အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မျိုးရိုးလိုက်နိုင်ခြေနှင့် မျိုးရိုးဗီဇဆိုင်ရာစမ်းသပ်ခြင်း

ကင်ဆာရောဂါဖြစ်လွယ်ခြင်းဆိုသည်မှာ အချို့လူများတွင် မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခုကြောင့် ကင်ဆာဖြစ်တည်ရန် အခွင့်အရေး ပိုများသည်ကို ဆိုလိုသည်။ တစ်ခါတစ်ရံတွင် သားသမီးများသည် မိသားစုတွင်ပထမဆုံးသော မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခုရှိသော သူများဖြစ်သည်၊ သို့သော် အခြားအချိန်များမှာ သူတို့သည် မိဘတစ်ယောက်ယောက် သို့မဟုတ် နှစ်ယောက်စလုံးထံမှ ၎င်းကို အမွေဆက်ခံရရှိကြသည်။

လက်ရှိအခြေအနေအရ ကလေးကင်ဆာ ဖြစ်စဥ်များ၏ ၈-၁၀ ရာခိုင်နှုန်းသည် နောက်ခံ မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခုကြောင့် ဖြစ်ပွားသည်ဟု ယုံကြည်ကြသည်။  ထို့အပြင် တစ်စုံတစ်ယောက်သည် မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခု ရှိသည် ဆိုရုံအတွက်မျှဖြင့် ထိုသူ သို့မဟုတ် ထိုသူမ ကင်ဆာဖြစ်တည်လာလိမ့်မည်ဟု မဆိုလိုပါ။

ကင်ဆာရောဂါသည် နောက်ခံ မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခု ကြောင့် ဖြစ်ပွားပါက ၎င်းသည် အရေးကြီးသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းဆိုလိုသည်မှာ-

  • လူနာများသည် ရောဂါရှာဖွေပေးသောပုံရိပ်ဖော် (ဓာတ်မှန်ရိုက်ခြင်း) စစ်ဆးမှုများနှင့် သွေးဆိုင်ရာစစ်ဆးမှု တို့ကဲ့သို့သော စောင့်ကြည့်စစ်ဆေးမှု မကြာခဏ လိုအပ်နိုင်ပြီး၊ သို့မှသာ ဖြစ်ပွားလာနိုင်သောမည်သည့်ကင်ဆာမျိုးကိုမဆို ၎င်းတို့အား ကုသရန်ပိုမိုလွယ်သည့်၊ ပိုပျောက်ကင်းနိုင်သည့်အချိန်တွင် စောစီးစွာတွေ့နိုင်မည်ဖြစ်သည်။ လူနာများအား ရောဂါဖြစ်နိုင်ခြေကို လျှော့ချသော ခွဲစိတ်မှုများကိုလည်း လုပ်ဆောင်နိုင်ပါသည်။
  • လူနာများသည် ကင်ဆာကာကွယ်ရေးကို စိတ်ထဲတွင်ထည့်၍ ဆေးလိပ်မသောက်ခြင်းနှင့် နေပူခံလိမ်းဆေးတို့ကို အသုံးပြုခြင်းကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များအား မွေးမြူ၍ သီးခြားအလေးထားမှုတစ်ခုအဖြစ် လုပ်ဆောင်သင့်သည်။
  • အခြားမိသားစုဝင်များတွင် မျိုးရိုးလိုက်သော မျိုးရိုးဗီဇပြောင်းလဲမှုရှိနိုင် သည့်အပြင် သူတို့သည် စမ်းသပ်မှုခံရန်ကို ရွေးချယ်ခွင့်ရှိသည်။
  • အချက်အလက်များရှိခြင်းသည် မိသားစုဝင်များတွင် ရောဂါဖြစ်နိုင်ခြေ ရှိမရှိကို ဆုံးဖြတ်ရာတွင် ကူညီပေးနိုင်ပါသည်။

