ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ကျောက်ကပ် (ကျောက်ကပ်) တစ်ရှုးတွေမှာ ကင်ဆာဆဲလ်တွေ ဖွဲ့စည်းတဲ့အခါ ကျောက်ကပ်အကျိတ်များ ဖြစ်ပွားပါတယ်။ ကလေးတွေမှာဖြစ်ပွားတဲ့ ကျောက်ကပ် အကျိတ်အမျိုးအစား အများကြီး ရှိပါတယ်။ အားလုံးခြုံကြည့်ရင် ကလေးဘဝမှာဖြစ်ပွားတတ်တဲ့ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအားလုံးရဲ့ ၇ ရာခိုင်နှုန်းရှိပါတယ်။ တွေ့ရလေ့ရှိတဲ့ ကလေးကျောက်ကပ်အကျိတ်အမျိုးအစားတွေမှာ Wilms အကျိတ်(ကလေးများတွင် အဖြစ်များသည့် ကျောက်ကပ်ကင်ဆာ) နဲ့ ကျောက်ကပ်ဆဲလ်ကင်ဆာ တို့ပါဝင်ပါတယ်။
ကျောက်ကပ်တွေဟာ ဝမ်းဗိုက်ရဲ့အနောက်ဘက်ကျောရိုးမကြီး တစ်ဘက်တစ်ချက်ဆီမှာရှိတဲ့ အစုံလိုက်ရှိတဲ့ ကိုယ်တွင်းအင်္ဂါတစ်စုံဖြစ်ပါတယ်။ သူ့တို့ရဲ့အဓိကလုပ်ဆောင်ချက်က သွေးကို သန့်စင် စစ်ထုတ်ပြီး ဆီးကို ပြုလုပ်ဖို့ဖြစ်ပါတယ်။
ကျောက်ကပ်တွေဟာ ဝမ်းဗိုက်ရဲ့အနောက်ဘက်ကျောရိုးမကြီး တစ်ဘက်တစ်ချက်ဆီမှာရှိတဲ့ အစုံလိုက်ရှိတဲ့ ကိုယ်တွင်းအင်္ဂါတစ်စုံဖြစ်ပါတယ်။ သူ့တို့ရဲ့အဓိကလုပ်ဆောင်ချက်က သွေးကို သန့်စင် စစ်ထုတ်ပြီး ဆီးကို ပြုလုပ်ဖို့ဖြစ်ပါတယ်။
ကလေးတွေမှာ အများဆုံးဖြစ်ပွားတတ်တဲ့ ကျောက်ကပ်ကင်ဆာ (Nephroblastoma) လို့လည်း သိကြတဲ့Wilms အကျိတ်ဟာ ကလေးတွေမှာ အဖြစ်များဆုံးကျောက်ကပ်ကင်ဆာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်နှစ်တိုင်း ကလေး ၅၀၀ ခန့်ဟာ Wilms အကျိတ် ရောဂါရှာဖွေတွေ့ရှိပါတယ်။ အသက် ၅ နှစ်အောက်ကလေးတွေမှာ တွေ့ရလေ့ရှိတာလည်း ဖြစ်ပါတယ်။ အသက် ၁၅-၁၉ နှစ် ဆယ်ကျော်သက်တွေကြားမှာ အဖြစ်များဆုံးကျောက်ကပ်အကျိတ်ဟာ ကျောက်ကပ်ဆဲလ်ကင်ဆာဖြစ်ပါတယ်။ တခြားကျောက်ကပ်အကျိတ်တွေမှာပါဝင်တာက ကြည်လင်ကျောက်ကပ်ဆဲလ်ဆာကိုမာကင်ဆာ၊ အန္တရာယ်ရှိကြွက်သားစင်းအကျိတ် နဲ့ မွေးရာပါ ကျောက်ကပ်အကျိတ်ကျောက်ကပ်ယိုယွင်းမှုများ. ဆာကိုမာကင်ဆာကဲ့သို့ တခြားကင်ဆာများသည် ကျောက်ကပ်မှာ ဖြစ်ပွားနိုင်သကဲ့သို့ ခန္ဓာကိုယ်ရဲ့အခြားအပိုင်းတွေမှာလည်း ထွက်ပေါ်လာနိုင်ပါတယ်။
