ပုံမှန်အားဖြင့် ကလေးများနှင့် ဆယ်ကျော်သက်များသည် ကင်ဆာကုသစဉ် အတောအတွင်း ကျောင်းတက်ခြင်းကို ဆက်လက်ပြုလုပ်နိုင်ပါသည်။
ကျောင်းတက်ရောက်ခြင်းဖြင့် ၎င်းတို့၏ ဘဝများအတွင်း ပုံမှန်ဖြစ်တည်မှုကို ခံစားရရှိစေရန် အထောက်အကူဖြစ်စေပါသည်။
ကုသမှုခံယူနေစဉ်အတွင်း ကျောင်းတက်ရောက်ခဲ့ကြသည့် ရေရှည်ရှင်သန်သူများသည် ပိုမိုကောင်းမွန်သော လူမှုရေးစွမ်းရည်များ၊ မိမိကိုယ်ကို ပိုယုံကြည်မှု တို့အပြင် နေအိမ်၌ စာသင်သည့်အစီစဥ်များယူကြသည့် ကလေးများနှင့် နှိုင်းစာလျှင် ပညာရပ်ဆိုင်ရာ ပြဿနာများကို ကြုံတွေ့ရနိုင်ခြေနည်းပါးကြောင်း သုတေသနများတွင် ပြဆိုထားသည်။
တစ်ခုချင်းစီအလိုက် ကွဲပြားမှုရှိသည်။ ကင်ဆာသည် ရေရှည်နာမကျန်းမှုတစ်ခုဖြစ်သည်။
ကုသမှုသည် ရက်သတ္တပတ်ပေါင်းများစွာမှသည် ၂ နှစ်အထိ ကြာမြင့်နိုင်သည် သို့မဟုတ် လူနာတွင် ဖြစ်ပေါ်နေသည့် ကင်ဆာအမျိုးအစားပေါ်တွင် မူတည်ပြီး ထို့ထက်လည်း ကြာမြင့်နိုင်သည်။
ကုသမှုနောက်ပိုင်းတွင် လူနာများသည် (ရေရှည် သို့မဟုတ် နောက်ပိုင်းဆိုးကျိုးများ) ဟု ခေါ်ဆိုကြသည့် ရောဂါလက္ခဏာများကို ကြုံတွေ့ရနိုင်ပြီး ၎င်းတို့သည် သင်ယူမှုလုပ်ငန်းအပေါ်တွင် အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။
ကုသမှုအတွင်း ကျောင်းအတွက် အစီအစဉ်တစ်ခုကို စောစီးစွာ ချမှတ်ရန်နှင့် ၎င်းအစီအစဉ်အား ပြန်လည်သုံးသပ်မှုများ ပုံမှန်ပြုလုပ်ရန် အရေးကြီးပါသည်။
မှန်ကန်သင့်လျော်သည့် မေးခွန်းများကို မေးမြန်းခြင်းအားဖြင့် ကျောင်းအစီအစဉ်တစ်ခုအား တိုးတက်ဖွံ့ဖြိုးရန်လုပ်ဆောင်မှုသည် စတင်ပါသည်။
ကလေးများအတွက် ကင်ဆာကုသမှုကို ပံ့ပိုးနိုင်လောက်သည့် ဆေးရုံသည် လူနာများအတွက် ကျောင်းပညာသင်ကြားရေး ဝန်ဆောင်မှုများကိုလည်း ရရှိစေမည်ဖြစ်ပါသည်။ ပံ့ပိုးမည့်ပုံစံမှာ ဆေးရုံအပေါ် မူတည်ပြီး ကွဲပြားသည်။
သင့်ကလေး၏ ကျောင်းနှင့် ပုံမှန် ဆက်သွယ်ဆက်ဆံမှုပြုလုပ်ခြင်းက လုပ်ငန်းစဉ်ကို အတတ်နိုင်ဆုံး ချောမွေ့မှုရှိစေရန် အထောက်အကူပြုပေးမည်ဖြစ်ပါသည်။
