အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးများနှင့် ဆယ်ကျော်သက်များတွင် ပြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (ALL) ရောဂါပြန်ဖြစ်ခြင်း

ပြန်ဖြစ်သော ALL ဆိုသည်မှာ အဘယ်နည်း။

ပြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (ALL) ရှိသော ကလေးအများစုမှာ လက်ရှိ ပထမဦးစားပေး ကုထုံး စီမံကိန်းများဖြင့် သက်သာပျောက်ကင်းကြပါသည်။. သို့သော် အမေရိကန်ပြည်ထောင်စုတွင်ဖြစ်သော ဖြစ်ရပ်၏ 15-20 ရာခိုင်နှုန်း— ကလေးပေါင်း 600 ခန့်— တွင် ALL သည် ပြန်ပေါ်လာတတ်ပါသည်။ ကင်ဆာ ပြန်ပေါ်လာသောအခါ ၎င်းကို ရောဂါပြန်ဖြစ်ခြင်း သို့မဟုတ် ရောဂါ ပြန်လည်ဖြစ်ပွားခြင်းဟု ခေါ်ပါသည်။

ရောဂါပြန်ဖြစ်ခြင်း - ယင်းကို တစ်နေ့ပြီးတစ်နေ့အတွက် ခံယူပါ။

လင်ဇီ ၏ သွေးကင်ဆာ ယာယီပျောက်ကင်းပြီးနောက် ပြန်ပေါ်လာချိန်၌ ယင်းခက်ခဲသောအချိန်များကို ကျော်ဖြတ်ရာတွင် သူမအားကူညီရန် အခြားသူများထံ လှည့်လည် အကူအညီတောင်းခဲ့သည် – ဘုရားသခင်၊ မိသားစု၊ သူငယ်ချင်းများ၊ ဆေးရုံဝန်ထမ်း နှင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံး။

ရောဂါပြန်ဖြစ်ခြင်း - ယင်းကို တစ်နေ့ပြီးတစ်နေ့အတွက် ခံယူပါ။
ဆောင်းပါးအပြည့်အစုံကို ဖတ်ရှုပါ။

ရောဂါအမျိုးအစား

အသစ်ရှာဖွေတွေ့ရှိထားသော ALL လူနာများအနေဖြင့် ဆေးကုသမှုမှတ်တမ်း/ကိုယ်ခန္ဒာစမ်းသပ်စစ်ဆေးမှု၊ သွေးစစ်ဆေးမှုများ၊ ရိုးတွင်းခြင်ဆီ ထုတ်ယူခြင်း/အသားစနမူနာထုတ်ယူစစ်ဆေးခြင်း၊ ခါးပိုင်းဖောက်၍ ကျောရိုးမှ အရည်ထုတ်စစ်ဆေးခြင်းနှင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းတို့ကို လုပ်ရပါမည်။

ကုထုံး

ကလေးဘဝတွင် ပြန်ဖြစ်သော ALLကို ကုသရာတွင် ခက်ခဲမှုတစ်ခုရှိနိုင်ပါသည်။ ယာယီပျောက်ကင်းမှု ရရှိအောင် အားထုတ်ရန် လူနာများအနေဖြင့် ပြင်းထန်သော ကီမိုဆေးသွင်းခြင်း ကုထုံး လိုအပ်နိုင်ပါသည်။

ဆေးဝါးများတွင် dexamethasonevincristineclofarabinecyclophosphamideetoposidepegaspargasemethotrexatemercaptopurinecytarabinemitoxantrone၊ teniposide သို့မဟုတ် vinblastineတို့ ပါဝင်နိုင်ပါသည်။ တီဆဲလ် ALL ရှိသော လူနာများအနေဖြင့် nelarabineရရှိနိုင်ပါသည်။

ပြန်ဖြစ်သော သွေးကင်ဆာရှိသည့် လူနာများအနေဖြင့် မူလသွေးဆဲလ် အစားထိုးခြင်း (ရိုးတွင်းခြင်ဆီ အစားထိုးခြင်း သို့မဟုတ် ပင်မဆဲလ် အစားထိုးခြင်းဟုလည်း ခေါ်ပါသည်။) အတွက် လျာထားခံရသူများဖြစ်နိုင်ပါသည်။

