အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

မိသားစုများသည် ၎င်းတို့ကလေး၏ ရောဂါ၊ ကုသမှုတို့နှင့်ဆိုင်သော ယုံကြည်စိတ်ချရသည့် ကျန်းမာရေးသတင်းအချက်အလက်များကို ရှာဖွေရာတွင် ယေဘုယျအားဖြင့် စိတ်ဖိစီးမှု ဖြစ်ကြသည်။ ကလေးကင်ဆာသည် ရှားပါးသောကြောင့် မိသားစုများသည် ယုံကြည်ရသော ရင်းမြစ်များကို ရှာမတွေ့တတ်ကြပါ။ Together သည် မိသားစုများအတွက် ကျယ်ပြန့်စုံလင်သော ဆေးကုသမှုဆိုင်ရာ အချက်အလက်များ၊ ပံ့ပိုးပေးသော ကုသရေး ရင်းမြစ်များနှင့် မျှော်လင့်ချက်၊ ကုသပျောက်ကင်းမှုနှင့် အတွေ့အကြုံဇာတ်လမ်းများကို ပေးအပ်ပါသည်။ 

Together တွင် နှစ်ရှည် အသက်ရှင်သူများနှင့် ဝမ်းနည်းပူဆွေးနေသော မိဘများအပါအဝင် ကင်ဆာကို တွေ့ကြုံခံစားရမှု အခြေအနေအမျိုးမျိုး လွှမ်းခြုံပါဝင်သော ရင်းမြစ်များကိုလည်း တွေ့ရပါမည်။ ကလေးကင်ဆာနှင့် ပတ်သက်သူတိုင်းသည် အချင်းချင်း လေ့လာ၊ ချိတ်ဆက်ပြီး ပံ့ပိုးပေးနိုင်သော အသိုင်းအဝိုင်းတစ်ခုအတွင်း ပါဝင်နိုင်ပါသည်။

၎င်း၏ ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များနှင့် အရင်းအမြစ်များ အကြောင်းပြု၍၊ St. Jude (စိန့်ဂျူ့ဒ်) ကလေးများဆိုင်ရာ သုတေသန ဆေးရုံသည်  Together (အတူတကွ)ကို နေရာမရွေးရှိ ဆေးကုသမှုခံယူကြနေသည့် မိသားစုများဆီသို့ ပံ့ပိုးပေးအပ်နိုင်ခြင်းဖြစ်သည်။

လူနာများနှင့် မိဘများသည် စိတ်ချယုံကြည်ရပြီး အသုံးဝင်သော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ပညာရေးဆိုင်ရာ ရင်းမြစ်များနှင့် ကလေးကင်ဆာကြောင့် သက်ရောက်မှုရှိသော အခြားသူများ၏ အမြင်ကို ရရှိရန် အလွန်အရေးကြီးပါသည်။

James R. Downing, MD

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

Together သည် ကလေးကင်ဆာ လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် ရည်ရွယ်သော ကျယ်ပြန့်ပြည့်စုံသည့် အွန်လိုင်းရင်းမြစ်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချရသော၊ နောက်ဆုံးပေါ်ဖြစ်သော သတင်းအချက်အလက်များကို ပေးအပ်ပြီး ရှင်းလင်း၍ သက်ဆိုင်ရာ အကြောင်းအရာများကို သုံးစွဲရလွယ်သော ပုံစံဖြင့် အသုံးပြုသူများနှင့် ချိတ်ဆက်ပါသည်။ Together သည် မိမိတို့ပိုမိုနှစ်သက်သော လေ့လာသင်ယူမှုပုံစံအမျိုးမျိုးနှင့် ကိုက်ညီသော အကြောင်းအရာများကို အဓိကထားပြီး ကင်ဆာခရီးတစ်လျှောက်လုံးတွင် မိသားစုများ အသုံးပြုနိုင်သော ရင်းမြစ်များကို ပေးအပ်နေပါသည်။

Together (အတူတကွ) သည် St. Jude (စိန့်ဂျူ့ဒ်) ကလေးများဆိုင်ရာ သုတေသနဆေးရုံ ဥက္ကဌနှင့် အမှုဆောင်ချုပ် Dr. James Downing ၏ မျှော်မှန်းချက်မှ တိုးချဲ့လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ ကလေးကင်ဆာဆိုင်ရာ လူနာနှင့် မိသားစုဗဟိုပြု စောင့်ရှောက်ရေးတွင် ကမ္ဘာ့ထိပ်တန်းဆေးရုံတစ်ခုဖြစ်သော St. Jude သည် မိမိ၏ ဆေးရုံများနှင့် ဆက်စပ်ဆေးခန်းများကိုကျော်လွန်၍ ကလေးများ မည်သည့်နေရာတွင် ဆေးကုသသည်ဖြစ်စေ တစ်ကမ္ဘာလုံးရှိ မိသားစုများအတွက် ယုံကြည်စိတ်ချရသော ရင်းမြစ်များနှင့် အသိုင်းအဝိုင်းကို ပေးအပ်ရန် ရည်ရွယ်ပါသည်။