အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒ

စတင်သက်ရောက်ချိန် ၂၀၁၈ ခုနှစ် ဇွန်လ • ပြင်ဆင်ဖြည့်စွက်ချိန် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ

Together သည် St. Jude Children's Research Hospital St. Jude” “ကျွန်ုပ်တို့၊” “ကျွန်ုပ်တို့၏” သို့မဟုတ် “ကျွန်ုပ်တို့ကို”) က ကလေးကင်ဆာကြောင့် ထိခိုက်ခံစားရသူတိုင်းအတွက် ယုံကြည်ရသော အချက်အလက်များ၊ လက်တွေ့ကျသော ရင်းမြစ်များနှင့် မျှဝေထားသော အဖြစ်အပျက်များကို ပေးအပ်နိုင်ရန် ပြုလုပ်ထားသော အွန်လိုင်းရင်းမြစ်တစ်ခု ဖြစ်သည်။ ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒ၊(“မူဝါဒ”) တွင် St. Jude က Together ဝဘ်ဆိုက် https://together.stjude.orgTogether အွန်လိုင်းကွန်မြူနတီနှင့် Together (“Together ”) နှင့် ဆက်စပ်လျက် St.Jude က ပေးအပ်သော အခြားသက်ဆိုင်ရာ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို သုံးစွဲသူများ (“သုံးစွဲသူများ၊” “သင်၊” သို့မဟုတ် "သင်၏”) နှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းမှု၊ အသုံးပြုမှုနှင့် ထုတ်ဖော်ပြောဆိုမှုတို့ကို ရှင်းပြထားသည်၊ ဆက်နွှယ်လျက်ရှိသော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများတွင် အခြားဝဘ်ဆိုက်များ၊ လင့်ခ်ချိတ်ထားသော စာမျက်နှာများ၊ ဝန်ဆောင်မှုများ၊ အကြောင်းအရာများနှင့် မိုဘိုင်းအပလီကေးရှင်းများ ပါဝင်သည် (စုပေါင်း၍ အောက်တွင် “ဝန်ဆောင်မှုများ” ဟု ရည်ညွှန်းပါမည်)။

ဝန်ဆောင်မှုများကို ဝင်သုံးခြင်း သို့မဟုတ် အသုံးပြုခြင်းဖြင့် သင်သည် ကျွန်ုပ်တို့၏ အသုံးပြုမှု စည်းမျဉ်းများ ဖြင့် တရားဝင် ပေါင်းစည်းထားသော ဤမူဝါဒတွင် ဖော်ပြထားသည့်အတိုင်း သင့်အချက်အလက်များကို အသုံးပြုရန် သဘောတူခြင်းဖြစ်သည်။ စည်းမျဉ်းများကို သင် နားမလည်ပါက အောက်ပါအချက်အလက်များကို အသုံးပြုပြီး ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ ဤစည်းမျဉ်းများကို သဘောမတူပါက ဝန်ဆောင်မှုများကို အသုံးမပြုသင့်ပါ။

ကျန်းမာရေးအာမခံဆိုင်ရာ အဆင်ပြေချောမွေ့မှုနှင့် တာဝန်ခံယူမှု အက်ဥပဒေ

ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒသည် ("HIPAA") ဟု ပြင်ဆင်ဖြည့်စွက်ထားသည့် ၁၉၉၆ ခုနှစ် ကျန်းမာရေးအာမခံဆိုင်ရာ အဆင်ပြေချောမွေ့မှုနှင့် တာဝန်ခံယူမှု အက်ဥပဒေတွင် အကျုံးဝင်သည့် လုပ်ငန်း (သို့) လုပ်ငန်းတွဲဖက်အနေဖြင့် ဆောင်ရွက်သည့်အခါ St. Jude က စုဆောင်းနိုင်သည့် အကာအကွယ်ပေးထားသည့် ကျန်းမာရေးအချက်အလက်များ (“PHI”) နှင့် သက်ဆိုင်မှုမရှိပါ။ St. Jude သည် ၎င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အလေ့အထများ သတိပေးချက်နှင့် လုပ်ငန်းတွဲဖက် သဘောတူညီမှုများရှိ ဖော်ပြချက်များနှင့် စာချုပ်ပါ ဝတ္တရားများနှင့်အညီ PHI ကို ထိန်းသိမ်းလျက်ရှိသည်။ သင့်တွင် St. PHI ကို အသုံးပြုမှု သို့မဟုတ် ထုတ်ဖော်ပြောဆိုမှုနှင့်ပတ်သက်၍ သင့်တွင် မေးမြန်းလိုသည်များရှိပါက ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒအဆုံးရှိ “ကျွန်ုပ်တို့ကို ဆက်သွယ်ပါ” ကဏ္ဍတွင် တွေ့ရသော အချက်အလက်များဖြင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

ကျွန်ုပ်တို့ ရယူစုဆောင်းသော အချက်အလက်များ

ကျွန်ုပ်တို့သည် သင်နှင့်ပတ်သက်သော အချက်အလက်များကို နည်းအမျိုးမျိုးဖြင့် စုဆောင်းပြီး သိမ်းဆည်းနိုင်ပါသည်။ ဥပမာ သင် ကျွန်ုပ်တို့ကို ပေးအပ်သော အချက်အလက်များ၊ ဝန်ဆောင်မှုများကို သင်၏အသုံးပြုမှုမှတစ်ဆင့် ကျွန်ုပ်တို့ အလိုအလျောက်ရယူစုဆောင်းသော အချက်အလက်များနှင့် အများသုံးအဖြစ်ရနိုင်သော ရင်းမြစ်များ သို့မဟုတ် အဖွဲ့ဝင်မဟုတ်သော ပြင်ပအဖွဲ့အစည်းများထံမှရရှိသော အချက်အလက်များကို ကျွန်ုပ်တို့ ရယူစုဆောင်းနိုင်ပါသည်။

သင် ကျွန်ုပ်တို့ကို ပေးအပ်သော အချက်အလက်များ

သင် ဝန်ဆောင်မှုများကို ဝင်သုံးသောအခါ သို့မဟုတ် အသုံးပြုသောအခါတွင် အချက်အလက်များကိုပေးရန် သို့မဟုတ် အပ်လုဒ်လုပ်ရန် ဖိတ်ကြားခံရနိုင်သည်။ ဥပမာ သတင်းလွှာများကို လက်ခံရန် တောင်းဆိုချက်များကဲ့သို့ ဝန်ဆောင်မှုများမှတစ်ဆင့် ဖောင်ဖြည့်သည့်အခါ သို့မဟုတ် ဝန်ဆောင်မှုများမှတစ်ဆင့် ဖောင်ပေးပို့သည့်အခါ၊ သို့မဟုတ် ဝန်ဆောင်မှုများမှတစ်ဆင့် ကျွန်ုပ်တို့နှင့် သို့မဟုတ် အခြားသုံးစွဲသူများနှင့် ဆက်သွယ်သည့်အခါ သင်သည် ဖောင်များတွင် အချက်အလက်များကို ပေးရနိုင်သည်။ St. St.Jude အနေဖြင့် သင် ၀န်ဆောင်မှုများကိုအသုံးပြုသောအခါ အောက်ဖော်ပြပါ ကိုယ်ရေးကိုယ်တာအချက်အလက်အမျိုးအစားများကို ရယူစုဆောင်းနိုင်သည်-

