ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးအများစုတွင် ၎င်းတို့၏ကင်ဆာကုထုံးကြောင့်ဖြစ်သော နှလုံးဆိုင်ရာ ပြဿနာများကို မတွေ့ကြုံရတတ်ကြပါ။ သို့သော် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသသည့် အချို့သောကုထုံးများကြောင့် အသက်ကြီးလာသောအခါတွင် နှလုံးရောဂါဖြစ်စေနိုင်သည်။
နှလုံးသည် ကိုယ်အင်္ဂါအစိတ်အပိုင်းများဆီသို့ သွေးတွန်းပို့ပေးသော ကြွက်သားအင်္ဂါတစ်ခု ဖြစ်သည်။ နှလုံးသည် သွေးလွှတ်ကြောများ၊ သွေးပြန်ကြောများနှင့် ဆံချည်မျှင်သွေးကြောများပါဝင်ဖွဲ့စည်းထားသည့် သွေးကြောကွန်ရက်တစ်ခုဖြစ်သော သွေးလည်ပတ်မှုစနစ်၏ အလယ်ဗဟိုတွင်တည်ရှိသည်။
လျှပ်စီးကြောင်းစနစ်တစ်ခုသည် နှလုံးကို ထိန်းချုပ်ထားသည်။ လျှပ်စီးကြောင်းအချက်ပြမှုများကို အသုံးပြု၍ နှလုံးနံရံများကိုညှစ်စေသည်။ နံရံများညှစ်လိုက်သောအခါ နှလုံးမှသွေးကိုတွန်းထုတ်ပေးသည်။ နှလုံးအခန်းများရှိ ဝင်ပေါက်နှင့်ထွက်ပေါက်အဆို့ရှင်များသည် သွေးများကို မှန်ကန်သည့်ဦးတည်ရာဆီသို့ စီးဆင်းနေစေသည်။
ကျန်းမာသောနှလုံးတစ်ခုသည် မှန်ကန်သောသွေးပမာဏကို လိုအပ်သည့်နှုန်းဖြင့် ခန္ဓာကိုယ်အနှံ့သို့ ပို့လွှတ်ပေးသည်။ ရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာတို့ကြောင့် နှလုံးကို အားနည်းသွားစေပါက ကိုယ်အင်္ဂါအစိတ်အပိုင်းများ မှန်ကန်စွာအလုပ်လုပ်နိုင်ရန် လုံလောက်သောသွေးပမာဏ ရရှိတော့မည်မဟုတ်ပါ။
အန်သရာဆိုက်ကလင်းဆေးဝါးများနှင့် ရင်ဘတ်ကိုဓာတ်ကင်ခြင်းကြောင့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးများတွင် နှလုံးရောဂါဖြစ်စေနိုင်သည်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးအားလုံး၏ ၆၀ ရာခိုင်နှုန်းနီးပါးသည် အန်ထရာဆိုက်ကလင်းဓာတုကုထုံး သို့မဟုတ် ရင်ဘတ်ဓာတ်ကင်ခြင်း သို့မဟုတ် နှစ်မျိုးစလုံးကို ထိတွေ့ခဲ့နိုင်သည်။
အန်ထရာဆိုက်ကလင်းများတွင် အောက်ပါတို့ပါဝင်ကြသည်-
ပေးသည့်ဆေးပမာဏ (ဆေးပမာဏ) မြင့်လာလေလေ နှလုံးမှ သွေးမညှစ်ထုတ်နိုင်မှု ဖြစ်နိုင်ခြေများလာလေလေ ဖြစ်သည်။
အန်ထရာဆိုက်ကလင်းပမာဏ (စုပုံလာခြင်း) |
နှလုံးမှ သွေးမညှစ်ထုတ်နိုင်မှုဖြစ်နိုင်ခြေများလာခြင်း |
---|---|
250 mg/m2 အောက် |
၅ ရာခိုင်နှုန်းအောက် |
250 mg/m2 နှင့် 600 mg/m2 ကြား |
၁၀ ရာခိုင်နှုန်းခန့် |
600 mg/m2 ကျော် |
၃၀ ရာခိုင်နှုန်း |
ဓာတ်ရောင်ခြည်ပေးမည့်ဧရိယာအတွင်း နှလုံးတည်ရှိနေပါက အချို့သောနှလုံးအခြေအနေတို့ ဖြစ်ပွားနိုင်ခြေကို မြင့်မားသွားစေသည်။
