အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Cytarabine (ဆိုက်တရာဘင်း)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Cytosar-U®, Depocyt®

သည်အခြားအမည်များ:

Ara-C, Cytosine arabinoside

ကလစ်ဘုတ် သင်္ကေတ

Cytarabine (ဆိုက်တရာဘင်း) အကြောင်း

Cytarabine (ဆိုက်တရာဘင်း) သည် ကီမိုဆေးကုထုံးကီမိုဆေးကုထုံးတစ်မျိုးဖြစ်ပါသည်။ ၎င်းသည် ကင်ဆာဆဲလ်များကြီးထွားမှုကို နှေးသွားစေသည် သို့မဟုတ် ရပ်သွားစေသည်။ ၎င်းကို များသောအားဖြင့် အခြားဆေးများဖြင့် ပေါင်းစပ်၍ အသုံးပြုလေ့ရှိသည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
ထိုးဆေးသင်္ကေတ

အရေပြားအောက်သို့ ထိုးသွင်း၍လည်းရသည် (အရေပြားအောက်)

 
ကျောရိုးသင်္ကေတ

ခါးဆစ်ရိုးတလျှောက်ရှိ ဦးနှောက်အရည်ကြည် မှတဆင့် ထိုးသွင်းသော ဆေးအဖြစ်လည်း ပေးနိုင်သည် (ကျောရိုးနဗ်ကြောစည်းအတွင်း ဆေးထိုးခြင်း)

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • မျက်စိရောင်ခြင်း သို့မဟုတ် မျက်စိနီခြင်း
  • အရေပြားတွင် အနီကွက်ထွက်ခြင်း
  • ဖျားခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ခံတွင်းပျက်ခြင်း 
  • ဝမ်းဗိုက်နာကျင်မှု
  • ဆံပင်ကျွတ်ခြင်း
  • ကြွက်သား သို့မဟုတ် အဆစ်အမြစ်နာကျင်ခြင်း
  • မောပန်းနေခြင်း
  • အကြောထဲထိုးသွင်းရာနေရာတွင် အရေပြားကျိန်းစပ်ခြင်း
  • ခေါင်းကိုက်ခြင်းများ (ကျောဆစ်ရိုးတွင်းအာရုံကြောမကြီးမှ ဆေးသွင်းပြီးနောက်တွင်)
  • အသား သို့မဟုတ် မျက်စိဝါလာခြင်း
  • ရုတ်တရက်တက်ခြင်းများ
  • စိတ်ရှုပ်ထွေးခြင်း
  • လက် သို့မဟုတ် ခြေများတွင် ထုံကျင်ခြင်း၊ ပူခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း

ဓာတ်မတည့်သည့် တုံ့ပြန်မှုဆိုင်ရာ ရောဂါလက္ခဏာစုများမှာ− အနီကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းတွင် တစ်ဆို့နေခြင်း၊ မျက်နှာ သို့မဟုတ် လည်ပင်းရောင်ရမ်းခြင်း တို့ဖြစ်နိုင်သည်။

ဤဘေးထွက်ဆိုးကျိုးများကို Cytarabine (ဆိုက်တရာဘင်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Cytarabine (ဆိုက်တရာဘင်း) ကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများမှာ−

  • သိမြင်မှုဆိုင်ရာ ပြဿနာများ
  • အမူအကျင့်ပြောင်းလဲခြင်းများ
  • ဦးနှောက်အဖြူသားရောင်ခြင်းခေါ် အာရုံကြောဖောက်ပြန်ခြင်း လက္ခဏာများတွင် ဇဝေဇဝါဖြစ်ခြင်း၊ အားနည်းခြင်း၊ စကားပြောရန် ခက်ခဲလာခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း သို့မဟုတ် ရုတ်တရက်တက်ခြင်းများပါဝင်သည်။
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို လျော့ပါးသက်သာစေမည့် ဆေးကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါသည်။
  • မျက်စိရောင်ခြင်း သို့မဟုတ် နီခြင်းများကို လျော့နည်းသက်သာစေရန် ဆရာဝန်က မျက်စဉ်းညွှန်းပေးနိုင်ပါသည်။ ၎င်းကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုဖြစ်ပါစေ။
  • လိင်မှုကိစ္စတွင် ရှိနေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။ 
  • ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သဖြင့် ပြုစုစောင့်ရှောက်သူများအနေဖြင့် ၎င်းကာလအတွင်းတွင် အဆိုပါအရည်များနှင့်မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။