  • ကိုယ်ရေးအထောက်အထားများ၊ သုံးစွဲသူအမည်၊ စကားဝှက်၊ အီးမေးလ်လိပ်စာနှင့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများတွင် ရိုက်ကူးခံရမှုများ ပါဝင်သည်၊
  • သန်းခေါင်စာရင်း အချက်အလက်များ၊ အမည်၊ မြို့အဆင့် တည်နေရာ၊ ပညာရေး နောက်ခံ၊ မိသားစုအချက်အလက်များ ပါဝင်သည်၊
  • ဆေးဘက်ဆိုင်ရာ အချက်အလက်များ၊ သင့်ရောဂါရှာဖွေဖော်ထုတ်မှု၊ ယခင် ကုထုံးများ၊ အထွေထွေကျန်းမာရေးနှင့် ကျန်းမာရေးအာမခံ ပါဝင်သည်၊

သင်သည် အခြားသူတစ်ဦးနှင့် သက်ဆိုင်သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့ထံ တိုက်ရိုက်ပေးပို့ပါက သင့်ထံတွင် ထိုသို့လုပ်ပိုင်ခွင့်ရှိပြီး ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒနှင့်အညီ အချက်အလက်များကို ကျွန်ုပ်တို့အား အသုံးပြုခွင့်ပေးခြင်းနှင့် အလားတူပင်ဖြစ်သည်။

အလိုအလျောက်နှင့် / သို့မဟုတ် တစ်ဆင့်ခံအဖြစ် ရယူစုဆောင်းသော အချက်အလက်များ

သင် ကျွန်ုပ်တို့ထံ တိုက်ရိုက်ပေးအပ်သော အချက်အလက်များအပြင် ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့်ပတ်သက်သည့် အချက်အလက်များကို အောက်ပါအတိုင်း အလိုအလျောက် စုဆောင်းနိုင်သည်-

  • အင်တာနက်ကွန်ရက် လုပ်ဆောင်ချက်။ ကျွန်ုပ်တို့၏၀န်ဆောင်မှုများကို သင်အသုံးပြုသောအခါ သင်၏ IP လိပ်စာ၊ ဘရောက်ဇာအမျိုးအစားများ၊ ဘရောက်ဇာ ဘာသာစကား၊ ကွန်ပျူတာ လည်ပတ်မှုစနစ်၊ ဝန်ဆောင်မှုများကို သင် ဝင်သုံးသည့် ပြည်နယ် သို့မဟုတ် နိုင်ငံ၊ ဆော့ဖ်ဝဲနှင့် ဟတ်ဒ်ဝဲ လက္ခဏာရပ်များ (စက်အမျိုးအစားများနှင့် ID များအပါအဝင်)၊ ရည်ညွှန်းခြင်းနှင့် ထွက်သည့်စာမျက်နှာများနှင့် URL များ၊ ပလက်ဖောင်းအမျိုးအစား၊ ကလစ်နှိပ်သည့် အရေအတွက်၊ သင် ဒေါင်းလုဒ်လုပ်ထားသောဖိုင်များ၊ ဒိုမိန်းအမည်များ၊ အဖွင့်စာမျက်နှာများ၊ ကြည့်ရှုသည့်စာမျက်နှာများနှင့် ထိုစာမျက်နှာများ၏ အစီအစဉ်၊ စာမျက်နှာတစ်မျက်နှာတွင် သုံးစွဲသည့် အချိန်ပမာဏ၊ ကျွန်ုပ်တို့၏ ၀ဘ်ဆိုက်များရှိ ရှာဖွေရေးတွင် သင်အသုံးပြုသော စကားရပ်များ၊ ၀န်ဆောင်မှုများကို သင်အသုံးပြုသည့်ရက်စွဲနှင့် အချိန်၊ အမှားမှတ်တမ်းများနှင့် အခြားအလားတူ အချက်အလက်များကိုသင်အသုံးပြုသည့်ရက်စွဲနှင့်အချိန်တို့ကို ကျွန်ုပ်တို့က စုဆောင်းပြီး လေ့လာဆန်းစစ်နိုင်သည်။ ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများကကောက်ယူသည့် အချက်အလက်များအပါအဝင်) ဤအချက်အလက်များကို ပိုင်းခြားစိတ်ဖြာရန်အတွက် အသုံးပြုသည် (၎င်းတွင် ဝန်ဆောင်မှု၏ မည်သည့်အပိုင်းများကို အသုံးများကြောင်းနှင့် ကျွန်ုပ်တို့၏ သုံးစွဲသူများ နှစ်သက်သည့်အရာနှင့် မနှစ်သက်သည့်အရာများကို ဆုံးဖြတ်ခြင်း ပါဝင်သည်)။ ထို့အပြင် သင်သည် ကျွန်ုပ်တို့ထံမှ အီးမေးလ်တစ်စောင် လက်ခံရရှိပါက အဆိုပါအီးမေးလ်ကို သင် ဖွင့်ကြည့်ခြင်းရှိ၊ မရှိနှင့် အီးမေးလ်မှတစ်ဆင့် ကြည့်ရှုရန် ရွေးချယ်သည့် အကြောင်းအရာနှင့်ပတ်သက်သော အချက်အလက်များကို ကျွန်ုပ်တို့ ရယူစုဆောင်းနိုင်ပါသည်။
  • ပထဝီတည်နေရာ။ ကျွန်ုပ်တို့သည် ၀န်ဆောင်မှုများကို ဝင်သုံးရန် သင်အသုံးပြုသော စက်ပစ္စည်း၏ IP လိပ်စာနှင့် သက်ဆိုင်သည့် မြို့နှင့်ပြည်နယ်ကဲ့သို့ ပထဝီတည်နေရာအချက်အလက်များကို စုဆောင်းနိုင်သည်။

ပြင်ပအဖွဲ့အစည်း ရင်းမြစ်များမှ အချက်အလက်များ

ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်း အများသုံးနှင့် စီးပွားဖြစ်သုံး ရင်းမြစ်များထံမှ သင်နှင့်ပတ်သက်သည့် ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားအချို့ကို ကျွန်ုပ်တို့က စုဆောင်းနိုင်ပြီး သင့်ထံမှ သို့မဟုတ် သင်နှင့်ပတ်သက်သော အခြားအချက်အလက်များနှင့် ပေါင်းစပ်ကောင်း ပေါင်းစပ်နိုင်ပါသည်။

ဆိုရှယ်မီဒီယာနှင့် အခြားအကြောင်းအရာ ပလက်ဖောင်းများမှ ကျွန်ုပ်တို့ရရှိသော အချက်အလက်များ