ရင်ဘတ်ဓာတ်ရောင်ခြည်ပမာဏ (ဆေးပမာဏ) မြင့်လာလေလေ နှလုံးရောဂါဖြစ်နိုင်ခြေများလာလေလေ ဖြစ်သည်။
ဓာတ်ရောင်ခြည်ပမာဏ |
ရောဂါဖြစ်နိုင်ခြေ |
---|---|
35 Gy သို့မဟုတ် ထို့ထက်ပို၍ |
မြင့် |
15 Gy-<35 Gy |
အသင့်အတင့် |
<15 Gy |
နိမ့် |
အန်ထရာဆိုက်ကလင်းနှင့် ရင်ဘတ်ဓာတ်ကင်ခြင်းနှစ်မျိုးစလုံးဖြင့်ကုသခဲ့သော ကင်ဆာရောဂါမှ လွတ်မြောက်လာသူများတွင် ဖြစ်နိုင်ခြေအမြင့်ဆုံးရှိနေသည်။
နှလုံးရောဂါမှာ မျိုးရိုးလိုက်တတ်သည်။
သွေးဆုံးပြီးသောအမျိုးသမီးများတွင် ဖြစ်ပွားနိုင်ခြေမြင့်မားသည်။
အခြားသောကျန်းမာရေးအခြေအနေများကြောင့်လည်း နှလုံးပြဿနာများဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည်-
အချို့သောကင်ဆာကုထုံးများသည် ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးများ၌ ဖော်ပြပါကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည်။
နှလုံးကြွက်သားလျော့ရဲလာသည့်ရောဂါသည် အချိန်နှင့်အမျှ ပိုပိုဆိုးလာပြီး နှလုံးမညှစ်နိုင်တော့သည်အထိဖြစ်သွားနိုင်သည်။အခြားသောနှလုံးအခြေအနေများကြောင့်လည်း နှလုံးမညှစ်နိုင်တော့ခြင်းကို ဖြစ်စေနိုင်သည်။ အဆိုပါအခြေအနေသည် ခန္ဓာကိုယ်၏လိုအပ်ချက်များနှင့် ပြည့်မီသည်အထိ လုံလောက်သည့်သွေးပမာဏကို နှလုံးမှမညှစ်ထုတ်နိုင်တော့ခြင်းကို ဆိုလိုသည်။
ကင်ဆာရောဂါမှလွတ်မြောက်လာသူများအနေဖြင့် နှလုံးကျန်းမာရေးကောင်းနေစေရန် အောက်ပါအဆင့်များကို လုပ်ဆောင်နိုင်သည်-
အချို့သောနေထိုင်မှုပုံစံအလေ့အထများသည် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို မြင့်မားစေနိုင်သည်။ ၎င်းတို့တွင် လေ့ကျင့်ခန်းမလုပ်ခြင်းနှင့် ကျန်းမာရေးနှင့်မညီညွတ်သောအစားအသောက်များစားခြင်းတို့ ပါဝင်သည်။
နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ကျစေသော အလေ့အထများ
လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့်အာဟာရကိုစားသုံးခြင်းအားဖြင့် အဆိုပါအခြေအနေများဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်သည်။ ကျန်းမာစေသည့်နေထိုင်မှုပုံစံကို လူတိုင်းရွေးချယ်သင့်သည်။ သို့သော် ထိုသို့ရွေးချယ်ရန်မှာ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားပြီးသားဖြစ်သော ကင်ဆာရောဂါမှလွတ်မြောက်လာသူများအတွက်မူ အထူးအရေးကြီးသည်။
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