ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်"ရောဂါရှာဖွေဖော်ထုတ်မှုလုပ်ငန်း" ဆိုသည်မှာ ရောဂါရှာဖွေမှုတစ်ခု ပြုလုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ပြရန်အတွက် ဆရာ၀န်များ တစ်ခါတစ်ရံတွင် အသုံးပြုသည့် အထွေထွေသုံး ဝေါဟာရတစ်ခုဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် အချိန်ကြာမြင့်နိုင်သည်။
ဆေးရုံသို့ သွားရောက်ပြသမှုတစ်ကြိမ်အတွင်း၌ သွေးစစ်ဆေးမှုများနှင့် ဓာတ်မှန်ရိုက်ကူးမှုများကဲ့သို့ လုပ်ငန်းစဉ်အများအပြားကို ပြုလုပ်ရနိုင်ပါသည်။ CT စကင်ဖတ်ခြင်း၊ MRI စကင်န်ဖတ်ခြင်းနှင့် အပ်ဖြင့်အသားစယူ၍ ရောဂါရှာဖွေစစ်ဆေးမှုများကဲ့သို့ စစ်ဆေးမှုအချို့ကို နောင်အခါတွင် အသုံးပြုရန်အတွက် စီစဉ်သတ်မှတ်ရမည်ဖြစ်သည်။ မိသားစုများသည် ၎င်းစစ်ဆေးမှုများကို ခံယူပြုလုပ်ရန်အတွက် ဝန်ဆောင်မှုပြုလုပ်နိုင်သည့် အခြားနေရာများသို့လည်း သွားရောက်နိုင်ပါသည်။
လူအများစုက ၎င်းတို့၏ရောဂါရှာဖွေခြင်းလုပ်ငန်းစဉ်အနက် စစ်ဆေးမှုရလဒ်များအား စောင့်ဆိုင်းရခြင်းသည် စိတ်ဖိစီးမှုကို အမြင့်ဆုံးဖြစ်ပေါ်စေသည့် အစိတ်အပိုင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ၎င်းသည် စစ်ဆေးမှုအမျိုးအစားအပေါ် မူတည်ပြီး ရလဒ်များအဆင်သင့်မဖြစ်မီ နာရီအနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိ ကြာမြင့်နိုင်သည်။
ရောဂါဆိုင်ရာ အချက်အလက်များအား ဆွေးနွေးခြင်း မပြုလုပ်မီ စစ်ဆေးမှုရလဒ်များအား ဆရာ၀န်မှ စောင့်ဆိုင်းရနိုင်သည်။ ၎င်းသည် စစ်ဆေးမှုအမျိုးအစားအပေါ် မူတည်ပြီး ရလဒ်များအဆင်သင့်မဖြစ်မီ နာရီအနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိ အချိန်ကြာမြင့်နိုင်ပါသည်။
ဓာတ်မှန်ရိုက် စစ်ဆေးခြင်း ကို ဆောင်ရွက်သည့်အခါ ဓာတ်ရောင်ခြည်အထူးကုဆရာဝန်သည် ပုံရိပ်များကို ဖတ်ရှုပြီး ခွဲခြားစိတ်ဖြာ၍ ၎င်းစစ်ဆေးမှုများကို ပြုလုပ်ရန် ညွှန်ကြားသည့် ဝန်ဆောင်မှုပံ့ပိုးသူထံသို့ ပေးပို့ရန် အစီရင်ခံစာတစ်စောင်ကို ပြင်ဆင်ရမည်။ ဤလုပ်ငန်းစဉ်သည် ရက်ပေါင်းများစွာ အချိန်ကြာမြင့်နိုင်သည်။ ပုံရိပ်စစ်ဆေးမှုများတွင် ပါဝင်သည့်အရာများမှာ ဓာတ်မှန်ရိုက်ခြင်း၊ အာလ်ထွာဆောင်း၊ ကွန်ပျူတာ တိုမိုဂရပ်ဖီ (CT) စကင်ဖတ်ရှုမှုများနှင့် သံလိုက်ဓာတ်သုံး ပုံဖော်နည်း (MRI) တို့ ဖြစ်ကြသည်။
အသားစထုတ်ယူစစ်ဆေးခြင်း ကို ဆောင်ရွက်လျှင် ရလဒ်များရရှိရန် ရက်အနည်းငယ်မှသည် ရက်သတ္တပတ်အနည်းငယ်အထိ ကြာမြင့်နိုင်ပါသည်။ စစ်ဆေးမည့် နမူနာပစ္စည်းကို ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန်အတွက် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပါသည်။ တစ်ခါတစ်ရံတွင် ၎င်းကို အခြားထပ်ဆောင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် အခြားအထူးရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ပို့ဆောင်နိုင်ပါသည်။
