အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပင်မသွေးပြန်ကြောပိုက်ငယ်များ

ကင်ဆာကုသမှုတွင် ထိုးဆေးအမျိုးမျိုး၊ သွေးဖောက်ထုတ်မှုများနှင့် သွေးပြန်ကြောသွင်း ဆေးဝါးများနှင့် အရည်များပါဝင်လေ့ရှိသည်။ ထိုလုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူစေရန် ကလေးကင်ဆာလူနာအများအပြားတွင် သွေးပြန်ကြောထဲသို့ ရောက်နိုင်မည့်  အရည်ဝင်ထွက်ပိုက် (သေးသွယ်၍ကွေးနိုင်သောပလတ်စတစ်ပိုက်)တစ်ခု အားအရေပြားအောက်တွင် တပ်ဆင်ထားရသည်။

ကုသမှုပြုလုပ်သည့် ပထမရက်များအနည်းငယ်တွင် လူနာသည် ယာယီအသုံးပြုရန် ခန္ဓာကိုယ်အစွန်အဖျားပိုင်း သွေးပြန်ကြော (IV) ပိုက် (PIV) ကို တပ်ဆင်ရနိုင်သည်။ ခန္ဓာကိုယ်အစွန်အဖျားပိုင်း IV သည် အများအားဖြင့် လက်အတွင်း သို့မဟုတ် တံတောင်အနီးလက်မောင်းအတွင်းဘက်ရှိ သွေးပြန်ကြောထဲသို့ ထိုးသွင်းသည့် သေးငယ်၍တိုသော အရည်ဝင်ထွက်ပိုက်ငယ်တစ်ခုဖြစ်သည်။ ဤသို့သော IV အရည်ဝင်ထွက်ပိုက်ငယ် အမျိုးအစားသည် ရေတိုအသုံးပြုရန်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း ပြန်လည် လဲလှယ်ရမည်ဖြစ်သည်။ ထို့ပြင် သွေးပြန်ကြော၏ အရွယ်အစားမှာ သေးငယ်သောကြောင့်  တချို့ကုသရေးဆေးဝါးများကို ခန္ဓာကိုယ်အစွန်အဖျားပိုင်း IV မှ တစ်ဆင့် ပေးသွင်းနိုင်ခြင်းမရှိပါ။

သွေးနမူနာများရယူရန်၊ ကီမိုဆေးသွင်းခြင်း ကုထုံးဆေးသွင်းရန်၊ အရည်နှင့် ဓာတ်ဆားများပေးသွင်းရန်၊ သွေးပြန်ကြောမှတဆင့် အာဟာရဓာတ်ပေးရန် နှင့် ပဋိဇီဝဆေးများနှင့် အခြားဆေးဝါးများ ပေးသွင်းရန်တို့အတွက် ပင်မသွေးပြန်ကြောပိုက်ကို အသုံးပြုနိုင်သည်။ ဤသရုပ်ဖော်ပုံတွင် အရေပြားအောက်ရှိ ပင်မသွေးပြန်ကြော ဝင်ထွက်ပေါက်ပိုက်တစ်ခု၏နမူနာ ကို ပြသထားပါသည်။

သွေးနမူနာများရယူရန်၊ ကီမိုဆေးသွင်းခြင်း ကုထုံးဆေးသွင်းရန်၊ အရည်နှင့် ဓာတ်ဆားများပေးသွင်းရန်၊ သွေးပြန်ကြောမှတဆင့် အာဟာရဓာတ်ပေးရန် နှင့် ပဋိဇီဝဆေးများနှင့် အခြားဆေးဝါးများ ပေးသွင်းရန်တို့အတွက် ပင်မသွေးပြန်ကြောပိုက်ကို အသုံးပြုနိုင်သည်။ ဤသရုပ်ဖော်ပုံတွင် အရေပြားအောက်ရှိ ပင်မသွေးပြန်ကြော ဝင်ထွက်ပေါက်ပိုက်တစ်ခု၏နမူနာ ကို ပြသထားပါသည်။

ကလေးကင်ဆာကို ကုသမှုအတွင်းတွင် သွေးပြန်ကြောပိုက်တစ်ခုကို နှလုံးသို့ ဦးတည်သည့် ကြီးသော သွေးပြန်ကြောထဲ၌ ထည့်သွင်း တပ်ဆင်နိုင်သည်။ ဤသို့သောအရည်ဝင်ထွက်ပိုက် အမျိုးအစားသည် ပင်မသွေးပြန်ကြောပိုက် အမျိုးအစားဖြစ်သည် ("ပင်မပိုက်" ဟုလည်း ခေါ်လေ့ရှိသည်)။ ဆေးဝါးများ၊ အရည်များ၊ သွေးနှင့်သွေးပစ္စည်းများ နှင့် အာဟာရများတို့ကိုပေးသွင်းရန် ပင်မသွေးပြန်ကြောပိုက်ငယ်ကို အသုံးပြုနိုင်သည်။ အချို့သွေးနမူနာများကို ပင်မသွေးပြန်ကြောပိုက် မှတစ်ဆင့်လည်း ထုတ်ယူနိုင်သည်။ ပင်မသွေးပြန်ကြောပိုက်သည် လူနာများနှင့် မိသားစုများတွင် မသက်မသာခံစားရမှုနှင့် စိုးရိမ်သောကတို့၏ အကြောင်းရင်းတစ်ရပ်ဖြစ်နိုင်သည့် များစွာအပ်ထိုးရသည့် လိုအပ်ချက်ကို လျော့ကျစေသည်။ ကုသနေစဉ်တစ်လျှောက်လုံး (လများမှသည် နှစ်များ ကြာသည်အထိ) ပင်မသွေးပြန်ကြောပြွန်ကို ထည့်သွင်းထားနိုင်သည်။ အကယ်၍ ရောဂါပိုးကူးစက်မှု သို့မဟုတ် အခြားနောက်ဆက်တွဲ အခြေအနေများဖြစ်ပေါ်လျှင် ထိုကိရိယာကို ဖယ်ရှားမည်ဖြစ်ပြီး လိုအပ်သလို အသစ်လဲပါမည်။

