အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဘဝနိဂုံးချုပ်ခြင်းအတွက် စီစဉ်ခြင်း

ကုသမှုသည် ဆက်လက်တိုးတက်မှုမရှိတော့သည့်အခါနှင့် ကုသပျောက်ကင်းခြင်းအတွက် ဖြစ်နိုင်ဖွယ်မရှိတော့သည့်အခါ စောင့်ရှောက်မှုဆိုင်ရာ ရည်မှန်းချက်များသည် ပြောင်းလဲသွားပါသည်။

ဘဝနိဂုံးချုပ်ခြင်းသို့ ကူးပြောင်းခြင်းအတွက် စီစဉ်ရာတွင် ရောဂါလက္ခဏာများကို စီမံဆောင်ရွက်ရန်၊ အသိပေးပြီးဖြစ်သော ဆုံးဖြတ်ချက်များကို ပြုလုပ်ချမှတ်ရန်နှင့် လူနာနှင့် မိသားစုအတွက် ဘဝအရည်အသွေးအပေါ်တွင် အာရုံစိုက်လုပ်ဆောင်ရန်တို့သည် အရေးပါသည်။

ညနေဆည်းဆာအချိန်၌ မြစ်တစ်စင်းဘေးရှိ ခုံတန်းပေါ်တွင် ထိုင်နေသော မိသားစုတစ်စု

ကင်ဆာခရီး၏နောက်ဆုံးအဆင့်များက မည်သည့်နေရာသို့ ဦးတည်သွားနိုင်သည်ကို သိရှိရန် မဖြစ်နိုင်ပါ။ ကြိုတင်စီစဉ်ဆောင်ရွက်မှုသည် အကြောက်တရားနှင့် မသေချာမရေရာမှုကို လျော့ကျစေပါသည်။

နာကျင်ကိုက်ခဲခြင်းနှင့်​ ရောဂါလက္ခဏာ စီမံဆောင်ရွက်မှု

သက်တောင့်သက်သာရှိမှုသည် ကလေးကင်ဆာ ကျန်းမာရေးစောင့်ရှောက်မှု၏ အဆင့်တိုင်းတွင် မရှိမဖြစ်လိုအပ်သည်။ ဘဝနိဂုံးချုပ်ခြင်းဖြစ်စဉ်အတွင်းပြုလုပ်သည့် ဆေးကုသရေးဆိုင်ရာအောက်ပါတို့ပါဝင်သည်-

  • ပိုမို နုံးခွေခြင်း နှင့် မောပန်းလွယ်ခြင်း
  • စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်သောကနှင့် စိတ်တိုခြင်းကဲ့သို့ စိတ်ခံစားချက်ဆိုင်ရာ ဖိစီးမှုများ
  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း နှင့်/သို့မဟုတ် အော့အန်ခြင်း
  • စားချင်စိတ်မရှိခြင်း
  • ကိုယ်အလေးချိန်ချခြင်း
  • အိပ်စက်မှုဆိုင်ရာ ပြဿနာများ
  • အသက်ရှူခြင်း၊ နှလုံးခုန်နှုန်း သို့မဟုတ် သွေးပေါင်ချိန် ပြောင်းလဲမှုများ
  • ဆီးသွားနည်းလာခြင်း
  • ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
  • အစာဟောင်းအိမ် သို့မဟုတ် ဆီးအိမ်အား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း
  • အဖျား
  • အကြောဆွဲခြင်း၊ တက်ခြင်း
  • အာရုံထွေပြားခြင်း သို့မဟုတ် အခြားသော စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ပြောင်းလဲလာခြင်း

ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှုသည် ဘဝနိဂုံးချုပ်စဉ်အတွင်းနာကျင်ကိုက်ခဲခြင်းနှင့်ပြုလုပ်သည့် ဆေးကုသရေးဆိုင်ရာနိဂုံးချုပ်ခြင်း အခြေအနေတစ်ခုချင်းစီအလိုက် ကွဲပြားမှုရှိသော်လည်း ကလေးအား သက်တောင့်သက်သာရှိနေစေရန်အတွက် ချဉ်းကပ်ချက်အမျိုးစုံကို အသုံးပြုနိုင်သည်။ ဆရာ၀န်များသည် ဆေးဝါးများ၊ ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှု ကုသမှုများ သို့မဟုတ် တွဲဖက်ကုထုံးများကို ပြုလုပ်ရန် အကြံပြုနိုင်သည်။

ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို ချဲ့ထွင်နိုင်ပြီး ကလေးနှင့် မိသားစုတို့အား အကူအညီပေးနိုင်သည့် ကျန်းမာရေးကျွမ်းကျင်ပညာရှင်များကို ထည့်သွင်းနိုင်သည်။ စောင့်ရှောက်မှုကာလအတွင်း သီးခြားလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နယ်ပယ်ပေါင်းစုံပါဝင်သော အဖွဲ့တွင် စိတ်ပညာကလေးဘဝရှင်သန်မှု၊ နာမ်ဝိဉာဏ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ လူမှုရေးလုပ်ငန်းနှင့် အခြားနယ်ပယ်များမှ ကျွမ်းကျင်သူများ ပါဝင်နိုင်သည်။ပြုလုပ်သည့် ဆေးကုသရေးဆိုင်ရာနိဂုံးချုပ်ခြင်း

ကြိုတင်စောင့်ရှောက်မှု အစီအစဉ်ပြုလုပ်ခြင်း

ကင်ဆာခရီး၏နောက်ဆုံးအဆင့်များကမည်သည့်နေရာသို့ဦးတည်သွားနိုင်သည်ကို သိရှိရန် မဖြစ်နိုင်ပါ။ သို့ရာတွင် ကြိုတင်စီစဉ်ဆောင်ရွက်မှုသည် အကြောက်တရားနှင့် မသေချာမရေရာမှုကို လျော့ကျစေပါသည်။ ၎င်းသည် မိသားစုများအား ၎င်းတို့၏ ဦးစားပေးသတ်မှတ်ချက်များနှင့် တန်ဖိုးထားမှုများတို့နှင့် ကိုက်ညီစေသည့် ဆုံးဖြတ်ချက်များကို ပြုလုပ်ချမှတ်ရန် အချိန်ရရှိစေပါသည်။ ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူများသည် အမျိုးမျိုးသော အနာဂတ်ဖြစ်နိုင်ဖြေများအတွက် မိသားစုများကို ပြင်ဆင်ပေးနိုင်ပါသည်။ ရိုးသားမှုရှိပြီး ရှင်းလင်းသော ဆက်သွယ်မှုသည် ဆုံးဖြတ်ချက်များနှင့် စောင့်ရှောက်မှုရွေးချယ်ချက်များ၊ ဆက်နွယ်ပတ်သက်သည့် အကျိုးတရားများနှင့် ဝန်ထုပ်ဝန်ပိုးများအား နားလည်စေရန် အထောက်အကူဖြစ်စေသည်။

ဘဝနိဂုံးချုပ်ခြင်းဖြစ်စဉ်အတွင်း ဆေးကုသရေးလုပ်ငန်းစဉ်ကို အဓိကကျသော အောက်ဖော်ပြပါအကြောင်းရင်းနှစ်ခုအတွက် ထည့်သွင်းစဉ်းစားပါသည်။

  1. သက်တမ်းရှည်စေရန်အတွက် ပြုလုပ်သော ကုသမှု
  2. သက်တောင့်သက်သာရှိမှုကို ပံ့ပိုးပေးရန်အတွက် ပြုလုပ်သော ကုသမှု

ဘဝနိဂုံးချုပ်ခြင်းဖြစ်စဉ်အတွင်းပြုလုပ်သည့် ဆေးကုသရေးဆိုင်ရာဝင်ရောက်ဆောင်ရွက်မှုများတွင် အောက်ပါတို့ ပါဝင်သည်-

