အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သင့်ကလေး၏ ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့နှင့် ဆက်သွယ်ခြင်း

ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုသည် ဘဝအရည်အသွေးစောင့်ရှောက်မှုကို ပေးစွမ်းပြီး ကလေးကင်ဆာဖြစ်ပွားစဉ်အတွင်း မိသားစုတစ်ခုလုံးအတွက် အထောက်အပံ့တစ်ခု ဖြစ်စေသည်။ ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအထူးကုဆရာဝန်များသည် နာမကျန်းမှုနှင့် ကုသမှုကို ပြုလုပ်စဉ်အတွင်း ပို၍ သက်တောင့်သက်သာ ရှိနိုင်ရန်အတွက် နာကျင်ကိုက်ခဲခြင်းအား စီမံဆောင်ရွက်ခြင်း နှင့် ဘေးထွက်ဆိုးကျိုးများ အား သက်သာစေရန်အကူအညီပေးသည်။ ၎င်းတို့သည် မိသားစုများအား အချက်အလက်တို့ကို နားလည်သဘောပေါက်စေရန်အတွက်လည်း အကူအညီပေးသည့်အပြင် ရှုပ်ထွေးနက်နဲသော ဆေးကုသရေးဆုံးဖြတ်ချက်များကို ရှင်းလင်းစေရန် လမ်းညွှန်ပေးကြသည်။

ပွင့်လင်းမှုရှိပြီး ရှင်းရှင်းလင်းလင်းရှိသော လုပ်ဆောင်ဆဲ ဆက်သွယ်မှုသည် ယုံကြည်ကိုးစားမှုကို တည်ဆောက်ပြီး မရေရာမသေချာမှုကို လျော့ပါးစေရန် အကူအညီဖြစ်စေသည်။ ဤပြုစုစောင့်ရှောက်မှုက တစ်နေ့စီအတွက် အကောင်းဆုံးရလာဒ်ကို ဖြစ်ထွန်းနိုင်စေရန်ဟူသည့် ဘုံရည်ရွယ်ချက်တစ်ရပ်အတွက် လူနာ၊ မိသားစုနှင့် ပြုစုစောင့်ရှောက်မှုအဖွဲ့တို့ကို အတူတကွ လုပ်ဆောင်နိုင်စေသည်။

ကြီးကောင်ဝင်အရွယ်ကလေးကင်ဆာလူနာသည် သမားတော်တစ်ဦးနှင့်အတူ စင်္ကြံလျှောက်လမ်းအတိုင်း လမ်းလျှောက်လာသည်

ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့နှင့်အတူ ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခြင်းသည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရောဂါလက္ခဏာများအား ထိန်းချုပ်လုပ်ဆောင်ခြင်းမှသည် အကြောက်တရားများနှင့် မသေချာမရေရာမှုတို့ကို စီမံဆောင်ရွက်ခြင်းအထိ ကျယ်ပြန့်သော မေးခွန်းများအား ပွင့်လင်းစွာ ဆွေးနွေးနိုင်စေသည့်အတွက်ဖြစ်သည်။

စကားဝိုင်းကို စတင်ခြင်း

ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုဝန်ဆောင်မှုများကို ယေဘုယျအားဖြင့် ဆိုးရွားပြင်းထန်သော နာမကျန်းမှုဖြစ်နေသည့် လူနာများအတွက်သာ ပေးစွမ်းပါသည်။ မိသားစုအများစုသည် ၎င်းတို့ကလေး၏ ရောဂါရှာဖွေခြင်းမတိုင်မီက ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအထူးကုဆရာဝန်နှင့် ဆက်သွယ်မှုမရှိ ဖြစ်နိုင်သည်။ ပုံမှန်အားဖြင့် မိသားစုများအား ဆေးရုံ သို့မဟုတ် ဆေးခန်းများ၏ ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့နှင့် ဦးစွာမိတ်ဆက်ပေးလေ့ရှိသည်။ နောက်ဆက်တွဲ ဆွေးနွေးအကြံဉာဏ်ရယူမှုများသည် ဖုန်း သို့မဟုတ် အိမ်သို့လာရောက်ခြင်းကဲ့သို့သော ဆေးခန်းတည်ရှိရာနေရာကို ကျော်လွန်၍ ပြုလုပ်နိုင်ဖွယ်ရှိသည်။ မိသားစုများသည် ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုတစ်ခုကို လွှဲပြောင်းပေးရန်အတွက် ၎င်းတို့၏ ဆရာ၀န်များကိုလည်း မေးမြန်းနိုင်သည်။ ကလေးကင်ဆာကုသမှုခရီး၏ အစပိုင်းတွင် ဦးစားပေးသတ်မှတ်ချက်တစ်ခုအနေဖြင့် ဘဝအရည်အသွေးကို တည်ဆောက်နိုင်ရန်အတွက် ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုကို စောစီးစွာ ရယူရန် အရေးကြီးသည်။

ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသောပြုစုစောင့်ရှောက်မှုသည် မိသားစုများ၏ လိုအင်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ အစောပိုင်း စကားဝိုင်းများသည် အမျိုးမျိုးသော အောက်ပါရည်ရွယ်ချက်များကို ပြီးစီးအောင် ပြုလုပ်သင့်ပါသည်-

  • ကုသမှုရည်မှန်းချက်များကို တည်ဆောက်ခြင်း 
  • မျှော်မှန်းထားချက်များကို ရှင်းလင်းဖော်ထုတ်ခြင်း
  • လတ်တလောလိုအပ်ချက်များကို ခွဲခြားသတ်မှတ်ခြင်း
  • မိသားစု၏ တန်ဖိုးထားမှုများနှင့် ဦးစားပေးသတ်မှတ်ချက်များကို နားလည်သဘောပေါက်ခြင်း

ကင်ဆာကုသမှုခရီးကို ဆက်လက်ပြုလုပ်သည့်အခါ အဆိုပါရည်ရွယ်ချက်များအား ကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းသည် မတူကွဲပြားသည့်ပုံပေါ်သည်။ သို့ရာတွင် ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသောပြုစုစောင့်ရှောက်မှုစကားဝိုင်းများသည် အဆိုပါ ရည်ရွယ်ချက်များကို ရှုထောင့်သစ်များနှင့် ပြန်လည်သုံးသပ်မှုများ ပုံမှန်ပြုလုပ်သင့်ပါသည်။

ဘဝအရည်အသွေးအကြောင်းကို ကလေးများအား ပြောဆိုခြင်း

ကလေးများထံတွင် မတူခြားနားသော လိုအပ်ချက်များ ရှိလိမ့်မည်ဖြစ်ပြီး လိုအပ်ချက်များသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ လိုအပ်ချက်များတွင် ယားယံခြင်းနှင့်အတူ အရေပြားပေါ်ရှိအဖုအပိန့်များကို ဖယ်ရှားခြင်း၊ မိတ်ဆွေများနှင့်အတူ အချိန် ပိုမိုအသုံးပြုနိုင်ရန် နည်းလမ်းများ ရှာဖွေခြင်း၊ နာတာရှည် နာကျင်ကိုက်ခဲခြင်းကို စီမံဆောင်ရွက်ခြင်း သို့မဟုတ် ကုသပျောက်ကင်းခြင်းကို မပြုလုပ်နိုင်သည့်အခါ တောင်းဆိုသည့်ဆန္ဒကို ဖြည့်ဆည်းပေးခြင်းတို့ပါဝင်နိုင်သည်။ ဘဝအရည်အသွေးသည် ကလေးများအား ၎င်းတို့၏ နာမကျန်းဖြစ်မှုအတွက်နှင့် ခွန်အားများကို ပို၍ပေးအပ်ပြီး ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝများကို ရှင်သန်နေနိုင်စေရန် ခွန်အားများကို ပို၍ပေးအပ်သည်။ ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့သည် စိုးရိမ်ပူပန်မှုများကို တိုက်ရိုက်ဖြေရှင်းခြင်းဖြင့်လည်းကောင်း စောင့်ရှောက်မှုအဖွဲဝင်များနှင့်အတူ ကလေးအား အထောက်အကူပြုအကူအညီများ ပံ့ပိုးခြင်းဖြင့်လည်းကောင်း အကူအညီပေးအပ်နိုင်သည်။

ကလေးများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ ပြောဆိုရန် တိုက်တွန်းသင့်ပါသည်။ ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှု၏ ရည်မှန်းချက်များမှာ ဝေဒနာခံစားရခြင်းကို လျော့ကျစေရန်နှင့် လူနာများ၏ သက်တောင့်သက်သာရှိမှုကို ဖြစ်နိုင်သရွေ့ဆက်လက်ထိန်းထားနိုင်စေရန်နှင့် ဘဝအရည်အသွေးကို တိုးမြင့်လုပ်ဆောင်ပေးရန် ဖြစ်သည်။ နာကျင်ကိုက်ခဲခြင်းနှင့် ဘေးထွက်ဆိုးကျိုးများသည် ကုသမှု၏ အစိတ်အပိုင်းများဖြစ်ကြပြီး ၎င်းတို့အား အထောက်အကူပြုရန် မည်သို့မှ ပြုလုပ်နိုင်မည် မဟုတ်ဟု အချို့ကလေးများက တွေးထင်ကြသည်။ အချို့ကလေးများသည် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို အသေးစိတ်မျှဝေရန် ရှက်ရွံ့နေနိုင်သည်။ အချို့မှာ စိုးရိမ်ပူပန်နေသည့် မိသားစုဝင်များကို ကာကွယ်ရန်အတွက် သက်ညှာနေနိုင်သည်။

မိသားစု စောင့်ရှောက်သူများသည် လူနာ၏ စိုးရိမ်ပူပန်မှုများကို ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့ထံသို့ လက်ဆင့်ကမ်းရာတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ကြသည်။ ကလေးများသည် ၎င်းတို့၏ ခံစားမှုများနှင့် တွေ့ကြုံခံစားရမှုများကို လူစိမ်းများအား မျှဝေရာတွင် စိတ်မသက်မသာခံစားရနိုင်သည်။ မိသားစုများသည် ကလေး၏ဘေးထွက်ဆိုးကျိုးများနှင့် အခြားစိုးရိမ်ပူပန်မှုများအား ပြသသည့် ဖော်ပြချက်များကို မှတ်တမ်းရယူနိုင်ပြီး အဆိုပါမှတ်ချက်များကို ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့အား မျှဝေနိုင်သည်။ မည်သည့်အချိန်၌မဆို မိဘနှင့် ကလေးအကြား ဆက်သွယ်မှုပြုလုပ်ရန် ခက်ခဲလျှင် ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုပံ့ပိုးသူသည် စကားပြောဆိုမှုကို အထောက်အကူဖြစ်စေနည့် အထောက်အပံ့ကို ပံ့ပိုးပေးနိုင်သည်။

မိသားစု စောင့်ရှောက်သူများနှင့် ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့အကြား ဆက်သွယ်မှုကို တိုးတက်ကောင်းမွန်စေခြင်း

မိဘများနှင့် အခြားမိသားစုဝင်များသည် ရှုပ်ထွေးသော လိုအပ်ချက်များနှင့် စိတ်ခံစားချက်များကို ကင်ဆာကုသရေးခရီးစဉ်အတွင်း ရင်ဆိုင်ရသည်။ အခြားမိသားစုနှင့်အတူ ပေါင်းစပ်လုပ်ဆောင်သော လူနာစောင့်ရှောက်မှုအတွက် တောင်းဆိုမှုများသည် စောင့်ရှောက်သူများအတွက် နှစ်လိုအားရစရာဖြစ်သည်။ ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လမ်းညွှန် ပေးပြီး စောင့်ရှောက်မှုအစီအစဉ်များကို ပြုလုပ်ကာ နေ့စဉ်စိုးရိမ်ပူပန်များကို စီမံဆောင်ရွက်သည့်အတွက် ၎င်းတို့သည် မိသားများအတွက် အရေးပါသော အဖွဲ့တစ်ခုဖြစ်နိုင်သည်။

ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့သည် ကလေး၏ စောင့်ရှောက်မှုပြုလုပ်သည့်အတွင်း ပါဝင်သော မိသားစုနှင့် အခြားပံ့ပိုးသူများနှင့်အတူ နီးကပ်စွာ ဆက်သွယ်ခြင်းဖြင့် အချိန်ကုန်လွန်စေပါသည်။ ၎င်းတို့သည် ရှုပ်ထွေးသော ဆုံးဖြတ်ချက်များ၏ အကျိုးနှင့် အပြစ်တို့ကို မိဘများအား ချိန်ဆနိုင်စေရန်နှင့် မိသားစု၏ တန်ဖိုးထားမှုများနှင့် ယုံကြည်ချက်များနှင့်အတူ ၎င်းဆုံးဖြတ်ချက်များကို ဆက်လက်သိမ်းဆည်းရာတွင် အထောက်အကူပြုသည်။

ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိခြင်းသည် မိသားစုများအား အရေးကြီးသည့်မေးခွန်းများကို မေးမြန်းခွင့်ရရှိစေသည်။ ကလေးကင်ဆာဖြစ်စဉ်အတွင်း မိသားစု၏မေးခွန်းများတွင် အောက်ပါတို့ပါဝင်နိုင်သည်-

  • ကျွန်ုပ်တို့၏ ကလေးအတွက် မှန်ကန်သောဆုံးဖြတ်ချက်များကို ပြုလုပ်ချမှတ်နိုင်ခြင်းရှိမရှိကို သေချာမသိဘဲဖြစ်နေကြပြီး ၎င်းသည်ကျွန်ုပ်တို့အား ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။ သင် ဘယ်လို ကူညီနိုင်ပါသလဲ။
  • ကီမိုဆေးသွင်းခြင်းကုထုံး ကုသမှုများပြုလပ်နေစဉ် ကျွန်ုပ်တို့၏ ကလေးကို ကျောင်းသို့ ပို့သင့်ပါသလား။
  • ဤအချက်အလက်များကို နားလည်သဘောပေါက်စေရန် သင့်အနေဖြင့် ကျွန်ုပ်တို့ကို အကူအညီပေးနိုင်ပါမည်လား၊ ၎င်းသည် ကုသမှုအစီအစဉ်များအပေါ်တွင် သက်ရောက်မှုရှိပါသလား။
  • သင့်အမြင်ရှုထောင့်မှဆိုလျှင် ဤအချိန်၌ သင့်အား ဘယ်အရာ သည်အစိုးရိမ်အပူပန်ဆုံးဖြစ်စေမည်နည်း။
  • အကယ်၍ကုသပျောက်ကင်းရန်မဖြစ်နိုင်တော့လျှင် ဘဝနိဂုံးချုပ်ခြင်းဆိုင်ရာ ရည်မှန်းချက်များအား ပြင်ဆင်ရန်နှင့် ၎င်းတို့အား စောင့်ရှောက်မှုအဖွဲ့တစ်ခုလုံးထံသို့ ဆက်သွယ်ပေးရန် အကူအညီပေးနိုင်ပါသလား။ ကျွန်ုပ်တို့၏ ကလေးအား မည်သည့်အရာကို ပြောဆိုသင့်ပါသနည်း။
  • ကျွန်ုပ်၏ ကလေးကို နေအိမ်သို့ ခေါ်ယူလိုပါသည်။ မည်သည့်ပုံစံမျိုး ဖြစ်လာမည်ဖြစ်ပါသနည်း။ သင် ဘယ်လို ကူညီနိုင်ပါသလဲ။

မိသားစုများအား ၎င်းတို့၏ ဝေဒနာ ခံစားမှုသက်သာ လျော့နည်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့များနှင့်အတူ အကူအညီပေးရေး အကြံပေးချက်များ-

