အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အရေပြားအား ကာကွယ်မှု

အရေပြားအကြောင်း

အရေပြားသည် ခန္ဓာကိုယ်ရှိ အကြီးမားဆုံးသော အစိတ်အပိုင်းဖြစ်သည်။ အရေပြားသည် ကျွန်တော်တို့၏ ခန္ဓာကိုယ်ကို ကာကွယ်ရန်နှင့် ကျွန်တော်တို့၏ ဖွံ့ဖြိုးမှုကို ကူညီပေးရန်အတွက် တာဝန်များစွာ ယူထားသောကြောင့် ကင်ဆာရောဂါ အတွက် ကုသမှုခံယူနေသော ကလေးများတွင် အရေပြားကို ထိန်းသိမ်းစောင့်ရှောက်ရန် အလွန်အရေးကြီးသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • အကာအကွယ်အဖြစ်ဆောင်ရွက်ပေးပြီး ခန္ဓာကိုယ်ကို စိုစွတ်မှုဒဏ်၊ အအေးဒဏ်၊ နေရောင်ခြည်ဒဏ်နှင့် ပိုးမွှားဒဏ်များမှ ကာကွယ်ပေးခြင်း၊
  • ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးခြင်း၊
  • ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက်ပြီး ကိုယ်အပူချိန် ပုံမှန်ထက် ပိုတက်ခြင်းမှ ကာကွယ်ပေးခြင်း၊
  • အပူ၊ အအေး၊ ဖိအား၊ ယားယံမှုနှင့် နာကျင်မှုများကို အာရုံခံစားမိစေခြင်း၊
  • ရေ၊ အဆီနှင့် ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို ထိခိုက်သော အခြားပစ္စည်းများကို သိမ်းဆည်းပေးခြင်း၊
  • ခန္ဓာကိုယ်ရှိ တချို့သော အစိတ်အပိုင်းများ၏ လုပ်ဆောင်မှုကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးသော ဟော်မုန်းများကို ထုတ်ပေးခြင်းတို့ဖြစ်သည်။
အရေပြားကို အလွှာသုံးမျိုးနှင့် ပြုလုပ်ထားသည်- 
  1. အရေပြား အပြင်ဘက်ဆုံး အပေါ်ယံလွှာသည် ရေဒဏ်ကိုကာကွယ်ပေးပြီး အသားအရေ၏ အရောင်ကို ပေးသည်
  2. အရေပြား၏ အလည်လွှာတွင် မာကျောသော တွယ်ဆက်တစ်ရှုးများ၊ မွေးညှင်းပေါက်များနှင့် ချွေးကို ထုတ်ပေးသည့် ဂလင်းတို့ပါဝင်သည်
  3. အရေပြား အောက်ဆုံးအလွှာကို အဆီနှင့် တွယ်ဆက်တစ်ရှုးများဖြင့် ပြုလုပ်ထားသည်။

ကလေးများ၏ အရေပြားသည် လူကြီးအရေပြားနှင့် မတူညီသောကြောင့် မတူညီသော ထိန်းသိမ်းစောင့်ရှောက်မှုလိုအပ်သည်။ ကလေးငယ်များ၏ အရေပြားတွင် လူကြီးအရေပြားနှင့် တူညီသော အရေပြားအလွှာသုံးလွှာရှိသော်လည်းကလေးငယ်များ၏ အရေပြားသည် ပိုမိုပါးလွှာပြီး ကာကွယ်သည့်လုပ်ဆောင်မှုများနှင့် ကိုယ်အပူချိန်ကို ပုံမှန်ဖြစ်သော ထိန်းညှိပေးသော လုပ်ဆောင်မှုများသည် ကောင်းစွာ မဖွံ့ဖြိုးသေးပါ။ ကလေးငယ်များ၏ အရေပြားသည်-

  • ခံနိုင်ရည်အားနည်းသည်။
  • ဓာတုပစ္စည်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် ပိုးမွှားဒဏ်ကို ပို၍ တုံ့ပြန်သည်။ (ဒဏ်မခံနိုင်ပါ။)
  • အရေပြားခြောက်သွေ့မှု ပိုမိုဖြစ်နိုင်သည်။
  • ခရမ်းလွန်ရောင်ခြည်၊ ပြင်းထန်သော အပူချိန်နှင့် အပူချိန်ပြောင်းလဲမှုဒဏ် မခံနိုင်ပါ။
  • အရာဝတ္ထုများကြောင့် သို့မဟုတ် ဖိအားကြောင့် ပိုမြန်ဆန်စွာ ပျက်စီးနိုင်ဖွယ်ရှိသည်
  • ပိုမို စုပ်ယူမှုအားကောင်းသည်။ ထို့ကြောင့် စတီးရွိုက်ခရင်မ်ကဲ့သို့သော လိမ်းဆေးများ လိမ်းသောအခါ ဇွဲရှိရှိ လိမ်းရန် လိုအပ်သည်။

