စိုးရိမ်ပူပန်မှုသည် စိတ်ဖိစီးမှုများသော အခြေအနေကို တုံ့ပြန်သောအားဖြင့် ခံစားရသည့် ကြောက်ရွံ့ခြင်း၊ ပူပင်သောကရောက်ခြင်း သို့မဟုတ် စိုးရိမ်ခြင်းဖြစ်သည်။ ကလေးကင်ဆာကဲ့သို့ ပြင်းထန်သည့် နာမကျန်းဖြစ်မှု၏ စိန်ခေါ်မှုများကို ခံစားနေရသည့် မည်သူမဆို စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုတို့ကို တွေးခြင်းနှင့် ခံစားခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ အခြေအနေအများစုတွင် ကလေးနှင့် ဆယ်ကျော်သက်များသည် ကင်ဆာဝေဒနာကာလအတွင်းနှင့် ကင်ဆာပြီးနောက်တွင် ကောင်းစွာ ပြန်လည်ပြည့်ဖြိုး၍ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
ဖြစ်လေ့ဖြစ်ထမရှိသော်လည်း စိုးရိမ်ပူပန်မှုသည် နေ့စဉ်ဘဝတွင် ပူပင်သောကရောက်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်းတို့ကို ဆက်လက် ဖြစ်ပေါ်စေသည်။ ၎င်းသည် စိုးရိမ်စိတ်လွန်ကဲခြင်းဟု ညွှန်ပြနိုင်သည်။ သုတေသနအရ ကင်ဆာဝေဒနာ ကလေးများသည် အခြားကလေးများ အခြားကလေးများနှင့် နှိုင်းယှဉ်ပါက စိုးရိမ်စိတ်လွန်ကဲခြင်း ဖြစ်နိုင်ခြေ ပိုမိုများပြားခြင်းမရှိပါ။ သို့သော်လည်း ကလေးကင်ဆာဝေဒနာသည် ကလေးများအားလုံးသည် စိုးရိမ်ပူပန်မှုကို ကူညီပေးသည့် နည်းစနစ်များမှ အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ကင်ဆာဝေဒနာ ကာလအတွင်းနှင့် ပြီးနောက်တွင် ရောဂါလက္ခဏာများကို စီမံရန်၊ စိတ်ကျန်းမာရေး တိုးတက်စေရန်နှင့် ဘဝအရည်အသွေး ပိုမိုကောင်းမွန်စေရန် ထောက်ပံ့မှုနှင့် ဝန်ဆောင်မှုမျိုးစုံတို့ကို ရရှိနိုင်သည်။
လူတိုင်းသည် စိုးရိမ်ပူပန်မှုကို မတူညီသည့် ပုံစံများဖြင့် ခံစားရသည်။ ၎င်းသည် အထူးသဖြင့် ကလေးနှင့် ဆယ်ကျော်သက်များအတွက် ပိုမိုမှန်ကန်သည်။ အသက်ငယ်သော ကလေးများတွင် စိုးရိမ်ပူပန်မှု ခံစားချက်များကို သိရှိရန် အခက်အခဲရှိသည်။ အရွယ်ရောက်ပြီးသော ကလေးများနှင့် ဆယ်ကျော်သက်များသည် ၎င်းတို့၏ မိဘများကို စိတ်မကောင်းဖြစ်စေခြင်း သို့မဟုတ် ပိုမိုစိတ်ဖိစီးမှုများသော အခြေအနေများ မဖြစ်စေလိုသောကြောင့် ၎င်းတို့၏ စိုးရိမ်မှုများကို ထုတ်မပြောလိုကြပေ။
စိုးရိမ်ပူပန်မှု၏ အမှတ်အသားနှင့် လက္ခဏာများမှာ-
ဤရောဂါလက္ခဏာ အများစုသည် ကိုယ်ခန္ဓာ နာမကျန်းဖြစ်ခြင်း သို့မဟုတ် ကင်ဆာရောဂါ ကုသမှု၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်ပွားနိုင်သည်။ စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူသည် စိုးရိမ်ပူပန်မှု ရောဂါလက္ခဏာများနှင့် ၎င်းတို့အား မည်သို့အကောင်းဆုံး စီမံခန့်ခွဲရမည်ကို မိသားစုများ နားလည်စေရန် ကူညီနိုင်ပါသည်။