ကုသရေးအစီအစဉ်တွင် ရောဂါပြီးကုထုံး သို့မဟုတ် ပစ်မှတ်ထားကုထုံးကဲ့သို့သော ကုသမှုနည်းလမ်းအသစ်များ ပါဝင်နိုင်ပါသည်။

ပြင်းထန်သောကုသမှုများက ဆိုးရွားသောဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်ပြီး ဆိုးဝါးသော ရောဂါပိုးဝင်ရန် အခွင့်အရေးကို မြင့်စေနိုင်ပါသည်။ ရောဂါဝေဒနာကို ယာယီ သက်သာစေသော ပြုစုစောင့်ရှောက်မှု အထူးကုများသည် ဘေးထွက်ဆိုးကျိုးများကို စီမံရာတွင် ထောက်ကူပေးရန် အစမှစပြီး ပါဝင်နိုင်ပြီး လူနာများနှင့်မိသားစုများအတွက် ထပ်ဆောင်းအထောက်အကူများ ပေးအပ်နိုင်ပါသည်။ ကူးစက်နိုင်သောရောဂါများကုသသည့် အထူးကုများသည် လူနာများအား ကူးစက်ရောဂါများမှ ကာကွယ်ပေးရန်နှင့် ရောဂါကူးစက်ခံရပါက ကုသပေးရာတွင် ပါဝင်နိုင်ပါသည်။

ကုသရေးဆိုင်ရာနည်းလမ်းနှင့်ရောဂါကြိုတင်ခန့်မှန်းချက်ကို ဆုံးဖြတ်ရန် ဆရာဝန်များက အောက်ပါတို့ကို ထည့်သွင်းစဉ်းစားပါသည်-

  • ရောဂါပြန်ဖြစ်သည့် နေရာ
  • ပထမဆုံး အပြည့်အဝ ယာယီပျောက်ကင်းမှုကာလ
  • ရောဂါပြန်ဖြစ်သည့် ALL အထူးအမျိုးအစား

ရောဂါပြန်ဖြစ်သည့် နေရာ

ရိုးတွင်းခြင်ဆီ

  • ပစ်မှတ်ထားကုထုံး ပါသည့် သို့မဟုတ် မပါသည့် ကီမိုဆေးသွင်းခြင်း ကုထုံး 
  • အန္တရာယ်မြင့်မားသည့် ရောဂါဖြစ်စဉ်များတွင် မူလသွေးဆဲလ် အစားထိုးခြင်း

ဗဟိုနဗ်ကြောအဖွဲ့အစည်း

  • ဗဟိုနဗ်ကြောအဖွဲ့အစည်း (CNS)တွင်းသာဖြစ်ပွားသော ရောဂါပြန်ဖြစ်မှုများအတွက် သွေးကြောတွင်း ကီမိုဆေးသွင်းခြင်း ကုထုံးနှင့် တစ်ရှူးကာဖုံးမြှေးအတွင်းနှင့် ဆိုင်သော ကီမိုဆေးသွင်းခြင်း ကုထုံးတို့ကို ဦးနှောက်နှင့် ကျောရိုးအား ဓာတ်ရောင်ခြည်ကုထုံးတို့နှင့် တွဲပေးခြင်း။
  • သွေးကင်ဆာကို ရိုးတွင်းခြင်ဆီတွင်လည်း စမ်းသပ်တွေ့ရှိရပါက CNS အတွင်း စောစီးစွာ ရောဂါပြန်ဖြစ်မှုများ (ပူးပေါင်း ရောဂါပြန်ဖြစ်မှု) အတွက် အစားထိုးကုသခြင်း

ဝှေးစေ့တွင်ဖြစ်ပွားခြင်း (အမျိုးသားများသာ)

ပထမဆုံး အပြည့်အဝ ယာယီပျောက်ကင်းသည့် ကာလ

ပထမဦးစားပေးကုထုံး အပြည့်အဝပြီးသည့်နောက် 6 လမပြည့်ခင်အတွင်း သို့မဟုတ် ကုထုံးပေးနေစဉ် ALL ရောဂါပြန်ဖြစ်သည့် ဖြစ်စဉ်တစ်ခုသည် ပထမဦးစားပေးကုထုံး အပြည့်အဝပြီးသည့်နောက် 6 လအထက်ကြာပြီးမှ ပြန်ပေါ်လာသော ALL ထက် ရောဂါကြိုတင်ခန့်မှန်းချက်မှာမကောင်းတတ်ပါ။

