အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ရောဂါအမည်တပ်ပြီးနောက် မေးရန်မေးခွန်းများ

မည်သည့်မေးခွန်းများ ကျွန်ုပ်မေးသင့်ပါသနည်း။

သင်၏ကလေးအား ကင်ဆာရောဂါအမည်တပ်ပြီးနောက် သင့်ကလေး၏ စောင့်ရှောက်ရေးအဖွဲ့အတွက် ပြင်ဆင်ထားသော မေးခွန်းစာရင်းတစ်ခုရှိထားခြင်းက အကြံဉာဏ်ကောင်းတစ်ခုဖြစ်ပါသည်။

သင်၏ကလေးအား ကင်ဆာရောဂါအမည်တပ်ပြီးနောက် သင့်ကလေး၏ စောင့်ရှောက်ရေးအဖွဲ့အတွက် ပြင်ဆင်ထားသော မေးခွန်းစာရင်းတစ်ခုရှိထားခြင်းက အကြံဉာဏ်ကောင်းတစ်ခုဖြစ်ပါသည်။

သင်၏ကလေးအား ကင်ဆာရောဂါအမည်တပ်ခံရပြီးနောက်ပိုင်း မေးရန်မေးခွန်းများကို စဉ်းစားရသည်မှာ ခက်ခဲနိုင်ပါသည်။ အခြားအကြောင်းအရာပေါင်းမြောက်များစွာ သင့်စိတ်ထဲတွင် ပေါ်လာနိုင်ပါသည်။

မိဘအတော်များများက အသင့်ပြင်ထားပြီးသော မေးခွန်းစာရင်းတစ်ခု ရှိသည်မှာ အကူအညီရသည်ဟု ဆိုကြသည်။

အရေးကြီးသော အချက်အလက်များကို ရေးချရန် မှတ်စုစာအုပ်တစ်အုပ် ယူလာခြင်းကလည်း အကြံဉာဏ်ကောင်းတစ်ခုဖြစ်သည်။ မေးခွန်းများမေးရန် နှင့် မှတ်စုများချရေးရာတွင် ကူညီရန် သင်နှင့်အတူ တစ်ယောက်ယောက်ကိုလည်း ခေါ်လာချင်နိုင်ပါသည်။

အောက်ပါမေးခွန်းများကို ကိုးကားချက်တစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။

ရောဂါအမျိုးအစား

  • ကျွန်ုပ်၏ကလေးထံတွင် မည်သည့်ကင်ဆာအမျိုးအစားရှိပါသလဲ။
  • ကျွန်ုပ်၏ကလေး၏ ရောဂါဗေဒဆိုင်ရာအစီရင်ခံစာ (ဓာတ်ခွဲစစ်ဆေးမှု ရလဒ်များ) နှင့် ပုံရိပ်ရိုက်ကူးထားသော အဖြေများ (စီတီ (CT)၊ MRI(သံလိုက်စက်ကွင်းဓာတ်မှန်၊ အမ်အာအိုင်)၊ ပီအီးတီစကန် စသဖြင့်) ကို ကျွန်ုပ်အား ရှင်းပြနိုင်ပါသလား။
  • ကျွန်ုပ်၏ကလေးအနေဖြင့် မည်သို့သော စစ်ဆေးမှုများနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်လုပ်ရန် လိုအပ်ပါသလဲ။ ဒါတွေအတွက် ကျွန်ုပ်တို့ ဘယ်လို ပြင်ဆင်ထားရမလဲ။
  • ဒုတိယအကြံဉာဏ် ကျွန်ုပ် ရှာဖွေရယူသင့်ပါသလား။ ဒုတိယအကြံဉာဏ်ရရှိရန် ကျွန်ုပ်ကိုကူညီနိုင်ပါသလား။

