ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ဒိုက်ပါကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း သို့မဟုတ် ဒိုက်ပါကြောင့်ဖြစ်သော အရေပြားအနီစက်များသည် ခန္ဓာကိုယ်အောက်ပိုင်း၊ ပေါင်များ၊ ဝမ်းဗိုက်နှင့် လိင်အင်္ဂါတို့အပါအဝင် ဒိုက်ပါဝတ်သည့်နေရာတွင် ဖြစ်ပေါ်သည့် အရေပြားကျိန်းစပ်ခြင်းဖြစ်သည်။ ဤသို့ဖြစ်ပွားခြင်းကို ဆီးဝမ်းမထိန်းနိုင်ခြင်းနှင့် ဆက်နွှယ်၍ဖြစ်သော အရေပြားရောင်ရမ်းခြင်း သို့မဟုတ် ဆီး သို့မဟုတ် မစင်များကြောင့်ဖြစ်သော ရောင်ရမ်းခြင်းဟုလည်း သိကြသည်။
ဒိုက်ပါကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းသည် ကလေးငယ်နှင့် တွားသွားတတ်သည့်ကလေးများ အထူးသဖြင့် အသက် ၉လနှင့် ၁၂လကြား မွေးကင်းစကလေးများတွင် အဖြစ်များသည်။ သို့သော် ဒိုက်ပါကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သည်။ ဒိုက်ပါကြောင့်ဖြစ်သော အရေပြားအနီစက်များသည် နာကျင်ပြီး လူနာကို မသက်မသာဖြစ်စေသည်။ မကုသဘဲထားပါက ရောဂါပိုးကူးစက်မှုဖြစ်ပေါ်လာနိုင်သည်။
ဒိုက်ပါကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း၏ လက္ခဏာများမှာ သေးငယ်သော ပန်းရောင် သို့မဟုတ် အနီရောင် အစက်များ၊ နီမြန်းမှု၊ ယောင်နေသော အရေပြား သို့မဟုတ် အရည်ကြည်ဖုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အရေပြားသည် ယားယံနေနိုင်သည် သို့မဟုတ် နာကျင်နေနိုင်သည်။
ဒိုက်ပါကြောင့်ဖြစ်သော အရေပြားအနီစက်များကို ကာကွယ်ခြင်းနှင့် ကုသမှုပြုလုပ်ရန် ABC
အရေပြားသည်အစိုဓာတ်၊ ပွတ်တိုက်မှု၊ ဆီးနှင့် မစင်များ၊အရေပြားကို နီမြန်းရောင်ရမ်းစေသောအရာများထိတွေ့လိုက်သောအခါ ဒိုက်ပါကြောင့်ဖြစ်သော အရေပြားအနီစက်များ ဖြစ်ပေါ်လာသည်။ ဒိုက်ပါကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းကို ဖြစ်စေရန်အားပေးသော အရာများမှာ အောက်ပါတို့ ပါဝင်သည်-
ဒိုက်ပါကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများသည် ကလေးများ၌ ကင်ဆာဖြစ်နေချိန်တွင် ပိုမိုများပြားသည်။ ခီမိုဆေးသွင်းကုထုံး ကဲ့သို့သော ကင်ဆာကုထုံးများသည် ဆီးနှင့် ကျင်ကြီးအတွင်း စွန့်ထုတ်မှုကို ဖြစ်ပေါ်စေသည့်အတွက် ဒိုက်ပါကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းကို အားပေးသည်။ ဓာတ်ရောင်ခြည် ကုထုံး ကြောင့် ဖြစ်နိုင်သည်များမှာ-အရေပြားကိုပို၍ ထိခိုက်လွယ်စေပြီး အရေပြားရောင်ရမ်းခြင်းကို ပို၍ခံနိုင်ရည်မရှိဖြစ်စေသည်။ စတီးရိုက်ဆေးများ အသုံးပြုလျှင် သို့မဟုတ် ကိုယ်ခံအားစနစ်မကောင်းလျှင်လည်း ဒိုက်ပါကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းကို ဖြစ်ပွားနိုင်သည့် အလားအလာကို တိုးမြင့်စေသည်။
ပို၍အသက်ကြီးသောကလေးများတွင် နေမကောင်းခြင်း၊ ကုသရေးဆေးဝါးများ သို့မဟုတ် ရောဂါတို့ကြောင့် ဆီးအိမ်ထိန်းမနိုင်ခြင်း သို့မဟုတ် အူလမ်းကြောင်း မထိန်းနိုင်ခြင်း (ဆီးဝမ်းမထိန်းနိုင်ခြင်း) ဖြစ်နိုင်သည်။ ထိုကဲ့သို့သော လူနာများတွင် ဒိုက်ပါများ သို့မဟုတ် "သေးခံများ" ဝတ်ရန်လိုအပ်ပြီး ဆီးဝမ်းမထိန်းနိုင်ခြင်းနှင့် ဆက်နွှယ်၍ဖြစ်သော အရေပြားရောင်ရမ်းခြင်းကို ပို၍ဖြစ်စေနိုင်သည်။
ဒိုက်ပါကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းကိုကုသမှုသည် ရောဂါလက္ခဏာများ၊ ကလေး၏ အသက်၊ ကျန်းမာရေးအခြေအနေ နှင့် အရေပြားရောင်ရမ်းခြင်း၏ ပြင်းထန်မှုအပေါ်မူတည်သည်။ အရေပြားရောင်ရမ်းခြင်းနှင့် ပတ်သက်သော မည်သည့်လက္ခဏာများကိုမဆို စောင့်ရှောက်မှုအဖွဲ့အား သေချာစွာ အသိပေးပါ။ အရေပြားပေါ်၌ မည်သည့်ပစ္စည်းကိုမဆို အသုံးမပြုမီ စောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးနှင့်အတူ စစ်ဆေးပါ။
ဆရာဝန်တစ်ဦးသည် ဒိုက်ပါကြောင့်ဖြစ်သော အရေပြားအနီစက်များအတွက် အောက်ပါတို့ပါဝင်သော ကုသမှုများကို အကြံပေးနိုင်သည်-
ကင်ဆာကုသစဉ်တွင် ဒိုက်ပါကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းကို ကာကွယ်ရန် အောက်ပါအဆင့်များကို လိုက်နာဆောင်ရွက်ရန် အရေးကြီးသည်။
ဒိုက်ပါနေရာရှိ အရေပြားအနီစက်များသည် အကြောင်းရင်းမျိုးစုံကြောင့် ဖြစ်ပေါ်နိုင်သည်။ အနီစက်အမျိုးအစား တစ်မျိုးနှင့် တစ်မျိုးခွဲခြားရန် ခက်သော်လည်း ၎င်းတို့အတွက် မတူညီသော ကုသမှုများကို ပြုလုပ်ရန် လိုအပ်နိုင်သည်။
အခြားသောအရေပြားအနီစက်များမှာ ဓာတ်မတည့်သောကြောင့်ဖြစ်သော အရေပြားအနီစက်များ၊ အဆီထုတ်ဂလင်းမှ အဆီ အများအပြားထုတ်ခြင်းကြောင့်ဖြစ်သော အရေပြားအနီစက်များနှင့် ဘက်တီးရီးယားကူးစက်မှုတို့ ဖြစ်သည်။
ကလေးတွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်လျှင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဆက်သွယ်ပါ-
—
ပြန်လည်သုံးသပ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