ALL အမျိုးအစား

ယေဘုယျအားဖြင့် ဘီ-ဆဲလ် ALL တွင် တီ-ဆဲလ် ALLထက် ကုသမှုရလဒ်အလားအလာ ပိုကောင်းပါသည်။

ထို့အပြင် ကုသနေစဉ် အချိန်မှတ်တစ်ခုအတောအတွင်း ပြုစုစောင့်ရှောက်ရေးအဖွဲ့မှ ကုသမှု တုံ့ပြန်မှုနှင့် ရိုးတွင်းခြင်ဆီမှ ကျန်ရစ်သော သွေးကင်ဆာဆဲလ်များကို ရေတွက်မှု ကိုလည်း ကြည့်ရှုပါလိမ့်မည်။ ရိုးတွင်းခြင်ဆီမှ ကျန်ရစ်သော သွေးကင်ဆာဆဲလ်များကို ရေတွက်မှု (MRD) သည် မကောင်းသည့် ကုသမှုရလဒ်အလားအလာကို ခန့်မှန်းပေးပါသည်။ အဘယ်ကြောင့်ဆိုသော် စမ်းသပ်ဖော်ထုတ်၍ရသော MRD ရှိသည့် ကလေးများသည် MRD-မရှိသည့် ယာယီပျောက်ကင်းနေသော ကလေးများထက် ရောဂါပြန်ဖြစ်နိုင်ချေများသောကြောင့်ဖြစ်ပါသည်။

ပြန်ဖြစ်သော ALL လူနာများတွင် ရောဂါပိုးဝင်ခြင်း

အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် ကူးစက်ရောဂါများရရှိမှု အန္တရာယ်သည် ရောဂါပြန်ဖြစ်ချိန်တွင် အကြောင်းပြချက်များစွာဖြင့် သိသိသာသာမြင့်တက်ပါသည်။

  • ပြင်းထန်သော ကီမိုဆေးသွင်းခြင်း ကုထုံးသည် ရိုးတွင်းခြင်ဆီကို ခမ်းစေနိုင်ပါသည်။ ယင်းသို့ဖြစ်ပါက ကူးစက်ရောဂါများကို တွန်းလှန်တိုက်ခိုက်ရန် သွေးဖြူဥဆဲလ်များ ပြုလုပ်နိုင်တော့မည် မဟုတ်ပါ။
  • လူနာများအနေဖြင့် ပဋိဇီဝဆေးအတော်များများကို ထိတွေ့မှုရှိနေပြီးဖြစ်သဖြင့် ပဋိဇီဝဆေးယဉ်သည့် ဘက်တီးရီးယားက ခန္ဓာကိုယ်အတွင်း စုဖွဲ့နေရာယူပြီးဖြစ်သည့် အလားအလာရှိပါသည်။ ယင်းသို့ဖြစ်ခြင်းသည် အဆိုပါဘက်တီးရီးယားပိုးများက အရေပြားပေါ် သို့မဟုတ် ကိုယ်ခန္ဓာအတွင်းရှိနေနိုင်သော်လည်း ကူးစက်ရောဂါ လက္ခဏာများနှင့် သွင်ပြင်များကို ဖြစ်စေခြင်းမရှိဟု ဆိုလိုပါသည်။
  • အနာပေါက်ခြင်းများကဲ့သို့သော အရေပြား ပွန်းပဲ့မှုက လူနာများအား ရောဂါပိုးအလွယ်တကူ ကူးစက်ဝင်ရောက်စေပါသည်။ လူနာများနှင့် မိသားစုများအနေဖြင့် နာကျင်ခြင်း၊ နီရဲ့ခြင်း သို့မဟုတ်‌ သွေးထွက်ခြင်းကဲ့သို့သော အရေပြားပွန်းပဲ့သည့် လက္ခဏာများနှင့် သွင်ပြင်များတစ်ခုခုရှိပါက ချက်ချင်း အစီရင်ခံသင့်သည်။ ကလေးများမှာ စအိုအနီးဝန်းကျင် (စအိုအနီးတစ်ဝိုက်)နှင့် ပါးစပ်တွင် အနာများဖြစ်ပေါက်ရန် အထူးဖြစ်နိုင်ချေများပါသည်။

