အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးကင်ဆာ ရောဂါရှာဖွေဖော်ထုတ်မှု နှင့် ကုသမှု

ကလေးကင်ဆာကို ကုသခြင်းသည် ရောဂါရှာဖွေဖော်ထုတ်မှုမှ စတင်သည်။

ကလေးကင်ဆာ ရောဂါရှာဖွေဖော်ထုတ်မှုသည် သတင်းအချက်အလက်ရှာဖွေခြင်းတစ်ခုဖြစ်ပြီး၊ စုံထောက်တစ်ဦးက ခက်ခဲနက်နဲသော အမှုတစ်ခုကို ဖြေရှင်းခြင်းနှင့် တူသည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် ကလေးတစ်ဦးစီ၏ ကင်ဆာဖြစ်စဥ် အား မည်သို့အကောင်းဆုံးကုသရန်ကို သိရှိရန် ထင်မြင်ယူဆချက်များကို စုဆောင်းရသည်။

အဖွဲ့က အသုံးပြုသော ကိရိယာများတွင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စစ်ဆေးမှု၊ ဆေးမှတ်တမ်း၊ ဓာတ်ခွဲခန်း စစ်ချက်များနှင့် ပုံရိပ်စစ်ဆေးခြင်းများ ပါဝင်သည်။ စွမ်းရည်မြင့်မားသော ကွန်ပျူတာများနှင့် အဆင့်မြင့်နည်းပညာအစွမ်းကြောင့် ဆရာ၀န်များသည် ကင်ဆာတစ်ခုစီ၏ ကလာပ်စည်းနှင့် မျိုးရိုးဗီဇနှင့်ဆိုင်သော (ရောဂါ) သွင်ပြင်များကို လေ့လာနိုင်သည်။ ပုံရိပ်စစ်ဆေးမှု စမ်းသပ်ချက်များသည် ခန္ဓာကိုယ်အတွင်းတွင် ကင်ဆာ မည်သို့ ပုံသဏ္ဍာန်ရှိပုံ နှင့် ပြုမူနေပုံတို့ကို ဖော်ပြသည်။

ဤသတင်းအချက်အလက်များသည် အဖြစ်အပျက်တစ်ခုကို ပြောပြနေကြသည်။ ၎င်းသည် ကင်ဆာအမျိုးအစား၊ ရောဂါ၏ လှုပ်ရှားတက်ကြွမှု အနေအထား၊ ရောဂါသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်းရှိမရှိနှင့် မတူညီသော ကုထုံးများအား ရောဂါ၏ တုံ့ပြန်နိုင်ခြေတို့ကို ပြသပါသည်။

ကလေးဆိုင်ရာကင်ဆာဌာနမှ ဆရာ၀န်များသည် လူတစ်ဦးချင်းစီအတွက် ကုသမှုအစီအစဉ်ချမှတ်ရန် ဤသတင်းအချက်အလက်များကို အသုံးပြုသည်။ ထိုအထဲတွင် ကီမိုဆေးသွင်းခြင်း ကုထုံးခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည် ကုထုံးကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံးသို့မဟုတ် ရောဂါပြီးကုထုံးတို့ ပါဝင်သည်။

တစ်ခါတရံ မိသားစုများသည် ကုသမှုအသစ်များနှင့် ပတ်သက်၍ ဆရာ၀န်များ၏ သတင်းအချက်အလက်စုဆောင်းမှုကို ကူညီရန်၊  လက်တွေ့စမ်းသပ်ကုသမှုသုတေသနလုပ်ငန်း တစ်ခုတွင် ပါဝင်ရန် ရွေးချယ်သည်။

ကုထုံးတစ်ခုစီတွင် တိကျသော ဘေးထွက် ဆိုးကျိုးများရှိသည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် ထိုအရာများကို ကင်ဆာနှင့်အတူ ကုသပါသည်။

together_filter-error