ကလေးများ ဖွံ့ဖြိုးကြီးထားလာသည်နှင့်အမျှ သူတို့၏ အရေပြားသည်လည်း ဖွံဖြိုးလာသည်။ အသက် ၆နှစ်အထိ ကလေးများ၏ အရေပြားသည် လူကြီးများနှင့် ယှဉ်ပါက ပိုမိုပါးလွှာပြီး အသားအရောင်ဖြစ်ပေါ်စေသော ရောင်ခြယ်နည်းကာ ချွေးထုတ်ဂလင်းနှင့် အဆီထုတ်ဂလင်းများ အလုပ်လုပ်မှုနည်းသည်။ ကလေးအရေပြား၏ ကာကွယ်သော လုပ်ဆောင်ချက်တော်တော်များများသည် လူကြီးများနှင့် နှိုင်းယှဉ်ပါက အားနည်းသည်ဟု ဆိုလိုသည်။ အသက် ၆ နှစ် ပြည့်လျှင် အရေပြား၏ အစိတ်အပိုင်းအများစုသည် ကောင်းစွာရင့်ကျက် ဖွံဖြိုးလာသည်။ လူငယ်အရွယ်ရောက်သောအခါ အရေပြား၏ အထူသည် မွေးကင်းစထက် ၂၀% ပိုထူလာသည်။

အရေပြား အနာကျက်ပုံ

အရေပြားထိခိုက်မှုဖြစ်သောအခါ ခန္ဓာကိုယ်သည် ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းကိုကာကွယ်ပြီး အနာကျက်မြန်စေရန် ကူညီပေးသော အရာများပါဝင်သောသွေးကို အရေပြားသို့ ပို့ပေးသည်။ အရေပြားနှင့် သွေးကြောအသစ်များပြုလုပ်ရန်ဆဲလ်အသစ်များ ထုတ်ပေးသည်။ 

ကင်ဆာရောဂါအတွက် ကုသမှုခံယူနေသော ကလေးများတွင် ခွဲစိတ်ထားသည့် ဒဏ်ရာများ သို့မဟုတ် ဓာတ်ရောင်ခြည်ပေးခြင်းအစရှိသော ကုသမှုများကြောင့် အရေပြားအနာကျက်ခြင်းနှင့် အရေပြားအသစ်ဖြစ်ခြင်းကို ထိခိုက်စေသော ဘေးထွက်ဆိုးကျိုးများရှိနိုင်သည်။ 

အမာရွတ်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။ ယေဘုယျအားဖြင့် ကလေးများ၏ ဒဏ်ရာ အမာရွတ်ကျန်ခြင်း၊ မကျန်ခြင်းသည် ဒဏ်ရာ၏ အနက်ပေါ်တွင် မူတည်သည်။ အမာရွတ်သည် ကြီးမလာဘဲ ကလေးများ အသက်ကြီးလာ အချိန်ကြာလာသည်နှင့် အမျှ သေးသေးလာသည်။ 

ကင်ဆာကုထုံးများကြောင့် အချိန်ကြာကြာ အမာရွတ်ဖြစ်ခြင်း နှင့် ယင်းကဲ့သို့ ဖြစ်ခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများနှင့် ပတ်သတ်၍ သင့်ကျန်းမာရေးစောင့်ရှောက်သူနှင့် တိုင်ပင်ပြောဆိုပါ။

အရေပြားအား ကာကွယ်ခြင်းနှင့် နေရောင်ခြည်

ကင်ဆာဆေးသွင်းခြင်း နှင့် ဓာတ်ကင်ခြင်းကုထုံး သည် လူနာ၏ အရေပြားကို နေရောင်ခြည်ဒဏ်ကို ပို၍ မခံနိုင်အောင် ပြုလုပ်သည်။ ယင်းကုထုံးနှစ်ခုလုံးသည် အရေပြားကို ပိုမို လျင်မြန်စွာလောင်ကျွမ်းစေပြီးမှဲ့ကင်ဆာကဲ့သို့သော ကင်ဆာများဖြစ်ပွားနိုင်ခြေများသည်။

