အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အတွင်းထုတ်ဂလင်းဆိုင်ရာ နောက်တွင်ဖြစ်ပေါ်မည့်ဆိုးကျိုးများ

အချို့သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာများနှင့် ကုထုံးများသည် အတွင်းထုတ်ဂလင်းစနစ်၏ ဖွံဖြိုးမှုနှင့် လုပ်ဆောင်ချက်အပေါ် အကျိုးသက်ရောက်နိုင်သည်။

ခန္ဓာကိုယ်၏အတွင်းထုတ်ဂလင်းစနစ်သည် ခန္ဓာကိုယ်အနှံ့အပြားတွင်ရှိသော ဟော်မုန်းများထုတ်ပေးသည့်ဂလင်းများပါဝင်ဖွဲ့စည်းထားသော ရှုပ်ထွေးသောကွန်ရက်တစ်ခုဖြစ်သည်။ အတွင်းထုတ်ဂလင်းစနစ်သည် ဖွံဖြိုးမှု၊ ပျိုဖော်ဝင်ခြင်း၊ စွမ်းအင်ပမာဏ၊ ဆီးထုတ်လုပ်မှုနှင့် စိတ်ဖိစီးမှုကိုတုံ့ပြန်မှု အစရှိသည့်ခန္ဓာကိုယ်၏လုပ်ဆောင်ချက်အများစုကို ထိန်းချုပ်သည်။

အတွင်းထုတ်ဂလင်းစနစ်၏ အင်္ဂါအစိတ်အပိုင်းများတွင် အောက်ပါတို့ ပါဝင်သည်-

  • ဦးနှောက်အတွင်းရှိ ပီနီယယ်ဂလင်းဟိုက်ပိုသဲလမတ်နှင့် ပစ်ကျူထရီဂလင်း
  • ပါရာသိုင်းရွိုက်ဂလင်းများ
  • သိုင်းရွိုက်ဂလင်းများ
  • သိုင်းမတ်စ်ဂလင်း
  • အဒရီနယ်ဂလင်းများ
  • ပန်ကရိယ
  • ကျောက်ကပ်များ
  • ဝှေးစေ့များ (အမျိုးသားများ) နှင့် သားဥအိမ်များ (အမျိုးသမီးများ)
လူတစ်ဦး၏အတွင်းထုတ်ဂလင်းစနစ်ကို အကြမ်းဖျင်းဖော်ပြထားသောပုံ စာညွှန်းဖြင့်ပြထားသောအစိတ်အပိုင်းများမှာ ပီနီယယ်ဂလင်း၊ သိုင်းမတ်စ်၊ သားဥအိမ် (အမျိုးသမီးများအတွက်)၊ ဝှေးစေ့ (အမျိုးသားများအတွက်)၊ ဟိုက်ပိုသဲလမတ်၊ ပစ်ကျူထရီကလင်း၊ သိုင်းရွိုက်နှင့် ပါရာသိုင်းရွိုက်ဂလင်းများ၊ ပန်ကရိယ၊ အဒရီနယ်ဂလင်းနှင့် အချင်း (အမျိုးသမီးများအတွက်) တို့ဖြစ်ကြသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