အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Tisagenlecleucel (တစ်စ်ဆာဂျန်လက်လူးဆယ်)

ကိုယ်ခံစွမ်းအားကုထုံး ခုခံစွမ်းအားကုထုံးအတွက် အသုံးပြုရန်၊ တီလင်ဖိုဆိုက် အာရုံခံပစ္စည်းကို ဖန်တီးရန်၊ ဗီဇအားဖြင့် ကူးပြောင်းပေးထားသော တီလင်ဖိုဆိုက်

ကုန်အမှတ်တံဆိပ်အမည်များ:

Kymriah®

ကလစ်ဘုတ် သင်္ကေတ

Tisagenlecleucel ဆိုတာ ဘာလဲ

Tisagenlecleucel (Kymriah®) ဆိုသည်မှာ ခုခံစွမ်းအားကုထုံးအတွက် အသုံးပြုရန် တီလင်ဖိုဆိုက် အာရုံခံပစ္စည်းကို ဖန်တီးရန် ဗီဇအားဖြင့် ကူးပြောင်းပေးထားသော တီလင်ဖိုဆိုက် ခေါ် ရောဂါပြီးကုထုံး တစ်မျိုးဖြစ်သည်။ ၎င်းကုထုံးသည် တီ−ဆဲလ်များ တွင် "ခိုင်မဲရစ် ပဋိပစ္စည်းလှုံ့ အာရုံခံများ" (CARs) ဟုခေါ်သည့် အထူးအာရုံခံများရှိလာစေရန် တီဆဲလ်များ၏ပုံစံကို ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် အလုပ်လုပ်သည်။ ထိုအထူးအာရုံခံများသည် တီဆဲလ်များအား ကင်ဆာဆဲလ်များကို ရှာဖွေတိုက်ခိုက်နိုင်ရန် အကူအညီပေးသည်။

ဤကုထုံးကို လက်ခံရရှိပြီးနောက်တွင် Cytokine Release Syndrome (CRS) ခေါ်သည့် ပြင်းထန်သော ရောဂါအခြေအနေတစ်ရပ်ဖြစ်လာနိုင်သည်။ ၎င်းသည် ကုထုံးကနဦးကာလ ၁ ပတ်မှ ၂ ပတ်အတွင်းတွင် ဖြစ်တတ်သည်။ ဆေးသွင်းနေစဉ်ကာလနှင့် ကုထုံးပြီးဆုံးပြီး ၄ ပတ်တိုင်အောင် လူနာများတွင် CRS လက္ခဏာပေါ်မပေါ်ကို စောင့်ကြည့်သွားရပါမည်။ CART ဆဲလ်ကုထုံးကို လက်ခံရရှိပြီးနောက်တွင် CRS ဝင်သည့် လက္ခဏာပြလာပါက Tocilizumab ခေါ် ဆေးတစ်မျိုးကို ပေးနိုင်သည်။

လူနာများသည် သွေးဥဆဲလ်နှင့် ရောဂါပြီးဂလိုဗျူလင် ပမာဏကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်စစ်နေရမည်ဖြစ်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

ရောဂါပြီးကုထုံးနောက်ပိုင်း သွေးထဲသို့ ဆိုက်တိုကိုင်းန်အမြောက်အမြား ထုတ်လွှတ်လိုက်သည့် ရောဂါလက္ခဏာစု - ရောဂါလက္ခဏာများမှာ−

  • ဖျားခြင်း
  • ချမ်းတုန်ခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • ကျောက်ကပ်ပြဿနာများ
  • အသည်း ပြဿနာများ
  • အသက်ရှူမဝခြင်း
  • သွေးတွင်း အောက်ဆီဂျင်လျော့နည်းခြင်း
  • အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း
  • ကြွက်သားနာကျင်ကိုက်ခဲခြင်း

နဗ်ကြောအဖွဲ့ဖောက်ပြန်ခြင်းဆိုင်ရာ အကျိုးဆက်များ - လက္ခဏာများမှာ−

  • ခေါင်းကိုက်ခြင်း
  • ရုတ်တရက်တက်ခြင်းများ
  • စိတ်ရှုပ်ထွေးခြင်း
  • ကြွက်သားတုန်ခြင်းများ
  • စိတ်အာရုံချောက်ချားခြင်းများ
  • စိတ်အခြေအနေပြောင်းလဲခြင်းများ
  • စကားပြောရာတွင် ဗလုံးဗထွေးဖြစ်လာခြင်း
  • ခေါင်းမူးဝေခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • အရေပြားတွင် အနီကွက်ထွက်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ကျောအောင့်ခြင်း
  • သွေးတွင်း ပိုတက်ဆီယမ်ပမာဏလျော့နည်းခြင်း
  • မျက်နှာ သို့မဟုတ် ခြေထောက်များရောင်ရမ်းခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Tisagenlecleucel သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Tisagenlecleucel ကြောင့် ဖြစ်တတ်သည့် နောက်ဆက်တွဲဆိုးကျိုးများမှာ−

  • နာတာရှည်ကူးစက်ရောဂါများ
  • နောက်တိုးကင်ဆာများ
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Tisagenlecleucel သည် အိပ်ငိုက်ခြင်း၊ ခေါင်းခေါင်းမူးဝေခြင်း၊ ဇဝေဇဝါဖြစ်ခြင်းနှင့်ရုတ်တရက်တက်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ လူနာများသည် ဤဆေးသွင်းပြီး အနည်းဆုံး ၈ ပတ်တာကာလအတွင်းတွင် ယာဉ်မောင်းခြင်း သို့မဟုတ် အန္တရာယ်ဖြစ်စေနိုင်သော အလုပ်များကို မလုပ်ဆောင်သင့်ပါ။
  • ဆိုက်တိုကိုင်းန် (ကင်ဆာဆဲလ်များကို တိုက်ခိုက်နိုင်သော သို့မဟုတ် ကိုယ်တွင်းခုခံအားစနစ်ကို လှုံ့ဆွပေးနိုင်စွမ်းရှိသော ဓာတုပစ္စည်း) အထုတ်များမှုကြောင့် ဖြစ်ရသည့် ရောဂါလက္ခဏာပြင်းထန်ပါက လူနာကို "Tocilizumab" နှင့်/သို့မဟုတ် "Corticosteroids" ပေးနိုင်သည်။
  • Tisagenlecleucel ဆေးသွင်းစဥ် ဆေးအပေါ်တုံ့ပြန်မှုများကို ကာကွယ်ရန် လူနာကို "Diphenhydramine" ("Benadryl®)"၊ "Acetaminophen (Tylenol®") သို့မဟုတ် အခြားဆေးများကိုပေးနိုင်သည်။
  • ဤဆေးဝါးကို လက်ခံရရှိသည့် အချိန်မတိုင်မီ သို့မဟုတ် လက်ခံရရှိပြီးနောက်တွင် လူနာများသည် အချို့ သော ကာကွယ်ဆေး (သက်ဆိုင်ရာဗိုင်းရပ်စ်ကို အားနည်းအောင် လုပ်ပြီး ပြန်တိုက်ခိုက်သော ကာကွယ်ဆေး) များကို မသုံးသင့်သေးပါ။
  • လိင်မှုကိစ္စ လုပ်ဆောင်သော လူနာများသည် ကုသမှုကာလအတောအတွင်းတွင် ကိုယ်ဝန်တားနိုင်ရန် အဆင့်ဆင့်လုပ်ဆောင်ထားသင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

Tisagenlecleucel ရင်းမြစ်များ