  • ဘဝအရည်အသွေးသည် သင့်ကလေးနှင့် မိသားစုအတွက် မည်သည့်အဓိပ္ပာယ်ကို ရရှိစေသနည်းဆိုသည်ကို ဆွေးနွေးပါ။ ဤသို့ဆွေးနွေးရာတွင် သင့်အနေဖြင့် ပြုလုပ်လိုသည့် အရာများ၊ ရောဂါလက္ခဏာ ထိန်းချုပ်ရေး၊ နာကျင်ကိုက်ခဲမှု သက်သာလျော့ပါးခြင်းနှင့် အကြောက်တရာများနှင့် မသေချာမရေရာမှုကို စီမံဆောင်ရွက်ရန် နည်းလမ်းများ ပါဝင်သည်။
  • မိသားစု၏ အရေးကြီးသော တန်ဖိုးထားမှုများနှင့် ကိုးကွယ်ယုံကြည်မှုများကို မျှဝေပါ၊ ၎င်းတို့မှ စောင့်ရှောက်မှုနှင့် ကုသမှုဆုံးဖြတ်ချက်များကို လွှမ်းမိုးသက်ရောက်စေနိုင်သည့် အကြောင်းကို ပြောဆိုပါ။
  • သင်သည် ဆွေးနွေးခဲ့သည့် အချက်အလက်များကို မည်ကဲ့သို့ ပိုမိုနှစ်သက်သည့်အကြောင်း သင်၏ ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို ပြောဆိုပါ။ သတင်းများကို လက်ခံရရှိသည့်အခါ မည်သည့်သတင်းက အကူအညီဖြစ်စေနိုင်သည် သို့မဟုတ် မဖြစ်စေနိုင်သည်တို့ကို အဖွဲ့အား သိရှိပါစေ။ သူမ သို့မဟုတ် သူ၏ တစ်ဦးချင်းစီအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့် အသက်အရွယ်အလိုက် သင့်လျော်သည့် နည်းလမ်းများဖြင့် အချက်အလက်များကို သင့်ကလေးအား မည်သို့မျှဝေရန် ဆွေးနွေးပါ။
  • ဆုံးဖြတ်ချက်ပြုလုပ်ရာတွင် သင်နှင့် သင့်ကလေးအနေဖြင့် မျှဝေမှုပြုလုပ်နိုင်သည့် နည်းလမ်းများအကြောင်း ပြောဆိုပြီး အစီအစဉ်ပြုလုပ်ရာတွင် တက်တက်ကြွကြွရှိပါစေ။
  • အစီအစဉ်များ သို့မဟုတ် ကုသရေးရည်မှန်းချက်များနှင့် စပ်လျဉ်း၍ မိသားစုဝင်များအကြား အာရုံထွေပြားခြင်း သို့မဟုတ် သဘောကွဲလွဲချက်ရှိလျှင် အဖွဲ့အား အသိပေးပါ။ ဤသို့ဖြစ်ခြင်းသည် အတွေ့ရများပြီး ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်ပြီး အချက်အလက်များကို ရှင်းလင်းဖော်ထုတ်ပေးနိုင်ပါသည်။
  • အဖွဲ့အား အသိပေးရန် အမြဲသတိရှိပါ။ အသစ်ဖြစ်သော၊ ရောဂါလက္ခဏာများ၏ တိုးတက်မှု သို့မဟုတ် ပိုမိုဆိုးရွားလာခြင်း၊ ဆေးရုံပြင်ပရှိ မိသားစုအား ထိခိုက်စေနိုင်သည့် အခြေအနေများ သို့မဟုတ် စမ်းသပ်ပြုလုပ်ရန် သင့်အနေဖြင့် စိတ်ဝင်စားနိုင်သည့် ဖြည့်စွက် နှင့်/သို့မဟုတ် အပျက်သဘောဆောင်သော ကုထုံးများကဲ့သို့ အပြောင်းအလဲများကို အဖွဲ့သို့ အသိပေးပါ။
  • အနာဂတ်အစီအစဉ်များ ပြုလုပ်ရာတွင် ပွင့်လင်းစွာ ဆွေးနွေးပါ။ စောင့်ရှောက်မှုအကူးအပြောင်းကာလများ – ၎င်းတို့သည် အပြုသဘောဆောင်သည့်တိုင်အောင် မိသားစုတစ်ခုလုံးအတွက် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သည်။ ထပ်မံ၍ မည်သို့ဖြစ်လာနိုင်သည်ကို သိရှိခြင်းနှင့် ကြိုတင်ပြင်ဆင်ထားခြင်းသည် စိုးရိမ်သောကကို လျော့ပါးစေပြီး ခံစားချက်ကို ထိန်းချုပ်မှုကောင်းမွန်စေပါသည်.

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018