အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Leucovorin (လူကိုဗိုရင်)

အထောက်အကူပြုကုထုံး

သည်အခြားအမည်များ:

Leucovorin calcium, folinic acid 

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ ဦးနှောက်အကျိတ်၊ အရိုးတွယ်ဆက် တစ်ရှူးအကျိတ် လူနာများတွင် ဆေးချိန်အမြင့် "Methotrexate" (မက်သိုထရီဇိတ်) ပေးပါက ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများ

ကလစ်ဘုတ် သင်္ကေတ

Leucovorin (လူကိုဗိုရင်) အကြောင်း သိကောင်းစရာ

Leucovorin (လူကိုဗိုရင်) သည် Methotrexate(မက်သိုထရီဇိတ်) ဆေးကြောင့် ဖြစ်ရသော အချို့သောဘေးထွက်ဆိုးကျိုးများကို ဟန့်တားနိုင်စေရန် ထောက်ကူပေးပါသည်။ ၎င်းသည် ဆဲလ်အကောင်းများကို ကီမိုဆေးဒဏ်မသင့်အောင် ကာကွယ်ပေးခြင်းအားဖြင့် အလုပ်လုပ်ပါသည်။

Leucovorin (လူကိုဗိုရင်) သည် မည်သည့်ဘေးထွက်ဆိုးကျိုးကိုမျှဖြစ်လေ့မရှိပါ။ ဤဆေးဝါးကို ဓာတ်မတည့်မှုဆိုင်ရာ တုံ့ပြန်မှုပြသော လူနာလည်း ရှိခဲပါသည်။

ဆေးပမာဏနှင့် ဆေးတိုက်ရန် အချိန်ဇယားသည် ကလေးငယ်၏သွေးထဲတွင် ရှိသော Methotrexate (မက်သိုထရီဇိတ်) ပမာဏအပေါ်တွင် အခြေခံပါသည်။ Methotrexate (မက်သိုထရီဇိတ်) စပေးပြီး ၂၄ နာရီမှ ၄၂ နာရီအတွင်းတွင် Leucovorin (လူကိုဗိုရင်) ကို ပေးလေ့ရှိပါသည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြား သို့မဟုတ် ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အရေပြားတွင် အနီကွက်ထွက်ခြင်း
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Methotrexate (မက်သိုထရီဇိတ်) နှင့် ကီမိုဆေးကုထုံးကို ခံယူနေစဉ် ခန္ဓာကိုယ်ထဲရှိ Leucovorin (လူကိုဗိုရင်) ပမာဏကို ပုံသေထိန်းထားနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။
  • Leucovorin (လူကိုဗိုရင်) ကို အချိန်ဇယားအတိုင်း သောက်ပါ။ လွတ်သွားသည့် ဆေးချိန်နှင့်စပ်လျဉ်း၍ မေးမြန်းစရာရှိပါက သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား ခေါ်ဆိုပါ။
  • သောက်ပြီး မိနစ် ၃၀ အတွင်းတွင် ပျို့အန်ပါက နောက်ထပ်ဆေးတစ်ခွက်စာကို ထပ်တိုက်ရပါမည်။