စိုးရိမ်စိတ်လွန်ကဲခြင်းသည် လူတစ်ဦး၏ နေ့စဉ်ဘဝတွင် အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် အလွန်အကျူး ပူပင်သောက ရောက်စေသည့် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှု အဆက်မပြတ် ရှိနေခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်မှုကို ပုံမှန်အတွေးများနှင့် စိတ်ခံစားမှုများ အတွင်းရှိ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆသည်။ သို့သော် စိုးရိမ်ပူပန်မှု လက္ခဏာများသည် စိုးရိမ်စိတ်လွန်ကဲခြင်း သို့မဟုတ် ကုသမှုလိုအပ်သည့် အခြားစိတ်ကျန်းမာရေး အခြေအနေကိုလည်း ညွှန်ပြနိုင်သည်။ ကလေး၏ စိုးရိမ်ပူပန်မှု လက္ခဏာများသည် ပိုမိုဆိုးရွားလာပါက၊နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အနှောင့်အယှက် ဖြစ်လာပါက သို့မဟုတ် စိတ်ဖိစီးဖွယ်ဖြစ်ရပ် ပြီးဆုံးသွားသည့်တိုင် ဆက်လက်ရှိနေပါက သင့်ပြုစုစောင့်ရှောက်ရေး အဖွဲ့သို့ပြောကြားပါ။
စိုးရိမ်ပူပန်မှု ပုံမှန်မဟုတ်ခြင်း အမျိုးအစားတိုင်းတွင် သီးခြားရောဂါရှာဖွေခြင်း လုပ်ဆောင်ရမည့် ရောဂါလက္ခဏာအုပ်စု ရှိသည်။ အချို့ စိုးရိမ်ပူပန်မှု ပုံမှန်မဟုတ်ခြင်းများတွင် ပုံစံတူသည့် ရောဂါလက္ခဏာများနှင့် ကုသမှုများ ရှိသည်။ မည်သို့ပင်ဖြစ်စေ စိုးရိမ်ပူပန်မှုကို ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းဖြင့် ကုသရန် သင်တန်းဆင်းထားသော ပညာရှင်၏ အကဲဖြတ်မှုသည် အရေးကြီးသည်။
လူနာတွင် စိုးရိမ်စိတ်လွန်ကဲခြင်းကို ရောဂါရှာဖွေ၍ တွေ့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိုးရိမ်ပူပန်မှုကို စီမံခန့်ခွဲခြင်းမှာ အရေးကြီးသည်။ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းသည်-
ကင်ဆာရောဂါ ဖြစ်နေစဉ်အတွင်းနှင့် ဖြစ်ပြီးနောက် ကျန်းမာရေးနှင့် ဘဝအရည်အသွေးအတွက် စိုးရိမ်ပူပန်မှု လက္ခဏာများကို စီမံခြင်းသည် အရေးကြီးသည်။ စိုးရိမ်ပူပန်မှုကို ကိုင်တွယ်ရန် မတူညီသည့် နည်းလမ်းမျိုးစုံကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ ပြုစုစောင့်ရှောက်ရေး အဖွဲ့တွင် စိတ်ပညာရှင်များ၊ စိတ်ကျန်းမာရေး ဆရာဝန်များ၊ လူမှုလုပ်သားများ၊ တိုင်ပင်ဆွေးနွေးသည့် ပညာရှင်များ၊ စိတ်ကျန်းမာရေး သူနာပြုများ၊ ကလေးအထူးပြုများ၊ ဂီတနည်းဖြင့်ကုသသည့် သမားတော်များ၊ အနုပညာနည်းဖြင့်ကုသသည့် သမားတော်များနှင့် ခရစ်ယာန်ဂိုဏ်းသင်းအုပ်တို့ ပါဝင်နိုင်သည်။
