ဗဟိုအာရုံကြောအဖွဲ့အစည်း (CNS) ကို ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီး တို့ဖြင့် ဖွဲ့စည်းထားသည်။ CNS အကျိတ်များသည် မပြင်းထန်သော (ကင်ဆာမဟုတ်) သို့မဟုတ် ပြင်းထန်သောကင်ဆာဖြစ်သော (ကင်ဆာ) အကျိတ်များဖြစ်နိုင်သည်။ သို့သော် CNS ရှိ မပြင်းထန်သော အကျိတ်များသည်ပင်လျင် ပြင်းထန်သည့် ပြဿနာများအပြင် လူကိုပင် သေစေခြင်း များဖြစ်နိုင်သည်။
ဦးနှောက်တွင် အစပျိုးသည့် အကျိတ်များကို မူလဦးနှောက်အကျိတ်များဟုခေါ်သည်။ ၎င်းတို့သည် ဦးနှောက်၏ အခြားနေရာများ သို့မဟုတ် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးသို့ ပျံ့သွားနိုင်သော်လည်း၊ ကိုယ်ခန္ဓာ၏အခြားအစိတ်အပိုင်းများသို့ ပျံ့သွားလေ့မရှိပါ။ ကိုယ်ခန္ဓာ၏အခြားအစိတ်အပိုင်းများမှနေ၍ ဦးနှောက်သို့ အကျိတ်ဆဲလ်ပျံ့လာသော ဦးနှောက်အကျိတ်များလည်းရှိတတ်သည်။ ၎င်းတို့ကို မူလနေရာမှပြန့်ပွားတတ်သည့် အကျိတ် သို့မဟုတ် တစ်ဆင့်ခံ ဦးနှောက်အကျိတ်များဟုခေါ်သည်။ ၎င်းတို့တည်သည့် ကိုယ်ခန္ဓာအစိတ်အပိုင်းကို အစွဲပြု၍ အမည်ပေးထားသော ဤအကျိတ်များသည် ကလေးများတွင် ရှားရှားပါးပါးဖြစ်တတ်သည်။
ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်များသည် ကလေးများတွင် အဖြစ်များသည့် ကင်ဆာအမျိုးအစားတွင် သွေးကင်ဆာပြီးလျှင် ဒုတိယအဖြစ်အများဆုံးဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ကလေးများတွင် ဖြစ်တတ်သည့် ကင်ဆာများ၏ ၂၀% သည် ဦးနှောက် သို့မဟုတ် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးတွင် အစပြုသည်။ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဥ် CNS အကျိတ်ဖြစ်ပွားသည့် ဖြစ်စဥ်အသစ် ၄,၁၀၀ ခန့်ရှိသည်။ ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်များသည် ကလေးငယ်များကို ကင်ဆာကြောင့် အသက်ဆုံးရှုံးရစေသည့် အဓိကအကြောင်းရင်းဖြစ်သည်။
ကလေးများတွင် ဖြစ်တတ်သည့် ဦးနှောက်အကျိတ်များ၏ ထက်ဝက်ခန့်သည် ဦးနှောက်နှင့်ဗဟိုအာရုံကြောထောက်ကူဆဲလ်အကျိတ် သို့မဟုတ် ဦးနှောက်ကြယ်ဆဲလ်အကျိတ် (gliomas or astrocytomas) ဟုခေါ်တွင်သည့် အကျိတ်များဖြစ်သည်။ ၎င်းတို့သည် ဦးနှောက်၏ထောက်ကန်တစ်ရှူးကို ဖွဲ့တည်ပေးသည့် ထောက်ကူဆဲလ်(glial cells)မှ ဖြစ်တည်လာခြင်းဖြစ်သည်။ ဦးနှောက်နှင့်ဗဟိုအာရုံကြောထောက်ကူဆဲလ်အကျိတ် (Gliomas) သည် မပြင်းထန်သော သို့မဟုတ် ပြင်းထန်သောကင်ဆာဖြစ်သော အကျိတ် ဖြစ်နိုင်သည်၊ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီး၏ မတူညီသောနေရာများတွင် ဖြစ်တည်တတ်သည်။
ကလေးများတွင် အဖြစ်အများဆုံး ဦးနှောက်အကျိတ်မှာ ဦးနှောက်ကင်ဆာဖြစ်သည်။ ဤကင်ဆာသည် ဦးခွံနောက်ပိုင်းအကန့်ဟု ခေါ်သည့် ဦးနှောက်အနောက်ပိုင်းရှိ ဦးနှောက်ငယ်တွင် တည်တတ်ပါသည်။
