အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာခရီးစဉ်အတွင်း စိတ်ကျန်းမာရေး

စိတ်ကျန်းမာရေးဆိုတာ ဘာလဲ။

ကောင်းမွန်သော စိတ်ကျန်းမာရေးနှင့် အထောက်အကူဖြစ်သော ဆက်နွယ်မှုများသည် ကင်ဆာခရီးစဉ်အတွင်း လမ်းညွှန်ပေးရာတွင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ စိတ်ကျန်းမာရေးသည် စိတ်ပညာဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာနှင့် လူမှုဘဝကောင်းမွန်ခြင်းတို့ကို ရည်ညွှန်းသည်။ ၎င်းတွင် အခြားလူများနှင့်ဆိုင်သည့် ကျွန်ုပ်တို့၏ ခံစားပုံ၊ စဉ်းစားပုံ၊ ပြုမူပုံနှင့် ဆက်နွယ်ပုံတို့ ပါဝင်သည်။

ကောင်းမွန်သည့် စိတ်ကျန်းမာရေးရှိခြင်းသည် ဆေးကုသမှုရလဒ်များကို တိုးတက်စေပြီး လူနာနှင့် မိသားစုနှစ်ဘက်စလုံးအတွက် ဘဝအရည်အသွေးတို့ကိုလည်း ပိုမိုကောင်းမွန်စေသည်။

ကောင်းမွန်သော စိတ်ကျန်းမာရေးက ဆေးကုသရလဒ်များကို ပံ့ပိုးမှုပြုပုံများ-

  • လုပ်ငန်းစဉ်များနှင့် နေ့စဉ်ဆေးလိုအပ်ချက်များကို ကောင်းစွာကိုင်တွယ်ခန့်ခွဲခြင်း
  • ဆေးဝါးကုသခြင်းနှင့် အခြားကုထုံးများကို အတိအကျ လိုက်နာခြင်း
  • စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း
  • သတင်းအချက်အလက်များကို နားလည်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း
  • အိပ်စက်ခြင်း၊ အစာ အာဟာရနှင့် ကိုယ်လက်လှုပ်ရှားမှုကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များကို ပံ့ပိုးမှုပေးခြင်း

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ရင်ဆိုင်နေရသည့် မိသားစုများအတွက် စိတ်ကျန်းမာရေးကို ဆိုးရွားစွာ သက်ရောက်မှုရှိနိုင်သည့် စိန်ခေါ်မှုများစွာ ရှိသည်။ ထိုစိန်ခေါ်မှုများမှာ-

  • ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကို ကိုယ်တွယ်ဖြေရှင်းခြင်း
  • အနာဂတ်ကို ပူပန်ခြင်း
  • ဂရုတစိုက်ဆုံးဖြတ်ရခြင်းများ၏ စိတ်ဖိစီးမှု
  • နေ့စဉ်လုပ်ဆောင်သည်များ ပြောင်းလဲခြင်း
  • ငွေကြေးဆိုင်ရာ ကိစ္စရပ်များ
  • မိတ်ဆွေများနှင့် မိသားစုမှ သီးခြားဖြစ်နေခြင်း
  • ကင်ဆာရောဂါအပြင် ဘဝကိုပါ စီမံရခြင်း

ကင်ဆာဖြစ်ပွားနေစဉ်အတွင်း စိတ်ကျန်းမာရေး အတက်အကျများကို ကြိုတင်မျှော်လင့်ထားသည်။ ပြင်းထန်စွာ နာမကျန်းဖြစ်နေချိန်တွင် အနှုတ်သဘောဆောင်သည့် အတွေးအခေါ်နှင့် စိတ်ခံစားမှုများ ရှိနိုင်ပါသည်။ အလွန်ပုံမမှန်သော အခြေအနေအတွက် စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် ဝမ်းနည်းမှုတို့သည် သာမန်တုံ့ပြန်မှုများဖြစ်သည်။ 

နိမ့်ပါးမှု ဖြစ်ပေါ်ချိန်များ သည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားမှုရှိပြီး ကင်ဆာရောဂါမှ နာလန်ထူပြီးစေကာမူ ရုန်းကန်ရမှုများသည် ဆက်လက်ရှိနေနိုင်သည်။ တစ်ခါတစ်ရံတွင် ထိုခံစားမှုများသည် စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဓာတ်ကျခြင်းကဲ့သို့ ပိုမိုပြင်းထန်သည့် ပြဿနာ၏ လက္ခဏာများ ဖြစ်သည်။ သို့သော် ၎င်းတို့သည် ခက်ခဲသောအချိန်တွင် ဖြစ်လေ့ရှိသော ပုံမှန်တုံ့ပြန်မှုများ သာ ဖြစ်သည်။

ကျန်းမာရေးနှင့် ညီညွတ်အောင် ချိန်ညှိခြင်း သည် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ကိုင်တွယ်ဖြေရှင်းသည့် နေရာတွင်တွင် ရုန်းကန်ခြင်းနှင့်၊ ပြန်လည်ဖွဲ့စည်း၍ ရှေ့ဆက်သွားရန် နည်းလမ်းရှာခြင်းများ ပါဝင်သည်။ ချက်ချင်းလုပ်ဆောင်ရမည့် ဆေးဝါးကုသမှုကို အာရုံစိုက်ရသောအခါ စိတ်ကျန်းမာရေးကို လွယ်ကူစွာ လျစ်လျူရှုမိ နိုင်သည်။ သို့သော် ရောဂါကိုကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်သည့် လူနာများနှင့် မိသားစုများသည်ပင် ကင်ဆာရောဂါ၏ စိန်ခေါ်မှုများကို ကြုံတွေ့လာသည်နှင့်အမျှ စိတ်ကျန်းမာရေးကို ထောက်ပံ့ပေးသည့် အရင်းအမြစ်များမှ အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။

စိတ်ကျန်းမာရေးအတွက် အထောက်အပံ့များသည် အရင်းအမြစ်ပေါင်းစုံမှ လာရောက်နိုင်ပြီး ၎င်းတို့မှာ-

အကုန်အဆင်ပြေပြေ လုပ်ဆောင်နိုင်သည်ဟု ခံစားရသည့် နေ့များရှိနိုင်သည်။ နောက်ထပ်အရာတစ်ခုကိုမျှ သည်းမခံနိုင်တော့ဟု ခံစားရသည့်နေ့များလည်းရှိနိုင်သည်။ စိတ်ကျန်းမာရေးအတွက် အကူအညီ ရယူခြင်းက သင် တစ်ခုခု ဖြစ်နေပြီဟု မဆိုလိုပါ။ စိတ်ကျန်းမာရေးအတွက်ထောက်ပံ့မှုသည် သင့်ကင်ဆာတိုက်ပွဲကို တိုက်ခိုက်ရာတွင် အကူအညီရရန်နှင့် သင့်ရည်မှန်းချက်များကို ရရှိစေရန် ခွန်အားဖြစ်စေပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018