ကလေးတစ်ဦးသည် ကင်ဆာကုသမှု ခံယူနေစဉ်အတွင်း သူ/သူ၏ အရေပြားကို ကာကွယ်ရန်-

  • အပြင်ထွက်ပါက အနည်းဆုံး နေရောင်ကာကွယ်မှုစံနှုန်း SPF 30 နှင့်အထက် ရှိသော နေရောင်ခံဆေးလိမ်းဆေးကို လိမ်းပါ။
  • အပြင်ထွက်ပါက အင်္ကျီလက်ရှည်နှင့် ဦးထုပ်ဝတ်ပါ။ နေရောင်ကာဆေးအပြင် နေရောင်ကာကွယ်နိုင်သော အဝတ်အစားများသည်လည်း ကလေး၏ အသားအရည်ကိုကာကွယ်ရန် လုံလောက်မှု မရှိနိုင်ပါ။ 
  • အပြင်ထွက်ချိန်ကို တတ်နိုင်သမျှ ကန့်သတ်ပါ။ အထူးသဖြင့် နေရောင်ခြည်အပြင်းဆုံးမနက် ၁၀နာရီမှညနေ ၃နာရီ အတွင်းအပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ကန့်သတ်ပါ။

ရှာဖွေရမည့် အရေပြားပြောင်းလဲမှုများ 

အရေပြား တုံပြန်မှုများသည် ကင်ဆာကုသမှုခံယူနေသော လူနာများတွင် အဖြစ်များသည်။ ဆေးကုသရေး အဖွဲ့သည် လူနာမိသားစုများကို ဖြစ်နိုင်ခြေရှိသော အရေပြားပြဿနာများနှင့် ကုသမှုများကို ပြောပြသင့်သည်။ မိဘများက ၎င်းတို့ကလေး၏ အရေပြားတွင် အောက်ပါတို့ရှိ၊ မရှိ ပုံမှန် ကြည့်ရှုသင့်သည်-

  • နီပြီး ကြမ်းတမ်းသော အရေပြား အချပ်လိုက် ဖြစ်နေခြင်း
  • အရေပြားကွဲနေခြင်း
  • လက်ချောင်းအဆစ် သို့မဟုတ် တံတောင်ဆစ် အပါအဝင် အဆစ်များရှိ အရေပြားအကြောင်းများကြားမှ သွေးထွက်နေခြင်း
  • အရေပြားအရောင်ပြောင်းခြင်း
  • (နာကျင်မှု၊ ထုံမှု၊ ပူလောင်မှု သို့မဟုတ် ကျင်မှုအစရှိသည်တို့ကို) အာရုံခံမှုများ ပြောင်းလဲခြင်း

အကယ်၍ ကလေးတွင် ကြမ်းတမ်းပြီး နီရဲ နာကျင်သော အရေပြားဖြစ်ပါက သို့မဟုတ် ပြည်ထွက်ခြင်း သို့မဟုတ် ဒဏ်ရာရသော အရေပြားနားတွင် နာကျင်မှု အစရှိသည့် ပိုးမွှားဝင်သော လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ 

ခြောက်သွေ့သော အရေပြားကို စောင့်ရှောက်ခြင်း

ခြောက်သွေ့သော အရေပြားသည် သေဆုံးနေသော အရေပြားဖြစ်ပြီး သေဆုံးသော အရေပြားများသည် ပိုးမွှားများအတွက် အစာဖြစ်သောကြောင့် ဘက်တီးရီးယားပိုးများ ဝင်ရောက်နိုင်ခြေများပြားသည်။ ခြောက်သွေ့သော အရေပြားသည် အရေပြား ကွဲပြဲခြင်းကို ဖြစ်ပေါ်စေရန် ပိုမိုလွယ်ကူစေပြီး အရေပြားကို ကာကွယ်ပေးသော အပြင်ဖက် "ဖယောင်းလွှာ"ကို ပျက်စီးစေသည်။

