ကင်ဆာအကြောင်း သင့်ကလေးကို ပြောပြသည့်အခါ စိတ်အတွင်း၌ စည်းမျဉ်း ၃ ခုကို စွဲမြဲမှတ်သားပါ။
သင့်ကလေးအပေါ်တွင် ထားရှိသည့် ရိုးသားမှုနှင့် ပွင့်လင်းလွတ်လပ်မှုတို့သည် ယုံကြည်မှုတည်ဆောက်ပေးပြီး သင်တို့၏ဆက်ဆံရေးကို ခိုင်မာစေမည်ဖြစ်သည်။ သူ သို့မဟုတ် သူမသည် ကင်ဆာရောဂါရှိနေကြောင်း သင့်ကလေးအား ထုတ်ဖော်ပြောကြားမှုမပြုလုပ်ခြင်း သို့မဟုတ် အနုတ်သဘောဆောင်သော အချက်အလက်များအား မရရှိစေရန် ကာကွယ်တားဆီးရန် ကြိုးစားခြင်းသည် လက်ခံနိုင်လောက်သည့် အနေအထားဖြစ်ပါသည်။ ကလေးများအား မနှစ်မြို့ဖွယ်သောအာရုံများမှ ကာကွယ်လိုခြင်းသည် သဘာဝကျသောအရာဖြစ်ပါသည်။
သို့ရာတွင် ကလေးများသည် စူးစမ်းလိုစိတ်ရှိသူများ ဖြစ်ပါသည်။ ၎င်းတို့သည် အာရုံစူးစိုက်နေသည့်ဟု မထင်ရသည့်တိုင်အောင် ၎င်းတို့၏ မိဘများ၊ လူနာကို ပြုစုစောင့်ရှောက်သည့် အဖွဲ့ဝင်များနှင့် အခြားမိသားစုဝင်များ သို့မဟုတ် အရွယ်ရောက်သူများကို စောင့်ကြည့်ကြပြီး မည်သို့ဖြစ်ပျက်နေသည်ကို သိရှိရန် ကြိုးစားကြသည်။ သင့်ကလေးအား ကုသမှုပြုလုပ်စဉ် အချို့သောအခြေအနေ အချိန်အခါတစ်ခုအတွင်း ကင်ဆာ ဟူသော စကားလုံးကို အသုံးမပြုရန်အတွက် သတိပေးထားလျှင်ပင် သူ သို့မဟုတ် သူမသည် (ဝန်ထမ်းများ၊ ဆေးရုံရှိအခြား သက်တူရွယ်တူသူ သို့မဟုတ် လာရောက်လည်ပတ်သည့် မိသားစုနှင့် မိတ်ဆွေများထံမှ) ကြားရလိမ့်မည်ဖြစ်သည်။ ကင်ဆာရောဂါအကြောင်းကို ပြောဆိုခြင်းမပြုရန် တားဆီးနေမည့်အစား ကင်ဆာရောဂါအကြောင်းကို ရှင်းလင်းပြောဆိုခြင်းသည် ပင်ပန်းကြီးစွာ လုပ်ဆောင်ရန်မလိုဘဲ အမြဲတစေ ကာကွယ်ပြောဆိုရန် ကြိုးစားနေရသည့် ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားနိုင်သည်ဟု မိဘအများစုက ပြောဆိုကြသည်။
ပြောပြမည့်အကြောင်းအရာကို လေ့ကျင့်ပါ။ သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ သို့မဟုတ် ယခုကဲ့သို့ ဆင်တူသော အနေအထားတစ်ခုအတွင်း ကြုံတွေ့ခဲ့ဖူးသည့် အခြားမိဘတစ်ဦးဦးထံမှ အကြံဉာဏ်တောင်းခံပါ။
