ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ကလေးကင်ဆာမှ အသက်ရှင်သန်သူများတွင် တမူထူးခြားသော ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များရှိသည်။ ရှင်သန်နိုင်ခြင်း ပြုစုစောင့်ရှောက်မှုအစီအစဉ် သည် ရှင်သန်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပံ့ပိုးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အတူတကွ လုပ်ငန်းလုပ်ဆောင်ရန်အတွက် ၎င်းတို့ကို အားဖြည့်ထောက်ကူပေးနိုင်သည်။
ထိုအစီအစဉ်သည် လူနာ၏ ကုသမှုမှတ်တမ်း၊ ဆေးကုသရေးဆိုင်ရာ အထူးစိုးရိမ်ရသည့်အချက်များနှင့် အကြံပြုတင်ပြထားသော ကျန်းမာရေး စိစစ်စစ်ဆေးမှုများအားလုံးကို - စာရွက်စာတမ်းတစ်ခုတည်းနှင့် ပြည့်စုံစွာပြုစုထားသော တိကျ ပြည့်စုံသည့် မှတ်တမ်းတစ်ခုဖြစ်သည်။
ကလေးကင်ဆာသည် ဖြစ်ခဲသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးသူအများစုသည် သူတို့၏ ဆေးကုသရေးအသက်မွေးဝမ်းကြောင်း လုပ်ငန်းများအတွင်း ကလေးကင်ဆာမှ ရှင်သန်လာသူများကို ၁ ဦး သို့မဟုတ် ၂ ဦး အထိသာ တွေ့မြင်ဖူးကြသည်။ ထို့ကြောင့် ကလေးကင်ဆာကုသမှု၏ နောက်ပိုင်းဖြစ်တတ်သောဆိုးကျိုးများ ကို တွေ့မြင်ဖူးလေ့မရှိနိုင်ဖြစ်တတ်သည်။ နောက်ပိုင်းဖြစ်တတ်သောဆိုးကျိုးများသည် ကုသမှုအား အပြီးသတ်သည့်နောက်ပိုင်းတွင် လများ သို့မဟုတ် နှစ်များ ကြာမြင်သည့်အခါ ပေါ်ပေါက်လာသည့် ကျန်းမာရေးအခြေအနေများဖြစ်သည်။ ကုသမှုအပေါ်မူတည်ပြီး ရှင်သန်သူများသည် အခြားအရွယ်ရောက်ပြီးသူများထက် တချို့သော ကျန်းမာရေး စိစစ်စစ်ဆေးမှုများကို စောစီးစွာ လုပ်ဆောင်ရန် သို့မဟုတ် အကြိမ်ရေပို၍ များများပြုလုပ်ရန် လိုအပ်နိုင်သည်။
ရှင်သန်သူ၏ ကလေးသူငယ်ဆိုင်ရာကင်ဆာစင်တာသည် ရှင်သန်သူတစ်ဦးအား သူ သို့မဟုတ် သူမ၏ အစီအစဉ် နှင့်အညီ အထောက်အပံ့ ပေးနိုင်သည်။ အချို့စင်တာများတွင် ရှင်သန်သူများအနေဖြင့် ကိုယ်ပိုင်ဖန်တီးနိုင်သော အွန်လိုင်းကိရိယာများကို ထားရှိပေးကြသည်။ ရှင်သန်သူများသည် သူတို့၏ ကလေးသူငယ်ဆိုင်ရာ ကင်ဆာဌာန၏ ရေရှည်နောက်ဆက်တွဲ လာရောက်ပြသမှု ဆေးခန်းသို့ လာရောက်သည့်အချိန်တိုင်း တွင် အပ်ဒိတ်လုပ်ထားသော မိတ္တူတစ်စောင်ကို ပုံမှန်အားဖြင့် ရရှိကြသည်။
ရှင်သန်သူများသည် ရှင်သန်နိုင်ခြင်းပြုစုစောင့်ရှောက်ရေး အစီအစဉ်များကို သွားဆရာဝန်များ၊ မျက်စိ ဆရာဝန်များ၊ ဆွေးနွေးအတိုင်ပင်ခံသူများနှင့် အရိုးအဆစ် ပြုပြင်ကုသသူများအပါဝင် သူတို့၏ ပင်မကျန်းမာရေးစောင့်ရှောက်သူ ဆရာ၀န်၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူများအား အလွယ်တကူ မျှဝေနိုင်သည်။ သူတို့သည် စောင့်ရှောက်မှုပံ့ပိုးသူထံသို့ သွားရောက်သည့်အခါတိုင်း အပ်ဒိတ်ပြုလုပ်ထားသောအစီအစဉ်ကို သူတို့နှင့်အတူတကွ ထားရှိသင့်သည်။
ရှင်သန်သူများသည် ၎င်းတို့ရရှိထားသော ကုသမှုနှင့် ၎င်းတို့လိုအပ်နေသော နောက်ဆက်တွဲ ကုသမှုအကြောင်းကို တတ်နိုင်သမျှ သိရှိရန် ကြိုးစားသင့်ပါသည်။ ဥပမာအားဖြင့် ရင်ဘတ်အား ဓာတ်ရောင်ခြည်ကုထုံး ခံယူဖူးသူ လူနာတစ်ဦးသည် ရင်သားကင်ဆာ၊ နှလုံးပြဿနာများနှင့် အဆုတ်နှင့် ပတ်သက်သော ကျန်းမာရေးအခြေအနေများကို တွေ့ကြုံရနိုင်သည့် အခြေအနေပိုမိုမြင့်မားနိုင်သည်။ ၎င်းသည် တချို့သော စိစစ်စစ်ဆေးမှုများကို မည်သည့်အခါ စီစဉ်ရေးဆွဲရန်၊ သီးခြားစစ်ဆေးမှုများကို မည်သည့်အခါ ပြုလုပ်ဆောင်ရွက်ရန်နှင့် လိုအပ်လျှင် အထူးကုဆရာဝန်တစ်ဦးအား တိုင်ပင်ဆွေးနွေးရန်တို့အတွက် ပင်မကျန်းမာရေးစောင့်ရှောက်မှုပံ့ပိုးသူဆရာဝန်နှင့် ရှင်သန်သူတို့အား အဆိုပါအလားအလာများကို သိရှိစေသည်။
အစီအစဉ်တစ်ခုစီသည် လူနာတစ်ဦးစီအတွက်ဖြစ်သည်။
ကုသမှုအကျဉ်းချုပ်တွင် အောက်ပါတို့ပါဝင်သည်-
၎င်းတွင် အောက်ပါတို့ပါဝင်သည်-
တချို့သော အဖွဲ့အစည်းများတွင် ရှင်သန်နိုင်ခြင်းပြုစုစောင့်ရှောက်မှုအစီအစဉ်ကို ဖန်တီးရာတွင် အထောက်အကူဖြစ်စေရန် အွန်လိုင်းကိရိယာများကို ထားရှိပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
လူနာများအနေဖြင့် ဤကိရိယာများကို အသုံးမပြုမီ သူတို့၏ ဆရာ၀န်နှင့်အတူ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ကလေးသူငယ်ကင်ဆာမှ ရှင်သန်သူတစ်ဦးဖြစ်သော Marie McGrory သည် သူမ၏ ရှင်သန်မှုအခြေအနေ ကို The Atlantic မဂ္ဂဇင်းမှ Steve Clemons နှင့်အတူ ဆွေးနွေးထားပါသည်။
—
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
—
ပြန်လည်သုံးသပ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