အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အပူချိန် တိုင်းတာနည်း

 အပူချိန်ကို ဘယ်လိုတိုင်းတာမလဲ။

အပူချိန်တိုင်းတာရန် အကောင်းဆုံးနည်းမှာ  ဒစ်ဂျစ်တယ်  သာမိုမီတာကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့သည်  အသုံးပြုရ မြန်ဆန်ပြီး လွယ်ကူသည်။ ဖန်ပြွန်အတွင်း ပြဒါးထည့်ထားသည့် သာမိုမီတာကို အသုံးမပြုပါနှင့်။ ပြဒါးသာမိုမီတာများသည် ကျိုးပျက်သွားပါက အဆိပ်သင့်နိုင်သည်။

အဖျားရှိခြင်းဆိုတာဘာလဲ။ အဖျားရှိခြင်းဆိုသည်မှာ ကိုယ်ခန္ဓာအပူချိန်မြင့်တက်ခြင်းဖြစ်သည်။ ကိုယ်ခန္ဓာ၏ သာမန်အပူချိန်သည် 98.6°F (37°C) ဝန်းကျင်ဖြစ်သည်။ ယေဘုယျအားဖြင့် အဖျားရှိခြင်းသည် 100.4°F (38°C) အထက်တွင်ရှိသည်။

အဖျားရှိခြင်းဆိုတာဘာလဲ။ အဖျားရှိခြင်းဆိုသည်မှာ ကိုယ်ခန္ဓာအပူချိန်မြင့်တက်ခြင်းဖြစ်သည်။ ကိုယ်ခန္ဓာ၏ သာမန်အပူချိန်သည် 98.6°F (37°C) ဝန်းကျင်ဖြစ်သည်။ ယေဘုယျအားဖြင့် အဖျားရှိခြင်းသည် 100.4°F (38°C) အထက်တွင်ရှိသည်။

ကလေးများအတွက် အဖျားတက်ခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များ

အဖျားရှိခြင်းကို သတ်မှတ်သည့်နည်းလမ်းမှာ အပူချိန်တိုင်းတာသည့် နည်းလမ်းအပေါ်မူတည်ပြီး ကွဲလွဲချက်ရှိနိုင်သည်။ အဖျားရှိခြင်းနှင့်ပတ်သက်သည့် တိတိကျကျ လမ်းညွှန်ချက်များရရှိနိုင်ရန် သင့်ဆရာဝန်နှင့်အတူ စစ်ဆေးကြည့်ပါ။

အဖျားရှိခြင်းကို သတ်မှတ်သည့်နည်းလမ်းမှာ အပူချိန်တိုင်းတာသည့် နည်းလမ်းအပေါ်မူတည်ပြီး ကွဲလွဲချက်ရှိနိုင်သည်။ အဖျားရှိခြင်းနှင့်ပတ်သက်သည့် တိတိကျကျ လမ်းညွှန်ချက်များရရှိနိုင်ရန် သင့်ဆရာဝန်နှင့်အတူ စစ်ဆေးကြည့်ပါ။

အသက် 3 လအထက်ရှိသည့် ကလေးများအတွက် အဖျားရှိခြင်းကို အောက်ပါအတိုင်း သတ်မှတ်သည်-

  • ခံတွင်း (ပါးစပ်မှ) အပူချိန်သည် 100.9°F (38.3°C) သို့မဟုတ် အထက်ရှိခြင်း

  • ခံတွင်းအပူချိန်သည် 100.4°F (38.0°C) နှင့်အထက်တွင် တစ်နာရီကြာ ဆက်ရှိနေခြင်း 

  • ချိုင်းအောက်ရှိ (အရန်) အပူချိန်သည် 99.9°F (37.7°C) ရှိခြင်း

  • ချိုင်းအောက်ရှိ အပူချိန်သည် 99.4°F (37.4°C) နှင့်အထက်တွင် တစ်နာရီကြာ ဆက်ရှိနေခြင်း

အသက် 3 လအောက်ရှိသည့် ကလေးအတွက် အဖျားရှိခြင်းဆိုသည်မှာ လက်မောင်းအောက်ဖက် အပူချိန်သည် 99.4°F (37.4°C) နှင့်အထက် ရှိခြင်းဖြစ်သည်။

အပူချိန်ကို တိုင်းတာရန် အကောင်းဆုံးနည်းလမ်းကဘာလဲ။

ယေဘုယျအားဖြင့် ခံတွင်းအပူချိန်သည် အဖျားရှိမရှိ စစ်ဆေးရန် အတိကျဆုံးနည်းဖြစ်ပါသည်။ ကလေးသည် ငယ်လွန်းလျှင် သို့မဟုတ် ပါးစပ်အတွင်း နာကျင်စေသည့် အနာများပေါက်နေလျှင် အပူချိန်ကို လက်မောင်းအောက်မှ တိုင်းတာရယူပါ။