စိုးရိမ်စိတ်ကို လျှော့ချပေးခြင်းအပြင် ထိုကုထုံးအများအပြားသည် နာကျင်မှု၊ အန်ချင်စိတ်ဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ကူညီခြင်းအပါအဝင် ကင်ဆာဝေဒနာသည် ကလေးများအတွက် အခြားအကျိုးကျေးဇူးများလည်း ရှိသည်။
ဆရာဝန်သည် စိုးရိမ်ပူပန်မှု လက္ခဏာများအတွက် ဆေးညွှန်းပေးနိုင်သည်။ တစ်ခါတစ်ရံတွင် လူနာကို လုပ်ငန်းစဉ်မလုပ်ဆောင်မီ သက်တောင့်သက်သာရှိစေရန် ဆေးပေးနိုင်သည်။ ထိုဆေးဝါးများသည် လျင်မြန်စွာ ဆေးစွမ်းပြပြီး အချိန်တိုအတွင်း ဓာတ်ပြယ်သည်။
အချို့လူနာများသည် စိုးရိမ်စိတ်လွန်ကဲခြင်းကို ကုသရန် အချိန်ကြာမြင့်စွာ သက်ရောက်မှုရှိသည့် စိတ်ငြိမ်ဆေးများ လိုအပ်နိုင်သည်။ ထိုဆေးများသည် ဆေးစွမ်းပြရန် အချိန်ကြာသည်။ အချို့လူနာများသည် ပေါင်းစပ်ဆေးဝါးများ လိုအပ်နိုင်သည်။ ကလေးများရှိ စိုးရိမ်စိတ်လွန်ကဲခြင်းများကို ကုသသည့် ဆေးဝါးများတွင် အောက်ပါတို့ပါဝင်သည်-
စိုးရိမ်ပူပန်မှုအတွက် ဆေးသောက်နေရသော လူနာများသည် ဆေးများ ပုံမှန်အလုပ်လုပ်ခြင်း ရှိမရှိနှင့် ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ရန် ဆရာဝန်ထံသို့ ပုံမှန်ပြသင့်သည်။ ဆေးဝါးသုံးစွဲမှုဆိုင်ရာ ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာရန် အရေးကြီးသည်။ လူနာများသည် ဆေးစာတွင် ပြောထားသည်ထက်ပို၍ မသောက်သင့်ပါ၊ ထို့ပြင် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုမရှိဘဲ ဆေးသောက်ခြင်းကို မရပ်သင့်ပါ။ စိုးရိမ်ပူပန်မှု စိတ်ရောဂါသည် တိုးတက်ကောင်းမွန်ခြင်းမရှိလာပါက ဆရာဝန်ကို အသိပေးပါ။
သင့်အား စိတ်ငြိမ်ဆေး ဆေးညွှန်းပေးသည့်အခါ သင့်ဆရာဝန်ကို မေးရမည့် မေးခွန်းများ-
စိုးရိမ်ပူပန်မှုကို ကုသရာတွင် အသုံးပြုသော ဆေးဝါးများကို အညွှန်းတွင် ဖော်ပြထားသည့် ပမာဏထက် ပို့မဟုတ် အကြိမ်ရေထက် ပိုသောက်ပါက သို့မဟုတ် ခဏသာသောက်ပြီး ဆက်လက် မသောက်တော့ပါက အန္တရာယ်ရှိနိုင်သည်။ ဆေးပြောင်းလဲသောက်ခြင်းများ မလုပ်မီ သင့်ဆရာဝန်အား မေးမြန်းပါ။ ဆေးများကို လုံခြုံစွာသိမ်းဆည်းပြီး ကလေးများ မရောက်နိုင်သည့်နေရာတွင် ထားပါ။
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လှန်စိစစ်သော ရက်စွဲ- ၂၀၁၉ ခုနှစ် ဇန်နဝါရီလ