ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်အရေပြားအောက်ရှိ ပင်မသွေးပြန်ကြောပိုက် ဝင်ထွက်ပေါက်သည် အရေပြားအောက်တွင် တည်ရှိသော ပင်မသွေးပြန်ကြောပြွန် ဖြစ်သည်။ ဟူးဘားဆေးထိုးအပ်ဟုခေါ်သော အထူးပြုလုပ်ထားသည့်အပ်ကို အသုံးပြု၍ ဝင်ထွက်ပေါက်မှတစ်ဆင့် ဆေးကို သွင်းပါသည်။ အပ်ဖြင့် ချုပ်ရိုးများ မပြုလုပ်မီ ပိုက်တပ်ဆင်မည့်နေရာအတွက် ထုံထိုင်းစေသည့် ခရင်ကို အသုံးပြုနိုင်သည်။ ဤကိရိယာကို သွေးပြန်ကြောပိုက် ဝင်ထွက်ပေါက်၊ ထိုးသွင်းတပ်ဆင်နိုင်သော ဝင်ထွက်ပေါက် သို့မဟုတ် အရေပြားအောက်တွင် တည်ရှိသော ဝင်ထွက်ပေါက်ဟုလည်း ခေါ်ဆိုသည်။ဆေးသွင်းဝင်ထွက်ပေါက်.
ဤဝင်ထွက်ပေါက်သည် ရင်ဘတ်အတွင်းရှိ အရေပြားအောက်တွင် တည်ရှိသော ဝင်ထွက်ပေါက်ဖြစ်သည်။ ၎င်းသည် အလယ်ဗဟိုချက် မို့မောက်နေသည့် ဒစ်ချပ်ပြားငယ်တစ်ခုဖြစ်သည်။ သွေးပြန်ကြောထိုးဆေးသွင်းပြွန်ကို ဝင်ထွက်ပေါက်၏ အောက်ခြေနှင့် ချိတ်တွဲထားပြီး သွေးပြန်ကြောသို့ ချဲ့ထွင်ထားသည်။ ဆက်ပတန်ဟုခေါ်သော ဒစ်ချပ်ပြား၏ အလယ်ဗဟိုချက်သည် ရာဘာဖြင့် ပြုလုပ်ထားသော မို့မောက်နေသည့်နေရာဖြစ်သည်။ ဆေးဝါးများနှင့် အခြားအရည်များကို ဆက်ပတန်အတွင်းသို့ ထိုးသွင်းပြီး ၎င်းမှတစ်ဆင့် ဆက်ပတန်ကို ဖြတ်လျက် သွေးပြန်ကြောသို့ ရောက်ရှိစေသည်။ ဝင်ထွက်ပေါ်တွင် ဆေးဝါးများ ထည့်သွင်းနိုင်သည့် အပေါက် ၁ ခု သို့မဟုတ် ၂ ခု (လျူမန်တစ်ခုတည်း သို့မဟုတ် လျူမန်နှစ်ခု) ပါရှိနိုင်သည်။
အရေပြားအောက်ရှိ ပင်မသွေးပြန်ကြောဝင်ထွက်ပေါက် တပ်ဆင်မှုသည် ကင်ဆာကုသမှုအတောအတွင်း ပြုလုပ်ရလေ့ရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး လူနာများနှင့် မိသားစုများအတွက် အရေးကြီးသော အကျိုးကျေးဇူးများကို ရရှိပါသည်။ သို့ရာတွင် မေ့ဆေး နှင့် ခွဲစိတ်ကုထုံးတို့နှင့် ပတ်သက်သည့် အန္တရာယ်များမှာ အမြဲတည်ရှိသည်။ ထိုးသွင်းတပ်ဆင်မှုအတွင်း ဖြစ်ပေါ်နိုင်သည့် အဓိကအန္တရာယ်များတွင် သွေးကြောများ ပေါက်ပြဲမှု၊ သွေးခဲများဖြစ်ပေါ်ခြင်း၊ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်း၊ အာရုံကြောထိခိုက်ဒဏ်ရာရမှုနှင့် ရောဂါပိုးကူးစက်မှုတို့ပါဝင်သည်။ သွေးပြန်ကြောပိုက်တပ်ဆင်မှုနောက်ပိုင်းတွင် သွေးခဲများ ဖြစ်ပေါ်ခြင်း၊ သွေးပြန်ကြောထိုးဆေးသွင်းပြွန်နေရာချွတ်ချော်သည့် လှုပ်ရှားမှု၊ သွေးပြန်ကြောမကြီး ရောင်ရမ်းနာကျင်ခြင်းလက္ခဏာနှင့် ရောဂါပိုးကူးစက်မှုတို့သည် အတွေ့ရအများဆုံး နောက်ဆက်တွဲ အခြေအနေများ ဖြစ်ပါသည်။ ဝင်ထွက်ပေါက်ကို ဖယ်ရှားရန်အတွက် ခွဲစိတ်ကုထုံးပြုလုပ်ရန်လည်း လိုအပ်ပါသည်။ ဆိုးဝါးသည့် နောက်ဆက်တွဲရှုပ်ထွေးမှုများမှာ ရှားပါးပါသော်လည်း ဖြစ်တတ်ပါသည်။ မေးခွန်းများ သေချာမေးမြန်းပါ။ စောင့်ရှောက်ရေးအဖွဲ့၏ ညွှန်ကြားချက်များကို သေချာ လိုက်နာပါ။
ကလေးများသည် ဝင်ထွက်ပေါက်တပ်ဆင်မှုအတွက် အထွေထွေသုံး မေ့ဆေး ကို ရရှိမည်ဖြစ်သည်။ ၎င်းတို့သည် တပ်ဆင်မှုလုပ်ငန်းစဉ်အတွင်း နာကျင်မှုကို ခံစားရစေမည် မဟုတ်ပါ သို့မဟုတ် သတိပြုမိစေမည် မဟုတ်ပါ။ ကုသမှု မပြုလုပ်မီအစားအစာနှင့် အရည်တို့အား သောက်သုံးမှုကို ကန့်သတ်ရန်အတွက် လူနာများအား NPO ညွှန်ကြားချက်များကို ပေးအပ်မည်ဖြစ်သည်။ အဆိုပါ လမ်းညွှန်ချက်များကို လိုက်နာရန် လွန်စွာအရေးကြီးပါသည်။ လုပ်ထုံးလုပ်နည်းအတွက် စုစုပေါင်းကြာချိန်မှာ မေ့ဆေးနှင့် ပြန်လည်နာလန်ထူခြင်းအပါအဝင် ၁-၂ နာရီခန့် ကြာလေ့ရှိပါသည်။
သူနာပြုဆရာမသည် အရေပြားအောက်ရှိ ပင်မသွေးပြန်ကြောပိုက်တပ်ဆင်သည့်နေရာအား ဂရုစိုက် ထိန်းသိမ်းသည့်နည်းကို မိသားစုများအား သင်ကြားပြသမည်ဖြစ်သည်။ ဝင်ထွက်ပေါက်ကို ၄ ပတ်လျှင် တစ်ကြိမ် သွေးခဲတားဆေးဖြင့် ဆေးကြောသုတ်သင်ရပါမည်။ သွေးခဲတားဆေးသည် သွေးပြန်ကြောပိုက်အတွင်း သွေးခဲဖြစ်ပေါ်ခြင်းနှင့် ပိတ်ဆို့မှုဖြစ်ပေါ်ခြင်းမှ တားဆီးသည့် ဆေးဝါးဖြစ်ပါသည်။ ကုသစဉ် ဝင်ထွက်ပေါက်ကို အသုံးပြုရန်အတွက် ဆေးသွင်းအပ်ကို တပ်ဆင်မည်ဖြစ်ပြီး တပ်ဆင်သည့်နေရာကိုလည်း ပတ်တီးစဖြင့် စည်းနှောင်ပေးမည်ဖြစ်သည်။ ဆေးသွင်းအပ်ကို ၇ ရက်လျှင် တစ်ကြိမ် ပြောင်းလဲပေးရမည်ဖြစ်ပြီး ပတ်တီးစကိုလည်း သန့်ရှင်းခြောက်သွေ့အောင် ထားရှိရပါမည်။ ဝင်ထွက်ပေါက်ကို အသုံးမပြုတော့သည့်အခါ အပ်ကို ဖြုတ်ရမည်ဖြစ်ပြီး လူနာများသည် နေ့စဉ်လုပ်ငန်းဆောင်တာအများစုကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