သင်သည် ဝန်ဆောင်မှုများကို ပြင်ပအဖွဲ့အစည်း ချိတ်ဆက်မှု သို့မဟုတ် အကောင့်ဝင်ခြင်း (ဥပမာ ဆိုရှယ်ကွန်ရက်တစ်ခုမှတစ်ဆင့်) (“ပြင်ပအဖွဲ့အစည်း ပလက်ဖောင်း”) မှတစ်ဆင့်ဝင်သုံးပါက သင်၏ပြင်ပအဖွဲ့အစည်းပရိုဖိုင်မှ အချက်အလက်အချို့ကို ကျွန်ုပ်တို့၀င်ကြည့်ပြီး သိမ်းဆည်းခြင်းကို ခွင့်ပြုရနိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေများတွင် ပြင်ပအဖွဲ့အစည်း ပလက်ဖောင်းပေါ်ရှိ သင့်ဆက်တင်များအပေါ် မူတည်ပြီး ကျွန်ုပ်တို့ စုဆောင်းရရှိသော အချက်အလက်များတွင် သင်၏အမည်၊ လိင်၊ ပရိုဖိုင်ရုပ်ပုံ၊ သင်၏ "လိုက်ခ်များ" နှင့် ဝင်ရောက်မှုများ၊ သင့်တည်နေရာနှင့် သင်၏ သူငယ်ချင်းများစာရင်း ပါဝင်နိုင်သည်။ အဆိုပါအချက်အလက်များကို မျှဝေလိုခြင်းမရှိပါက ၀န်ဆောင်မှုများကို ဝင်သုံးရန် ပြင်ပအဖွဲ့အစည်း ပလက်ဖောင်းကို အသုံးမပြုပါနှင့်။ ပြင်ပအဖွဲ့အစည်း ပလက်ဖောင်းများက သင်၏အချက်အလက်များကို မည်သို့ကိုင်တွယ်ကြောင်းသိရှိနိုင်ရန် ၎င်းတို့၏သက်ဆိုင်ရာ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒများနှင့် အသုံးပြုမှု စည်းမျဉ်းများကို ကိုးကားဖတ်ရှုပါ၊ ၎င်းတို့တွင် သင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်တင်များကို ပြုပြင်မွမ်းမံခွင့်ပေးခြင်း ရှိနိုင်သည်။

Facebook၊ Instagram၊ Twitter၊ YouTube သို့မဟုတ် အခြား ဆိုရှယ်မီဒီယာ ဝဘ်ဆိုက်များမှ ကျွန်ုပ်တို့ကို “လိုက်ခ်” သို့မဟုတ် “ဖော်လိုး” ပြုလုပ်သောအခါ သင့်အမည်၊ အီးမေးလ်လိပ်စာနှင့် ကျွန်ုပ်တို့နှင့်သက်ဆိုင်သော သင်တင်လိုက်သည့် မှတ်ချက်များ သို့မဟုတ် အကြောင်းအရာများအပါအဝင် သင့်ထံမှ အချက်အလက်အချို့ကို ကျွန်ုပ်တို့စုဆောင်းနိုင်သည်။

ကွတ်ကီးများနှင့် အခြားနည်းပညာများ

ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများ၏ အပြုအမူများကို ပိုမိုနားလည်နိုင်ရန်၊ သတ်မှတ်ချက်များကို စိတ်ကြိုက်ပြုလုပ်ရန်၊ သုတေသနနှင့် ပိုင်းခြားစိတ်ဖြာမှုများကို လုပ်ဆောင်ရန်နှင့် ကျွန်ုပ်တို့ပေးသောဝန်ဆောင်မှုများကို တိုးတက်စေရန် ကူညီသည့် ကွတ်ကီးများ၊ ရှင်းလင်းသော GIF များ၊ ပစ်ဇယ်တဂ်များ၊ ဘေကွန်များနှင့် အခြားနည်းပညာများကို အသုံးပြုနိုင်သည်။ ကျွန်ုပ်တို့ သို့မဟုတ် ကျွန်ုပ်တို့၏ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများသည် အီးမေးလ်တုံ့ပြန်မှုနှုန်းကို ခြေရာခံရန်၊ ကျွန်ုပ်တို့၏အချက်အလက်ကုန်ကြမ်းများ ကြည့်ရှုချိန်ကို သိရှိရန်နှင့် ကျွန်ုပ်တို့၏ အီးမေးလ်များကို ထပ်ဆင့်ပို့ခြင်းရှိမရှိ ခြေရာခံရန်အတွက် သင့်ထံပေးပို့သော အီးမေးလ်များတွင် ဤနည်းပညာများထဲမှအချို့ကို အသုံးပြုနိုင်ပါသည်။ သင်သည် အချို့သော ကွတ်ကီးများကို လက်ခံနိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်။ ဝဘ်ဘရောက်ဇာအများစုသည် ကွတ်ကီးများကို အလိုအလျောက်လက်ခံသော်လည်း သင့်ဘရောက်ဇာတွင် အချို့သောကွတ်ကီးများကို ငြင်းပယ်နိုင်ရန် ဘရောက်ဇာဆက်တင်များကို ပြုပြင်ပြောင်းလဲခြင်း ပြုလုပ်ကောင်း ပြုလုပ်နိုင်သည်။ သင်သည် ကွတ်ကီးများကို ပိတ်ထားပါက ၀န်ဆောင်မှုများကို အပြည့်အ၀ ရယူနိုင်မှု (သို့) အသုံးပြုနိုင်မှု ရှိချင်မှ ရှိပါမည်။ ကွတ်ကီးများအကြောင်း ပိုမိုလေ့လာရန် http://allaboutcookies.org သို့ ဝင်ကြည့်ပါ။

ကျွန်ုပ်တို့သည် အခြားအရာများနှင့်အတူ Adobe Flash နည်းပညာ (Flash Local Shared Objects ("Flash LSO များ") အပါအဝင်) နှင့် အခြားနည်းပညာများကိုလည်း သင်၏ ၀န်ဆောင်မှုများ အသုံးပြုမှုနှင့်ပတ်သက်သော အချက်အလက်များကို ရယူစုဆောင်းပြီး သိမ်းဆည်းရန် အသုံးပြုနိုင်သည်။ သင်က Flash LSO များကို သင့်ကွန်ပျူတာတွင် သိမ်းဆည်းမထားလိုပါက ဝန်ဆောင်မှုများကို ဝင်သုံးရန် သင်အသုံးပြုသော ဝဘ်ဘရောက်ဇာ(များ) အတွက် ဝဘ်ဆိုက်သိမ်းဆည်းရေး ဆက်တင်အကန့်တွင်ပါရှိသော တူးလ်များကို အသုံးပြုပြီး Flash LSO သိမ်းဆည်းမှုကို ပိတ်ပင်ရန် သင့် Flash ပလေယာ၏ ဆက်တင်များကို ချိန်ညှိခွင့်ရှိသည်။ သင်သည် Adobe Global Storage Settings Panel သို့ သွားပြီး ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့်လည်း Flash LSO များကို ထိန်းချုပ်နိုင်သည် (၎င်းတွင် ရှိပြီးသား Flash LSO များ (Macromedia ဝဘ်ဆိုက်တွင် "အချက်အလက်များ" ဟု ရည်ညွှန်း) ကို ဖျက်နည်း၊ Flash LSO များက သင့်ကွန်ပျူတာအတွင်း သင့်ကိုမမေးမြန်းဘဲ နေရာယူနေခြင်းကို တားဆီးနည်းနှင့် (Flash Player 8 နှင့် နောက်ပိုင်းအတွက်) စာမျက်နှာကို လုပ်ငန်းလည်ပတ်သူက ပေးပို့ခြင်းမရှိသော Flash LSO များကို ပိတ်ပင်နည်းတို့ ပါဝင်နိုင်သည်)။ Flash Player ကို Flash LOS များ လက်ခံခြင်းမှ ကန့်သတ်ချုပ်ချယ်ရန် သို့မဟုတ် ကန့်သတ်ရန်အတွက် ဆက်တင် သတ်မှတ်ခြင်းသည် ဝဘ်ဆိုက် သို့မဟုတ် ကျွန်ုပ်တို့၏ အွန်လိုင်းအကြောင်းအရာများနှင့် ဆက်စပ်ပြီး အသုံးပြုသော Flash အပလီကေးရှင်းများ အပါအဝင် Flash အပလီကေးရှင်းအချို့၏ လုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေနိုင်သည် သို့မဟုတ် တားဆီးနိုင်သည်။