ဗဟိုအာရုံကြောအဖွဲ့အစည်း (CNS) ကို ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးတို့ဖြင့် ဖွဲ့စည်းထားသည်။ လူ့ခန္ဓာကိုယ်၏ စဉ်းစားတွေးခေါ်မှု၊ လေ့လာသင်ယူမှု၊ စိတ်ခံစားမှု၊ စကားပြောဆိုမှု၊ အမြင်အာရုံ၊ လှုပ်ရှားမှု၊ နာကျင်မှု၊ အသက်ရှူမှုနှင့် နှလုံးခုန်နှုန်းများပါဝင်သည့် အလွန်အရေးကြီးသည့် လုပ်ငန်းများကို ဗဟိုအာရုံကြေအဖွဲ့အစည်းကပင် ထိန်းချုပ်သည်။
ဦးနှောက်တွင် ဦးနှောက်ကြီး၊ ဦးနှောက်ငယ်နှင့် ဦးနှောက်တိုင်ဟူသော အစိတ်အပိုင်းသုံးပိုင်းပါရှိသည်။
ဦးနှောက်မှ သတင်းပေးပို့ချက်များသည် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီး နှင့် အာရုံကြောများကို ဖြတ်သန်း၍ ခန္ဓာကိုယ်၏ ကျန်ရှိသည့် အစိတ်အပိုင်းများသို့ ဥဒဟိုသွားလာလျှက်ရှိသည်။
ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးတွင် တည်သည့် အကျိတ်အမျိုးအစားများစွာရှိသည့် အားလျော်စွာ ရောဂါလက္ခဏာများသည် ကျယ်ပြန့်စွာကွဲပြားကြသည်။ ရောဂါလက္ခဏာများသည် အကျိတ်၏ တည်နေရာနှင့် အရွယ်အစား၊ အကျိတ်ပြန့်ပွားနှုန်း၊ ကလေး၏အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အပေါ် မူတည်သည်။
ကလေးများတွင် ဖြစ်တတ်သည့် CNS အကျိတ်များ အများအပြားသည် ကြီးထွားနှုန်းနှေးသည်။ ရောဂါလက္ခဏာများသည် မသိမသာသိမ်မွေ့ နိုင်သည် သို့မဟုတ် ပေါ်လိုက်ပျောက်လိုက်ဖြစ်နိုင်သည်။ ၎င်းတို့သည်ဖြစ်ရိုးဖြစ်စဥ် သို့မဟုတ် ကြိုတင်ခန့်မှန်း၍ရသောပုံစံကို မလိုက်နာနိုင်သည်။
ဦးနှောက်အကျိတ်၏ အချို့သောရောဂါလက္ခဏာများမှာ−
*ကလေးများတွင် ဖြစ်တတ်သည့် အကျိတ်များသည် အဆင့်နိမ့်သည်။ ဖြစ်ရိုးဖြစ်စဥ် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်းများစသောဖော်ပြမှု တွေ့ချင်မှတွေ့ရနိုင်သည်။
ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်များ၏ ရောဂါလက္ခဏာများတွင် ကျော သို့မဟုတ် လည်ပင်းနာကျင်ကိုက်ခဲခြင်း၊ လက် သို့မဟုတ် ခြေထောက် အားနည်းလာခြင်း၊ လမ်းလျှောက်ရာတွင် ပြဿနာရှိခြင်း၊ သန့်စင်ခန်းဝင်ရန် ပြဿနာရှိခြင်းတို့ပါဝင်သည်။
ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်များဆိုင်ရာ ရောဂါလက္ခဏာများသည် မပြင်းထန်သည့်အလျောက် ရောဂါဖြစ်စတွင် သတိထားမိရန်ခဲယဥ်းသည်။ ယေဘုယျအားဖြင့် ကနဦးပိုင်းရောဂါလက္ခဏာများသည် ကလေးများတွင်ဖြစ်ပွားတတ်သည့် အခြားသောအဖျားရောဂါများနှင့် အလားသဏ္ဍာန်တူသည်။ အကျိတ်အမျိုးအစားနှင့် တည်နေရာအပေါ်မူတည်၍ အချိန်အတိုင်းအတာတစ်ခုကြာပြီးမှသာ အကျိတ်ကိုရှာဖွေဖော်ထုတ်၍ရတတ်သည်။ ရောဂါရှာဖွေဖော်ထုတ်မှုတွင် ကျန်းမာရေးမှတ်တမ်း၊ ကိုယ်ခန္ဓာစစ်ဆေးမှု၊ အာရုံကြောစမ်းသပ်စစ်ဆေးမှု၊ သွေးစစ်မှုများနှင့် ပုံရိပ်ဖော်စစ်ဆေးမှုများပါဝင်တတ်သည်။
ဤ MRI များကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများတွင် ဆရာဝန်များသည် အကျိတ်၏အရွယ်အစားနှင့် တည်နေရာကို ဖော်ပြပေးနိုင်မည့် အနုစိတ်ပုံရိပ်များကို မြင်နိုင်ပါသည်။