  • အကျိတ်ကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများကို ကုသရန်ခွဲစိတ်ကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည် ကုထုံး
  • ဖြည့်စွက်အောက်ဆီဂျင် သို့မဟုတ် စက်အသုံးပြု လေရှုသွင်းမှုမှတဆင့် အသက်ရှူခြင်းအတွက် အထောက်အကူပြုခြင်း
  • ဆေးဝါးနည်းပညာအရ စီစဉ်ပြုလုပ်သော အာဟာရသွင်းခြင်း (အစာသွင်းပိုက်ဖြင့် အစာသွင်းခြင်း)
  • ရေဓာတ်ဖြည့်တင်းမှုအတွက် အကြောမှတဆင့် အရည်များ ဖြည့်သွင်းခြင်း
  • သွေးသွင်းမှုများ
  • ကူးစက်ရောဂါအတွက် ပဋိဇီဝဆေးများသုံးစွဲခြင်း
  • လေသင်တုန်းဖြတ်မှုများကို ကာကွယ်ရန် ဆေးဝါးများပေးခြင်း
  • ကီမိုဆေးသွင်းခြင်းကုထုံး သည် အသက်ကို ပို၍ ရှည်စေနိုင်သည်

ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူသည် မိသားစုများအနေဖြင့် စောင့်ရှောက်မှုနှင့် ဆက်စပ်သည့် အရေးပါသော ဘဝနိဂုံးချုပ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များမှတဆင့် စဉ်းစားဆင်ခြင်ရန် အထောက်အကူဖြစ်စေသည်။ မိသားစုများသည် ၎င်းတို့၏ ဆန္ဒများကို ကောက်ချက်ဆွဲဖော်ပြမည့် ကြိုတင်ညွှန်ကြားလွှာ တစ်ခုကို ဖန်တီးရန်အတွက် ၎င်းတို့၏ ရောဂါပြင်းထန်လူနာများအတွက် အထူးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးလိုသောဆန္ဒဖြစ်ပေါ်နိုင်သည်။ စာရေးသားရာတွင် တောင်းဆိုမှုများကို ထည့်သွင်းခြင်းအားဖြင့် စောင့်ရှောက်မှုရည်ရွယ်ချက်များကို အထောက်အကူဖြစ်စေပါသည်။ စာဖြင့်ရေးသားထားသော ညွှန်ကြားလွှာများတွင် DNR နှင့် POST ပုံစံများ ပါဝင်သည်။

  • “အသက်ကယ်ခြင်း မပြုလုပ်ရန်” (DNR) ညွှန်ကြားလွှာ – DNR ညွှန်ကြားလွှာသည် သဘာဝအလျောက်သေဆုံးခွင့်ပြုရန် တောင်းဆိုမှုဖြစ်သည်။ ကလေး၏ အသက်ရှူခြင်း သို့မဟုတ် နှလုံးရပ်တန့်လျှင် ဆေးကုသရေးအဖွဲ့သည် CPR သို့မဟုတ် အခြားလုပ်ငန်းစဉ်များကို ဆောင်ရွက်မည်မဟုတ်ပါ။ မိသားစုများသည် "လေးသွင်းပိုက်မတပ်ဆင်ရန်" (DNI) နှင့်/သို့မဟုတ် "သဘာဝအလျောက်သေဆုံးခွင့်ပြုရန်" (AND) ကိုလည်း သီးခြားတောင်းဆိုနိုင်သည်။ စောင့်ရှောက်မှုအဖွဲ့က အဆိုပါညွှန်ကြားလွှာတစ်ခုစီအကြောင်းကို အသေးစိတ်ရှင်းပြနိုင်သည်။
  • “ကုသမှုအတိုင်းအတာအတွက် ကုသရေး/ဆေးဝါးကုသရေး ညွှန်ကြားလွှာများ” (POST/MOST) ပုံစံ – POST ပုံစံသည် ဆေးကုသစောင့်ရှောက်မှုအတွက် လူနာနှင့် မိသားစုတို့၏ ဆန္ဒများကို စာဖြင့်ရေးသားထားသည့် မှတ်တမ်းဖြစ်သည်။ ဤပုံစံက ကျန်းမာရေး​စောင့်ရှောက်မှုကျွမ်းကျင်သူများအတွက် ရှင်းလင်းသော အနှစ်ချုပ်ဖော်ပြချက်တစ်ခုကို ပံ့ပိုးပါသည်။ ၎င်းအား ပြုလုပ်ရန် တောင်းဆိုထားခြင်းမရှိသော်လည်း ၎င်းသည် မိသားစုများအား စောင့်ရှောက်မှုအပေါ် ထိန်းချုပ်မှုနှင့် စိုးရိမ်သောက၊ မရေရာမသေချာမှုတို့ကို လျော့ကျစေနိုင်သည်။ လူနာ၏ အခြေအနေပြောင်းလဲမှုများဖြစ်ပေါ်သည့်အခါတိုင်း POST ပုံစံများကို ပြန်လည်သုံးသပ်သင့်ပြီး မိသားစုများအနေဖြင့် ၎င်းတို့၏ ဦးစားပေးလိုလားချက်ကို မည်သည့်အချိန်တွင် ပြောင်းလဲနိုင်သည်။ POST ပုံစံတွင် ယေဘုယျအားဖြင့် အောက်ပါတို့အတွက် ဦးစားပေးလိုလားချက်များကို ထည့်သွင်းထားသည်-
    • CPR
    • ဆေးကုရေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများ
    • ပဋိဇီဝဆေး
    • လူလုပ်ဖန်တီးထားသည့် အာဟာရ