အရေပြားခြောက်သွေ့စေသော အကြောင်းအရင်းများမှာ-

  • ရေမကြာခဏ ချိုးခြင်း
  • ကြမ်းတမ်းသော ဆပ်ပြာ (ဆပ်ပြာတွင် အယ်ကာလီပါဝင်မှု အချိုးအစား မညီမျှခြင်း သို့မဟုတ် ဓာတ်ပျယ်ခြင်း သို့မဟုတ် အနံ့ပါဝင်ခြင်း)
  • အပူချိန်ပြင်းထန်ခြင်း (အပြင်ဘက် နှင့် အတွင်းဘက်)
  • လေတိုက်ခြင်း
  • နေရောင်ခြည် ထိတွေ့ခြင်း (တိမ်ဖုံးသောနေ့များ ပါဝင်သည်)
  • ဆေးဝါးများ (ကင်ဆာဆေး သို့မဟုတ် စတီးရွိုက်ဆေးများ စသည်ဖြင့်)
  • ရိုးတွင်းခြင်ဆီ အစားထိုးခြင်း(သွေးဆဲလ်များကို ဖြစ်ပေါ်စေနိုင်သည့်ဆဲလ်များအစားထိုးခြင်း)
  • ရေဓာတ်ခန်းခြောက်ခြင်း (အရည်လုံလောက်စွာ မသောက်ခြင်း)
  • စတီးရွိုက်ဆေးများကြောင့်ဖြစ်သော သွေးတွင်း သကြားဓာတ်များပြားမှုလက္ခဏာ
  • အချို့သော ကူးစက်ရောဂါများ

ခြောက်သွေ့သော အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းအများအပြားရှိပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • ရေချိုးပြီးနောက် အသားလှဆီ/ခရင်မ်လိမ်းခြင်း (အောက်တွင် ကြည့်ပါ)
  • ရေနှင့် အခြားအရည်များ များစွာ သောက်ခြင်း
  • အအေးဓာတ်နှင့် လေတို့ ထိတွေ့ခြင်းမှ အရေပြားကို ကာကွယ်ခြင်း
  • ပူနွေးခြောက်သွေ့မှုကို ရှောင်ရှားခြင်း
  • လက်သည်း၊ ခြေသည်များ ညှပ်ခြင်း

လူလတ်ပိုင်းများသည် အောက်ပါတို့ကိုလည်း ထည့်စဉ်းစားသင့်သည်-

  • ပြတ်ရှခြင်း/အရေပြားရောင်ရမ်းခြင်းများကို ရှောင်ရှားရန် ဘလိတ်ဓားဖြင့် ရိတ်ခြင်းထက် လျှပ်စစ်ရိတ်စက်ကို သုံးခြင်း
  • သင့်ကျန်းမာရေး ပံ့ပိုးပေးသူက ညွှန်ကြားထားသည့်အတိုင်း အနံ့အသက်ပျောက်ဆေး သုံးခြင်း

ခြောက်သွေ့သော အသားအရေကို အစိုဓာတ်ဖြည့်ပေးခြင်း

ကင်ဆာရောဂါကုသမှု ခံယူနေသော ကလေးငယ်များအတွက် ခြောက်သွေ့သော အသားအရေကို ထိန်းသိမ်းပေးရန် အရေးကြီးသည်။ ခြောက်သွေ့သော အသားအရေရှိသည့် ကလေးများသည် အသားလှဆီကို ရေချိုးပြီးနောက် တစ်ကြိမ်လိမ်းခြင်းအပါအဝင်  တစ်နေ့နှစ်ကြိမ် လိမ်းသင့်သည်။ ယေဘုယျ စည်းမျဉ်းအနေဖြင့် ရိုးရှင်းသော ဖော်မြူလာများသည် အကောင်းဆုံးဖြစ်သည်။ မွှေးရနံ့ပါသော လိုးရှင်းများသည် အယ်လ်ကိုဟော ပါနိုင်သဖြင့် ရှောင်ကြဉ်ပါ၊ ၎င်းတို့က အသားအရေကို ယားယံစေပြီး အစိုဓာတ်ကို ထိရောက်စွာ ဖြည့်ပေးနိုင်စွမ်းနည်းသည်။ "ရနံ့မပါ" ဟု ဈေးကွက်တွင် ဖြန့်နေသော လိုးရှင်းများသည် အမှန်တကယ်တွင် ရနံ့တစ်ခုပါရှိပြီးဖြစ်၍ အမှန်တကယ် "ရနံ့မပါသော" လိုးရှင်းများကို ရွေးချယ်ပါ။ 