ပြန်ဖြစ်သော ALL ရှိသည့် ကလေးများမှ ထက်ဝက်ခန့်မှာ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သော ရောဂါကူးစက်မှုများ ပေါ်ပေါက်ဖြစ်ပွားပါလိမ့်မည်။ ကူးစက်ရောဂါ ကာကွယ်ခြင်းသည် ကလေးများအား ဆိုးရွားပြင်းထန်သည့် နာမကျန်းမှု ဖြစ်ပေါ်ခြင်းမှ ကယ်တင်ပေးနိုင်ပါသည်။ အစားထိုးကုသရန် လျာထားခံရသော ကလေးများအနေဖြင့်လည်း ယင်းအစားထိုးမှုရရှိရန် ကူးစက်ရောဂါပိုးဝင်ရောက်ခြင်းများမှ ကင်းဝေးရပါမည်။

ကူးစက်ရောဂါပိုးဝင်ရောက်ခြင်းများကို ကာကွယ်ရာတွင် ကူညီနိုင်သောနည်းလမ်းများ

ကူးစက်ရောဂါပိုးဝင်ရောက်ခြင်းများမှ ကာကွယ်ရန် လူနာများအနေဖြင့် ၎င်းတို့၏ နှာခေါင်းနှင့် ပါးစပ်အပေါ်တွင် မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားရန် ညွှန်ကြားခံရပါမည်။

အရေပြားစောင့်ရှောက်မှု သည် အရေးကြီးပါသည်။ ကိုယ်ခန္ဓာ၏အရေပြားသည် ကူးစက်ရောဂါပိုးဝင်ရောက်ခြင်းများကို ဆန့်ကျင်တွန်းလှန်ရန် အရေးကြီးသော ကာကွယ်ရေးတစ်ခုဖြစ်သည်။ အနာပေါက်ချိန်ကဲ့သို့သော အရေပြား ပွန်းပဲ့မှုရှိသောအချိန်တွင် ကိုယ်ခန္ဓာသည် ကူးစက်ရောဂါပိုးဝင်ရောက်ခြင်းခံရရန် ပိုမိုလွယ်ကူပါသည်။ လူနာများနှင့် မိသားစုများအနေဖြင့် ခံတွင်း (ပါးစပ်အတွင်းပိုင်း) ကိုကောင်းကောင်းစောင့်ရှောက်ရန်နှင့် စအိုပတ်လည် (စအိုအနီးတဝိုက်) ကို ဂရုစိုက်စောင့်ရှောက်ရန်နှင့် စပ်လျဉ်းပြီး ပြုစုစောင့်ရှောက်ရေးအဖွဲ့၏ လမ်းညွှန်ချက်များကို လိုက်နာရန် တိုက်တွန်းပါသည်။

ပြန်ဖြစ်သော သွေးကင်ဆာအတွက် ကုသမှုရရှိနေဆဲလူနာများတွင် ကူးစက်ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ရန် ပဋိဇီဝဆေးများ သို့မဟုတ် မှိုသတ်ဆေးများကို မကြာမကြာသုံးလေ့ရှိပါသည်။ ယင်းဆေးဝါးများကို ပုံမှန်သောက်ပါက ကူးစက်ရောဂါပိုးဝင်ရောက်မှု အတော်များများကို ကာကွယ်နိုင်ပါသည်။

မိသားစုများအနေဖြင့် လူနာ၏ သွေးပြန်ကြောတွင်းသွင်းထားသော ပိုက်ကို ဂရုစိုက်စောင့်ရှောက်ရာတွင် ပြုစုစောင့်ရှောက်ရေးအဖွဲ့၏ လမ်းညွှန်ချက်များကို လိုက်နာရန် တိုက်တွန်းပါသည်။ ၎င်းသည် ရောဂါပိုးဝင်လေ့ရှိသော နေရာတစ်ခုဖြစ်သည်။ 

