ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာတစ်ယောက်အတွက် ရောဂါပိုးတစ်ခုဝင်ပါက အသက်အန္တရာယ်ထိခိုက်နိုင်အထိ ဖြစ်သွားနိုင်ပြီး အရေးပေါ်ဆေးကုသရန် လိုအပ်သော အခြေအနေတစ်ခုအဖြစ် သတ်မှတ်သင့်သည်။
ကုသမှုနည်းလမ်းများထဲမှ ကီမိုဆေးသွင်းကုသခြင်း ကဲ့သို့သော ကုသမှုများသည် ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်သည်။ ကင်ဆာရောဂါကုသသည့် ဆေးဝါးများသည် ခန္ဓာကိုယ်ရှိ အလျင်မြန်ဆုံး ကြီးထွားနေသော ဆဲလ်များဖြစ်သည့် ကင်ဆာဆဲလ်များနှင့်အတူ ကျန်းမာသောဆဲလ်များကိုပါ ရောနှောသတ်ပစ်ပါသည်။ ရောဂါပိုးများကို တိုက်ခိုက်ပေးသည့် သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်သည့် နျူထရိုဖီးလ် အရေအတွက်ကျဆင်းလာသော အခြေအနေကို နျူထရိုဖီးလ်နည်းခြင်းဟု ခေါ်သည်။ နျူထရိုဖီးလ်အရေအတွက် နည်းပါးနေသောလူနာများသည် ကူးစက်ရောဂါများကို ကောင်းမွန်စွာ မတိုက်ခိုက်နိုင်တော့ပါ။ ၎င်းလူနာများသည် အလွန်မြန်ဆန်စွာ ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်သွားနိုင်သည်။ ကူးစက်ရောဂါဝင်ရောက်နေသည့် လက္ခဏာရပ်တို့ကို စောင့်ကြည့်လေ့လာရန် အရေးကြီးပါသည်။ သို့မှသာ ချက်ချင်းကုသနိုင်မည် ဖြစ်သည်။
တချို့သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသမှုနည်းလမ်းများသည် ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်သည်။ ဖျားနာခြင်းသည် ရောဂါပိုးဝင်ရောက်သည့် လက္ခဏာတစ်ရပ် ဖြစ်သည်။
ကူးစက်ရောဂါဝင်ရောက်နေသည့် လက္ခဏာရပ်များမှာ-
သင့်ကလေးမှာ ကူးစက်ရောဂါဝင်ရောက်တဲ့ လက္ခဏာတွေရှိလာတာကို သတိထားမိတာနဲ့ အိမ်မှာပဲဖြစ်ဖြစ်၊ ဆေးရုံပဲတက်နေနေ စောင့်ရှောက်ပေးသူတစ်ဦးကို ချက်ချင်းပြောပြပါ။
လူနာ၏ အသက်အရွယ်အလိုက် ဖျားနာသည့်ပုံစံများမှာ မတူညီကြပါ။
ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ရန် မိဘများနှင့် အခြားစောင့်ရှောက်ပေးနေသူတို့မှ အောက်ပါအဆင့်များကို လုပ်ဆောင်ရန် တိုက်တွန်းပါသည်။
---
ပြန်လည်စိစစ်သော ရက်စွဲ- ၂၀၁၈ ခုနှစ် ဩဂုတ်လ