အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအတွက် ကုသရေးဆိုင်ရာ အာဟာရ

အာဟာရသည် ကင်ဆာဖြစ်ပွားနေသော ကလေးများအတွက် အထူးအရေးကြီးသည့် အချက်ဖြစ်သည်။ အာဟာရကို ဂရုစိုက်ခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ကလေးများအား ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးစေရန်နှင့် အသက်အရွယ်နှင့် သင့်လျော်သော လုပ်ငန်းဆောင်တာများတွင် တက်ကြွစွာ ပါဝင်စေရန်တို့ကို ကူညီရန်ဖြစ်သည်။ ကောင်းမွန်သော အာဟာရသည် ဖျားနာခြင်း၊ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် တက်ခြင်းနှင့် နုံးခွေခြင်းကဲ့သို့ ပြဿနာများမှ ကာကွယ်ပေးနိုင်ပါသည်။ အာဟာရကို ဂရုစိုက်ခြင်းသည် ကင်ဆာရောဂါခံစားနေရစဉ်နှင့် ကုသမှုကာလအတွင်း ဖြစ်ပွားသော ဘေးထွက်ဆိုးကျိုးများနှင့် အခြားပြဿနာများအတွက် အထောက်အကူပြုနိုင်ပါသည်။

အာဟာရဆိုင်ရာ ဂရုစိုက်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးခြင်း အမူအကျင့်များ မိသားစုဝင်များတွင် ဖြစ်ထွန်းလာစေရန် ကူညီပေးပါသည်။ စားပွဲများသည် လူအများ အတူတကွလုပ်ဆောင်သော အရေးကြီးသည့်အရာတစ်ခုဖြစ်သည်။ ကင်ဆာရောဂါခံစားနေရပါက ၎င်းသည် ခက်ခဲနိုင်ပါသည်၊ သို့သော် အာဟာရကို ဂရုစိုက်ခြင်းမှ ကူညီပေးနိုင်ပါသည်။

ကုသရေးဆိုင်ရာ အာဟာရဗေဒပညာရှင်များသည် ကလေးကင်ဆာလူနာအတွက် ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာကို စီစစ်ပေးသည်။

ဆရာဝန်များသည် ကလေးကင်ဆာလူနာများကို ကုသစဉ်နှင့် နလန်ထ ကာလအတွင်း စားမြဲအစားအသောက်ဆိုင်ရာအကဲဖြတ်ခြင်း၊ ဆွေးနွေးပညာပေးခြင်း နှင့်/သို့မဟုတ် အာဟာရ ကုထုံးတို့ကို မကြာခဏ လုပ်ဆောင်ခိုင်းပါသည်။

အာဟာရ ထောက်ပံ့မှု

ပုံမှန်အတိုင်း မစားနိုင် သို့မဟုတ် အစာမခြေနိုင်သော ကလေးများအား ပုံမှန်အတိုင်း ဖွံ့ဖြိုးစေရန်နှင့် တက်ကြွစေရန်လိုအပ်သော အာဟာရဓာတ်များကို အာဟာရပံ့ပိုးမှု ဖြင့်  ဖြည့်ဆည်းပေးသည်။ အစားအစာကို ပါးစပ်မှတစ်ဆင့် စားခြင်းသည် အကောင်းဆုံးဖြစ်သော်လည်း အစားမစားနိုင်သော လူနာများကို အာဟာရပံ့ပိုး နိုင်ပါသည်။

အာဟာရပံ့ပိုးမှုတွင် ထည့်သွင်းအာဟာရ သို့မဟုတ် ပြွန်ဖြင့် အစာသွင်းခြင်းနှင့် သွေးကြောများအတွင်းသို့ အာဟာရဓာတ်များကို တိုက်ရိုက်ပေးပို့သော သွေးသွင်းအာဟာရတို့ ပါဝင်သည်။

အာဟာရပံ့ပိုးမှု၏အထောက်အကူပြုပုံ

ကင်ဆာသည် ကလေးငယ်များအား ကျန်းမာရေးကောင်းရန်အတွက် လိုအပ်သည့်အစားအစာများမစားနိုင်ဘဲ ရှိစေသည်။ အချို့ကုသမှုများသည် အစားအသောက်များကို အရသာဆိုးစေသည်။ ကလေးများသည် အန်ချင်စိတ်ဖြစ်ပေါ်နိုင်သည် သို့မဟုတ် ခံတွင်းပျက်နိုင်သည်။ ကလေးအချို့သည် ကုသမှုခံယူပြီးနောက် မျိုချရန် ခက်ခဲ သောအဆင်မပြေခြင်းဖြစ်နိုင်ပါသည်။