သတင်းအချက်အလက်မျှဝေသည့် နည်းလမ်းသည်လည်း အရေးကြီးပါသည်။ သင့်ကလေးသည် သင်၏ပြောဆိုသည့်အသံအနေအထားနှင့် မျက်နှာဟန်အမူအရာများမှ အမြောက်အမြားကို သင်ယူမည်ဖြစ်ပါသည်။ သင့်ကလေးနှင့် စကားပြောဆိုသည့်အခါ အေးဆေးငြိမ်းသက်စွာ ပြောဆိုပါ။ မျက်ရည်များကျခြင်းသည် ပြဿနာမဟုတ်ပါ၊မျက်ရည်ကျပါကသင်သည် အဘယ်ကြောင့် မျက်ရည်ကျရသည်ကို ရှင်းပြပါ။ မိဘများအနေဖြင့် ၎င်းတို့၏ ကလေးများ နေထိုင်မကောင်းဖြစ်သည့်အခါ ဝမ်းနည်းရသည်မှာ သဘာဝဖြစ်ကြောင်း သို့မဟုတ် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာသည့်အခါ စိတ်မသက်သာ ခံစားရခြင်းသည် သဘာဝဖြစ်ကြောင်း ကလေးများအား ပြောဆိုနိုင်သည်။ မျက်ရည်များကျခြင်းသည် စိတ်လှုပ်ရှားခံစားမှုများကိုဖော်ပြသော နည်းလမ်းတစ်ခုဖြစ်သည်။ ကလေးများအနေဖြင့် ၎င်းတို့သည် ကင်ဆာကိုဖြစ်စေသည့်သူများမဟုတ်ကြောင်းနှင့် လူများက ဝမ်းနည်းပူဆွေးရသည်မှာ ၎င်းတို့၏အပြစ်မဟုတ်ကြောင်းသိရှိပြီး စိတ်သက်သာမှုရရန် အရေးကြီးပါသည်။
မိဘအများအပြားသည် ၎င်းတို့ကလေး၏ ရောဂါရှာဖွေခြင်းကို ဆရာဝန်ထံမှ သ်ရှိသည့်တစ်ချိန်တည်းမှာပင် ၎င်းတို့၏ကလေးသည်လည်း ရောဂါအကြောင်းကို သိရှိသွားတတ်သည်။ သို့ရာတွင် သင်သည် ကလေးအား ပြောဆိုမည်သူ ဖြစ်လိုပါက ပြောဆိုရမည့်အရာနှင့် သင့်ကလေး၏ မေးခွန်းများကို ဖြေကြားနည်းတို့ကို ဆုံးဖြတ်ရာတွင် သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့က သင့်အား အကူအညီပေးနိုင်သည်။
ကလေးများကို တတ်နိုင်သမျှ စောစောစီးစီးပြောပြပါ။ ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြင့် ယုံကြည်မှုကို တည်ဆောက်ပေးနိုင်သည်။
သင့်ကလေးနှင့် ပထမဆုံး စတင်ပြောဆိုသည့်အခါ သင်နှင့်အတူ အခြားလူပုဂ္ဂိုလ်တစ်ဦးလည်းရှိစေရန် ထည့်သွင်းစဉ်းစားပါ။ ထိုပုဂ္ဂိုလ်သည် အထောက်အပံ့ပေးနိုင်သည့် အခြားမိသားစုဝင် သို့မဟုတ် ယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ဦးဖြစ်နိုင်ပါသည်။ ၎င်းသည် ဆရာ၀န်၊ သူနာပြုဆရာမ၊ ကလေးအထူးကုဆရာဝန် သို့မဟုတ် လူမှုအလုပ်သမားတစ်ဦးဦး ဖြစ်နိုင်ပြီး ကင်ဆာကို ပို၍အသေးစိတ်အချက်အလက်များဖြင့် ဖော်ပြရာတွင် အကူအညီပေးနိုင်ပါသည်။
ကလေးနှင့် ဆယ်ကျော်သက်အများစုတွင် တူညီသော အခြေခံမေးခွန်းများရှိပြီး ၎င်းတို့မှာ-