ဝဘ်မှတ်တမ်းများ

ကွတ်ကီးများမှတစ်ဆင့် ဒေတာများကို စုဆောင်းခြင်းနှင့်အတူ ဝက်ဘ်ဆာဗာများသည် သင်၏စက်အမျိုးအစား၊ ကွန်ပျူတာလည်ပတ်မှုစနစ် အမျိုးအစား၊ စက်ပစ္စည်း ကြော်ငြာနံပါတ်၊ ဘရောက်ဇာအမျိုးအစား၊ ဒိုမိန်းနှင့် အခြားစနစ်ဆက်တင်များနှင့်တကွ သင်၏စနစ် အသုံးပြုသည့်ဘာသာစကားနှင့် သင်၏စက်တည်ရှိရာ နိုင်ငံနှင့် အချိန်ဇုန်ကဲ့သို့သော မှတ်တမ်းများကို မှတ်တမ်းတင်နိုင်သည်။ ဝက်ဘ်ဆာဗာ မှတ်တမ်းများသည် သင့်အား ဝန်ဆောင်မှုသို့ ညွှန်သည့် ဝဘ်စာမျက်နှာ၏ လိပ်စာ၊ အင်တာနက်သို့ ချိတ်ဆက်ရာတွင် သင်သုံးသည့် စက်၏ IP လိပ်စာ (နှင့် IP လိပ်စာအတွက် ဆက်စပ်နေသော မြို့ သို့မဟုတ် နိုင်ငံ သို့မဟုတ် ပြည်နယ်)နှင့် သင်ဝင်ကြည့်သော ဝဘ်စာမျက်နှာများကဲ့သို့ ၀န်ဆောင်မှုများနှင့် သင်အပြန်အလှန်ဆက်သွယ်မှု ဒေတာများကိုလည် မှတ်တမ်းတင်နိုင်သည်။

အွန်လိုင်း ပိုင်းခြားစိတ်ဖြာမှုများ

ကျွန်ုပ်တို့သည် Google Analytics က ပံ့ပိုးပေးသည့်အရာကဲ့သို့ ပြင်ပအဖွဲ့အစည်း ပိုင်းခြားစိတ်ဖြာရေး ဝန်ဆောင်မှုများကို အသုံးပြုနိုင်သည်။ ဝန်ဆောင်မှုများကို သုံးစွဲသူများက မည်သို့အသုံးပြုကြောင်း ကျွန်ုပ်တို့ ပိုင်းခြားစိတ်ဖြာရာတွင် အထောက်အကူပြုစေရန်အတွက် အဆိုပါဝန်ဆောင်မှုပေးသူများသည် ဤမူဝါဒတွင် ဖော်ပြထားသည့်အတိုင်း ကွတ်ကီးများနှင့် အခြားနည်းပညာများကို အသုံးပြုသည်။ အဆိုပါနည်းပညာက ရယူစုဆောင်းသော အချက်အလက်များကို ဖော်ပြမည် သို့မဟုတ် ထိုအချက်အလက်များကို ဤဝန်ဆောင်မှု ပေးသူများက တိုက်ရိုက်စုဆောင်းပါမည်။ ပိုင်းခြားစိတ်ဖြာရေးအတွက် Google Analytics ကို အချက်အလက်များ အသုံးမပြုစေလိုပါက သုံးစွဲသူတစ်ဦးသည် Google Analytics Opt-Out Browser Add-on ကို ထည့်သွင်းထားနိုင်သည်။ Google Analytics နှင့်ပတ်သက်သော အချက်အလက်များကို ပိုမိုသိရှိရန် https://support.google.com/analytics သို့ ဝင်ကြည့်ပါ။

ကျွန်ုပ်တို့သည် Adobe ၏ ပိုင်းခြားစိတ်ဖြာရေး ဝန်ဆောင်မှုကိုလည်း အသုံးပြုပြီး ၎င်းတွင် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များကို ပိုမိုတိုးတက်စေရန် လုပ်ဆောင်နိုင်သည်များကို သိရှိရန်အတွက် ဝဘ်ဆိုက်များကို မည်သို့အသုံးပြုကြကြောင်း ကျွန်ုပ်တို့နားလည်နိုင်စေရန် ကွတ်ကီးများနှင့် ဝဘ်ဘေကွန်များကို အသုံးပြုသည်။ Adobe ၏ ဝန်ဆောင်မှုများကို ပိုမိုလေ့လာနိုင်သည်၊ ထို့အပြင် အသုံးမပြုရန် လေ့လာနိုင်သည်

Do Not Track (ခြေရာမခံပါနှင့်) အချက်ပြမှုများနှင့် အလားတူနည်းလမ်းများ

ဝဘ်ဘရောက်ဇာအချို့တွင် “Do Not Track” (ခြေရာမခံပါနှင့်) လုပ်ဆောင်ချက် (“DNT”) ကို ထည့်သွင်းထားပြီး သင့်အွန်လိုင်းလုပ်ဆောင်ချက်ကို ခြေရာမခံစေလိုကြောင်း သင်ကြည့်ရှုသည့် ဝဘ်ဆိုက်များအား အချက်ပြခြင်းဖြစ်သည်။ အင်တာနက်လုပ်ငန်းတွင် DNT စံချိန်စံညွှန်းများ၊ အကောင်အထည်ဖော်မှုများနှင့် ဖြေရှင်းနည်းများဖြင့် အလုပ်လုပ်လျက်ရှိသောကြောင့် ကျွန်ုပ်တို့သည် ဘရောက်ဇာတွင် ထည့်သွင်းထားသည့် DNT အချက်ပြမှုများကို အသိအမှတ်ပြုခြင်း၊ တုံ့ပြန်ခြင်း မပြုပါ။ DNT အကြောင်းနှင့် ပစ်မှတ်ထားကြော်ငြာများကို လက်ခံနေရခြင်းလက်ခံခြင်းမပြုရန်နည်းလမ်းနှင့် ပတ်သက်သည့် အချက်အလက်များကို လေ့လာရန် www.aboutads.info/choices ကို နှိပ်ပါ။

ကျွန်ုပ်တို့ ရယူစုဆောင်းသော အချက်အလက်များကို အသုံးပြုပုံ

ကျွန်ုပ်တို့သည် အောက်ပါရည်ရွယ်ချက်တစ်ခုနှင့်အထက်အတွက် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုနိုင်သည်-

