အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အာဝင်းနီးယား အက်စပါးရာဂျင်နေ့စ်

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Erwinaze®

သည်အခြားအမည်များ:

Asparaginase Erwinia chrysanthemi

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

အာဝင်းနီးယား အက်စပါးရာဂျင်နေ့စ်အကြောင်း

အာဝင်းနီးယား အက်စပါးရာဂျင်နေ့စ်သည် ကီမိုဆေးသွင်းခြင်း ကုထုံးဆေးတစ်မျိုး ဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ အခြားဆေးဝါးများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။ အာဝင်းနီးယား အက်စပါးရာဂျင်နေ့စ်ဆေးကို ၎င်းနှင့်အလားသဏ္ဌာန်တူညီသည့် အခြားဆေးများဖြစ်သည့် အက်စပါးရာဂျင်နေ့စ် (Elspar®) နှင့်/သို့ ပက်အက်စပါးဂေ့စ် (Oncaspar®)ဆေးတို့အား ဓာတ်မတည့်ပါက ပေးလေ့ရှိသည်။

ဓာတ်မတည့်သည့်လက္ခဏာများရှိ/မရှိသိနိုင်ရန် လူနာကိုအနီးကပ်စောင့်ကြည့်နေမည်။

သွေးဥဆဲလ် အရေအတွက်၊ သွေးခဲစေသည့်ဓာတ်ပေါင်းများ၊ ပန်ကရိယအင်ဇိုင်းများ၊ သွေးတွင်းသကြားဓာတ်တို့ကို စစ်ဆေးရန်နှင့် အသည်းနှင့် ကျောက်ကပ်တို့၏ လုပ်ငန်းဆောင်တာတို့ကို စောင့်ကြည့်လေ့လာနိုင်ရန် လူနာအားပုံမှန် သွေးစစ်ဆေးခြင်း ပြုလုပ်မည်။

ဆေးသင်္ကေတ

ကြွက်သားအတွင်းသို့ ထိုးသွင်းနိုင်သည်

 
iv အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးတွင်းသကြားဓာတ် များလာခြင်း
  • သွေးထွက်နိုင်ခြေ သို့ သွေးခဲဖြစ်ပေါ်နိုင်ခြေတို့ကို များလာစေခြင်း
  • အသည်း ပြဿနာများ
  • သွေးတွင် ထရိုင်ဂလစ်စရိုက်အဆီဓာတ်ကို များလာစေခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဖျားခြင်း
  • ဗိုက်နာနေပြီး နောက်ကျောဘက်အထိပါ နာကျင်လာခြင်း၊ ပန်ကရိယရောင်ရမ်းခြင်း (ပန်ကရိယရောင်ခြင်း)
  • လေဖြတ်နိုင်ခြေများလာခြင်း
  • ဖောခြင်း၊ နာကျဉ်ခြင်း၊ နီမြန်းခြင်းနှင့် အကယ်၍ အသားဆေးထိုးထားပါက အပ်ထိုးထားသည့်နေရာတွင် ပူနွေးနေခြင်း

ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ အသက်ရှုခက်ခဲခြင်းနှင့်/သို့ အစာမျိုရာတွင်ခက်ခဲခြင်း

အာဝင်းနီးယား အက်စပါးရာဂျင်နေ့စ်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာများအနေဖြင့် အောက်ပါလက္ခဏာတစ်ခုခုရှိနေပါက ဆရာဝန်ကို ပြောပြထားသင့်သည်။
    • ယခင်က သို့ အခု ပန်ကရိယရောင်နေခြင်း၊ သွေးခဲဖူးခြင်း သို့ အလွန်အကျွံသွေးထွက်ခြင်း၊ အကယ်၍ အက်စပါးရာဂျင်နေ့စ် (Elspar®) (သို့) ပက်အက်စပါးဂေ့စ် (Oncaspar®) ဆေးတို့ကို သောက်နေစဉ်ဖြစ်ပါက အထူးဂရုပြု ပြောပြသင့်သည်။ 
    • ဆီးချိုရှိနေပါက (သို့) ရှိခဲ့ဖူးပါက
  • လိင်မှုကိစ္စတွင် အားသန်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

အာဝင်းနီးယား အက်စပါးရာဂျင်နေ့စ်အကြောင်းရေးသားထားသော ရင်းမြစ်များ