အာဟာရပံ့ပိုးမှုသည် ကလေးတစ်ယောက် လိုအပ်သော အာဟာရဓာတ်များရရှိစေရန်သေချာစေပြီး ကိုယ်အလေးချိန်ကျဆင်းခြင်းအား ကူညီတားဆီးပေး၍ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေပါသည်။

အာဟာရနှင့် ကင်ဆာ

ဆရာဝန်များသည် လူနာများကို ကုသစဉ်နှင့် နလန်ထစဉ်ကာလတွင် စားမြဲအစားအသောက်ဆိုင်ရာအကဲဖြတ်ခြင်း၊ ဆွေးနွေးပညာပေးခြင်းနှင့်/သို့မဟုတ် အာဟာရ ကုထုံးတို့ကို မကြာခဏ လုပ်ဆောင်ခိုင်းပါသည်။ ဆေးဘက်ဆိုင်ရာ အာဟာရကုထုံး သို့မဟုတ် ကုသရေးဆိုင်ရာ အာဟာရကို ဆေးရုံများနှင့် ဆေးခန်းများအပါအဝင် နေရာမျိုးစုံတွင် ရရှိနိုင်ပါသည်။ ကင်ဆာကုသမှု လုပ်ငန်းစဉ်အဆင့်တိုင်းကို အာဟာရဂရုစိုက်ခြင်းမှ အကူအညီပေးနိုင်ပါသည်။

ကင်ဆာရောဂါခံစားနေရသော ကလေးများအတွက် အာဟာရကုထုံးသည် လူနာနှင့် မိသားစုဝင်များအား အောက်ပါအရာတို့ကိုစီမံနိုင်စေရန် အကူအညီဖြစ်စေပါသည်-

  • အစားစာချင်စိတ်နည်းခြင်း။ 
  • အန်ချင်စိတ်ဖြစ်ခြင်းနှင့် ပျို့အန်ခြင်း။
  • အစာခြေစနစ် ပြဿနာများ။
  • အစားအသောက် အရသာပြောင်းလဲခြင်း။
  • အာသီးနှင့် လည်ချောင်းနာခြင်း။
  • အစာစားချိန်များခြင်း။
  • ဝါးခြင်းနှင့် မျိုချခြင်း ပြဿနာများ။
  • အားဖြည့်စာနှင့် အစားအသောက် လိုအပ်ချက်များ။
  • ကိုယ်ခံအားနည်းသော ကလေးများအတွက် အစားအသောက် ဘေးကင်းရေး။
  • ကိုယ်အလေးချိန် ကျဆင်းခြင်းနှင့် ကိုယ်အလေးချိန် တိုးခြင်း။
  • အစားအသောက် ဓာတ်မတည့်ခြင်း။
  • အာဟာရပံ့ပိုးမှု (ထည့်သွင်းအာဟာရနှင့် ‌သွေးသွင်းအာဟာရ ကုထုံး)။

အာဟာရပညာရှင်ဟူသည်မှာ အဘယ်နည်း။

အာဟာရ ပညာရှင်များ — အာဟာရဗေဒပညာရှင်များ၊ အာဟာရသိပ္ပံပညာပါရဂူများ၊ မှတ်ပုံတင်ထားသော အာဟာရသိပ္ပံပညာပါရဂူများ (RDs) သို့မဟုတ် မှတ်ပုံတင်ထားသော အာဟာရသိပ္ပံပညာပါရဂူများ/အာဟာရဗေဒပညာရှင်များ (RDNs) — သည် ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ အရေးကြီးသော အဖွဲ့ဝင်များဖြစ်သည်။ အာဟာရသိပ္ပံပညာပါရဂူများသည် အာဟာရနယ်ပယ်အမျိုးမျိုးတွင် အထူးသင်တန်းများ တက်မြောက်ထားသည်။ ၎င်းတို့သည် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးခြင်းအမူအကျင့်များ၊ အထူးအစားအစာများနှင့် ဖျားနာခြင်းအတွက် အာဟာရနှင့် အစားအသောက်များမှ လုံလောက်သော အာဟာရဓာတ်များမရနိုင်သော ကလေးများအတွက် ကုထုံးများနှင့်ပတ်သက်၍ အကူအညီပေးနိုင်ပါသည်။