  • အချက်အလက်များကို သင်ပေးအပ်သော ရည်ရွယ်ချက်များအတွက် အသုံးပြုရန်၊
  • သင့်အကောင့်ကို ဝင်သုံးချိန်တွင် သင့်အထောက်အထားကို အတည်ပြုခြင်းနှင့် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံမှုရှိကြောင်း သေချာစေခြင်းအပါအဝင် ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရရှိရန်၊
  • ဝယ်ယူသူ အကူအညီပေးမှုနှင့် သင့်စုံစမ်းမှုများကို ဖြေကြားရန်၊ သင့်မှတ်ချက်များ သို့မဟုတ် မေးခွန်းများကို တုံ့ပြန်ရန်အတွက် သင်နှင့်လိုက်လျောညီထွေဖြစ်စေရန်၊ သင့်ထံ အီးမေးလ်များ ပို့ရန်၊
  • ကုမ္ပဏီတွင်း မှတ်တမ်းထားရှိရေး ရည်ရွယ်ချက်များအတွက်၊
  • ဝန်ဆောင်မှုများကို ပိုင်းခြားစိတ်ဖြာရန်၊ ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန်နှင့် ထိန်းသိမ်းရန်နှင့် ထုတ်ကုန်တီထွင်တိုးတက်ရေးအတွက်၊
  • လိမ်လည်မှုများ (သို့) ဘေးကင်းရေးဆိုင်ရာ စိုးရိမ်စရာများကို ဖြေရှင်းရန်၊ သို့မဟုတ် တိုင်ကြားမှု၊ လိမ်လည်မှု သို့မဟုတ် လွှဲမှားသည့်လုပ်ဆောင်ချက်ဟု သံသယရှိမှုများကို စုံစမ်းရန်၊
  • သင့်အား ၀န်ဆောင်မှုများနှင့်ပတ်သက်သည့် ကိုယ်ပိုင်အတွေ့အကြုံပေးရန်၊
  • သင်တောင်းခံထားသော ဝန်ဆောင်မှုများ သို့မဟုတ် အချက်အလက်များနှင့်စပ်လျဉ်း၍ သင့်ခွင့်ပြုချက်အရ သင့်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ရန်၊
  • သင်၏၀န်ဆောင်မှုများအသုံးပြုပုံနှင့်ပတ်သက်သော အချက်အလက်များအကြောင်း သင့်ထံ ဆက်သွယ်ရန်၊
  • အခြားသော သုတေသနနှင့် ပိုင်းခြားစိတ်ဖြာရေး ရည်ရွယ်ချက်များအတွက်၊ နှင့်
  • St.Jude၊ ၎င်း၏ ၀န်ထမ်းများ သို့မဟုတ် အေးဂျင့်များ သို့မဟုတ် အခြားအသုံးပြုသူများ၏ တရားဝင်အခွင့်အရေးများ၊ ပုဂ္ဂိုလ်ရေး၊ ဘေးကင်းမှု၊ လုံခြုံမှု သို့မဟုတ် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်၊ ကျင့်သုံးရန် သို့မဟုတ် ခုခံကာကွယ်ရန်နှင့် သင်နေထိုင်ရာနိုင်ငံပြင်ပရှိ ဥပဒေများအပါအဝင် သက်ဆိုင်ရာဥပဒေကို လိုက်နာရန်၊ ဥပဒေရေးရာ လုပ်ငန်းစဉ်ကို လိုက်နာရန်၊ သင်နေထိုင်ရာနိုင်ငံပြင်ပရှိ အများပြည်သူနှင့် အစိုးရအာဏာပိုင်များ အပါအ၀င် အစိုးရနှင့် အစိုးရအာဏာပိုင်များ၏ တောင်းဆိုမှုများကိုတုံ့ပြန်ရန်၊ ကျွန်ုပ်တို့၏ အသုံးပြုမှု စည်းမျဉ်းများကို ကျင့်သုံးရန်၊ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှုများ သို့မဟုတ် ကျွန်ုပ်တို့၏ အသင်းအဖွဲ့ဝင်များကို ကာကွယ်ရန်၊ ကျွန်ုပ်တို့၏ အခွင့်အရေးများ၊ ပုဂ္ဂိုလ်ရေး၊ ဘေးကင်းမှု သို့မဟုတ် ပိုင်ဆိုင်မှုများနှင့် / သို့မဟုတ် ကျွန်ုပ်တို့အသင်းအဖွဲ့ဝင်များ၊ သင်နှင့် အခြားသူများ၏ အဆိုပါအရာများကို ကာကွယ်ရန်နှင့် ကျွန်ုပ်တို့ ရရှိနိုင်သောကုစားမှုများကို လုပ်ဆောင်ရန် (သို့) ကျွန်ုပ်တို့ တွေ့ကြုံရနိုင်သော ထိခိုက်မှုများ နည်းပါးစေရန်ဖြစ်သည်။
  • သင်၏လိုအပ်ချက်များနှင့် သတ်မှတ်ချက်များကို ကျွန်ုပ်တို့ နားလည်ရန်နှင့် ၀န်ဆောင်မှုများတွင် ပါဝင်သောအကြောင်းအရာနှင့် လုပ်ဆောင်နိုင်စွမ်း တိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန် ကျွန်ုပ်တို့သည် သင် မည်သူမည်ဝါဟုပေါ်လွင်စေခြင်းမရှိဘဲ သင်၏ဆန္ဒအလျောက် မေးခွန်းလွှာ သို့မဟုတ် စစ်တမ်းကောက်ယူပြီး သင်၏တုံ့ပြန်မှုများကို စာရင်းအင်းအချက်အလက်အဖြစ် စုစည်းနိုင်သည်။s
  • ထုတ်ပြန်ရန်အတွက် သင်၏သဘောတူညီချက်အရ သင်၏အမည်နှင့် ဓာတ်ပုံအပါအဝင် ကိုယ်တိုင်ထောက်ခံစာတစ်ခုကို ဝန်ဆောင်မှုများပေါ်တွင် ဖော်ပြပါမည်။ သင်၏ ထောက်ခံချက်ကို ထပ်တိုးပြင်ဆင်ခြင်း သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်လိုပါက together@stjude.org တွင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

ကျွန်ုပ်တို့သည် ၀န်ဆောင်မှုများမှတစ်ဆင့် သင့်ထံမှ စုဆောင်းရရှိသော အချက်အလက်များကို ကျွန်ုပ်တို့နှင့် တွဲဖက်နှင့် တွဲဖက်မဟုတ်သော ပြင်ပအဖွဲ့အစည်းများမှရရှိသော အချက်အလက်များနှင့်အတူ ကျွန်ုပ်တို့ပေးအပ်ထားသော အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများမှရရှိသော အချက်အလက်များနှင့် ပေါင်းစပ်နိုင်သည်။ ကျွန်ုပ်တို့သည် ၀န်ဆောင်မှုများမှ စုဆောင်းထားသော အချက်အလက်များကို စုစည်းခြင်းနှင့်/ သို့မဟုတ် အမှတ်သညာဖယ်ရှားခြင်းကိုလည်း ပြုလုပ်မည်ဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်အတွက်မဆို အမှတ်သညာ ဖယ်ရှားထားသော သို့မဟုတ် စုစည်းထားသော အချက်အလက်များကို အသုံးပြုနိုင်သည်၊ ထိုအချက်အလက်များတွင် သုတေသနနှင့် ဈေးကွက်မြှင့်တင်ရေး ရည်ရွယ်ချက်များအတွက် အချက်အလက်များ ပါဝင်ပြီး ထိုဒေတာများကို ပြင်ပအဖွဲ့အစည်းများနှင့်လည်း မျှဝေနိုင်သည်။