အဆီပါသော လိမ်းဆေးများနှင့် ခရင်မ်များသည် လိုးရှင်းများထက် ပို၍ အစိုဓာတ်ကို ထိန်းပေးပြီး ပိုထိရောက်သည်။ ဥပမာ- ခြောက်သွေ့သော အသားအရေအတွက် အစိုဓာတ်ဖြည့်သော ထုတ်ကုန်ပစ္စည်းများမှာ-

  • A+D® နှင့် Aquaphor® ကဲ့သို့သော အဆီဓာတ်ပါ လိမ်းဆေးများ။ ၎င်းတို့သည် ရေနံကို အခြေခံ၍ထုတ်လုပ်ထားပြီး ခြောက်သွေ့သောအသားအရေအတွက် အကောင်းဆုံး ကုသမှုကို ပေးနိုင်သည်။
  • Eucerin® ကဲ့သို့သော ခရင်မ်များ။ ၎င်းတို့သည် လိုးရှင်းများထက် ပိုပျစ်ပြီး အသားအရေ စိုပြေစေရန် ပိုထိရောက်သည်။
  • Keri®, Lubriderm® ကဲ့သို့သော လိုးရှင်းများ နှင့် Aveeno® လိုးရှင်းများကို ရေရောစပ်ထားပြီး ၎င်းတို့သည် အပျော့စား အသားလှဆီများ ဖြစ်ကြသည်။ ၎င်းတို့သည် အနည်းငယ် ခြောက်သွေ့သောအသားအရေအတွက် အကောင်းဆုံးဖြစ်သည်။

တစ်နေ့တာအတွင်း လိုးရှင်းကို အကြိမ်များစွာလိမ်းသော်လည်း အသားအရေသည် ခြောက်သွေ့၊ အက်ကွဲနေဆဲဖြစ်လျှင် ခရင်မ်ကို ပြောင်းသုံးပါ။ ခရင်မ်ကလည်း လုံလောက်သော အစိုဓာတ်ကို မဖြည့်ပေးနိုင်ပါက အဆီဓာတ်ပါ လိမ်းဆေးကို ပြောင်းသုံးပါ။

အသားလှဆီကို လိမ်းရန် အကောင်းဆုံး အချိန်မှာ ရေချိုးပြီးနောက်ပိုင်း သို့မဟုတ် ရေပန်းအသုံးပြု၍ ရေချိုးပြီးချိန် ဖြစ်သည်။ အစိုဓာတ်ဖြည့်ရန် အသားလှဆီကို မလိမ်းမီ အရေပြားပေါ်ရှိရေကို ခြောက်အောင်တို့၍ သုတ်ပါ။ ယင်းက အသားအရေတွင် အစိုဓာတ်ကို ပို၍ မြဲမြံစေသည်။ ထို့အပြင် အသားအရေကို လက်ရှည်အကျီကဲ့သို့သော အဝတ်အစားဝတ်ပြီး ဖုံးလွှမ်းပါ. ယင်းက လေထဲသို့ အစိုဓာတ်လွင့်ပျံဆုံးရှုံးခြင်းကို သက်သာရန်ကူညီပေးသည်။

အရေပြားထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး သင်၏ ဆေးဘက်ဆိုင်ရာ အဖွဲ့နှင့် ဆွေးနွေးကြည့်ပါ။ ကင်ဆာရောဂါ ကုသမှုခံယူစဉ်အတွင်း မည်သည်ကို အရေပြားတွင် လိမ်းရမည်ဆိုသည့် ကန့်သတ်ချက်ရှိသောကြောင့် ယင်းသို့ ဆွေးနွေးရန်သည် အထူးသဖြင့် အရေးကြီးလှသည်။ ထို့အပြင် အိမ်တွင်းကုထုံးများ သို့မဟုတ် မိမိဆန္ဒဖြင့်သုံးသော ဖြည့်စွက်ဆေးဝါးများသည် ကုသမှုကို စွက်ဖက်နိုင်သောကြောင့် သို့မဟုတ် ယားယံနိုင်သောကြောင့် သို့မဟုတ် ပိုးဝင်နိုင်သည့် အခွင့်အလမ်းပိုများစေနိုင်သောကြောင့် သင့်အား ဆေးကုသမှုပေးသူနှင့် သေချာအောင် စစ်ကြည့်ပါ။

