အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Mercaptopurine (မာကက်ပတိုပျူရင်း)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Purixan®, Purinethol®

သည်အခြားအမည်များ:

6-MP

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာပြန်ရည်ကျိတ်ကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

Mercaptopurine (မာကက်ပတိုပျူရင်း) အကြောင်း

Mercaptopurine (မာကက်ပတိုပျူရင်း) ဆိုသည်မှာ ကီမိုဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ အခြားဆေးဝါးများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။

Mercaptopurine (မာကက်ပတိုပျူရင်း) ကို ခန္ဓာကိုယ်က ချေဖျက်နှုန်းနှေးသည် သို့မဟုတ် မြန်သည်ဟူသော အချက်သည် အချို့သောအင်ဇိုင်းများ၏ လုပ်ဆောင်ချက်ကောင်းမကောင်းအပေါ် မူတည်ပြီး လူနာစ်တယောက်ချင်းစီကိုလိုက်၍ ကွဲပြားမှုရှိပါသည်။ လူနာ၏အင်ဇိုင်းလုပ်ဆောင်ချက်ကောင်းမကောင်းကို သိရရန်အတွက် မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်ကြည့်နိုင်ပါသည်။ Mercaptopurine (မာကက်ပတိုပျူရင်း) ကို ချေဖျက်နှုန်းနှေးသည့် လူနာများသည် ဆေးပမာဏကို လျှော့ပြီး လက်ခံရနိုင်ပါသည်။ အခြားဖတ်ရှုရန်− Thiopurine methyltransferase (TPMT) နှင့် ဆေးဝါးများ

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်နှင့် အသည်း လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်စစ်နေရမည်ဖြစ်သည်။ Mercaptopurine (မာကက်ပတိုပျူရင်း) ဆေးပမာဏပြောင်းလဲသင့်မသင့်ကို သိနိုင်ရန် သွေးတွင်းတွင် ၎င်းဆေးပါဝင်မှုအတိုင်းအတာကို စောင့်ကြည့်စစ်ဆေးနိုင်ပါသည်။

ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • အသည်း ပြဿနာများ
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း (ဖြစ်သည်ဆိုရုံသာဖြစ်ပြီး မနက်ခင်းပိုင်းများတွက် ဖြစ်တတ်စမြဲဖြစ်သည်)
  • သကြားဓာတ်နည်းခြင်း (သွေးတွင်း သကြားဓာတ်နည်းခြင်း)
  • ခံတွင်းပျက်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • အဖုအပိမ့် အနီကွက်များထခြင်း (နေရောင်ထိပါက ပိုဆိုးတတ်သည်)
  • အသားမည်းလာခြင်း
  • နေဒဏ်ကို ပို၍မခံနိုင်တော့ခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ဝမ်းလျှောခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Mercaptopurine (မာကက်ပတိုပျူရင်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။. အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဖြစ်တတ်သော ရေရှည် သို့မဟုတ် နောက်ပိုင်းဘေးထွက်ဆိုးကျိုးများမှာ−

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို လျော့ပါးသက်သာစေမည့် ဆေးကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါသည်။
  • ၎င်းဆေးသည် နေရောင်ခြည်ဒဏ်ကို မခံနိုင်လောက်အောင် ဖြစ်သွားစေပြီး နေလောင်နာဖြစ်နိုင်သည့်အန္တရာယ်ကို တိုးမြင့်သွားစေသည်။ လူနာများအနေဖြင့် အသားအရေကို နေလောင်ဒဏ်မခံရအောင် အဆင့်ဆင့်ကာကွယ်ထားသင့်ပါသည်။ နေပူခံလိမ်းဆေးကို လိမ်းပြီး နေရောင်မှကာကွယ်ပေးသည့် အဝတ်အစားများကို ဝတ်ဆင်ပါ။ အတတ်နိုင်ဆုံး နေမထိအောင် နေပါ။
  • လိင်မှုကိစ္စတွင်လုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ပြုစုသူများအနေဖြင့် ကီမိုဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်၊ စွန့်ပစ်ရန်နှင့် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များနှင့်မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။ ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သည်။

Mercaptopurine (မာကက်ပတိုပျူရင်း) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • Mercaptopurine (မာကက်ပတိုပျူရင်း) ကို နေ့စဉ်အချိန်မှန်သောက်ပါ။
  • Mercaptopurine (မာကက်ပတိုပျူရင်း) ကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးရည်ကို ပေးမည်ဆိုပါက ပါးစပ်မှထည့်မည့် ပြွတ်ထဲသို့မဖြည့်ခင် ပုလင်းကို အနည်းဆုံး ၃၀ စက္ကန့် လောက်လှုပ်ပါ။ ပြွတ်ကို သုံးပြီးတိုင်း ရေဖြင့်သေသေချာချာ ဆေးကြောပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန် (၆ နာရီအတွင်း) နှင့် ကပ်သွားပါက ပထမဆေးတစ်ခွက်စာကို မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။