မျိုးရိုးဗီဇဆိုင်ရာစမ်းသပ်ခြင်းကို မည်သူက လုပ်ဆောင်သင့်သနည်း။

မျိုးရိုးဗီဇဆိုင်ရာစမ်းသပ်ခြင်းကို လုပ်ဆောင်သင့်သည့်သူများမှာ-

  • ရောဂါဖြစ်နိုင်သည့် တိကျသော မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခုနှင့်ဆက်နွယ်နိုင်သည့် ကင်ဆာ ဝေဒနာသည် ကလေးတစ်ဦး။
  • ကလေးတွင် ကင်ဆာရောဂါမရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ကုသမှုပိုင်းဆိုင်ရာ တွေ့မြင်ချက်များအရ တိုးတက်ရန်ဖြစ်နိုင်ခြေမြင့်သည့် မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခုရှိနိုင်သော ကလေးတစ်ဦး။
  • တချို့သောကင်ဆာများနှင့်ချိတ်ဆက်သည့် မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခုရှိသည့် သွေးနီးသော မိသားစုဝင်များရှိသည့် ကလေးများနှင့် ဆယ်ကျော်သက်များ။
ဆောင်းဦးရာသီ၏ ဂျပန်မေပယ်လ်သစ်ပင်။

တစ်စုံတစ်ယောက်သည် မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခု ရှိသည် ဆိုရုံအတွက်မျှဖြင့် ထိုသူ သို့မဟုတ် ထိုသူမ ကင်ဆာဖြစ်တည်လာလိမ့်မည်ဟု မဆိုလိုပါ။

မိသားစုတွင် ဖြစ်နိုင်ခြေအား မည်သို့သိရှိနိုင်သနည်း။

ပထမဦးဆုံး သင့်မိသားစု၏ ဆေးဖက်ဆိုင်ရာမှတ်တမ်း အထူးသဖြင့် ကင်ဆာဖြစ်ဖူးသူ သင့်မိဘ၊ ကလေးများ၊ ညီအစ်ကိုမောင်နှမများ၊ အဘိုးအဘွားများ၊ အဒေါ်များ၊ ဦးလေးများနှင့် တစ်ဝမ်းကွဲတို့၏ ဆေးဖက်ဆိုင်ရာမှတ်တမ်းများကို စုစည်းပါ။

  • မိသားစုဝင်သည် မည်သည့်ကင်ဆာအမျိုးအစားဖြစ်ခဲ့ပြီး မည်သည့် အသက်အရွယ်တွင် ရောဂါတွေ့ရှိခဲ့သည်ကို ကြည့်ရှုပါ။
  • အကယ်၍ မိသားစုဝင်တစ်ဦးတွင်ဖြစ်သော ကင်ဆာသည် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုထက်ပိုပါက၊ ၎င်းသည် ကင်ဆာအမျိုးအစားတစ်မျိုးတည်းမှ ပျံ့နှံ့သွားခြင်းလော သို့မဟုတ် မတူသော ကင်ဆာအမျိုးအစားမှ သတ်သတ်စီဖြစ်ခြင်းလောကို ဆရာဝန်၏အမြင်အား မေးမြန်း၍ သိအောင်ကြိုးစားပါ။
  • မျက်လုံးများ၊ ရင်သားများ၊ အဆုတ်များ၊ ကျောက်ကပ်များ သို့မဟုတ် ကျောက်ကပ်အပေါ်ရှိ အက်ရီနယ်ဂလင်းများတွင် ကင်ဆာဖြစ်ပွားပါက ထိုအင်္ဂါအစိတ်အပိုင်းတစ်ခုသာ သို့မဟုတ် နှစ်ခုလုံး သက်ရောက်မှုရှိမရှိ ရှာဖွေပါ။
  • မိသားစုဝင်များထဲမှ တစ်ဦးဦးသည် မျိုးရိုးဗီဇဆိုင်ရာစမ်းသပ်ခြင်းကို လုပ်ထားဖူးပါက သူတို့၏ စမ်းသပ်မှုအဖြေများ၏ မိတ္တူများကို တောင်းယူပါ။
  • ထို့ပြင် မိသားစုဝင်များ၏ ကင်ဆာရောဂါဆေးဖက်ဆိုင်ရာမှတ်တမ်းများ၏ မိတ္တူများ ကိုလည်း ရရှိစေရန် အားစိုက်ပါ။

သင့်မိသားစုတွင် ကင်ဆာဖြစ်ခဲ့ကြောင်း သိရှိရပါက ထိုအချက်အလက်ကို သင့်ဆရာဝန်နှင့် ဆွေးနွေးပြီး မျိုးရိုးဗီဇဆိုင်ရာ အတိုင်ပင်ခံ သို့မဟုတ် အခြားမျိုးရိုးဗီဇဆိုင်ရာ ပညာရှင်ဖြစ်စေ တို့၏ လမ်းညွှန်မှုကို ရယူပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018