ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ကလေးတွင် ကင်ဆာရောဂါရှိကြောင်း သိရှိသောအခါ အိမ်ထောင်ရေးအပေါ် သက်ရောက်မှုရှိနိုင်သည်။ အိမ်ထောင်ဖက်၏ ပံ့ပိုးပေးမှု အရေးကြီးဆုံးဖြစ်လာသည့်အချိန်တွင် ကင်ဆာရောဂါသည် အိမ်ထောင်ရေးအပေါ် ထပ်တိုးစိတ်ဖိစီးမှုများ ဖြစ်စေသည်။ စောင့်ရှောက်သူ၏တာဝန်များကြောင့် မိဘများသည် တစ်ဦးပေါ်တစ်ဦး အချိန်ပေး ဂရုစိုက်ရန် ခက်ခဲစေသည်။ မိဘများသည် ဝမ်းနည်းသောအခါ သို့မဟုတ် စိုးရိမ်သောအခါ တစ်ဦးတည်းသီးခြားနေလာနိုင်သည်။ ယေဘုယျအားဖြင့် ကင်ဆာမဖြစ်မီ အိမ်ထောင်ရေးကိုထိခိုက်ခဲ့သော ပြဿနာများသည် ဆက်လက်ရှိနေပြီး ပိုမိုဆိုးရွားလာနိုင်သည်။
သို့သော်လည်း ကလေးကင်ဆာ ရောဂါရှာဖွေတွေ့ရှိမှုသည် ကွာရှင်းပြတ်စဲနိုင်ခြေကို မြင့်တက်စေသည့် အထောက်အထားမရှိပါ။ ကလေးတွင် ရောဂါတွေ့ရှိပြီးနောက် ၎င်းတို့၏ အိမ်ထောင်ရေးထိခိုက်သည်ဟု ယူဆသော စုံတွဲအချို့ရှိသော်လည်း အိမ်ထောင်သည်အများအပြားသည် အခက်အခဲကို အတူတူမျှဝေ၍ ဖြတ်သန်းခြင်းဖြင့် ပိုမိုခိုင်မြဲလာသည်။
မိဘများသည် ၎င်းတို့၏ နာမကျန်းဖြစ်နေသော ကလေးကို ပြုစုရန်အတွက် ရှိသမျှ စွမ်းအင်အားလုံးကို ပုံအောပေးသင့်သည်ဟု ခံစားမိသည်မှာ နားလည်ပေးနိုင်သည်။ အခြားတစ်ခုခုတွင် အချိန်ပေးခြင်းသည် စိတ်မသန့်ခြင်း သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သည်ဟု ခံစားရနိုင်သည်။ သို့သော် အိမ်ထောင်ဖက်များကြား သို့မဟုတ် ဘဝကြင်ဖော်များကြား ခိုင်မာသောချစ်ခြင်းမေတ္တာရှိခြင်းက ကောင်းကျိုးများစွာ ရှိစေပါသည်-
အချစ်ရေး၊ အိမ်ထောင်ရေးများသည် မည်သည့်အခါမျှ ပြီးပြည့်စုံခြင်း မရှိပေ။ အနိမ့်အမြင့်၊ အတက်အကျများ ရှိပါမည်။ ကလေးနေမကောင်းဖြစ်သောအခါ အိမ်ထောင်ရေးအများစုသည် ဖိစီးမှုဒဏ်အချို့ကို ခံစားရသည်။ သို့သော် မိသားစုသည် ကင်ဆာရောဂါကို ရင်ဆိုင်နေရစေကာမူ ခိုင်မြဲသောအိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းရန် အဆင့်များ လုပ်ဆောင်နိုင်သည်။
ခိုင်မြဲသောအိမ်ထောင်ရေးအတွက် ပွင့်လင်းရိုးသားသော ဆက်ဆံရေးသည် အဓိကဖြစ်သည်။ မဖြေရှင်းထားသော ပဋိပက္ခများနှင့် ထိတွေ့ဆက်ဆံမှု မရှိခြင်း (စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်း) တို့သည် မိသားစုတွင် ထပ်ဆောင်းစိတ်ဖိစီးမှုများ ဖြစ်နိုင်ပြီး မိဘများက တစ်ဦးပေါ်တစ်ဦး ပေးစွမ်းနိုင်သည့် ထောက်ပံ့မှုကို အကန့်အသတ်ဖြစ်စေသည်။ သို့သော် တစ်စုံတရာ လွဲမှားနေမှသာ အကူအညီ ရှာဖွေရမည်မဟုတ်ပါ။ မိသားစုနှင့် အိမ်ထောင်ရေး အကြံပြုဆွေးနွေးခြင်းသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကာလတွင် အရေးကြီးသော ခွန်အားအရင်းအမြစ်တစ်ခု ဖြစ်နိုင်သည်။ စိတ်ကျန်းမာရေး ဆရာဝန်နှင့် အခြားစိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူများသည် ခံစားချက်များအကြောင်း ပြောခြင်း၊ စိုးရိမ်မှုများကို ဖြေရှင်းခြင်းနှင့် ခက်ခဲသောအချိန်များအတွင်း ရင်ဆိုင်ဖြေရှင်းခြင်းများအတွက် စုံတွဲများကို ကူညီရန် လက်တွေ့ကျသော စွမ်းရည်နှင့် အရင်းအမြစ်များ ပံ့ပိုးနိုင်သည်။
—
ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