အချို့ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသမှုများသည် နောင်အခါတွင် အမျိုးသမီးလူနာ၏ ကိုယ်ဝန်ရရှိနိုင်သည့် စွမ်းရည်အပေါ်တွင် ထိခိုက်စေနိုင်သည်။
ကင်ဆာရောဂါရှာဖွေဖော်ထုတ်မှုကို ရရှိပြီးနောက်ပိုင်းတွင် ကလေးများရရှိခြင်းသည် လူနာများ သို့မဟုတ် မိဘများ၏စိတ်အတွင်း၌ အထူးဦးစားပေးအချက်မဟုတ်ဘဲ ဖြစ်နေနိုင်သည်။ သို့ရာတွင် မိသားစုများသည် ကုထုံးမစတင်မီ ကုသမှု၏ အကျိုးသက်ရောက်မှုကို လူနာ၏ ကင်ဆာအထူးကုဆရာဝန်နှင့် ဆွေးနွေးသင့်သည်။ ကလေးကင်ဆာကုသဌာနတွင် မိသားစုနှင့်တိုင်ပင်ဆွေးနွေးပေးသော သန္ဓေတည်နိုင်စွမ်းဆိုင်ရာ အထူးကုဆရာဝန် လည်းရှိနိုင်ပါသည်။
သန္ဓေတည်နိုင်စွမ်းဟူသည်မှာ လူတစ်ဦးဦး၏ မျိုးဆက်ပြန့်ပွားနိုင်သည့်စွမ်းရည်ကို ရည်ညွှန်းပြီး အမျိုးသားတစ်ဦးအနေဖြင့် ဖခင်ဖြစ်နိုင်ခြင်း နှင့် အမျိုးသမီးတစ်ဦးအနေဖြင့် ကိုယ်ဝန်ရရှိနိုင်သောစွမ်းရည်ဖြစ်သည်။
အမျိုးသမီးများတွင် သားဥအိမ်နှစ်ခုရှိသည်။ ၎င်းတို့သည် တင်ပါးဆုံနေရာတွင် ရှိသည်။ လူလားမြောက်ခြင်းဖြစ်စဉ်အတွင်း ဦးနှောက်ရှိ ပစ်ကျူထရီကလင်းသည် သားဥအိမ်များကို အီစထရိုဂျင်နှင့် ပရိုဂရပ်စထရွန်းတို့ကို ပိုမိုထုတ်လုပ်ရန် စတင်အချက်ပြသည်။ ၎င်းတို့သည် မျိုးဆက်ပြန့်ပွားရေးစနစ်အလုပ်လုပ်ရန် လိုအပ်သော ဟိုမုန်းများဖြစ်သည်။
မိန်းကလေးတစ်ယောက်သည် သူမအတွက် လိုအပ်သောမျိုးဥများဖြင့် မွေးဖွားလာပြီးဖြစ်သည်။ တစ်လလျှင် တစ်ကြိမ် သားအိမ်မှပုံမှန် မျိုးဥတစ်လုံး ထုတ်လွှတ်ပေးလေ့ရှိသည်။ အမျိုးသားထံမှ သုက်ပိုးသည် မျိုးဥတစ်ခုနှင့် သန္ဓေအောင်သည့်အခါ ကိုယ်ဝန်ဆောင်ခြင်း စတင်ဖြစ်ပေါ်လာသည်။
ကုသမှုသည် လူနာ၏ တင်ပါးဆုံနေရာ၊ မျိုးပွားအင်္ဂါအစိတ်အပိုင်းများနှင့် ပစ်ကျူထရီကလင်း လုပ်ဆောင်ချက်ကို ထိခိုက်စေသဖြင့် လူနာ၏သန္ဓေတည်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။ ကုသမှုသည် မျိုးဥများ၏အရေအတွက်ကို လျော့ကျစေနိုင် သို့မဟုတ် မျိုးဥ၏ အရည်အသွေးကို ကျစေနိုင်သည်။
ကင်ဆာကုသမှုမှ ရရှိစေနိုင်သည့် လူနာ၏ကလေးရနိုင်သည့် စွမ်းရည်ပေါ်တွင် သက်ရောက်မှုနှင့်ပတ်သက်၍ မိဘများနှင့် လူနာတို့သည် ကုသမှုမစတင်မီ ဆေးဝါးကူညီမှု အသင်းနှင့် ပြောဆိုသင့်သည်။
သင်၏သမီးသည် အလွန်ငယ်ရွယ်သည့်အရွယ်ဖြစ်လျှင် သန္ဓေတည်နိုင်စွမ်းဆိုင်ရာ ရွေးချယ်ခွင့်များကို ဆွေးနွေးရန် အထူးအဆန်းဖြစ်နေနိုင်သည်။ သို့ရာတွင် ကုသမှုမစတင်မီ ဆွေးနွေးမှုပြုလုပ်ခြင်းသည် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူများစွာက ယုံကြည်သည်။
အောက်ပါကဲ့သို့သော မေးခွန်းများ မေးမြန်းခြင်းပြုလုပ်ရန် ထည့်သွင်းစဉ်းစားပါ။
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018