အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ လူနာများအတွက် ဝေဒနာခံစားမှု သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှု

ကလေးများအတွက် ဝေဒနာခံစားမှု သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုဆိုသည်မှာ ဆိုးရွားပြင်းထန်သော နာမကျန်းမှုကို ရင်ဆိုင်နေရသည့် ကလေးများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှုအမျိုးအစားတစ်ရပ်ဖြစ်သည်။ ဝေဒနာခံစားမှု သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုသည် သက်တောင့်သက်သာရှိမှုနှင့် ဘဝအရည်အသွေးအပေါ်တွင် အာရုံစိုက်လုပ်ဆောင်ပါသည်။ ဝေဒနာခံစားမှု သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့ သည် ကလေးနှင့် သူ/သူမ၏ မိသားစုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို လိုက်လျောညီထွေပြင်ဆင်နိုင်ရန်အတွက် ပင်မဆေးဝါးကူညီမှု အသင်းနှင့်အတူ လုပ်ဆောင်ပါသည်။

ကင်ဆာရောဂါရှိသူ ကလေးများနှင့် သူတို့၏ မိဘများအတွက် ဝေဒနာခံစားမှု သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုမှု၏ အဓိကရည်မှန်းချက်များမှာ အောက်ပါတို့ဖြစ်သည်-

  • နာကျင်ကိုက်ခဲခြင်းအား စီမံခြင်း နှင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ နုံးခွေခြင်းနှင့် အိပ်စက်မှုအခက်အခဲကဲ့သို့သော အခြားရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများကို စီမံဆောင်ရွက်ရန်။ 
  • စိုးရိမ်သောက နှင့် စိတ်ဓာတ်ကျခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများနှင့် ပတ်သက်၍ အထောက်အကူပြုရန်နှင့် မိဘနှင့် မိသားစုထံသို့ စိတ်ခံစားချက်ဆိုင်ရာနှင့် လူမှုရေးအထောက်အပံ့များ ပေးစွမ်းရန်။ 
  • ကုသမှုနှင့် စောင့်ရှောက်မှုရွေးချယ်ချက်များကို လူနာနှင့် မိဘတို့၏ ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိစေရန်။
  • မတူညီသော ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များအကြား စောင့်ရှောက်မှုနှင့် ဆက်သွယ်မှု ပေါင်းစပ်လုပ်ဆောင်ရာတွင် ပံ့ပိုးရန်။
  • မိသားစုများအား လူမှုအသိုင်းအဝိုင်းအခြေပြု အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများထံသို့ ချိတ်ဆက်ရန်။

ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုသည် ကင်ဆာကုသမှုခရီး၏ အနိမ့်အမြင့်ဒဏ်ချက်များကို ဖြတ်ကျော်ရာတွင် အထောက်အကူဖြစ်စေပါသည်။

ဝေဒနာခံစားမှု သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုသည် ကင်ဆာကုသမှုခရီးတစ်လျောက်တွင် ကလေးနှင့် မိသားစုတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ၊ လူမှုရေးနှင့် နာမ်စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များစွာကို စီမံဆောင်ရွက်ရာတွင် အကူအညီဖြစ်စေပါသည်။ ကင်ဆာရောဂါရှိသည့် ကလေးများအား အထောက်အကူပြုသော ပြုစုစောင့်ရှောက်မှုကို စောစီးစွာ ပြုလုပ်ပေးလျှင် ပို၍အခြေအနေကောင်းမွန်စေပါသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ကုသမှုအတွင်း ဘဝအရည်အသွေးကို တိုးတက်မှုရရှိစေသည်သာမက ပိုမိုကောင်းမွန်သည့် ကုသမှုအကျိုးရလာဒ်များကို ဦးတည်စေနိုင်မည်ဖြစ်ပါသည်။

ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုများကို ကင်ဆာအပြီးတိုင်ဖယ်ရှားရန် ဦးတည်လုပ်ဆောင်သည့် ကုသပျောက်ကင်းစေရန် အာရုံစိုက်လုပ်ဆောက်သည့် ကုသမှုနှင့်အတူ ပံ့ပိုးပါသည်။ စောင့်ရှောက်မှုသည် အခြေအနေတစ်ခုချင်းစီအပေါ် အခြေခံ၍ ပြောင်းလဲမှုရှိသော်လည်း ၎င်းကို လူနာနှင့် မိသားစုအပေါ် ဗဟိုပြုလုပ်ဆောင်ပါသည်။

ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုအရင်းအမြစ်များက လူနာများနှင့် မိသားစုများကို ကင်ဆာ ဘေးထွက်ဆိုးကျိုးများနှင့် ၎င်း၏ ကုသမှုများကို စီမံဆောင်ရွက်ရန်၊ ဆိုးရွားပြင်းထန်သော နာမကျန်းဖြစ်မှု၏ စိတ်ဖိစီးမှုဒဏ်ကို ရင်ဆိုင်ဖြေရှင်းရန်၊ အချက်အလက်များနှင့် စောင့်ရှောက်မှုရွေးချယ်ခွင့်များကို နားလည်သဘောပေါက်ရန်အတွက် အထောက်အကူဖြစ်စေ၍ ကုသမှုနှင့် ရွေးချယ်ချက်များအား စီစဉ်ရာတွင် တက်တက်ကြွကြွရှိစေပါသည်။ ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုသည် စောင့်ရှောက်မှုနှင့် ကုသမှုကို စုစည်းလုပ်ဆောင်ရန် ဆေးဝါးကူညီမှု အသင်းဝင်များအကြား ဆက်သွယ်မှုကိုလည်း တိုးတက်မှုရရှိစေပါသည်။

ဝေဒနာခံစားမှု သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုသည် ဆိုးရွားပြင်းထန်သော နာမကျန်းမှုတစ်ခုအတွင်း အခြားသောအထောက်အပံ့တစ်ရပ်ကိုလည်း မည်သည့်အချိန်၌မဆို ပေးစွမ်းနိုင်ပါသည်။

ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုမှ လူနာများနှင့် မိသားစုများအတွက် ထောက်ပံ့ပေးနိုင်သော နည်းလမ်းများ 

  • နာကျင်ကိုက်ခဲခြင်း နှင့် အခြားရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများနှင့် ပတ်သက်၍ အကူအညီပေးခြင်း
  • စိတ်ခံစားချက်ဆိုင်ရာ၊ လူမှုရေးနှင့် နာမ်ဝိဉာဏ်ပိုင်းဆိုင်ရာ အထောက်အပံ့
  • ကုသမှုအစီအစဉ်များနှင့်စပ်လျဉ်းသည့် တစ်ခုနှင့် တစ်ခုအကြား ဆက်သွယ်မှု၊ စောင့်ရှောက်မှုအား ပေါင်းစပ်လုပ်ဆောင်ခြင်းတို့ကို သေချာမှုရှိစေရန်နှင့် လူနာနှင့် မိသားစုရည်မှန်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သော ဝန်ဆောင်မှုများကို ထောက်ပံ့ရန်အတွက် လူနာကို ပြုစုစောင့်ရှောက်သည့် အဖွဲ့ဝင်များအားလုံးနှင့်အတူ လုပ်ကိုင်ဆောင်ရွက်ခြင်း
  • ကလေး၏ လိုအပ်ချက်များအရ ဆေးကုသရေးနှင့် သက်တောင့်သက်သာရှိစေရေးစောင့်ရှောက်မှုကို ပေါင်းစပ်လုပ်ဆောင်ခြင်း
  • ကင်ဆာရောဂါရှိသူ ကလေးများအတွက် ဘဝအရည်အသွေးတိုးတက်မှုရရှိစေရန် ဘဝတိုးတက်မြင့်မာရေး လုပ်ဆောင်ချက်များကို ပေးစွမ်းခြင်း
  • အချက်အလက်များမျှဝေခြင်းနှင့် စောင့်ရှောက်မှုနှင့် ကုသမှုတို့နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များချမှတ်ရာတွင် လမ်းညွှန်ခြင်း
  • နိစ္စဒူဝစိုးရိမ်ပူပန်မှုများကို စီမံဆောင်ရွက်ရာတွင် မိသားစုများအတွက် အထောက်အကူဖြစ်စေသည့် အရင်းအမြစ်များကို ပေးစွမ်းခြင်း
  • မိသားစုများအား လူမှုအသိုင်းအဝိုင်းအခြေပြု အရင်းအမြစ်များနှင့် ချိတ်ဆက်ပေးခြင်းနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးခြင်း။
  • ညွှန်ပြသည့်အခါတွင်ဘဝနိဂုံးချုပ်ခြင်းအတွက် စီစဉ်ပြီး ပံ့ပိုးခြင်း
  • မိသားစုဆိုင်ရာ အထောက်အပံ့နှင့်ဝမ်းနည်းပူဆွေးခြင်းဆိုင်ရာ စောင့်ရှောက်မှုတို့ကို ပေးစွမ်းခြင်း

ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့

ဆိုးရွားပြင်းထန်သော နာမကျန်းမှုနှင့် ဆက်နွယ်သည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုအထူးကုဆရာဝန်များကို လေ့ကျင့်ပေးထားပါသည်။ အဖွဲ့တွင် ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုဆိုင်ရာ ဆရာ၀န်၊ သူနာပြုဆရာမနှင့် လူမှုအလုပ်သမားတစ်ဦးစီ ပါဝင်လေ့ရှိသည်။ သို့ရာတွင် မတူညီသော ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များသည် ကလေးနှင့် မိသားစု၏ သီးခြား စိုးရိမ်ပူပန်မှုများကို ဖြည့်ဆည်းရန်အတွက် ထောက်ပံ့စောင့်ရှောက်မှုအတွင်းတွင် မကြာခဏ ပူးပေါင်းလုပ်ဆောင်လေ့ရှိပါသည်။ ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုကို ကလေး၏ အခက်အခဲကြုံတွေ့ရသော နာမကျန်းဖြစ်မှုခရီးအစပိုင်းတွင် စနိုင်ပြီး ထိုသို့ စတင်သင့်ပါသည်။

ဆေးရုံမှ စီစဉ်သတ်မှတ်မှုအတွင်း အမျိုးသမီးတစ်ဦးအား အခြားအမျိုးသမီးတစ်ဦးက နှစ်သိမ့် ပေးနေခြင်း

ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ သည် ကလေးနှင့် သူ/သူမ၏ မိသားစုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို လိုက်လျောညီထွေပြင်ဆင်နိုင်ရန်အတွက် ပင်မဆေးဝါးကူညီမှု အသင်းနှင့်အတူ လုပ်ဆောင်ပါသည်။

ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့တွင် အောက်ဖော်ပြပါ လူပုဂ္ဂိုလ်များ ပါဝင်သည်-

ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့သည် လူနာတစ်ယောက်၏ ပုံမှန်လုပ်ဆောင်ရသော ဆေးဝါးကူညီမှု အသင်း၏ နေရာတွင် အစားထိုးထည့်သွင်းခြင်း မဟုတ်ပါ။ ထို့ပြင် ၎င်းတို့သည် အကောင်းဆုံးသော လိုက်လျောညီထွေပြင်ဆင်နိုင်သည့် စောင့်ရှောက်မှုကို ပံ့ပိုးရာတွင် တွဲဖက်လုပ်ကိုင်သူများအဖြစ် ထမ်းဆောင်သူများဖြစ်ပါသည်။

ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှု ဝန်ဆောင်မှုများအား ရှာဖွေခြင်း

ကလေး၏ ဆရာ၀န်က အဆိုပါ ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုသည် အထောက်အကူပြုပေးနိုင်သည်ဟု ခံစားရလျှင် သူ သို့မဟုတ် သူမသည် ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုများအတွက် လွှဲပြောင်းပေးခြင်းကို ပြုလုပ်နိုင်သည်။ တခါတရံတွင် ဝန်ဆောင်မှုများကို ကလေးအား ကုသမှု ပြုလုပ်ပေးနေသည့် ဆေးရုံ သို့မဟုတ် ဆေးခန်းမှတဆင့် ပေးပါသည်။ တခါတရံတွင် အချို့သော ဆေးကုသရေးဌာနများက ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှု ဆွေးနွေးအကြံဉာဏ်ရယူမှု ကို ကလေးထံတွင် ဆိုးရွားပြင်းထန်သော နာမကျန်းမှုရှိနေကြောင်း ရောဂါရှာဖွေသည်နှင့် တစ်ပြိုင်နက် ပေးစွမ်းပါသည်။ ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုအကြောင်းကို ၎င်းတို့၏ ဆရာဝန်များနှင့် ဆွေးနွေးပြောဆိုရန်နှင့် ရရှိနိုင်သော ရွေးချယ်ခွင့်များကို ရှာဖွေကြရန် မိသားစုများကို တိုက်တွန်းပါသည်။ အာမခံအစီအစဉ်အများအပြားသည် ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှု၏ ကုန်ကျစရိတ်များအတွက် ကျခံပေးနိုင်ပါသည်။ ကျန်းမာရေးအာမခံအစီအစဉ်အများအပြားသည် ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများအတွက် လွှမ်းခြုံပေးနိုင်ပါသဖြင့် သင့်တွင် မေးမြန်းလိုသည်များရှိလျှင် လူမှုလုပ်သားမှ ငွေရေးကြေးရေးမေးခွန်းများကို ဖြေကြားပြီး အထောက်အကူပြုမည် ဖြစ်ပါသည်။ ဒေသအတွင်းရှိနာတာရှည်ရောဂါဝေဒနာရှင်များ စောင့်ရှောက်ရေးအဖွဲ့အစည်းများသည် မိသားစုများအတွက် နောက်ထပ်အလားအလာရှိသော အရင်းအမြစ်ဖြစ်သည်။

ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှု ပံ့ပိုးရေးလမ်းညွှန်

အရင်းအမြစ်များ

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018