ခွဲစိတ်ကုသမှု သည် ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်များအတွက် အဓိကကုထုံးဖြစ်သည်။ ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်များအတွက် နောက်ထပ်ကုထုံးများတွင် ကီမိုဆေးသွင်းကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် သီးခြားပစ်မှတ်ထားတားသည့်ကုထုံးများပါဝင်သည်။
ကုသမှုများသည် အကျိတ်အမျိုးအစားနှင့် တည်နေရာ၊ ကလေး၏အသက်၊ ခွဲစိတ်ကုထုံးဖြင့် ဖြတ်ထုတ်နိုင်မည့် အကျိတ်ပမာဏအပေါ် မူတည်သည်။
ဦးနှောက်ခွဲစိတ်ကုထုံးပြုလုပ်သူ လူနာအများစုသည် ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချရန် စတီးရွိုက်ဆေးဝါးများကို သုံးရပါမည်။ အချို့လူနာများသည် အတက်ကျဆေးများကို သုံးရနိုင်ပါသည်။
အချို့သော ဖြစ် များတွင် (ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်း)ကို ဟန့်တားရန် ဦးနှောက်ထဲသို့ အရည်လွှဲလမ်းကြောင်းကို ထည့်သွင်းရန်လိုပါသည်။ အရည်လွှဲလမ်းကြောင်းဆိုသည်မှာ ဦးနှောက်နှင့် ဗဟိုအာရုံကြောဆိုင်ရာအရည် ကို ဦးနှောက်ထဲမှ ဖယ်ထုတ်နိုင်အောင် စစ်ထုတ်ပေးသည့် ပြွန်ငယ်ဖြစ်သည်။ အရည်လွှဲလမ်းကြောင်းကို ယာယီထည့်ထားနိုင်သလို အပြီးလည်းထည့်ထားရနိုင်ပါသည်။
ခွဲစိတ်ကုထုံးခံယူပြီးနောက်ပိုင်း ပြန်လည်အားဖြည့်သော ကုထုံး နှင့် အမြင်အာရုံ၊ စကား၊ အကြား၊ အင်အားနှင့် လှုပ်ရှားမှုများပါဝင်သည့် အထောက်အကူပြုစောင့်ရှောက်မှုသည် နာလန်ထမှုကို မြန်ဆန်လွယ်ကူစေနိုင်ပါသည်။ စိတ်ပညာ နှင့် ကျောင်းပံ့ပိုးမှုဆိုင်ရာ ဝန်ဆောင်မှုများသည် စိတ်ခံစားမှု၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့လာသင်ယူရေးလိုအပ်ချက်များကို ထောက်ကူပေးနိုင်ပါသည်။
ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအကျိတ်များအတွက် ရောဂါကြိုတင်ခန့်မှန်းချက်သည် မတူညီသော အကြောင်းအချက်များစွာအပေါ် မူတည်သည်။ ဤအကြောင်းအချက်များတွင် အကျိတ်အမျိုးအစားနှင့် အဆင့်၊ အကျိတ်တွင်း မော်လီကျူးများ၏ ရောဂါသွင်ပြင်များ၊ ကလေး၏အသက်အရွယ်၊ အကျိတ်အသစ် သို့မဟုတ် အကျိတ်ဟောင်းပြန်ဖြစ်ခြင်း၊ ကင်ဆာကျိတ်သည် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့မပျံ့၊ အကျိတ်ကို ခွဲစိတ်ကုထုံးဖြင့် ဖယ်ထုတ်၍ရမရ၊ ကုထုံးများအပေါ်တုံ့ပြန်မှုကောင်းမကောင်းစသည်တို့ပါဝင်သည်။ ကလေးများတွင်ဖြစ်တတ်သော ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးကင်ဆာဝေဒနာရှင်များ၏ အသက်ရှင်နိုင်ခြေသည် ၇၅% ဖြစ်သည်။ သို့ရာတွင် ရောဂါကြိုတင်ခန့်မှန်းချက်သည် ကင်ဆာအမျိုးအစားကိုလိုက်၍ အလွန်ကွဲပြားနိုင်သည်။
ကလေးတစ်ယောက်၏ လူနေမှုဘဝအရည်အသွေးအပေါ် ဦးနှောက်အကျိတ်၏ ဆိုးကျိုးသက်ရောက်မှုသည် ကလေးတစ်ယောက်နှင့်တစ်ယောက်မတူဘဲ ကွဲပြားမှုများသည်။ ဦးနှောက်အကျိတ်များရှိသည့်အချို့သောကလေးများတွင် ကုသမှုခံယူပြီးနောက်တွင် ကျန်းမာရေးနှင့်လုပ်ဆောင်နိုင်မှုဆိုင်ရာတွင် ကြာရှည်ဆိုးကျိုးများအနည်းဆုံးတွေ့ရသည်။ အခြားကလေးများသည် အမျိုးမျိုးသောသက်ရောက်ရာများ၏ ရုပ်ပိုင်းဆိုင်ရာ၊ အသိမြင်ပိုင်းဆိုင်ရာ နှင့် စိတ်ခံစားမှုဆိုင်ရာလုပ်ဆောင်မှုများတွင် ရေရှည်ပြဿနာများကို ကြုံရနိုင်သည်။