အဆိုပါအစီအစဉ်များကို အသက်တည်တံ့ရေးကုသမှုဆိုင်ရာ ကုသရေး/ဆေးဝါးကုသရေး ညွှန်ကြားလွှာများ (POLST/ MOLST) ဟုလည်း ခေါ်ဆိုနိုင်သည်။

ဘဝနိဂုံးချုပ်ခြင်းဖြစ်စဉ်အတွင်း ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ပိုမိုဖတ်ရှုရန်

လူနာနှင့် မိသားစု ဆန္ဒများအရ နောက်ဆုံးနေ့ရက်များကို နေထိုင်ခြင်း

ဝေဒနာခံစားမှုသက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုသည် ဘဝနိဂုံးချုပ်ခြင်းဖြစ်စဉ်အတွင်း အပြည့်စုံဆုံးသော ဘဝကို ပိုင်ဆိုင်ရရှိရန်မည်သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ပတ်သက်၍ ဦးစားပေးလိုလားချက်များကို ခွဲခြားဖော်ထုတ်ခြင်းနှင့် ရွေးချယ်ခွင့်များကို ရှာဖွေခြင်းတို့တွင် မိသားစုများကို အကူအညီဖြစ်စေနိုင်သည်။ အခွင့်အလမ်းများတွင် အောက်ပါတို့ ပါဝင်သည်-

  • နောက်ဆုံးနေ့ရက်များကို နေအိမ်တွင် နေထိုင်ခြင်း
  • မိတ်ဆွေများ၊ ချစ်ခင်နှစ်သက်ရသူများနှင့်အတူ အချိန်ကုန်ဆုံးစေခြင်း
  • အလိုဆန္ဒ သို့မဟုတ် ဘဝရည်မှန်းချက်တစ်ခုကို ပြည့်စုံစေခြင်း
  • အထူးအောက်မေ့ဖွယ်အမှတ်တရများကို ဖန်တီးခြင်း

ကလေးများနှင့် ကြီးကောင်ဝင်အရွယ်ကလေးများအား ဘဝနိဂုံးချုပ်ခြင်းအပေါ်တွင် ၎င်းတို့၏ အလိုဆန္ဒများကို ဖော်ပြစေခြင်းသည် ထိုခရီးကာလအတွင်း လူနာများနှင့် မိသားစုများအဖို့ ကြီးမားသောဆုလာဒ်တစ်ခုသဖွယ် ဖြစ်စေနိုင်ပါသည်။ ကလေးများအနေဖြင့် ၎င်းတို့သည် သက်တောင့်သက်သာရှိရန်၊ ထောက်ပံ့ရန်၊ ဆက်ဆံရန်နှင့် အောက်မေ့အမှတ်တရဖြစ်စေရန် မည်သို့အားဖြင့် လုပ်ဆောင်လျှင် ပိုမိုနှစ်သက်မှုရှိကြောင်းကို ဆက်သွယ်ပြောဆိုရာတွင် အထောက်အကူဖြစ်စေသည့် ကိရိယာများရှိပါသည်။