အချက်အလက်များကို ကျွန်ုပ်တို့ မျှဝေပုံ

သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့ဝေမျှနိုင်သော အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်တွင် ဖော်ပြထားသည်။ ကျွန်ုပ်တို့၏ ကျင့်သုံးဆောင်ရွက်ပုံများသည် အချက်အလက်အမျိုးအစားပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။

  • လက်တွဲဖက်များ။ ကျွန်ုပ်တို့သည် အချက်အလက်များကို ကျွန်ုပ်တို့၏ လက်တွဲဖော်များနှင့် မျှဝေကောင်းမျှဝေနိုင်သည်။
  • ဝန်ဆောင်မှု ပေးသူများ။ ကျွန်ုပ်တို့သည် နည်းပညာ၊ ဝန်ဆောင်မှု၊ ဒေတာ သို့မဟုတ် အကြောင်းအရာပံ့ပိုးပေးသော ကန်ထရိုက်တာများကဲ့သို့ ကျွန်ုပ်တို့၏လုပ်ငန်းလည်ပတ်ရန် ကူညီပြီး ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများကို ထောက်ပံ့ပေးသော ပြင်ပအဖွဲ့အစည်းများနှင့် အချက်အလက်များကို မျှဝေနိုင်သည်။ အဆိုပါ၀န်ဆောင်မှုပေးသူများသည် ၎င်းတို့အား ကျွန်ုပ်တို့ မျှဝေထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့၏စာချုပ်များအတွင်း ဖော်ပြထားသည့်ရည်ရွယ်ချက်(များ) အတွက်သာ အသုံးပြုခွင့်ရှိသည်။
  • ဥပဒေအရ သို့မဟုတ် လိုအပ်ချက်အရ ကျွန်ုပ်တို့၏ အသုံးပြုသူများနှင့် ၀န်ဆောင်မှုများကို ကာကွယ်ရန် အခြားအဖွဲ့အစည်းများ။ St.Jude၊ ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ အေးဂျင့်များ၊ အသုံးပြုသူများ၏ ဥပဒေရေးရာအခွင့်အရေးများ၊ ပုဂ္ဂိုလ်ရေး၊ လုံခြုံရေး သို့မဟုတ် ပိုင်ဆိုင်မှုများကို တားဆီးကာကွယ်ရန်၊ လိုက်နာရန် သို့မဟုတ် ခုခံကာကွယ်ရန်၊ သို့မဟုတ် အများပြည်သူနှင့် အစိုးရအာဏာပိုင်များထံမှ တောင်းဆိုချက်များကို တုံ့ပြန်ခြင်းအပါအဝင် သက်ဆိုင်ရာဥပဒေ သို့မဟုတ် တရားဥပဒေလုပ်ငန်းများကို လိုက်နာရန် လိုအပ်သည်ဟု ကျွန်ုပ်တို့ယုံကြည်သောအခါ သတင်းအချက်အလက်များကို မျှဝေနိုင်သည်။
  • ပါဝင်သူများသို့ လုပ်ငန်းလွှဲပြောင်းမှုများ။ ကျွန်ုပ်တို့၏ လုပ်ငန်း သို့မဟုတ် ပိုင်ဆိုင်မှု (လုပ်ငန်းချင်း ပေါင်းစပ်မှု၊ ဝယ်ယူမှု၊ ပြန်လည်ဖွဲ့စည်းမှု၊ ဖျက်သိမ်းမှု သို့မဟုတ် စာရင်းရှင်းဖျက်သိမ်းမှုတို့နှင့် ဆက်စပ်ခြင်းကဲ့သို့) အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုသည့် အဖြစ်အပျက် (လုပ်ငန်းချင်း ပေါင်းစပ်မှု၊ ဝယ်ယူမှု၊ ပြန်လည်ဖွဲ့စည်းမှု၊ ဖျက်သိမ်းမှု သို့မဟုတ် စာရင်းရှင်းဖျက်သိမ်းမှုတို့နှင့် ဆက်စပ်ခြင်းကဲ့သို့) သို့မဟုတ် ထိုကဲ့သို့သော လုပ်ငန်းဆောင်တာတွင် ကျွန်ုပ်တို့ပါဝင်ရန် ဆောင်ရွက်မှုများနှင့်ဆက်စပ်သော အဖြစ်အပျက်၌ ကျွန်ုပ်တို့တွင်ရှိနေသော အချက်အလက်များကို လွှဲပြောင်းကောင်း လွှဲပြောင်းနိုင်သည်။
  • စုစည်းထားသော သို့မဟုတ် အမှတ်သညာ ဖယ်ထုတ်ထားသော အချက်အလက်များ။ ကျွန်ုပ်တို့သည် စုစည်းထားသော သို့မဟုတ် အမှတ်သညာ ဖယ်ထုတ်ထားသော ဒေတာများကို ကန့်သတ်ချက်မရှိ မျှဝေနိုင်သည်။
  • တစ်နည်းအားဖြင့် သင့်သဘောတူညီချက်နှင့်အတူ သို့မဟုတ် သင့်ညွှန်ကြားချက်အတိုင်း။ ဤမူဝါဒတွင် ဖော်ပြထားသည့် မျှဝေမှုအပြင် သင်သဘောတူသည့် သို့မဟုတ် ထိုကဲ့သို့ မျှဝေမှုကို သင်ညွှန်ကြားသည့်အတိုင်း ကျွန်ုပ်တို့သည် အချက်အလက်များကို ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေနိုင်သည်။

ကလေးများ၏ ကိုယ်ရေးကိုယ်တာ

ဥပဒေအရ ခွင့်ပြုထားခြင်းမရှိပါက ကျွန်ုပ်တို့သည် မိဘ၏ခွင့်ပြုချက်မရဘဲ အသက် ၁၃ နှစ်အောက် ကလေးများထံမှ မည်သည့်ကိုယ်ရေးကိုယ်တာအချက်အလက်များကိုမှ ရယူစုဆောင်းခြင်းမရှိပါ။ (၁၃) နှစ်အောက် ကလေးတစ်ဦးက ကျွန်ုပ်တို့အား ကိုယ်ရေးကိုယ်တာအချက်အလက်များ (ကလေးများ အွန်လိုင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အက်ဥပဒေတွင် သတ်မှတ်ထားသည့်အတိုင်း) ပေးအပ်ကြောင်း ကျွန်ုပ်တို့သိရှိလျှင် ၎င်းကိုကျွန်ုပ်တို့ဖျက်ပစ်နိုင်သည်။ မိမိ၏ကလေးက ကျွန်ုပ်တို့အား ကိုယ်ရေးကိုယ်တာအချက်အလက်များ တိုက်ရိုက်ပေးကြောင်း မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးက သတိပြုမိပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။