ကလေးများသည် ကုသမှုများ သို့မဟုတ် လုပ်ငန်းစဉ်များကိုဆောင်ရွက်ရန်၊ ခံစားချက်များကို ဖြေရှင်းရန်နှင့် ၎င်းတို့၏ အခြေအနေအပေါ် ထိန်းချုပ်မှုအချို့ကို ပြုလုပ်နိုင်ရန်အတွက် အချက်အလက်များကို လိုအပ်ပါသည်။ အများအားဖြင့် ၎င်းတို့အား ဂရုစိုက်သူများထံမှ ချစ်ခင်နှစ်သက်ခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် ဝန်းရံပေးခြင်းတို့ကို ပြုလုပ်ပေးနေကြောင်း သိရှိရန် လိုအပ်ပါသည်။
သင့်ပင်ကိုယ်စွမ်းရည်များကို ယုံကြည်ပါ။ သင့်ကလေးသည် မည်သူ့ထက်မဆို ပို၍တော်ကြောင်း သင်သိပါသည်။ ၎င်းတို့အား အကောင်းဆုံးပြောပြနိုင်သည့် နည်းလမ်းကို သင်သိပါသည်။ အကူအညီရရှိနိုင်သော အကြံပေးချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကလေးတစ်ဦးချင်းစီအလိုက် ကွဲပြားမှုရှိသည်။ ၎င်းတို့၏ တုံ့ပြန်မှုများနှင့် ကင်ဆာရောဂါရှာဖွေခြင်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်းဆိုသည်မှာ ၎င်းတို့၏ အသက်အရွယ်၊ ဖွံ့ဖြိုးမှုအဆင့်နှင့် ကိုယ်စွမ်းကိုယ်စတို့အပေါ် မူတည်ပြီး ကွဲပြားမှုရှိနိုင်သည်။
ကလေးများသည် သင့်ဦးဆောင်မှုနောက်သို့ လိုက်ပါမည်ဖြစ်သည်။ စိတ်အေးဆေးငြိမ်သက်မှုရှိရန် ကြိုးစားပါ။ သင့်ကလေးများ (မွေးချင်းမောင်နှမများ အပါအဝင်)ကို သင်သည်၎င်းတို့အတွက် အမြဲရှိနေပေးမည်ဖြစ်ကြောင်း ပြောဆိုရန်နှင့် ပြသရန်အတွက် နည်းလမ်းများ ရှာဖွေပါ။
ကလေးအများစုသည် ကင်ဆာနှင့်ပတ်သက်၍ သိရှိလာရသည့်အခါတွင် အတွေ့ရများသော ကြောက်ရွံ့မှုအချို့ရှိသည်။ သင့်ကလေးသည် အဆိုပါစိုးရိမ်ပူပန်များနှင့်ပတ်သက်၍ ပြောဆိုရန် ကြောက်ရွံ့နိုင်သည်။ သင်သည် ၎င်းတို့ကို ကိုယ်တိုင် ပြောဆိုစေလိုနိုင်သည်။ အောက်ပါကဲ့သို့သော ဝါကျများကိုအသုံးပြုပါကလေးတချို့က ဒီလိုစဉ်းစားကြတယ်....၊ ကြားပြီးပြီလား...?
သူ သို့မဟုတ် သူမ၏ ခံစားချက်များနှင့် မေးခွန်းများကို မျှဝေရန် သင့်ကလေးအား တိုက်တွန်းပါ၊ သင့်ကိုယ်ပိုင် ခံစားချက်များ၊ မေးခွန်းများနှင့်ပတ်သက်၍ ပွင့်လင်းပြီး ရိုးသားမှုရှိပါစေ။
သင်သည် သင့်ကလေးအတွက် အချက်အလက်များနှင့် အထောက်အပံ့ရယူရန် အရေးပါဆုံးသော အရင်းအမြစ်ဖြစ်နိုင်သည်။
—
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ၂၀၁၈ ခုနှစ်၊ ဇွန်လ