ကျောက်ကပ်အကျိတ်ရဲ့အကြိုနဲ့ ရောဂါလက္ခဏာများမှာ အလုံးအဖုဖြစ်ခြင်း၊ ဗိုက်ထဲမှာ ရောင်ရမ်းခြင်း (သို့) နာကျင်ခြင်း၊ ဆီးတွင်းသွေးပါခြင်း၊ သွေးတိုးခြင်း၊ ဖျားခြင်း ၊ ဝမ်းချုပ်ခြင်း၊ ဝိတ်ကျခြင်း (သို့) အစာစားချင်စိတ်ပျောက်ဆုံးခြင်းတို့ဖြစ်ပါတယ်။ အချို့မျိုးဗီဇလက္ခဏာတွေ ရှိခြင်း (သို့) တခြားအခြေအနေတွေရှိခြင်းကကျောက်ကပ်အကျိတ်တစ်ခုဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
အကျိတ်အမျိုးအစားပေါ်မူတည်ပြီး ကင်ဆာဟာ ကျောက်ကပ် တစ်ခု (သို့) နှစ်ခုစလုံးမှာ တွေ့နိုင်ပါတယ်။ ကင်ဆာလို့ စစ်ဆေးတွေ့ရှိတဲ့အချိန်မှာပဲ တစ်ခါတစ်လေ အဆုတ်၊ အသည်း၊ အရိုး၊ ဦးနှောက် (သို့) ပြန်ရည်ဖုများကို ပျံ့နှံ့နေပြီးတာမျိုးဖြစ် နိုင်ပါတယ်။
ကျောက်ကပ်အကျိတ်အများစုအတွက် ကုသမှုဟာ အကျိတ်ပေါ်မူတည်ပြီးခွဲစိတ်မှု၊ ကင်ဆာဓာတုဆေးသွင်းကုထုံး ၊နဲ့/သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးတို့ကို ပေါင်းစပ်ထားတဲ့ကုသမှုတစ်ခု ပါဝင်နိုင်ပါတယ်။ ကျောက်ကပ်ဖြတ်ထုတ်ခြင်းဆိုတာဟာ ကျောက်ကပ်တစ်ခုလုံး(အားလုံးဖြတ်ထုတ်ခြင်း) သို့ တစ်စိတ်တစ်ပိုင်း(တစ်စိတ်တစ်ပိုင်းဖြတ်ထုတ်ခြင်း)ကို ဖယ်ရှားတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ကျောက်ကပ်အကျိတ်နဲ့ အတိုင်းအတာတွေဟာရောဂါအလားအလာခန့်မှန်းမှုနဲ့ ကုသမှုရွေးချယ်မှုပိုင်းကို သက်ရောက်မှုရှိပါတယ်။
ကျောက်ကပ်အကျိတ်တွေရဲ့ ယေဘုယျရောဂါလက္ခဏာများမှာ ပါဝင်တာကတော့-
သွေးတွင်း ထုံးဓာတ်မြင့်မားမှုကြောင့် လူနာတွေဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အလွန်အမင်းရေဆာခြင်း သို့/နဲ့ အန်ခြင်းတွေ ဖြစ်နိုင်ပါတယ်(သွေးတွင်း ထုံးဓါတ်မြင့်မားခြင်း - Hypercalcemia)။ ဝမ်းဗိုက်တွင်းအစိုင်အခဲရှိနေခြင်းကြောင့် တချို့လူနာတွေမှာ ဝမ်းချုပ်ခြင်းကို ကုသသော်လည်း ရောဂါလက္ခဏာလျော့ပါးခြင်းမရှိ တာကို တွေ့ရနိုင်ပါတယ်။
