ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးအများစုတွင် ၎င်းတို့၏ကင်ဆာကုထုံးကြောင့် ဆီးအိတ်ဆိုင်ရာပြဿနာများကို တွေ့ကြုံခံစားရခြင်းမရှိပါ။ သို့သော် အချို့သောကုထုံးများသည် ဆီးအိတ်၏လုပ်ဆောင်ချက်များပေါ်တွင် ဆိုးကျိုးသက်ရောက်နိုင်သည်။
ဆီးအိတ်သည် ခန္ဓာကိုယ်မှထွက်ရှိသော ဆီးများကို သိုလှောင်ထားပေးသည့်အင်္ဂါတစ်ခုဖြစ်သည်။ ကျောက်ကပ်များသည် သွေးထဲမှမလိုအပ်သည့်အရာများကို ဖယ်ရှားပေးပြီး ဆီးထုတ်လုပ်ပေးသည်။ အဆိုပါဆီးများသည် ဆီးထွက်ပြွန်များဟုခေါ်သော ပြွန်များကိုဖြတ်၍ ဆီးအိတ်အတွင်းသို့ ဝင်ရောက်သည်။ ထို့နောက် ဆီးသည် ဆီးလမ်းကြောင်းမှတဆင့် ခန္ဓာကိုယ်ပြင်ပသို့ထွက်သွားသည်။
၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးများကို နှစ်စဥ် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်သင့်သည်။ လူနာများအနေဖြင့် "ကင်ဆာရောဂါမှလွတ်မြောက်လာသူအတွက် စောင့်ရှောက်ကုသရေးအစီအစဉ်" မိတ္တူတစ်စောင်အား ၎င်းတို့၏သမားတော်ကို မျှဝေပေးထားသင့်သည်။
ဆီးနှင့်ပတ်သတ်သောရောဂါလက္ခဏာများရှိလာပါက အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးသူတစ်ဦးထံ ချက်ချင်းအကြောင်းကြားပေးပါ။ အဆိုပါရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်-
ကင်ဆာရောဂါမှလွတ်မြောက်လာသူများသည် ဆီးတွင်သွေးပါသည့်အခါ သို့မဟုတ် ဆီးသွားသည့်အခါ အခြားသောပြဿနာများရှိသည့်အခါတိုင်း ၎င်းတို့၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဆက်သွယ်သင့်သည်။ ဆီးအခြေအနေကိုစစ်ဆေးရန် သို့မဟုတ် ကူးစက်ရောဂါရှိ/မရှိစစ်ဆေးရန် စစ်ဆေးမှုများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ လုပ်ဆောင်နိုင်သည်။
အရည်များများသောက်ခြင်းအားဖြင့် ဆီးအိတ်ကို ဆေးကြောပေးစေနိုင်သည်။ သို့သော် သင့်တွင် ကျောက်ကပ် သို့မဟုတ် နှလုံးပြဿနာများရှိပါက အရည်များများမသောက်မီ သင်၏သမားတော်အား အရင်မေးမြန်းပါ။
ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာနှင့် ကဖိန်းဓာတ်ပါသည့် အခြားသောအရည်တို့ကို ရှောင်ကြဥ်ပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