ခံတွင်းနှင့် လက်မောင်း အပူချိန်များသည် ကလေးကင်ဆာလူနာအများစုအတွက် အကြံပြုထားသည့် နည်းလမ်းနှစ်ရပ်ဖြစ်သည်။ နဖူးသွေးလွတ်ကြော (နဖူး) သာမိုမီတာ သို့မဟုတ် နားအတွင်းပိုင်း (နား) သာမိုမီတာကဲ့သို့ အခြားနည်းလမ်းကို အသုံးပြုခြင်းသည် တိကျမှုနည်းနိုင်သဖြင့် ၎င်းတို့ကို အသုံးမပြုမီ သင့်ဆရာဝန်နှင့် ဆွေးနွေးပြောဆိုပါ။ ချိုလိမ် သာမိုမီတာများနှင့် နဖူးပြင်ကပ်စမ်းသပ်တံများ အသုံးမပြုပါနှင့်။ ၎င်းတို့သည်  တိကျသည့် ဖတ်ရှုမှုရလာဒ်များ မပေးနိုင်ပါ။

အရေးကြီးသည့်အချက်- အပူချိန်ကို စအိုလမ်းကြောင်း (ကိုယ်အောက်ပိုင်းတွင်) မှတစ်ဆင့် တိုင်းတာခြင်းသည် ကလေးကင်ဆာလူနာများအတွက် အန္တရာယ်ရှိနိုင်သည်။ ကင်ဆာလူနာများတွင် အားနည်းနေသည့် ကိုယ်ခံအားစနစ်များ ရှိတတ်သည်။ ၎င်းတို့သည်  စအိုနှင့် ကိုယ်အောက်ပိုင်းဝန်းကျင်တွင် အဖုအပိန့်များ သို့မဟုတ် အနာများရှိနေနိုင်သည်။ စအိုမှတိုင်းတာသည့် သာမိုမီတာသည် စအိုနေရာရှိ အရေပြားကို ထိခိုက်စေပြီး  ‌ရောဂါပိုးဝင်မှု ဖြစ်စေသည့် အန္တရာယ်ကို များပြားစေနိုင်သည်။ စအိုလမ်းကြောင်းသုံး သာမိုမီတာများကို ကင်ဆာဖြစ်နေသည့် ကလေးများအတွက် အဖျားရှိ၊မရှိ စစ်ဆေးရန် အသုံးပြုလေ့မရှိပါ။

ကင်ဆာမဖြစ်သည့်၊ အခြားတစ်နည်းဖြင့် ကျန်းမာရေးကောင်းမွန်သည့် လသားကလေးများနှင့် ငယ်ရွယ်သည့် ကလေးသူငယ်များအတွက် ကလေးအထူးကုဆရာဝန်များက စအိုသုံး သာမိုမီတာကို အကြံပြုပေးနိုင်သည်။ စအိုသုံး သာမိုမီတာများသည် ခန္ဓာကိုယ်အပူချိန်၏ အတိကျဆုံးဖတ်ရှုမှုရလာဒ်ကို ပေးလ့ရှိသည်။ အဖျားတိုင်းတာရန် နည်းလမ်းနှင့်ပတ်သက်၍ သင့်ဆရာဝန်၏ ညွှန်ကြားချက်များအတိုင်း အမြဲလိုက်နာဆောင်ရွက်ပါ။ 

ဒီဂျစ်တယ် သာမိုမီတာကို ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ။

သာမိုမီတာအများစုကို ဆပ်ပြာနှင့် ရေကို အသုံးပြုပြီး သန့်ရှင်းနိုင်သည်။ ပွတ်တိုက်သန့်ရှင်းရေးသုံး အရက်ပြန် (70% အိုင်ဆိုပရိုပိုင်းလ် အယ်လ်ကိုဟောလ်) ကို အသုံးပြုပြီး မျက်နှာပြင်ကို ပွတ်တိုက်သန့်ရှင်းနိုင်သည် (ခံတွင်းအတွက် အသုံးမပြုမီ ရေများများနှင့် ဆေးပါ)။ သန့်ရှင်းသည့် အဝတ်စကို အသုံးပြုပြီး အခြောက်သန့်ရှင်းရေးကို ပြုလုပ်ပါ။

သာမိုမီတာကို ရေတွင် ပြုတ်ခြင်း သို့မဟုတ် ရေဖြင့်ဆွတ်ခြင်း မလုပ်ပါနှင့်။ ပန်းကန်းဆေးစက်တွင် သန့်ရှင်းခြင်း မလုပ်ပါနှင့်။ ထုတ်လုပ်သည့်ကုမ္ပဏီ၏ ညွှန်ကြားချက်များကို အမြဲလိုက်နာဆောင်ရွက်ပါ။

အဖျားရှိခြင်းနှင့် အပူချိန်တိုင်းတာခြင်းနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များ ပိုမိုရှာဖွေရန်


ပြန်လည်သုံးသပ်သည့်ရက်စွဲ- 2021 ခုနှစ်၊ ဩဂုတ်လ