အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆေးဝါးပေးကုသမှုဆိုင်ရာ စီမံခန့်ခွဲမှု

together_filter-error

  • ဆေးဝါးများကို စိတ်ချလုံခြုံစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

    လူနာများ၊ မိသားစုဝင်များနှင့် စောင့်ရှောက်သူများ ဘေးကင်းစိတ်ချရမှုအတွက် အထောက်အကူဖြစ်စေရန် ဆေးဝါးများကို ကောင်းစွာသိုလှောင်ရန်နှင့် စွန့်ပစ်ရန် အရေးကြီးပါသည်။ ကောင်းစွာသိုလှောင်ခြင်းမပြုလုပ်လျှင်၊ ညွှန်ကြားသည့်အတိုင်း သောက်သုံးလျှင်၊ သက်ဆိုင်သူတစ်ဦးဦးမှ သောက်သုံးမိလျှင်ဖြစ်စေ ဘေးကင်းစိတ်ချရမှုရှိရှိ စွန်ပစ်ခြင်းမရှိလျှင်ဖြစ်စေ ဆေးဝါးများအားလုံးသည် အန္တရာယ်ရှိနိုင်ပါသည်။

    ပိုမိုသိရှိရန်
  • ဆေးဝါးဆိုင်ရာ ဘေးကင်းစိတ်ချရမှု

    ဆေးဝါးများကို စီမံခန့်ခွဲခြင်းသည် လူနာများနှင့် စောင့်ရှောက်သူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ မိသားစုများသည် ဆေးဝါးမျိုးစုံကို တစ်ပြိုင်တည် သုံးစွဲသောက်သုံးရလေ့ရှိသည်။ ယင်းက အလွယ်တကူ ဒုက္ခပေးနိုင်သည်။ သို့ရာတွင် မိသားစုများအနေဖြင့် ဆေးဝါးများနှင့် ပတ်သက်၍ ကောင်းစွာ စီမံထိန်းချုပ်နိုင်မည့် နည်းလမ်းများရှိပါသည်။

    ပိုမိုသိရှိရန်
  • IV ဆေးဝါးများကို နေအိမ်၌ သောက်သုံးခြင်း

    အချို့သော ကလေးကင်ဆာလူနာများအတွက် IV ဆေးဝါးအချို့ကို နေအိမ်၌ ပေးသွင်းနိုင်ပါသည်။ ကူးစက်ရောဂါအား ကာကွယ်တားဆီးခြင်း၊ သွေးပြန်ကြောအတွင်း ပစ္စည်းများ ထည့်သွင်းသည့် ကိရိယာအသုံးပြုခြင်း၊ ဓာတ်မတည့်သည့် တုန့်ပြန်မှု သို့မဟုတ် ကူးစက်ရောဂါ၏ လက္ခဏာများအား သိရှိမှတ်သားခြင်းနှင့် ဆေးဝါးအား ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းတို့အတွက် စောင့်ရှောက်သူများကို လေ့ကျင့်ပေးသင့်ပါသည်။

    ပိုမိုသိရှိရန်
  • ကုထုံးအသုံးပြုဆေးဝါးအား စောင့်ကြည့်လေ့လာခြင်း

    ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးအတွင်း လူနာများသည် ခန္ဓာကိုယ်အတွင်းရှိ ဆေးဝါးများ၏ ပါဝင်မှုအဆင့်ကို စစ်ဆေးရန် စစ်ဆေးမှုများ ခံယူရနိုင်သည်။ ဤဖြစ်စဉ်ကို ကုထုံးအသုံးပြုဆေးဝါးအား စောင့်ကြည့်လေ့လာခြင်းဟုခေါ်သည်။ ဆေးဝါးများ၏ ပါဝင်မှုအဆင့်များသည် မှန်ကန်သည့်အဆင့်အတွင်းရှိမရှိ သေချာစေရန်အတွက် ဤစစ်ဆေးမှုများကို ပြုလုပ်ရန် အရေးကြီးပါသည်။ ရလဒ်များသည် လူနာများရရှိနေသည့် ဆေးဝါးပမာဏကို လူနာတစ်ဦးချင်း အလိုက် အတိုးအလျော့ လုပ်ရာတွင်လည်း အထောက်အကူပြုနိုင်ပါသည်။

    ပိုမိုသိရှိရန်