ကျောက်ကပ်အကျိတ်တွေကို အကဲဖြတ်ဖို့အတွက် စစ်ဆေးမှုအမျိုးမျိုးကိုသုံးပါတယ်။ ဤစမ်းသပ်မှုများတွင် အောက်ပါအချက်များ ပါဝင်ပါသည်။
Ultrasound လို ပုံရိပ်ဖော်စစ်ဆေးမှုတွေဟာ အကျိတ်ရဲ့အရွယ်အစားကို ဆရာဝန်တွေနားလည်ဖို့ အထောက်အကူပြုပါတယ်။ အကျိတ်ဟာ ပျံ့နှံ့နေပြီလားဆိုတာကိုလည်း Ultrasound က ပြသပါတယ်။
အကျိတ်အဆင့်ဟာ အကျိတ်အရွယ်အစားနဲ့ ကင်ဆာပျံ့နှံ့ပြီးပြီလားဆိုတာကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ ပုံရိပ်ဖော်စစ်ဆေးမှု၊ ခွဲစိတ်မှုနဲ့ ရောဂါဗေဒ စစ်ဆေးမှုဟာ ရောဂါအဆင့်အတွက် အချက်အလက်ပေးပါတယ်။ ကျောက်ကပ်အကျိတ်အမျိုးအစားအားလုံးအတွက်-
ကျောက်ကပ်အကျိတ်အားလုံးအတွက် မြင့်မားတဲ့ ရောဂါအဆင့်နဲ့လူနာတွေဟာ (ကင်ဆာဟာ ပျံ့နှံ့ပြီး သို့ တခြားခန္ဓာကိုယ်အပိုင်းဆီ ပျံ့ပွားပြီး) ရောဂါက ပိုပြင်းထန်ပြီး ကုသဖို့ ခက်တာကြောင့် ပိုမို ပြင်းထန်အခြေအနေရှိတဲ့ရောဂါအလားအလာ ခန့်မှန်းချက်တစ်ခုကို ရရှိမှာဖြစ်ပါတယ်။
ကုသမှုပြီးနောက် ပြန်ဖြစ်ပွားမှုတွေကို စစ်ဆေးနေဖို့ အချိန်တစ်ခုကြာအောင် နောက်ဆက်တွဲဂရုစိုက်မှု ကို လူနာတွေက လက်ခံရရှိပါတယ်။ ဆေးဘက်ဆိုင်ရာအဖွဲ့ဟာ လိုအပ်တဲ့ စစ်ဆေးမှုအမျိုးအစားများနဲ့ စစ်ဆေးဖို့လိုတဲ့ အကြိမ်ရေအတွက် တိကျတဲ့ အကြံပြုချက်များကို ပြုလုပ်ပါလိမ့်မယ်။ အချို့အမွေခံလက္ခဏာ (သို့) မျိုးဗီဇအခြေအနေများနဲ့ လူနာတွေဟာ အနာဂတ်ကင်ဆာဖြစ်နိုင်ခြေရှိနိုင်ပြီး ထပ်ဆောင်းဂရုစိုက်မှု လိုအပ်ပါတယ်။
ကျောက်ကပ်တစ်လုံးဖယ်ရှားထားတဲ့လူနာတွေဟာ ကျန်တစ်လုံးနဲ့ ပုံမှန်တက်ကြွတဲ့ဘဝကို နေထိုင်နိုင်ပါတယ်။ ဒါပေမယ့် မိသားစုတွေဟာ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များနဲ့ ဘဝနေထိုင်မှုအလေ့အထများကို သူတို့ရဲ့ဆရာဝန်တွေနဲ့ ဆွေးနွေးဖို့က အရေးကြီးပါတယ်။ လူနာတွေဟာ နှစ်စဉ် ပုံမှန်ဆေးစစ်မှုတစ်ခုတော့ ပြုလုပ်သင့်ပါတယ်။ စစ်ဆေးမှုတွေမှာ သွေးပေါင်ချိန်၊ ကျောက်ကပ်လုပ်ဆောင်မှု (BUN၊ Creatine) နဲ့ ဆီးစစ်ခြင်းတို့ ပါဝင်သင့်ပါတယ်။ အဲလိုစစ်ဆေးတဲ့အခါ ပြဿနာရှိတယ်ဆိုရင် လူနာတွေကိုကလေးကျောက်ကပ်အထူးကုမှ ဆက်လက်ကြည့်ရှု့သင့်ပါတယ်။