လူနာ၏ပတ်ဝန်းကျင်ရှိလူများအနေဖြင့် ၎င်းတို့၏လက်များကို မကြာခဏ ဆေးကြောသင့်သည် သို့မဟုတ် ဆေးရည်ဖြင့်သန့်စင်ထားသင့်ပါသည်။ လူနာများအနေဖြင့် ဖျားနာနေသူများအနားတွင် ရှိမနေသင့်ပါ။

ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများ

နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အသက်ရှူမဝခြင်း၊ ယားယံခြင်း၊ စိတ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့သည် ကုသမှု၏ ဖြစ်လေ့ဖြစ်ထရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ 

ဘေးထွက်ဆိုးကျိုးများကို ကုသရန် ဆရာဝန်များက ဆေးဝါးများ ညွှန်းပေးနိုင်ပါသည်။ ပေါင်းစပ်ထားသောဆေးများ (အားဖြည့်ထောက်ကူပေးခြင်း) ကဲ့သို့သော အခြားကုသရေးဆိုင်ရာ ချဉ်းကပ်နည်းများကလည်း ထိရောက်နိုင်ပါသည်။ 

မိသားစုများအနေဖြင့် ရောဂါဝေဒနာကိုသာ ယာယီသက်သာစေသော ပြုစုစောင့်ရှောက်မှု ဆရာဝန်များစိတ်ကျန်းမာရေးဆရာဝန်များလူမှုဝန်ထမ်းများ၊ ဂီတဖြင့် ကုထုံးပေးသူများ၊ ခရစ်ယာန်ဘုန်းကြီး-သင်းအုပ်ဆရာများ နှင့် ကလေးအထူးကုများအပါအဝင် အထောက်အကူပေးသည့် အထူးကုများနှင့် ညှိနှိုင်းလုပ်ဆောင်ရန် တိုက်တွန်းပါသည်။

ရောဂါကြိုတင်ခန့်မှန်းချက်

လက်ရှိတွင် ပထမအကြိမ် ရောဂါပြန်ဖြစ်ပြီးနောက် လူနာ 30-50% က အသက်ရှင်ကျန်ရစ်ပါသည်။ အချို့သော ကလေးများသည် တစ်ကြိမ်ထက်ပိုပြီး ရောဂါပြန်ဖြစ်နိုင်ပါသည်။ လူနာတစ်ဦး ရောဂါ တစ်ကြိမ်ပြန်လည်ဖြစ်ပွားတိုင်း ကုသပျောက်ကင်းရန် အလားအလာက လျော့ကျသွားပါသည်။

ကုသမှုရွေးချယ်စရာများနှင့်ပက်သက်၍မေးရန် မေးခွန်းများ

  • ကျွန်ုပ်တို့၏ ကုသမှုရွေးချယ်စရာများမှာ မည်သည့်အရာများဖြစ်သနည်း။
  • ကုသမှုရွေးချယ်စရာတစ်ခုစီ၏ ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများမှာ မည်သည့်အရာများဖြစ်သနည်း။
  • ကျွန်ုပ်၏ ကလေး တတ်နိုင်သလောက် ကောင်းကောင်းခံစားရဖို့ရန်အတွက် ဘေးထွက်ဆိုးကျိုးများကိုစီမံရန် မည်သို့သောအရာများလုပ်နိုင်ပါသနည်း။
  • အဆိုပါ ကုသမှုအတွက် ကျွန်ုပ်၏ ကလေးသည် ဆေးရုံတွင်ရှိနေရန်လိုအပ်ပါသလား သို့မဟုတ် ပြင်ပလူနာဌာနတွင် ကုသမှုကိုပေးပါမည်လား။
  • မည်သည့်နေရာတွင် ကုသမှုကိုရရှိနိုင်ပါသနည်း။ ၎င်းနေရာသည် အိမ်နှင့် နီးပါသလား သို့မဟုတ် ကျွန်ုပ်တို့ ခရီးသွားဖို့ လိုပါသလား။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဒီဇင်ဘာလ၊ ၂၀၁၈ ခုနှစ်