ကုသရေးဆိုင်ရာ အာဟာရသိပ္ပံပညာပါရဂူတစ်ဦး၏ တိကျသော ဝန်ဆောင်မှုများတွင် အောက်ပါတို့ပါဝင်သည်-

  • အာဟာရကို အကဲဖြတ်ခြင်း
  • စိတ်နှင့်ကိုယ်ကျန်းမာရေးအတွက် အစားအစာဆိုင်ရာ ဆွေးနွေးပညာပေးခြင်း
  • အချို့ရောဂါများ (နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးအတွင်း အဆီဓာတ်ပမာဏ ချို့ယွင်းခြင်း၊ ဆီးချိုရောဂါ၊ အစာခြေရန် ခက်ခဲသောရောဂါ၊ အသည်းမာ/ အသည်းခြောက် ရောဂါ၊ Chrohn နှင့် အခြား အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ HIV/AIDS၊ COPD၊ အသက်ရှုလမ်းကြောင်းတွင် ပိုးဝင်သည့် မျိုးရိုးဗီဇရောဂါ၊ ကျောက်ကပ်ရောဂါ၊ စားသုံးမှု ပုံမှန်မဟုတ်ခြင်းများ) အတွက် အာဟာရကို ဂရုစိုက်ခြင်း
  • မွေးကင်းစနှင့် ကလေးငယ် မျိုချခြင်းနှင့် အစာကျွေးခြင်း
  • အာဟာရပျက်ယွင်းခြင်းနှင့် ကြီးထွားမှု ပုံမှန်မဟုတ်ခြင်းများ
  • ကိုယ်အလေးချိန် ထိန်းသိမ်းမှု
  • အမျိုးသမီးကျန်းမာရေး- ကိုယ်ဝန်ဆောင်ခြင်း၊ နို့ရည်ထုတ်လုပ်ခြင်း၊ အရိုးအားနည်းခြင်း၊ သွေးအားနည်းခြင်း
  • အာဟာရပံ့ပိုးမှု- ပါးစပ်မှတစ်ဆင့် အာဟာရသွင်းခြင်း၊ ထည့်သွင်းအာဟာရ၊ သွေးသွင်းအာဟာရ

အာဟာရပညာရှင်ကို ရှာဖွေခြင်း

ကျန်းမာရေး စောင့်ရှောက်မှုနယ်ပယ်ရှိ အာဟာရပညာရှင်အများစုသည် မှတ်ပုံတင်ထားသော အာဟာရသိပ္ပံပညာပါရဂူများ (RDs) သို့မဟုတ် မှတ်ပုံတင်ထားသော အာဟာရသိပ္ပံပညာပါရဂူ အာဟာရဗေဒပညာရှင်များ (RDNs) ဖြစ်ကြသည်။ ၎င်းတို့သည် အာဟာရနှင့် လူနာစောင့်ရှောက်ခြင်းဆိုင်ရာ ပညာရပ်နှင့် အထူးသင်တန်းတို့တွင် အထူးပြုထားသည်။ မှတ်ပုံတင်ထားသော အာဟာရသိပ္ပံပညာပါရဂူများသည် နိုင်ငံတော်အဆင့် စာမေးပွဲကိုလည်း အောင်မြင်ထားသူများဖြစ်သည်။ အချို့သောအာဟာရသိပ္ပံပညာပါရဂူများသည် ကလေးအထူးကု (CSP) သို့မဟုတ် ကင်ဆာပညာရပ် (CSO) ကဲ့သို့သော အထူးပြုဘာသာရပ်များတွင် လက်မှတ်များရှိသည်။ ပြည်နယ်အများအပြားတွင် အာဟာရ ပညာရှင်များအတွက် လိုင်စင်များ (CDN၊ LDN) လိုအပ်သည်။ သင့်ဆရာဝန်သည် ကလေးများနှင့်အလုပ်လုပ်သော အာဟာရသိပ္ပံပညာပါရဂူကို ညွှန်းပေးနိုင်ပါသည်။

အာဟာရဓာတ်နှင့် အာဟာရသိပ္ပံပညာရပ် သင်တန်းကျောင်းတွင်လည်း RD/RDN ကို ရှာဖွေနိုင်ပါသည်

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018