ပင်မသွေးပြန်ကြောပိုက် ကို အသုံးပြုမှုများ-

  • သွေးနမူနာများ ရယူရန်
  • ကီမိုဆေးသွင်းရန်
  • အရည်များနှင့် ဓာတ်ဆားများ ပေးသွင်းရန်
  • သွေးပြန်ကြောမှတဆင့် အာဟာရဓာတ်ကို ရန်
  • ပဋိဇီဝဆေးများနှင့် အခြားဆေးဝါးများကို သွင်းရန်
 

ပင်မသွေးပြန်ကြောပိုက်များ အမျိုးအစားများ

ကလေးကင်ဆာလူနာများတွင် အသုံးပြုသည့် ပင်မသွေးပြန်ကြောပိုက်များ အဓိက အမျိုးအစား ၃ မျိုးရှိပြီး ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်-

  1. လက်မောင်းသွေးပြန်ကြောမှတစ်ဆင့် တပ်ဆင်ထားသော ပင်မသွေးပြန်ကြောပိုက် (PICC ပိုက်)
  2. အရေပြားအောက်တွင် လိုဏ်ခေါင်းပြုလုပ်၍ ထည့်ထားသော သွေးပြန်ကြောပိုက်
  3. အရေပြားအောက်ရှိ ပင်မသွေးပြန်ကြော ဝင်ထွက်ပေါက်ပိုက်
အရေပြားအောက် သို့မဟုတ် “sub q” ရှိ ပင်မသွေးပြန်ကြော ဝင်ထွက်ပေါက်ပိုက်သည် အရေပြားအောက်တွင် အပြည့်အဝ ထည့်သွင်းထားသော ပင်မသွေးပြန်ကြောပိုက်ဖြစ်သည်။ ဟူးဘားဆေးထိုးအပ်ကို အသုံးပြု၍ ဝင်ပေါက်ကို ဖြတ်လျက် ဆေးများ ထည့်သွင်းပါသည်။ ဤဓာတ်ပုံ၌ ကင်ဆာရှိသူ လူနာတစ်ဦး၏ ဝင်ထွက်ပေါက်ပိုက်အား အသုံးပြုနေပြီး သူနာပြုဆရာမတစ်ဦးက ထိုနေရာအပေါ်အား ပတ်တီးအုပ်ပေးလျက်ရှိသည်။

အရေပြားအောက် သို့မဟုတ် “sub q” ရှိ ပင်မသွေးပြန်ကြော ဝင်ထွက်ပေါက်ပိုက်သည် အရေပြားအောက်တွင် အပြည့်အဝ ထည့်သွင်းထားသော ပင်မသွေးပြန်ကြောပိုက်ဖြစ်သည်။ ဟူးဘားဆေးထိုးအပ်ကို အသုံးပြု၍ ဝင်ပေါက်ကို ဖြတ်လျက် ဆေးများ ထည့်သွင်းပါသည်။

ပင်မသွေးပြန်ကြောပိုက် အမျိုးအစားများသည် ၎င်းတို့အား ထည့်ထားရသည့်နေရာနှင့် အသုံးပြုနည်းအပေါ်မူတည်ပြီး အပြောင်းအလဲရှိသည်။ လူနာတစ်ဦးစီအတွက် မည်သည့် အရည်ဝင်ထွက်ပိုက်အမျိုးအစားသည် အသင့်တော်ဆုံးဖြစ်သည်ကို အမျိုးမျိုးသော အကြောင်းအရာများက အဆုံးအဖြတ်ပေးပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • ဆေးဝါးများနှင့် အခြားကုသမှုများ၏ အမျိုးအစားနှင့် အရေအတွက်
  • ကုသမှုကာလ
  • အသုံးပြုသည့် အကြိမ်အရေအတွက်
  • ကုထုံး၏ ပြင်းထန်မှု
  • ကလေး၏အသက်၊ အရွယ်အစားနှင့် ကျန်းမာရေးအခြေအေန
  • ကလေး၏ လှုပ်ရှားနိုင်မှုအဆင့်
  • အရည်ဝင်ထွက်ပိုက်ကို ထိန်းသိမ်းရန် လိုအပ်သည့် ဂရုပြုစောင့်ရှောက်မှုအတိုင်းအတာ
  • ရောဂါပိုးကူးစက်မှု ဖြစ်ပွားနိုင်ခြေ နှင့် အခြားနောက်ဆက်တွဲ အခြေအနေများ

ဆရာဝန်က လုပ်ထုံးလုပ်နည်းအသေးစိတ် နှင့် အန္တရာယ်များနှင့် အကျိုးကျေးဇူးများကို ရှင်းပြပါလိမ့်မည်။ ပင်မသွေးပြန်ကြောပိုက်ငယ်များထည့်သွင်းခြင်းကြောင့် ရရှိနိုင်သော အကြီးဆုံးအန္တရာယ်တစ်ခုမှာ ရောဂါပိုးကူးစက်မှုဖြစ်သည်။ ရောဂါပိုးကူးစက်မည့် အန္တရာယ်ကို လျှော့ချရန်နှင့် ပိုက် ကောင်းစွာ အလုပ်လုပ်ရန်အတွက် ပိုက်စောင့်ရှောက်ရေးလမ်းညွှန်များအားလုံးကို လိုက်နာရန် အရေးကြီးပါသည်။


ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018