အခြေအနေအများအပြား၌ ရောဂါဆိုင်ရာ အချက်အလက်များအား ဆွေးနွေးခြင်း မပြုလုပ်မီ စစ်ဆေးမှုရလဒ်များအား ဆရာ၀န်စောင့်ဆိုင်းရနိုင်သည်။ ကလေးအား ပြုလုပ်ခဲ့သည့် အခြားစစ်ဆေးမှုများအားလုံးနှင့် စုစည်းသုံးသပ်မှုမပြုလုပ်ဘဲ စစ်ဆေးမှုတစ်ခု၏ ရလဒ်တခုထဲဖြင့် အဖြေအမြောက်အမြားကို ရရှိနိုင်မည်မဟုတ်ပါ။
ကင်ဆာ လက္ခဏာများကို ရှာဖွေရန်အတွက် ဆရာ၀န်မှ ညွှန်ကြားခြင်းသည် ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်ခြင်းပြုလုပ်နေသည်ဟု မဆိုလိုပါ။ ဝန်ဆောင်မှုပံ့ပိုးသူသည် ကင်ဆာအား သံသယရှိနိုင်သည် သို့မဟုတ် ကင်ဆာဖြစ်ပွားနိုင်ခြေကို ရှာဖွေဖော်ထုတ်ရန် အလိုရှိသည်။
စစ်ဆေးမှုများနှင့် ပတ်သက်ဆက်နွယ်သော စိုးရိမ်ပူပန်မှုနှင့် စိုးရိမ်သောက၊ စကန်ဖတ်ရှုမှုရလာဒ်များအား စောင့်ဆိုင်းရခြင်းတို့က — စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောကဆိုသည့် အမည်တစ်ခုကိုပင် ဖြစ်ပေါ်လာစေသည်။ ဤစကားလုံးကို တရားဝင်ထုတ်ဝေသော မည်သည့်အဘိဓာန်အတွင်း၌မဆို ထည့်သွင်းဖော်ပြမှုမပြုလုပ်သေးသော်လည်း လူနာများ၊ မိသားစုများနှင့် ဆေးကုသရေး ကျွမ်းကျင်ပညာရှင်များက အလွယ်တကူသုံးစွဲလျက်ရှိသည်။
ဆေးကုသရေးစစ်ဆေးမှုတစ်ခု၏ ရလဒ်များကို မရရှိမီ သို့မဟုတ် မတွေ့ကြုံရမီ အချိန်ကာလနှင့် တစ်ပေါင်းတစ်စည်းတည်းဖြစ်သည့် စိုးရိမ်သောကနှင့် စိုးရိမ်ပူပန်မှု ဟူ၍ Urbandictionary.com တွင် ဤစကားလုံးကို ဖော်ပြထားသည်။ စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွှယ်သော စိုးရိမ်သောကသည် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး လူနာများနှင့် မိသားစုများတွင် အများစု ကြုံတွေ့နေရသည့်အရာဖြစ်သည်။
'စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောက' သည် ဖတ်ရှုမှုရလဒ်များအား မရရှိမီ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရသည့် လူနာများနှင့် မိသားစုများ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြရန် အသုံးပြုသည့် အလွယ်သုံးဝေါဟာရဖြစ်သည်။
'စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောက' အား ဖြေရှင်းရန်နည်းလမ်းများတွင် အောက်ပါတို့ပါဝင်သည်-
သင်နှစ်သက်သည့် လုပ်ဆောင်မှုများလုပ်ဆောင်ခြင်းဖြင့် စိုးရိမ်သောကကို လျော့ပါးသက်သာစေခြင်းက 'စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောက' နှင့် ပတ်သက်၍ သင့်အား အထောက်အကူပြုနိုင်သည်။
—
ပြန်လည်သုံးသပ်ပြီး- ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