင့် မူလကင်ဆာများဖြစ်ပြီးနောက် ၁၀ နှစ်ခန့်အကြာတွင်မှ ဖြစ်ပေါ်လေ့ရှိသည်။

ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အခြားအကြောင်းအချက်များ

  • မိသားစုတွင် ကင်ဆာဖြစ်ဖူးသည့် မှတ်တမ်းရှိခြင်း။
  • မျိုးရိုးလိုက် ကင်ဆာ-မျိုးဗီဇ အပြောင်းအလဲများ ဖြစ်လွယ်စေခြင်း။ ၎င်းတို့သည် ပုံမှန်အားဖြင့် ရှားပါးသည်။ St. Jude-Washington တက္ကသိုလ် ကလေးကင်ဆာ စီမံချက်၏ တွေ့ရှိချက်အရ ၈.၅%သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာများသည်သာ မျိုးရိုးလိုက်တတ်သည် ဟုဆိုသည်။ မိသားစုအတွင်း ကင်ဆာဖြစ်ဖူးသော မှတ်တမ်းရှိပြီး ကလေးငယ်များနှင့် အရွယ်ရောက်စသူများတွင် ထပ်ခါ ကင်ဆာဖြစ်ပွားမှုတွေ့ရှိပါက စောင့်ရှောက်မှုပေးသူသည် မျိုးရိုးလိုက် ကင်ဆာ လက္ခဏာများကို သံသယဖြစ်လိမ့်မည်။ နောက်ထပ် သဲလွန်စမှာ ကင်ဆာသည် အစုံလိုက်ရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် စုံလိုက်ဖြစ်ခြင်းဖြစ်သည်။ ဥပမာ - ကျောက်ကပ်များ၊ မျက်လုံးများ နှင့် အဆုတ်များ။
  • အသက်ကြီးလာခြင်း အသက်ကြီးလာသည်နှင့် အမျှ ကင်ဆာဖြစ်နိုင်မှုနှုန်းတိုးလာသည်။

ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများမှ လုပ်ဆောင်နိုင်သည့်အရာ


တည်းဖြတ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