လုံခြုံရေး

အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်သုံးခြင်းမှကာကွယ်ရန်အတွက် ကျွန်ုပ်တို့သည် စီမံအုပ်ချုပ်မှု၊ နည်းပညာနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး အစီအမံများကို အသုံးပြုသည်။ အဆိုပါအစီအမံများသည် ကျွန်ုပ်တို့ ရယူစုဆောင်းထားသော အချက်အလက်များ၏ အထိခိုက်မခံနိုင်မှုပေါ်မူတည်၍ ကွဲပြားသည်။ သို့သော် အပြည့်အဝလုံခြုံမှုရှိသော အင်တာနက် သို့မဟုတ် မိုဘိုင်းစက်မှတစ်ဆင့် ထုတ်လွှင့်သည့်နည်းလမ်း (သို့) အီလက်ထရောနစ် သိုလှောင်မှုနည်းလမ်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် သင်၏ အချက်အလက်များကို ကာကွယ်ရန် စီးပွားဖြစ်လက်ခံနိုင်သောနည်းလမ်းများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းသော်လည်း ၎င်း၏အကြွင်းမဲ့လုံခြုံမှုကို အာမ မခံနိုင်ပါ။

သင်သည် မှတ်ပုံတင်ထားသော အသုံးပြုသူဖြစ်ပါက သင်၏အတွင်းရေးနှင့် လုံခြုံမှုအတွက် သင်၏အကောင့်ကို စကားဝှက်တစ်ခုဖြင့်ကာကွယ်ထားကြောင်း သတိပြုပါ။ သင့်စကားဝှက်ကို သင့်လျော်စွာ ရွေးချယ်၍ ကာကွယ်ခြင်း၊ သင့်အကောင့်ကို ဝင်သုံးပြီးနောက် ကွန်ပျူတာနှင့် ဘရောက်ဇာမှထွက်ပြီး ၎င်းတို့ကို ဝင်မသုံးနိုင်အောင် ကန့်သတ်ခြင်းဖြင့် သင်၏အကောင့်နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်သုံးခြင်းမှ ကာကွယ်ရန်မှာ သင်၏တာ၀န်ဖြစ်သည်။

ထိန်းသိမ်းခြင်း

၀န်ဆောင်မှုများမှတစ်ဆင့် ရယူစုဆောင်းထားသော အချက်အလက်များကို ကျွန်ုပ်တို့၏ယုံကြည်ရသော ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများက အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော ဆာဗာများတွင် သိမ်းဆည်းပြီးစီမံခန့်ခွဲသည် (၎င်းတို့တွင် CareHubs/Accountable Care Transactions, Inc.၊ ActiveCampaign၊ Amazon Web Services တို့လည်း အပါအဝင်ဖြစ်သည်)။ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင်နှင့်ဆက်နွှယ်နေသမျှ ကာလပတ်လုံး သို့မဟုတ် ထို့နောက်ပိုင်း တရားဥပဒေနှင့် ညီညွတ်သော လုပ်ငန်းရည်ရွယ်ချက်များအရ ကျိုးကြောင်းသင့်လျော်စွာ လိုအပ်သည်အထိ ကျွန်ုပ်တို့က ထိန်းသိမ်းထားမည်ဖြစ်သည်။

ပြင်ပအဖွဲ့အစည်း လင့်ခ်များနှင့် အခြား St. Jude ဝဘ်ဆိုက်များ

ဝန်ဆောင်မှုများတွင် ပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများသို့ လင့်ခ်များ ပါဝင်နိုင်သည်။ အကယ်၍ သင်သည် အဆိုပါဝဘ်ဆိုက်များ သို့မဟုတ် ၀န်ဆောင်မှုများကို အသုံးပြုမည်ဆိုပါက သင်၏အချက်အလက်များကို ပြင်ပအဖွဲ့အစည်းများသာမက ၎င်းတို့၏ ၀န်ဆောင်မှုလုပ်ငန်းလည်ပတ်ပုံပေါ်မူတည်၍ ၎င်းတို့ကို အသုံးပြုသူများနှင့် အများပြည်သူများအထိ မြင်ရနိုင်သည်။ အဆိုပါပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများကို St. Jude က လုပ်ဆောင်ခြင်းမဟုတ်သဖြင့် St. Jude သည် ထိုဝဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ အကြောင်းအရာများနှင့် အလေ့အထများအတွက် တာဝန်မရှိပါ။ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် အခြားအချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ဖော်ပြခြင်းတို့သည် ပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒများနှင့်သက်ဆိုင်ပြီး ဤမူဝါဒနှင့် မသက်ဆိုင်ပါ။ အဆိုပါပြင်ပအဖွဲ့အစည်းများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် လုံခြုံရေးမူဝါဒများကို ဖတ်ရှုရန် သင့်ကို တိုက်တွန်းပါသည်။

အခြား St.Jude ဝက်ဘ်ဆိုက်များကို ၀န်ဆောင်မှုများမှ တစ်ဆင့်သော်လည်းကောင်း၊ ၀န်ဆောင်မှုများမှတစ်ဆင့်ပေးသောလင့်ခ်များမှလည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်သည် (ဥပမာ- St. Jude Children’s Research Hospital သို့ လင့်ခ်ချိတ်ခြင်း)။ သင့်အချက်အလက်များသည် St.Jude ၏ အခြားဝဘ်ဆိုက်များတွင် ဖော်ပြထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒအောက်တွင် သက်ရောက်ပါမည်။

သင့်အချက်အလက်များကို ဝင်သုံးနည်း၊ ထပ်တိုးပြင်ဆင်နည်းနှင့် သင်အသုံးပြုနိုင်သော အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုများ

သင့်အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုရန် သင့်သတ်မှတ်ချက်များသည် ကျွန်ုပ်တို့အတွက်အရေးကြီးသည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့်ပတ်သက်၍ သင်ကျင့်သုံးနိုင်သည့် အောက်ပါရွေးချယ်မှုများကို ကျွန်ုပ်တို့ ဖော်ပြထားပါသည်-