ကျောက်ကပ်အကျိတ်ကုသမှုပြုလုပ်ထားတဲ့ကလေးတွေဟာ ကုထုံးနဲ့ပတ်သက်ပြီး နောက်ပိုင်းသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အထွေထွေကျန်းမာရေးနှင့် ရောဂါ ကာကွယ်ခြင်းအတွက် ကင်ဆာရောဂါပျောက်ကင်းသူ အားလုံးသည် ကျန်းမာသော နေထိုင်မှုပုံစံနှင့် စားသောက်မှု အလေ့အထများကို မွေးမြူသင့်ပါသည်။ ထို့ပြင် မူလအစကတည်းက ပြသခဲ့သော ဆရာဝန်ထံတွင် ပုံမှန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများနှင့် မ်းသပ်စစ်ဆေးမှုများကိုလည်း ဆက်လက် လုပ်ဆောင်သင့်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့စေသော ကင်ဆာဓာတုဆေးသွင်းကုထုံး (သို့) ဓာတ်ရောင်ခြည်နဲ့ ကုသရှင်သန်သူတွေကို ကုထုံးရဲ့ စိုးရိမ်ဖွယ်ရာနောက်ပိုင်းသက်ရောက်မှုတွေအတွက် စောင့်ကြည့်သင့်ပါတယ်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရှင်သန်သူလေ့လာချက်အရ ရှင်သန်သူ ၂၅%ခန့်ဟာ ရောဂါစစ်ဆေးတွေ့ရှိပြီးနောက် ၂၅နှစ်ကြာတဲ့ထိ ဆိုးဝါးတဲ့နာတာရှည်ကျန်းမာရေးအခြေအနေတွေ ရှိဆဲဖြစ်ပါတယ်။ ဒီအခြေအနေတွေမှာ ပါဝင်တာတွေကတော့ ဒုတိယကင်ဆာများ (ဓာတ်ရောင်ခြည်နဲ့ အချို့ ကင်ဆာဓာတုဆေးသွင်းကုထုံးဆေးဝါးများကို ထိတွေ့ပြီးနောက် မြင့်မားလာတဲ့အန္တရာယ်)၊ သွေးစုပြီး နှလုံးရောင်ရမ်းပျက်စီးမှု (Doxorubicinနှင့် ထိတွေ့မှုကြောင့်)၊ မြုံခြင်း (မျိုးမအောင်ခြင်း) (သို့) ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်ပွားလာသော နောက်ဆက်တွဲ ဆိုးကျိုးများ (ကင်ဆာဓာတုဆေးသွင်းကုထုံးဆေးဝါးစုံအမျိုးမျိုးကို ထိတွေပြီးနောက် မြင့်မားလာတဲ့အန္တရာယ်) နဲ့ ကျောက်ကပ်ပျက်စီးမှု (သို့) နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါတို့ ဖြစ်ပါတယ်။ အားလုံးဖြတ်ထုတ်ထားတဲ့ရှင်သန်သူတွေဟာ ကျောက်ကပ်ပြဿနာဖြစ်ပွားနိုင်ခြေမြင့်မားပါတယ်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018