အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးကင်ဆာဝေဒနာသည်များအတွက် ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှု

ကင်ဆာရောဂါကုသခြင်းနှင့် နာလန်ထရေးကာလအတွင်း၊ လူနာများသည် မတူညီသည့် ကဏ္ဍအလိုက် အကူအညီများလိုအပ်သည်။ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကျွမ်းကျင်သူ ကျန်းမာရေး ပညာရှင်များသည် ကလေးများကို နေ့စဉ်ဘဝနှင့် ဘဝနေထိုင်မှုအဆင့်အတန်းအား အမှီအခိုကင်းစွာ မြှင့်တင်နိုင်စေမည့် စွမ်းရည်နှင့် ကျွမ်းကျင်မှုများ တိုးတက်လာစေရန်ကူညီပေးနိုင်ပါသည်။

ပြန်လည်သန်စွမ်းရေးဆိုင်ရာကုထုံးက အထောက်အကူပြုပေးနိုင်သည့် နည်းလမ်းများစွာရှိပြီး ၎င်းတို့မှာ-

  • သန်စွမ်းမှု၊ ဟန်ချက်ညီမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် လှုပ်ရှားနိုင်မှုတို့ တိုးတက်စေခြင်း
  • မိမိကိုယ်မိမိဂရုစိုက်မှု၊ နေ့စဉ်ဘဝလှုပ်ရှားမှုနှင့် အလုပ်လုပ်နိုင်သည့်စွမ်းရည်များအတွက် အထောက်အကူပေးခြင်း
  • တိုးတက်မှု မှတ်တိုင်များကို ပြန်လည်သုံးသပ်ဆန်းစစ်ခြင်းနှင့် နှောင့်နှေးနေသည့်အရာများကိုဖြေရှင်းခြင်း
  • အကြား၊ အမြင်၊ အပြောနှင့် အပြန်အလှန်ဆက်သွယ်မှုတို့ကို အထောက်အကူပေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း
  • ဘီးတပ်ကုလားထိုင်များ၊ လမ်းလျှောက်တုတ်များ၊ အထူးအထောက်အကူပြုပစ္စည်းများနှင့် သိုင်းကြိုးများ စသည့် အသုံးပြုမည့်ကိရိယာနှင့် အထောက်အကူစက်ပစ္စည်းများကို စိစစ်ရွေးချယ်ခြင်း

ပြန်လည်သန်စွမ်းရေးဆိုင်ရာအထူးနယ်ပယ်များမှာ-

ကလေးကင်ဆာဆေးရုံတစ်ခုရှိ ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုအဆောင်တစ်ခု၏ ရုပ်ပုံကားချပ်

ပြန်လည်သန်စွမ်းရေးဆိုင်ရာကုထုံးများသည် ကင်ဆာဝေဒနာခံစားနေရသည့် ကလေးငယ်များ၏ ဘဝအဆင့်အတန်းနှင့် လုပ်ဆောင်ချက်များ တိုးတက်စေရန်အတွက်ကူညီပေးနိုင်ပါသည်။

ပြန်လည်ထူထောင်ရေးဆိုင်ရာ ပညာရှင်များသည် တစ်ခါတစ်ရံကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အာဟာရစိတ်ပညာလူမှုဖူလုံရေး၊ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ ကျောင်းဝန်ဆောင်မှုလုပ်ငန်းနှင့် ကလေးဘဝတွက်တာ စသည့် ဝန်ဆောင်မှုများကို ညှိနှိုင်းဆောင်ရွက်သည်။

ဆေးရုံများနှင့် ကုသရေးဌာနများ တွင် အတွင်းလူနာနှင့်ပြင်ပလူနာများအတွက် ပြန်လည်သန်စွမ်းရေးဆိုင်ရာဝန်ဆောင်မှုများကို ပေးလေ့ရှိကြသည်။ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ပညာရှင်များကို မိမိ၏ ရပ်ကွက်၊ ဒေသပတ်ဝန်းကျင်ရှိ ဆေးရုံများ၊ ဆေးပေးခန်းများနှင့် ကျောင်းများတွင် တွေ့ဆုံနိုင်ပါသည်။ စောင့်ရှောက်ရေးအဖွဲ့များသည် လူနာများနှင့် မိသားစုများကို ၎င်းတို့၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့် ဝန်ဆောင်မှုများ ရွေးချယ်နိုင်ရန်အတွက် ကူညီပေးနိုင်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018