အရေပြားထိန်းသိမ်းမှုနှင့် စတီးရွိုက်ဆေးဝါးများ

ကင်ဆာကုသမှုအတွင်း ရောင်ရမ်းနာကျင်ခြင်းကို လျော့ချရန်ဖြစ်စေ ပျို့အန်ချင်စိတ်ဖြစ်ခြင်း သို့မဟုတ် ခီမိုဆေးသွင်းကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးအား ခံနိုင်ရည်မရှိသည့် တုန့်ပြန်မှုများကို ကုသရန်ဖြစ်စေ တခါတရံ၌ ကင်ဆာကုသမှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဖြစ်စေ စတီးရွိုက်ဆေးများကို အသုံးပြုရန် ညွှန်ကြားပေးနိုင်သည်။ စတီးရွိုက်ဆေးများသည် လူနာများစွာအတွက် ကင်ဆာကုသမှုတွင် မရှိမဖြစ်သောအစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ယင်းတို့ကြောင့် အရေပြားကို ပါးလွှာစေနိုင်သည်။ ယင်းက အရေပြားကို ပုံမှန်ထက် ပို၍နူးညံ့မှုဖြစ်စေပြီး ပိုးဝင်နိုင်ခြေ ပိုများကာ ဒဏ်ရာကိုလည်းအနာအကျက်နှေးစေသည်။

စတီးရွိုက်များသည် ကိုယ်အလေးချိန်တက်စေနိုင်ပြီး "အကြောပြတ်ရာများ" ရစေနိုင်ကာ အဝမြန်ခြင်းနှင့် အသားအရေ အားနည်းခြင်းကြောင့် အရေပြားတွင် ခိုနန်းကြောပုံ အကြောပြတ်ရာများကို ဖြစ်စေနိုင်သည်။ အကြောပြတ်ရာများသည် စွဲမြဲစွာကျန်ခဲ့လေ့ရှိပြီး ရောဂါပိုးဝင်ရောက်နိုင်ခြေကိုလည်း ပို၍များပြားစေနိုင်သည်။

စတီးရွိုက်ဆေးများ သုံးနေချိန်တွင် လူနာသည် ၎င်းတို့အသားအရေကို ပုံမှန်ထက်ပို၍ ဂရုစိုက်ရမည်။ အရေပြားကို သန့်ရှင်းခြောက်သွေ့အောင် ထားရှိပြီး ဆေးဝါးကူညီမှုအသင်းမှ ညွှန်ကြားသည့်အတိုင်း အသားလှဆီကို လိမ်းပါ။ ကုသမှု ပြီးသွားသည်နှင့် စတီးရွိုက်ဆေးများ၏ ဘေးထွက်ဆိုးကျိုးအများစုမှာ ကင်းစင်သွားသည်။ လူနာများသည် စတီးရွိုက်ဆေးများကြောင့် ဖြစ်ပေါ်နိုင်သော အသားအရေအတွက် ရေရှည်သက်ရောက်မှုများကို ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုပံ့ပိုးသူများနှင့် ဆွေးနွေးသင့်သည်။

ရေချိုးခြင်းနှင့် အရေပြားထိန်းသိမ်းမှု

ရေစိမ်ခြင်းနှင့် ရေပန်းအသုံးပြုရေချိုးခြင်းပြုလုပ်ချိန်သည် အသားအရေထိန်းသိမ်းရေးအတွက် အရေးကြီးသောအချိန်ဖြစ်သည်။ တစ်နေ့လျှင် တစ်ကြိမ်ထက်ပို၍ ရေချိုးလျှင် အသားပိုခြောက်နိုင်သည်၊ အသားပတ်သော သို့မဟုတ် ခြောက်သွေ့သော အသားအရေရှိသည့် လူနာက လုပ်သင့်သည်မှာ-

  • ရေစိမ်ခြင်းများ သို့မဟုတ် ရေချိုးခြင်းများကို ပုံမှန်အချိန်ဇယားဆွဲ၍ ပြုလုပ်ပါ
  • ကြက်သီးနွေး ရေဖြင့် ရေချိုးပါ
  • (Dove® ကဲ့သို့သော) အပျော့စား pH နျူထရယ် ဆပ်ပြာကို အသုံးပြုပါ
  • အလွန်အကျူး ကြေးတွန်းပွတ်တိုက်ခြင်းကို ရှောင်ပါ
  • တို့ဖတ်ဖြင့်တို့ပြီး ခြောက်အောင်သုတ်ပါ


ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။


ပြန်လည်သုံးသပ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