တစ်ခါတစ်ရံတွင် အဆိုပါပြဿနာများသည် အကျိတ် နှင့်/သို့မဟုတ် ခွဲစိတ်ကုထုံးကြောင့် ဦးနှောက်ထိခိုက်မှုရလဒ်ဖြစ်သည်။ အခြားပြောင်းလဲမှုများသည် ကီမိုကုထုံး နှင့်/သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးကြောင့် ရေရှည် သို့မဟုတ် နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ဖြစ်သည်။
ပြန်လည်အားဖြည့်သော ကုထုံးသည် ဦးနှောက်အကျိတ်တကျိတ်ဖြစ်ပြီးနောက်ပိုင်း ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်မှု ၏ ယာယီ သို့မဟုတ် အမြဲတမ်းပြဿနာများကို ကူညီဖြေရှင်းပေးနိုင်သည်။ ကုထုံးတွင် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းစေသည့်ကုသမှု ၊ ကိုယ်အသိမြင်စိတ်နေ့စဥ်လှုပ်ရှားမှုပြန်လည်ကျန်းမာရေးကုထုံး ၊ စကားပြောမှုဆက်သွယ်မှုကုထုံး၊ အမြင်အာရုံအထောက်အကူနှင့် နားကြားကိရိယာ အထောက်အကူများပါဝင်သည်။
ဦးနှောက်အကျိတ်ကုသမှုခံယူသောလူနာများအား ဆောင်ရွက်မှုအပိုင်းတွင် ပြောင်းလဲမှု သို့မဟုတ် ပြဿနာများအတွက် အောက်ပါတို့ကို စောင့်ကြည့်စစ်ဆေးသင့်သည်−
စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုသည် စိတ်ခံစားမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ဖွံဖြိုးရေးဆိုင်ရာနှင့် အသိမြင်မှုဆိုင်ရာ လိုအပ်ချက်များကိုထောက်ကူပေးနိုင်ပါသည်။ ယေဘုယျအားဖြင့် ဦးနှောက်အကျိတ်ကုသမှုခံယူပြီးနောက်ပိုင်းတွင် ကျောင်းပြန်တက်နိုင်ရေး အတွက် ထပ်ဆင့်ထောက်ကူပေးမှုကို လိုအပ်နိုင်ပါသည်။ ကုထုံးမစမီနှင့် ပြီးဆုံးပြီးနောက်တွင် အာရုံကြောပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို အကဲဖြတ်သုံးသပ်ခြင်းသည် မိသားစုများအတွက် ပညာရေးလိုအပ်ချက်များကို ထုတ်ဖော်နိုင်အောင် ထောက်ကူပေးနိုင်ပါသည်။ ကလေး၏စောင့်ရှောက်ရေးအဖွဲ့ သည် မိဘများအား စစ်ဆေးမှုနှင့် ကျောင်းဆိုင်ရာနေရာထိုင်ခင်းများအတွက် စီစဥ်ရန် ကူညီပေးနိုင်သည်။
ရိုးရှင်းသည့် လူနေမှုဘဝပုံစံအမူအကျင့်များသည် ဦးနှောက်ကျန်းမာရေးကို ထောက်ကူပေးပြီး အလုံးစုံကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။
အထွေထွေကျန်းမာရေးနှင့် ရောဂါ ကာကွယ်ခြင်းအတွက်၊ ကင်ဆာရောဂါပျောက်ကင်းသူ အားလုံးသည် ကျန်းမာသော နေထိုင်မှုပုံစံနှင့် စားသောက်မှု အလေ့အထများကို မွေးမြူသင့်သည်၊ ထို့အပြင် မူလအစကတည်းက ပြသခဲ့သော ဆရာဝန်ထံတွင် ပုံမှန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများနှင့် စစ်ဆေးမှုများကိုလည်း ဆက်လက် လုပ်ဆောင်သင့်သည်။ ကိုယ်ခန္ဓာအနှံဆိုင်သော ကီမိုဆေးသွင်းကုထုံး နှင့်/သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးများကို ခံယူပြီး ကင်ဆာမှရှင်သန်နိုင်သည့် ကလေးများအား မြန်ဆန်သောဆိုးကျိုးများ နှင့် နောက်ဆက်တွဲဆိုးကျိုးများအတွက် စောင့်ကြည့်နေသင့်သည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018