ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး
ကုန်အမှတ်တံဆိပ်အမည်များ:
Jakafi®
သည်အခြားအမည်များ:
Ruxolitinib phosphate
မကြာခဏအတှကျအသုံးပွု:
မိုင်လိုဖိုက်ဘရိုးစစ် (ရိုးတွင်းခြင်ဆီတွင်ဖြစ်သောကင်ဆာ) တစ်ချို့သောနောက်တစ်ကြိမ်ပြန်ဖြစ်သည့်ကင်ဆာများ
ရော့ဒ်ဆိုလစ်တင်နစ်ဘ်ဆေးသည် ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့်ကုထုံးဆေးအမျိုးအစားတစ်မျိုးဖြစ်သည်။ ဤဆေးကို အမိုင်နိုအက်စစ်ကို ဟန့်တားနိုင်သောအာနိသင်ရှိသည့်ပစ္စည်းဟုလည်းခေါ်ဆိုသည်။ ၎င်းဆေးက ဆဲလ်များကြီးထွားမှုအတွက်အရေးပါသည့် တစ်ချို့သောအချက်ပြချက်များကို တားဆီးပေးနိုင်သည်။
ရော့ဒ်ဆိုလစ်တင်နစ်ဘ်ကိုအခြားဆေးများနှင့် ပေါင်းစပ်၍လည်း အသုံးပြုသည်။ ဤဆေးကို များသောအားဖြင့် တစ်နေ့နှစ်ကြိမ်သောက်လေ့ရှိသည်။
လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ ရော့ဒ်ဆိုလစ်တင်နစ်ဘ်ဆေးပမာဏမှာ ဓာတ်ခွဲခန်းရလာဒ်များအပေါ်မူတည်၍ ပြောင်းလဲသွားနိုင်သည်။
ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။
ရော့ဒ်ဆိုလစ်တင်နစ်ဘ်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။