ကုထုံး

  • ကျွန်ုပ်ကလေး၏ ကုသမှုပိုင်းဆိုင်ရာ ရွေးချယ်စရာများက ဘာတွေပါလဲ။
  • ကျွန်ုပ်ကလေးအနေဖြင့် မည်သို့သော စမ်းသပ်ကုသမှုသုတေသနလုပ်ငန်း များတွင် ပါ၀င်နိုင်ပါသလဲ။
  • မည်သို့သော ကုသမှုအစီအစဉ်များယူရန် သင်အကြံပြုတိုက်တွန်းပါသလဲ။ ဘာကြောင့်ပါသလဲ။
  • ကုသမှုတစ်ခုစီ၏ ရည်မှန်းချက်က ဘာပါလဲ။ ဒါက ကင်ဆာကို လုံးဝအမြစ်ဖြတ်ပေးရန်၊ ကျွန်ုပ်၏ကလေး သက်သာအောင် ကူညီရန် ဒါမှမဟုတ် နှစ်ခုလုံး လုပ်ရန်ဖြစ်ပါသလား။
  • ကျွန်ုပ်ကလေး၏ ပြုစုစောင့်ရှောက်ရေးအဖွဲ့တွင် မည်သူများပါဝင်ပါမည်နည်း။ အဖွဲ့ဝင်တစ်ဦးစီက ဘာလုပ်ပါသလဲ။
  • ကျွန်ုပ်ကလေးက ကုသမှုကို ဘယ်အချိန်တွင် စတင်ပါမည်လဲ။
  • ကျွန်ုပ်ကလေးအနေဖြင့် ကုသမှုမစတင်မီ ဘာများလုပ်ဖို့ လိုအပ်ပါသလဲ။
  • ယင်းကုသမှုကို ပေးရန် အချိန်ဘယ်လောက်ကြာပါမည်လဲ။
  • ကုထုံးများပေးရာတွင် ကူညီရန် ကျွန်ုပ်ကလေးအနေဖြင့် အထူးကိရိယာများ (သွေးပြန်ကြောတွင်းထည့်ရန် ပြွန် (venous access catheter) သို့မဟုတ် အစာထည့်ပိုက် (feeding tube) စသဖြင့်) လိုအပ်ပါမည်လား။ ဒါတွေလုပ်ခြင်းက​နေ ကျွန်ုပ်ဘာကို မျှော်မှန်းထားနိုင်ပါသလဲ။

ဘေးထွက်ဆိုးကျိုးများ

  • ကုသမှုတစ်ခုစီ၏ ဖြစ်နိုင်ချေရှိသော ရေတို ဘေးထွက်ဆိုးကျိုးများက ဘာတွေပါလဲ။
  • ဖြစ်နိုင်ချေရှိသော ရေရှည်ဘေးထွက်ဆိုးကျိုးများက ဘာတွေပါလဲ။ ကျွန်ုပ်ကလေး၏ ဘဝ နောက်ပိုင်းတွင် မည်သို့သော သက်ရောက်မှုများ ပေါ်လာနိုင်ပါသလဲ (နောက်ကျ သက်ရောက်မှုများ)။
  • ဘေးထွက်ဆိုးကျိုးများ သက်သာစေရန် ဘာတွေကို လုပ်နိုင်ပါသလဲ။
  • ယင်းကုသမှုက ကျွန်ုပ်ကလေး၏ နေ့စဥ်ဘဝကို မည်သို့ သက်ရောက်ပါမည်လဲ။ သူ သို့မဟုတ် သူမအနေဖြင့် ကျောင်းတက်နိုင်ပြီး အနှစ်သက်ဆုံး လှုပ်ရှားမှုများမှာ ပါဝင်နိုင်ပါမည်လား။
  • ကုသမှုသည် ကျွန်ုပ်၏ကလေး ပုံမှန်ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်ပါမည်လား။
  • ကုသမှုက ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် ကိုယ်အလေးချိန်တက်ခြင်း ဖြစ်စေပါမလား။
  • ယင်းကုသမှုက ကျွန်ုပ်၏ကလေး ကိုယ်ဝန်ဆောင်နိုင်မှု သို့မဟုတ် ကလေးရရှိနိုင်မှုအပေါ် သက်ရောက်ပါမည်လား။ သက်ရောက်ပါက ကင်ဆာရောဂါကုသမှုမစတင်မီ မျိုးပွားရေးဆိုင်ရာအထူးကုတစ်ဦးနှင့် ကျွန်ုပ်တို့မိသားစု စကားပြောဆိုသင့်ပါသလား။

အထောက်အကူ

  • ကျွန်ုပ်ကလေး၏ ကုသမှုအတွက် ကုန်ကျစရိတ် တွက်ချက်ရာတွင် ကျွန်ုပ်ကို မည်သူကူညီနိုင်ပါသလဲ။
  • ကျွန်ုပ်၏ကလေးအတွက် မည်သည့် အထောက်အကူပြုဝန်ဆောင်မှုများ ရရှိနိုင်ပါသလဲ။ ကျွန်ုပ်တို့မိသားစုအတွက်ရော။
  • မေးခွန်းများ သို့မဟုတ် ပြဿနာများရှိပါက မည်သူ့ကို ကျွန်ုပ်တို့ ဖုန်းခေါ်ဆိုသင့်ပါသလဲ။
  • အခြား မည်သည့်မေးခွန်းများကို ကျွန်ုပ်မေးမြန်းသင့်ပါသလဲ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- စက်တင်ဘာလ၊ ၂၀၁၈ ခုနှစ်