Voicing My Choices သည် အသက်ပိုကြီးသည့် ကလေးများအား ၎င်းတို့၏ နာကျင်ကိုက်ခဲခြင်းကို မည်သို့ကုသနေကြောင်း၊ မည်သည့်သက်တောင့်သက်သာရှိမှုက ၎င်းတို့အတွက် အရေးပါကြောင်းနှင့် ၎င်းတို့၏ ကိုယ်ပိုင်စိုးရိမ်သောကအား မည်သို့ဖြေရှင်းပေးစေလိုကြောင်းတို့နှင့် ပတ်သက်သည့် စိတ်ကူးအတွေးများကို ဖော်ပြနိုင်စေသည်။

Conversation Project Starter Kit သည် ဆိုးရွားပြင်းထန်စွာ နာမကျန်းဖြစ်နေသည့် ကလေးအား မိဘများက ဘဝနိဂုံးချုပ်အလိုဆန္ဒများနှင့် ပတ်သက်၍ ပြောဆိုရာတွင် အကူအညီဖြစ်စေသည့် ကိရိယာဖြစ်သည်။ ဤလမ်းညွှန်တွင် ထင်ဟပ်ပြသစေရန် မေးခွန်းများ၊ စကားဝိုင်းကို စတင်နိုင်သည့် နမူနာစကားစုများ၊ မိသားစုများထံမှ ကိုးကားမှတ်သားဖွယ်စကားများနှင့် ထပ်ဆောင်းအချက်အလက်များအတွက် အရင်းအမြစ်များ ပါဝင်သည်။

အဆိုပါအရင်းအမြစ်များသည် မိဘများအား ၎င်းတို့၏ ကလေးများနှင့်အတူ ဘဝနိဂုံးချုပ်ခြင်းဆိုင်ရာ အကြောင်းအရာများကို စတင်ဆွေးနွေးရန် နေရာတစ်ခုကို ပံ့ပိုးပေးပြီး ဝေဒနာခံစားမှု သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှု နှင့်  ကြိုတင်စောင့်ရှောက်မှု အစီအစဉ်ပြုလုပ်ခြင်း အတွက် ညွှန်ကြားချက်များကို ပံ့ပိုးပေးသည်။

ဝေဒနာခံစားမှု သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှု၏ အရေးပါမှု

ဘဝနိဂုံးချုပ်စဉ်ကာလအတွင်း ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုကျွမ်းကျင်သူနှင့်အတူ လုပ်ကိုင်ခြင်းက မိသားစုများအတွက် ချက်ချင်းနှင့် ရေရှည်အကျိုးဖြစ်ထွန်းမှုများကို ရရှိစေနိုင်သည်။ ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုသည် မိသားစုများကို အထောက်အကူဖြစ်စေသည်။

  • အယူအဆစုံလင်ပြီး နက်နဲသော စကားဝိုင်းများဖြစ်စေရန် ဦးတည်ပါ။
  • ရွေးချယ်ခွင့်များကို နားလည်သဘောပေါက်ရန်နှင့် အသိပေးပြီးသော ဆုံးဖြတ်ချက်များကို ပြုလုပ်ချမှတ်ပါ။
  • အမှတ်တရဖြစ်ရပ်များကို ပြုလုပ်ရန်အတွက် စိတ်ခံစားချက်ကို အပြုသဘောဖြင့်  သုံးသပ်၍ အခွင့်အလမ်းများကို ဖန်တီးပါ။
  • စိတ်ခံစားချက်ဆိုင်ရာနှင့် နာမ်ဝိဉာဏ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို စီမံဆောင်ရွက်ပါ။
  • ဆေးကုသရေး၊ ငွေရေးကြေးရေးနှင့် နိစ္စဒူဝစိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် အရင်းအမြစ်များကို ရှာဖွေပါ။

ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုဆိုင်ရာ ဗဟိုဌာန - အသုံးပြုနိုင်သော ဒေါင်းလုဒ်များ

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018