အချို့ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသမှုများသည် အမျိုးသားလူနာ၏ ကိုယ်ဝန်ရရှိစေနိုင်သည့်စွမ်းရည်အပေါ်တွင် ထိခိုက်စေနိုင်သည်။
ကင်ဆာရောဂါရှာဖွေဖော်ထုတ်မှုကို ရရှိပြီးနောက်ပိုင်းတွင် ကလေးများရရှိခြင်းသည် လူနာများ သို့မဟုတ် မိဘများ၏စိတ်အတွင်း၌ အထူးဦးစားပေးအချက်မဟုတ်ဘဲ ဖြစ်နေနိုင်သည်။ သို့ရာတွင် မိသားစုများသည် ကုထုံးမစတင်မီ ကုသမှု၏ အကျိုးသက်ရောက်မှုကို လူနာ၏ ကင်ဆာအထူးကုဆရာဝန်နှင့် ဆွေးနွေးသင့်သည်။
သန္ဓေတည်နိုင်စွမ်းဟူသည်မှာ လူတစ်ဦးဦး၏ မျိုးဆက်ပြန့်ပွားနိုင်သည့်စွမ်းရည်ကို ရည်ညွှန်းပြီး အမျိုးသားတစ်ဦးအနေဖြင့် ဖခင်ဖြစ်နိုင်စွမ်း နှင့် အမျိုးသမီးတစ်ဦးအနေဖြင့် ကိုယ်ဝန်ရရှိနိုင်သောစွမ်းရည်ဖြစ်သည်။
အမျိုးသားများတွင် ဝှေးစေ့များသည် သုက်ပိုးများနှင့် ကျားဟော်မုန်း တက်စတိုစထရွန်းကို ထုတ်လုပ်သည်။
သုက်ပိုးသည် မျိုးဥတစ်ခုနှင့် သန္ဓေအောင်သည့်အခါ ကိုယ်ဝန်ဆောင်ခြင်း စတင်ဖြစ်ပေါ်လာသည်။
ပစ်ကျူထရီကလင်းသည် တက်စတိုစထရွန်းထုတ်လုပ်မှုကို လှုံ့ဆော်သည့် ဟော်မုန်းများကို ထုတ်လွှတ်သည်။ တက်စတိုစထရွန်းသည် ယောက်ျားလေးတစ်ဦးဘဝမှ လူကြီးအမျိုးသားဘဝသို့ ကူးပြောင်းသည့်အခါ အထောက်အကူဖြစ်သည့်ဖြစ်စဉ်များစွာကို ထိန်းညှိလုပ်ဆောင်သည်။ အဆိုပါဖြစ်စဉ်များတွင် သုက်ပိုးများ၏ ရင့်မှည့်မှုနှင့် ကျားလိင်အင်္ဂါများ၏ဖွံ့ဖြိုးမှုတို့ပါဝင်သည်။
ကုသမှုသည် လူနာ၏ တင်ပါးဆုံနေရာ၊ မျိုးပွားအင်္ဂါအစိတ်အပိုင်းများနှင့် ပစ်ကျူထရီကလင်း လုပ်ဆောင်ချက်ကို ထိခိုက်စေသဖြင့် လူနာ၏သန္ဓေတည်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။
ကင်ဆာကုသမှုမှ ရရှိစေနိုင်သည့် လူနာ၏ကလေးရနိုင်သည့် စွမ်းရည်ပေါ်တွင် သက်ရောက်မှုနှင့်ပတ်သက်၍ မိဘများနှင့် လူနာတို့သည် ကုသမှုမစတင်မီ ဆေးဝါးကူညီမှု အသင်းနှင့် ပြောဆိုသင့်သည်။
သင်၏သားသည် အလွန်ငယ်ရွယ်သည့်အရွယ်ဖြစ်လျှင် သန္ဓေတည်နိုင်စွမ်းဆိုင်ရာ ရွေးချယ်ခွင့်များကို ဆွေးနွေးရန် အထူးအဆန်းဖြစ်နေနိုင်သည်။ သို့ရာတွင် ကုသမှုမစတင်မီ ဆွေးနွေးမှုပြုလုပ်ခြင်းသည် အကောင်းဆုံးအချိန် ဖြစ်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူများစွာက ယုံကြည်သည်။
အောက်ပါကဲ့သို့သော မေးခွန်းများ မေးမြန်းခြင်းပြုလုပ်ရန် ထည့်သွင်းစဉ်းစားပါ။
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018