ဤနေရာသည် ရက်အနည်းငယ်ကြာ နာကျင်နေမည်ဖြစ်သည်။ ခွဲစိတ်ဖြတ်တောက်မှုပြုလုပ်သည့်နေရာတွင် ချုပ်ရိုးအနည်းငယ်ရှိမည်ဖြစ်သည်။ ပိုက်တပ်ဆင်မည့်နေရာတွင် ရောင်ရမ်းမှု သို့မဟုတ် ပွန်းပဲ့ဒဏ်ရာအချို့လည်း ရှိနိုင်ပါသည်။ စိတ်အားခွန်အား စိုက်ထုတ်ရရှိသော လုပ်ဆောင်ချက်များကို ၆ ပတ်ကြာ သို့မဟုတ် ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ရှောင်ရှားပါ။
ဟူးဘားဆေးသွင်းအပ်ကို အသုံးပြု၍ သွေးပြန်ကြောထိုးဆေးသွင်းပြွန်ကို အသုံးပြုနိုင်သည့်အခါ "တွန်းထုတ်မှု" တစ်ခုကို ရရှိပါလိမ့်မည်။ ကုသရေးဆေးဝါးများကို ဆလင်းဖြင့်ဖြစ်စေ IV အိတ်ဖြင့်ဖြစ်စေ ပေးသွင်းနိုင်ပါသည်။ သင်သည် ကုသရေးဆေးဝါးများ သောက်သုံးနေစဉ် နာကျင်ကိုက်ခဲမှု သို့မဟုတ် မသက်မသာဖြစ်သည့်ခံစားမှုတစ်ခုခုကို ရရှိလျှင်သူနာပြုဆရာမအား အသိပေးပါ။
သွေးပြန်ကြောပိုက်ကို ကောင်းစွာလုပ်ဆောင်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်မှုမှ ကာကွယ်ရန် စောင့်ရှောက်မှုညွှန်ကြားချက်များအားလုံးကို လိုက်နာဆောင်ရွက်ပါ။ ထိုးသွင်းတပ်ဆင်ထားသော သွေးပြန်ကြောထိုးဆေးသွင်းပြွန်တပ်ဆင်သည့်နေရာအား သက်ရောက်မှုဖြစ်ပေါ်စေသည့် ကစားသမားအချင်းချင်း တွန်းတိုက်ကစားရသည့် ကစားပွဲများကဲ့သို့ လုပ်ဆောင်မှုများကို ရှောင်ကြဉ်ပါ။
ပင်မသွေးပြန်ကြောထိုးဆေးသွင်းပြွန်နှင့် ဆက်နွှယ်သော ရောဂါပိုးကူးစက်မှု (CLABSI) သည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည်။ နာကျင်ကိုက်ခဲခြင်း၊ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် အဖျားတက်ခြင်းကဲ့သို့ ရောဂါပိုးကူးစက်မှု လက္ခဏာတစ်ခုခုကို တွေ့ရှိရလျှင် သင်၏ ဆရာဝန်ကို ခေါ်ဆိုပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018