  • စာရင်းသွင်းမှု ပယ်ဖျက်ခြင်း။ ကျွန်ုပ်တို့၏အစီအစဉ်များ (သို့) ဝန်ဆောင်မှုများတွင် ပါ၀င်ရန် သို့မဟုတ် ကျွန်ုပ်တို့ထံမှ စျေးကွက်ရှာဖွေရေးဆက်သွယ်မှုကို လက်ခံရန် ရွေးချယ်ထားပါက သင်ပါ၀င်မှုကို ရပ်ဆိုင်းရန် သို့မဟုတ် ထိုဆက်သွယ်မှုများရရှိခြင်းမှ ရပ်နားနိုင်စေရန် ကျွန်ုပ်တို့ပြုလုပ်ထားသည်။ အခြားနည်းအဖြစ် ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒအဆုံးရှိ “ကျွန်ုပ်တို့ကို ဆက်သွယ်ပါ” ကဏ္ဍတွင် တွေ့ရသည့် ဆက်သွယ်ရန်အချက်အလက်များကို အသုံးပြုရန် ကျွန်ုပ်တို့အား ဆက်သွယ်နိုင်သည်။
  • သင့်အကောင့်အချက်အလက်များကို စီမံခြင်း။ သင့်တွင် အကောင့်တစ်ခုရှိပါက သင်၏အကောင့်ထဲသို့ ဝင်ရောက်ခြင်းအားဖြင့်သင်၏ ကိုယ်ရေးကိုယ်တာ အကောင့်အချက်အလက်များကို အချိန်မရွေးဝင်သုံးခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုလုပ်နိုင်သည်။ အောက်ဖော်ပြပါ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့ထံ တောင်းဆိုနိုင်ပြီး ထိုဖြစ်ရပ်တွင် သင့်ကို ဝင်သုံးခွင့်မပေးမီ သို့မဟုတ် သင့်အချက်အလက်များကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း မပြုမီ သင့်အထောက်အထားကို ကျွန်ုပ်တို့က အတည်ပြုရန် လိုအပ်နိုင်သည်။ ကျွန်ုပ်တို့ကို together@stjude.org တွင် ဆက်သွယ်ခြင်းဖြင့် သင်၏အကောင့်အချက်အလက်များကို ထပ်တိုးပြင်ဆင်ရန်၊ ပြင်ဆင်ရန် သို့မဟုတ်ပြုပြင်မွမ်းမံရန် တောင်းဆိုနိုင်သည်။ သင့်ကို ကာကွယ်ပေးရန်အတွက် သင်၏တောင်းဆိုမှုကို အကောင်အထည်မဖော်မီ သင့်အထောက်အထားကို ကျွန်ုပ်တို့က အတည်ပြုရန် လိုအပ်ပါမည်။
  • အကောင့်အသုံးပြုမှု ရပ်ဆိုင်းခြင်း။ အကောင့်အသုံးပြုမှုကို ရပ်ဆိုင်းရန် ဆန္ဒရှိပါက အောက်ပါအဆက်အသွယ်အသေးစိတ်အချက်များကိုသုံးပြီး ကျွန်ုပ်တို့ထံ တောင်းဆိုနိုင်သည်။ ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည် ၀န်ဆောင်မှုများပေးရန် ကျိုးကြောင်းသင့်လျော်စွာလိုအပ်သရွေ့ သာ သင်နှင့်ပတ်သက်သော အချက်အလက်များကိုထိန်းသိမ်းထားသည်။ သို့သော် အကောင့်အသုံးပြုမှု ရပ်ဆိုင်းပြီးသည့်နောက်တွင်ပင် သက်ဆိုင်ရာဥပဒေနှင့် ကိုက်ညီသည့် ကာလတစ်ခုအထိ သင်နှင့်ပတ်သက်သည့်အချက်အလက်များ၏ မိတ္တူကို ကျွန်ုပ်တို့ သိမ်းဆည်းထားနိုင်သည်။
  • ကွတ်ကီးများနှင့် အခြားနည်းပညာများ။ ကွတ်ကီးများနှင့် အခြားအလိုအလျောက်နည်းပညာများ အသုံးပြု၍ ရယူစုဆောင်းသော အချက်အလက်များနှင့်သက်ဆိုင်သော မထည့်ဝင်ရန်ရွေးစရာများနှင့်ပတ်သက်သည့် အချက်အလက်များအတွက် (ဥပမာ ပိုင်းခြားစိတ်ဖြာရန်အတွက်) ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒအတွင်း အထက်တွင်ပါရှိသော “ကွတ်ကီးများနှင့် အခြားနည်းပညာများ” နှင့် “အွန်လိုင်း လေ့လာဆန်းစစ်မှုများ” ကဏ္ဍများရှိ အချက်အလက်များနှင့် ဟိုက်ပါလင့်ခ်များကို ဖတ်ရှုပါ။

နိုင်ငံတကာ သုံးစွဲသူများနှင့် လွှဲပြောင်းရန် သဘောတူမှု

ဝန်ဆောင်မှုများကို အမေရိကန်ပြည်ထောင်စုမှ ထိန်းချုပ်ထားပြီး လုပ်ငန်းဆောင်ရွက်သည်။ သင်သည် အမေရိကန်ပြည်ထောင်စုပြင်ပမှနေ၍ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ဝင်ကြည့်ခြင်း သို့မဟုတ် ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်းဖြစ်ပါက (၁) သင် ကျွန်ုပ်တို့ထံ ပေးအပ်သော အချက်အလက်များ သို့မဟုတ် ကျွန်ုပ်တို့ အလိုအလျောက် ရယူစုဆောင်းသော အချက်အလက်များကို အမေရိကန်ပြည်ထောင်စုတွင် လက်ခံရရှိမည်ဖြစ်ပြီး အခြားတရားစီရင်ပိုင်နက်များသို့ လွှဲပြောင်းကောင်း လွှဲပြောင်းနိုင်သည်၊ ထို့အပြင် (၂) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်း သို့မဟုတ် အချက်အလက်များ ပေးပို့ခြင်းဖြင့် သင်သည် ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒနှင့်အညီ ထိုအချက်အလက်များအား အမေရိကန်ပြည်ထောင်စုတွင် စီမံမှုနှင့် အမေရိကန်ပြည်ထောင်စုပြင်ပသို့ ဆက်စပ်လွှဲပြောင်းမှုများကို အတိအလင်းလုပ်ပိုင်ခွင့်ပေးသည်၊ ထို့အပြင် အမေရိကန်ပြည်ထောင်စု ဥပဒေသည် သင့်တရားစီရင်ပိုင်နက်အတွင်းရှိ ဥပဒေနှင့် တစ်ထပ်တည်းတူညီသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကာကွယ်မှုကို ပေးနိုင်မည်မဟုတ်ကြောင်း မှတ်သားထားစေလိုပါသည်။

ဤမူဝါဒအတွင်း ပြုပြင်မွမ်းမံမှုများ

မူဝါဒ ပြုပြင်မွမ်းမံမှု (သို့) ပြောင်းလဲမှုများကို ၀န်ဆောင်မှုများမှတစ်ဆင့် တွေ့ရှိနိုင်သော လက်ရှိ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒတွင် တွေ့မြင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဤမူဝါဒကို အချိန်မရွေး ပြုပြင်မွမ်းမံပိုင်ခွင့်ရှိသည်၊ ထို့ကြောင့် ၎င်းကို မကြာခဏဖတ်ရှုရန် တိုက်တွန်းပါသည်။ ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒတွင် ထင်ရှားသော ပြောင်းလဲမှုတစ်ခုပြုလုပ်ပါက ပြောင်းလဲမှုများ အသက်ဝင်ခြင်းမပြုမီ ဥပဒေအရ လိုအပ်သည့်အတိုင်း သင့်ထံအကြောင်းကြားရန် သင့်တော်သောအဆင့်များအတိုင်း ကျွန်ုပ်တို့ပြုလုပ်ပါမည်။ ပြောင်းလဲမှုတစ်ခုခုနောက်ပိုင်း ၀န်ဆောင်မှုများကို သင်ဆက်လက်အသုံးပြုခြင်းသည် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒတွင် ပြုပြင်မွမ်းမံထားခြင်းအပေါ် သင်လက်ခံကြောင်း ပြသပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ပါ

၀န်ဆောင်မှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား တုံ့ပြန်ချက်ပေးလိုပါက together@stjude.org မှ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

သင့်တွင် St. Jude Children's Research Hospital သို့မဟုတ် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကာကွယ်မှုများနှင့်ပတ်သက်ပြီး မေးမြန်းလိုသည်များ ရှိပါက hipaaprivacy@stjude.org မှ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။