ကျောင်းပညာသင်ကြားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်သွယ်မှုအတွက်ထားရန် ဆက်သွယ်မှုပြုလုပ်မည့်သူ ၂ ဦးကို စီစဉ်သတ်မှတ်ရန် စဉ်းစားပါ။ ထို ၂ ဦး မှာ ကျောင်းကိုယ်စားလှယ်တစ်ဦးနှင့် ဆေးရုံ၏ ကျောင်းပညာသင်ကြားရေးအစီအစဉ်အတွက် အခြားကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ဤသတ်မှတ်ချက်က မျှဝေထားသည့် အချက်အလက်များသည် တစ်သမတ်တည်းညွတ်ခြင်း နှင့် တိကျမှုရှိခြင်းတို့ အတွက် သေချာစေရန်လုပ်ဆောင်လိမ့်မည်ဖြစ်သည်။
ကျောင်းမှလည်း စီစဉ်သတ်မှတ်ထားသူတစ်ဦး ရှိနှင့်ပြီး ဖြစ်နိုင်သည်။ အလယ်တန်းအောက်အဆင့် ကျောင်းများတွင် များသောအားဖြင့် ကလေး၏ ဆရာ သို့မဟုတ် ကျောင်းအုပ်ဖြစ်သူက ပေါင်းစပ်ညှိနှိုင်းမှုကို ပြုလုပ်မည်ဖြစ်သည်။ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ထိုသူသည် ကျောင်း၏ လမ်းညွှန်အတိုင်ပင်ခံသူတစ်ဦး ဖြစ်နေနိုင်သည်။
မိဘများ၊ ကလေး၏ ပင်မစာသင်ကျောင်းမှ ဆရာ(များ)၊ ဆေးရုံ၏ကျောင်းပညာသင်ကြားရေးအစီအစဉ် ကိုယ်စားလှယ်တစ်ဦးနှင့် ကလေးကိုယ်တိုင် (သင့်တော်သည့်အသက်အရွယ်ဖြစ်လျှင်) တို့ ပါဝင်သည့် မိတ်ဆက်တွေ့ဆုံမှုတစ်ခုကို ပြုလုပ်ခြင်းသည် အထောက်အကူပြုသည်။
ရပ်ဝေးဒေသရှိ မိသားစုများအတွက် ဤမိတ်ဆက်တွေ့ဆုံမှုကို ပြုလုပ်ရပါက (ဗီဒီယို) ကွန်ဖရင့်ခေါ်ဆိုမှုဖြင့် ပြုလုပ်နိုင်ပါသည်။ လူတစ်ဦးစီက မေးခွန်းများကို မေးမြန်းနိုင်ပါသည်။ ထိုအဖွဲ့သည် ရည်မှန်းချက်များကို ချမှတ်နိုင်ပါသည်။
ဆွေးနွေးပြောဆိုမည့် အကြောင်းအရာများ-
အစီအစဉ်တစ်ခုကို နေရာချထားပြီးသည့်အခါ သင့်ကလေး၏ လိုအပ်ချက်များကို တိုးမြှင့်လုပ်ဆောင်ပြီး ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် သေချာစွာ ဆောင်ရွက်ပါ။ အသက်ပိုကြီးသည့် ကလေးများနှင့် ဆယ်ကျော်သက်များသည် ၎င်းတို့၏ လိုအပ်ချက်များအတွက် အထောက်အကူပြုသူအဖြစ်လည်း ဆောင်ရွက်နိုင်ပါသည်။
အကူအညီတောင်းခံရန်အတွက် မေးခွန်းများ မေးမြန်းရသည်ကို မကြောက်ပါနှင့်။ သင့်အနေဖြင့် ၎င်းအရာများနှင့် ပတ်သက်၍ ကောင်းစွာကျင်လည်သိရှိရန်အတွက် အကူအညီတောင်းခံရန် ယုံကြည်ကိုးစားနိုင်သည့် မိသားစုဝင်တစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦးကို အလိုရှိနိုင်ပါသည်။ ထို့ပြင် ဝတ်ပြုဆုတောင်းရာနေရာ သို့မဟုတ် လူမှုအသိုင်းအဝိုင်း အထောက်အကူပြုဌာနတွင်လည်း အရင်းအမြစ်များ ရှိနိုင်ပါသည်။
—
ပြန်လည်သုံးသပ်ပြီး- ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